"KPop Demon Hunters" ရဲ့တေးသီချင်းအယ်လ်ဘမ် ၃ လအတွင်း Billboard 200 chart မှာ No.1 ချိတ်လာ

90
ရောင်နီ (NP News) - စက်တင်ဘာ ၁၆
စက်တင်ဘာ ၁၄ ရက်မှာ Netflix ရဲ့နာမည်ကြီး Animation ရုပ်ရှင် “KPop Demon Hunters” ရဲ့တေးသွားအယ်လ် ဘမ်ဟာ အကျော်ကြားဆုံး Billboard 200 သီချင်းစာရင်းမှာ နံပါတ် ၁ နေရာ ရောက်ရှိလာခဲ့ပါတယ်။
ဒါအပြင် ထူးခြားမှုကတော့ KPop Demon Hunters အယ်လ်ဘမ်ဟာ Billboard 200 မှာ နံပါတ် ၂ နေရာ ကို သီတင်း ခုနစ်ပတ်ဆက်တိုက် ရရှိခဲ့ပြီးနောက် နောက်ဆုံးမှာ နံပါတ် ၂ နေရာက ပြုတ်ကျသွားတာမျိုး မဟုတ်ပဲ နံပါတ် ၁ နေရာကို ခုန်တက် ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ ၁၉၇၇ ခုနှစ်က လင်ဒါရွန်စတန့် ရဲ့ "Simple Dreams" သီချင်းပြီးနောက်ပိုင်း ပထမဆုံးဖြစ်ရပ်လို့ ဆိုကြပါတယ်။
ဒါတင်မက KPop Demon Hunters” ဟာ Disney ရဲ့ ၂၀၂၁ ခုနှစ် Animation ဇာတ်ကား “Encanto” နောက်ပိုင်း Billboard 200 မှာ ထိပ်ဆုံး နေရာရောက်ရှိတဲ့ ပထမဆုံး animation တေးသွားလည်း ဖြစ်ပါတယ်။
Zawgyi Version:
"KPop Demon Hunters" ရဲ႕ေတးသီခ်င္းအယ္လ္ဘမ္ ၃ လအတြင္း Billboard 200 chart မွာ No.1 ခ်ိတ္လာ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၆
စက္တင္ဘာ ၁၄ ရက္မွာ Netflix ရဲ႕နာမည္ႀကီး Animation ႐ုပ္ရွင္ “KPop Demon Hunters” ရဲ႕ေတးသြားအယ္လ္ ဘမ္ဟာ အေက်ာ္ၾကားဆုံး Billboard 200 သီခ်င္းစာရင္းမွာ နံပါတ္ ၁ ေနရာ ေရာက္ရွိလာခဲ့ပါတယ္။
ဒါအျပင္ ထူးျခားမႈကေတာ့ KPop Demon Hunters အယ္လ္ဘမ္ဟာ Billboard 200 မွာ နံပါတ္ ၂ ေနရာ ကို သီတင္း ခုနစ္ပတ္ဆက္တိုက္ ရရွိခဲ့ၿပီးေနာက္ ေနာက္ဆုံးမွာ နံပါတ္ ၂ ေနရာက ျပဳတ္က်သြားတာမ်ိဳး မဟုတ္ပဲ နံပါတ္ ၁ ေနရာကို ခုန္တက္ ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။ ဒီလိုျဖစ္ရပ္မ်ိဳးဟာ ၁၉၇၇ ခုႏွစ္က လင္ဒါ႐ြန္စတန႔္ ရဲ႕ "Simple Dreams" သီခ်င္းၿပီးေနာက္ပိုင္း ပထမဆုံးျဖစ္ရပ္လို႔ ဆိုၾကပါတယ္။
ဒါတင္မက KPop Demon Hunters” ဟာ Disney ရဲ႕ ၂၀၂၁ ခုႏွစ္ Animation ဇာတ္ကား “Encanto” ေနာက္ပိုင္း Billboard 200 မွာ ထိပ္ဆုံး ေနရာေရာက္ရွိတဲ့ ပထမဆုံး animation ေတးသြားလည္း ျဖစ္ပါတယ္။