မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း(၇)မျိုးကို FDA Myanmar အသိပေးထုတ်ပြန်

 2638

ယွန်း (NP News) - မတ် ၂၅

မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း(၇)မျိုးကို FDA Myanmar က အသိပေးထုတ်ပြန်ထားသည်။

အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA Myanmar) က ယနေ့ (မတ်လ ၂၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

FDA Myanmar အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း(၇)မျိုး၌ မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေသော တားမြစ်ဓါတုပစ္စည်းများပါဝင်‌နေသည်ကို တွေ့ရပြီး သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအလှကုန်ပစ္စည်းများတွင် YCID REFINED CHEMICAL INDUSTRIA CO.,LTD မှ ထုတ်လုပ်သည့် Y-CID/DIAMOND METEOR Eye Shadow Ball 03 5g အပါအဝင် အခြားထိုင်းဘာသာ၊ တရုတ်ဘာသာများဖြင့် ဖော်ပြထားသည့် အလှကုန်များလည်းပါဝင်ကြောင်း သိရသည်။

တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း အပါအဝင် ရောင်ရမ်းခြင်း၊ အရေပြားမှတဆင့်ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များ သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့်အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန် FDA Myanmar ကထုတ်ပြန်ထားသည်။

လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူ‌ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထားသည်။

zawgyi version
မွတ္ပုံတင္ထားျခင္းမရွိသည့္အျပင္ သုံးစြဲရန္မသင့္ေသာ အလွကုန္ပစၥည္း(၇)မ်ိဳးကို FDA Myanmar အသိေပးထုတ္ျပန္

ယြန္း (NP News) - မတ္ ၂၅

မွတ္ပုံတင္ထားျခင္းမရွိသည့္အျပင္ သုံးစြဲရန္မသင့္ေသာ အလွကုန္ပစၥည္း(၇)မ်ိဳးကို FDA Myanmar က အသိေပးထုတ္ျပန္ထားသည္။

အစားေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA Myanmar) က ယေန႔ (မတ္လ ၂၅ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

FDA Myanmar အေနျဖင့္ ၂၀၂၃ ခုႏွစ္အတြင္း ျပည္တြင္း၌ေရာင္းခ်ေနသည့္ အလွကုန္ပစၥည္းမ်ားကို စစ္ေဆးခဲ့ရာ အလွကုန္ပစၥည္း(၇)မ်ိဳး၌ မွတ္ပုံတင္ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစေသာ တားျမစ္ဓါတုပစၥည္းမ်ားပါဝင္‌ေနသည္ကို ေတြ႕ရၿပီး သုံးစြဲရန္မသင့္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါအလွကုန္ပစၥည္းမ်ားတြင္ YCID REFINED CHEMICAL INDUSTRIA CO.,LTD မွ ထုတ္လုပ္သည့္ Y-CID/DIAMOND METEOR Eye Shadow Ball 03 5g အပါအဝင္ အျခားထိုင္းဘာသာ၊ တ႐ုတ္ဘာသာမ်ားျဖင့္ ေဖာ္ျပထားသည့္ အလွကုန္မ်ားလည္းပါဝင္ေၾကာင္း သိရသည္။

တားျမစ္ဓါတုပစၥည္းမ်ားသည္ အေရျပားယားယံျခင္း အပါအဝင္ ေရာင္ရမ္းျခင္း၊ အေရျပားမွတဆင့္ခႏၶာကိုယ္အတြင္းသို႔ စုပ္ယူ၍ ထုံက်င္ျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္ စိတ္က်ေရာဂါမ်ားအျပင္ ေရရွည္သုံးစြဲပါက ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္ အျခားေရာဂါမ်ားျဖစ္ပြားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အလွကုန္ပစၥည္းတင္သြင္းျဖန႔္ျဖဴးေရာင္းခ်သည့္ ကုမၸဏီႏွင့္ လက္လီလက္ကားဆိုင္မ်ား သည္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္ပုံတင္ထားျခင္းမရွိေသာ အမ်ားျပည္သူသုံးစြဲရန္မသင့္ေၾကာင္း ေၾကညာထားသည့္အလွကုန္ပစၥည္းမ်ား တင္သြင္းျဖန႔္ျဖဴးေရာင္းခ်ျခင္းကို က်င့္ဝတ္အရ လုံးဝမျပဳလုပ္ရန္ FDA Myanmar ကထုတ္ျပန္ထားသည္။

လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက သက္ဆိုင္ရာအာဏာပိုင္အဖြဲ႕အစည္းက ျပည္သူ႔က်န္းမာေရးဆိုင္ရာ ဥပေဒပုဒ္မ ၃၊ အပိုဒ္(၃)(ဃ)အရ အေရးယူ‌ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း အသိေပးထားသည္။

Related news

© 2021. All rights reserved.