မြောက်အမေရိက ရုံတင်လက်မှတ်ရောင်းချမှုတွင် အဆင့်(၁)နေရာကို ရောက်ရှိခဲ့သည့် Demon Slayer: Infinity Castle ရုပ်ရှင်

278

Pika (NP News) - စက်တင်ဘာ ၂၃
Demon Slayer: Infinity Castle ဂျပန် anime ဇာတ်ကားသည် အမေရိကန်ဒေါ်လာသန်း (၇၀) ဖြင့် ပွဲဦးထွက်ခဲ့ပြီးနောက် မြောက်အမေရိကရုံ တင်လက်မှတ်ရောင်းချမှုသမိုင်းတွင် မှတ်တိုင်သစ် တစ်ခု ကို စိုက်ထူနိုင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် Demon Slayer: Infinity Castle ဇာတ်ကားသည် မြောက် အမေရိကရုံတင်လက်မှတ်ရောင်းချမှုတွင် အဆင့်(၁)နေရာသို့ရောက်ရှိသွားခဲ့ပြီး The Conjuring: Last Rites ဇာတ်ကားကို ကျော်တက်သွားခဲ့ကြောင်းသိရသည်။
Demon Slayer: Infinity Castle ဇာတ်ကားသည် (၁၉၉၉)ခုနှစ်တွင် အမေရိကန် ဒေါ်လာ (၃၁) သန်းဖြင့်ပွဲဦးထွက်ခဲ့သော Pokemon: The First Movie ဇာတ်ကားကို ကျော်တက်ခဲ့ကာ အကြီးမားဆုံး ပွဲဦးထွက် anime ရုပ်ရှင်ဇာတ်ကားဖြစ်လာခဲ့ကြောင်းသိရသည်။
ထို့ပြင် Demon Slayer: Infinity Castle ဇာတ်ကားသည် ထွက်ရှိပြီးနောက် သီတင်း တစ်ပတ် (၁)ပတ်အကြာတွင် ရုံတင်ဝင်ငွေ အမေရိကန် ဒေါ်လာ(၁၃၂ ဒသမ ၁)သန်းဖြင့် သမိုင်းတစ်လျှောက် အကြီးမားဆုံးပွဲဦးထွက် anime ရုပ်ရှင်ဇာတ်ကား ဖြစ်လာခဲ့ကြောင်းလည်း သိရသည်။
Crunchyroll ကုမ္ပဏီနှင့် ဆိုနီကုမ္ပဏီတို့သည် Demon Slayer: Infinity Castle ဇာတ်ကားကို မြောက်အမေရိကတစ်ဝန်းနှင့် နိုင်ငံတကာဈေး ကွက်(၄၉)ခုတွင်ဖြန့်ချိခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၇၇ ဒသမ ၈)သန်းအထိ ရရှိခဲ့ကြောင်းသိရသည်။ Comscore ၏ အကြီးတန်းမီဒီယာခွဲခြမ်းစိတ်ဖြာသူ Paul Dergarabedian က “Demon Slayer: Infinity Castle ဇာတ်ကားဟာ ရုံတင်လက်မှတ် ရောင်းချမှုရဲ့ ခန့်မှန်းလို့မရတဲ့ အခြေအနေတွေကို ပြသနေပါတယ်။ Demon Slayer: Infinity Castle ဇာတ်ကားဟာ ထွက်ရှိပြီးနောက် မကြာခင်မှာပဲ မြောက်အမေရိကရုံတင်လက်မှတ်ရောင်းချမှုမှာ အဆင့် (၁)နေရာကို ရောက်ရှိလာပါပြီ” ဟု ပြောဆိုခဲ့သည်။

Zawgyi Version:
ေျမာက္အေမရိက ႐ုံတင္လက္မွတ္ေရာင္းခ်မႈတြင္ အဆင့္(၁)ေနရာကို ေရာက္ရွိခဲ့သည့္ Demon Slayer: Infinity Castle ႐ုပ္ရွင္
Pika (NP News) - စက္တင္ဘာ ၂၃
Demon Slayer: Infinity Castle ဂ်ပန္ anime ဇာတ္ကားသည္ အေမရိကန္ေဒၚလာသန္း (၇၀) ျဖင့္ ပြဲဦးထြက္ခဲ့ၿပီးေနာက္ ေျမာက္အေမရိက႐ုံ တင္လက္မွတ္ေရာင္းခ်မႈသမိုင္းတြင္ မွတ္တိုင္သစ္ တစ္ခု ကို စိုက္ထူႏိုင္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ Demon Slayer: Infinity Castle ဇာတ္ကားသည္ ေျမာက္ အေမရိက႐ုံတင္လက္မွတ္ေရာင္းခ်မႈတြင္ အဆင့္(၁)ေနရာသို႔ေရာက္ရွိသြားခဲ့ၿပီး The Conjuring: Last Rites ဇာတ္ကားကို ေက်ာ္တက္သြားခဲ့ေၾကာင္းသိရသည္။
Demon Slayer: Infinity Castle ဇာတ္ကားသည္ (၁၉၉၉)ခုႏွစ္တြင္ အေမရိကန္ ေဒၚလာ (၃၁) သန္းျဖင့္ပြဲဦးထြက္ခဲ့ေသာ Pokemon: The First Movie ဇာတ္ကားကို ေက်ာ္တက္ခဲ့ကာ အႀကီးမားဆုံး ပြဲဦးထြက္ anime ႐ုပ္ရွင္ဇာတ္ကားျဖစ္လာခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ Demon Slayer: Infinity Castle ဇာတ္ကားသည္ ထြက္ရွိၿပီးေနာက္ သီတင္း တစ္ပတ္ (၁)ပတ္အၾကာတြင္ ႐ုံတင္ဝင္ေငြ အေမရိကန္ ေဒၚလာ(၁၃၂ ဒသမ ၁)သန္းျဖင့္ သမိုင္းတစ္ေလွ်ာက္ အႀကီးမားဆုံးပြဲဦးထြက္ anime ႐ုပ္ရွင္ဇာတ္ကား ျဖစ္လာခဲ့ေၾကာင္းလည္း သိရသည္။
Crunchyroll ကုမၸဏီႏွင့္ ဆိုနီကုမၸဏီတို႔သည္ Demon Slayer: Infinity Castle ဇာတ္ကားကို ေျမာက္အေမရိကတစ္ဝန္းႏွင့္ ႏိုင္ငံတကာေဈး ကြက္(၄၉)ခုတြင္ျဖန႔္ခ်ိခဲ့ၿပီး အေမရိကန္ေဒၚလာ (၁၇၇ ဒသမ ၈)သန္းအထိ ရရွိခဲ့ေၾကာင္းသိရသည္။ Comscore ၏ အႀကီးတန္းမီဒီယာခြဲျခမ္းစိတ္ျဖာသူ Paul Dergarabedian က “Demon Slayer: Infinity Castle ဇာတ္ကားဟာ ႐ုံတင္လက္မွတ္ ေရာင္းခ်မႈရဲ႕ ခန႔္မွန္းလို႔မရတဲ့ အေျခအေနေတြကို ျပသေနပါတယ္။ Demon Slayer: Infinity Castle ဇာတ္ကားဟာ ထြက္ရွိၿပီးေနာက္ မၾကာခင္မွာပဲ ေျမာက္အေမရိက႐ုံတင္လက္မွတ္ေရာင္းခ်မႈမွာ အဆင့္ (၁)ေနရာကို ေရာက္ရွိလာပါၿပီ” ဟု ေျပာဆိုခဲ့သည္။