နာမည်ကြီးစီးရီး 'The Trauma Code: Heroes on Call' Season 2 နဲ့ Season 3 ထွက်ရှိဖို့ ရှိ

60
ရောင်နီ (NP News) - စက်တင်ဘာ ၂၄
လူကြိုက်များတဲ့ တောင်ကိုရီးယား နာမည်ကြီးစီးရီး 'The Trauma Code: Heroes on Call' ဟာ နောက်ထပ် Season 2 နဲ့ Season 3 ထွက်ရှိဖို့ ပြင်ဆင်နေတယ်လို့ စက်တင်ဘာ ၂၃ ရက်က အတည်ပြုလိုက်ပါ တယ်။
Netflix ဇာတ်ကား 'The Trauma Code: Heroes on Call' ဟာ အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် လီနက်ခ်ဂျွန်ကို အခြေခံရေးသားထားတဲ့ နာမည်တူ ဝဘ်ဝတ္ထု ထူးချွန်တဲ့ ခွဲစိတ်ဆရာဝန် ဘဲ့ဂန်ဟျော့ရဲ့အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက Season 1 ထွက်ရှိခဲ့ပြီး ပြည်တွင်းမှာသာမက ကမ္ဘာတစ်ဝှမ်းလုံး အောင်မြင်မှုကြီးကြီးမားမား ရရှိခဲ့ပါတယ်။ ဇာတ်ကားရဲ့အဓိက အဓိကဇာတ်ကောင် ဘဲ့ဂန်ယျော့ အဖြစ် သရုပ်ဆောင်တဲ့ မင်းသားဂျူဂျီဟွန် ဟာ ၆၁ ကြိမ်မြောက် Baeksang Arts Awards မှာ အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။
ဒါအပြင် ဇာတ်လမ်းတွဲဟာ 4th Blue Dragon Series Awards မှာ အမျိုးအစား သုံးမျိုးနဲ့ဆွတ်ခူးခဲ့ပြီး ဒုတိယဇာတ်ဆောင် ချိုယောင်းဝူ ဟာ တစ်နှစ်တာ အကောင်းဆုံး သရုပ်ဆောင်ဆု ရရှိခဲ့ပါတယ်။
Zawgyi Version:
နာမည္ႀကီးစီးရီး 'The Trauma Code: Heroes on Call' Season 2 နဲ႔ Season 3 ထြက္ရွိဖို႔ ရွိ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၄
လူႀကိဳက္မ်ားတဲ့ ေတာင္ကိုရီးယား နာမည္ႀကီးစီးရီး 'The Trauma Code: Heroes on Call' ဟာ ေနာက္ထပ္ Season 2 နဲ႔ Season 3 ထြက္ရွိဖို႔ ျပင္ဆင္ေနတယ္လို႔ စက္တင္ဘာ ၂၃ ရက္က အတည္ျပဳလိုက္ပါ တယ္။
Netflix ဇာတ္ကား 'The Trauma Code: Heroes on Call' ဟာ အူလမ္းေၾကာင္းဆိုင္ရာ အထူးကုဆရာဝန္ လီနက္ခ္ဂြၽန္ကို အေျခခံေရးသားထားတဲ့ နာမည္တူ ဝဘ္ဝတၳဳ ထူးခြၽန္တဲ့ ခြဲစိတ္ဆရာဝန္ ဘဲ့ဂန္ေဟ်ာ့ရဲ႕အေၾကာင္း ဇာတ္အိမ္တည္ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီလက Season 1 ထြက္ရွိခဲ့ၿပီး ျပည္တြင္းမွာသာမက ကမာၻတစ္ဝွမ္းလုံး ေအာင္ျမင္မႈႀကီးႀကီးမားမား ရရွိခဲ့ပါတယ္။ ဇာတ္ကားရဲ႕အဓိက အဓိကဇာတ္ေကာင္ ဘဲ့ဂန္ေယ်ာ့ အျဖစ္ သ႐ုပ္ေဆာင္တဲ့ မင္းသားဂ်ဴဂ်ီဟြန္ ဟာ ၆၁ ႀကိမ္ေျမာက္ Baeksang Arts Awards မွာ အေကာင္းဆုံး သ႐ုပ္ေဆာင္ဆုကို ရရွိခဲ့ပါတယ္။
ဒါအျပင္ ဇာတ္လမ္းတြဲဟာ 4th Blue Dragon Series Awards မွာ အမ်ိဳးအစား သုံးမ်ိဳးနဲ႔ဆြတ္ခူးခဲ့ၿပီး ဒုတိယဇာတ္ေဆာင္ ခ်ိဳေယာင္းဝူ ဟာ တစ္ႏွစ္တာ အေကာင္းဆုံး သ႐ုပ္ေဆာင္ဆု ရရွိခဲ့ပါတယ္။