မဲစာရင်းမှန်ကန်ရေးကို ယခုနှစ်အတွင်း လုပ်ဆောင်မည်ဖြစ်ပြီး ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပရန်ရှိဟု တပ်ချုပ်ပြော

 972

မြူနစ် (NP News) - မတ် ၂၅
မဲစာရင်းမှန်ကန်ရေးကို ယခုနှစ်အတွင်း လုပ်ဆောင်မည်ဖြစ်ပြီး ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပရန်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံမှ ITAR-TASS Media နှင့် အင်တာဗျူးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပရေးသည် ၎င်း၏ နောက်ဆုံးရည်မှန်းချက်ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။

“အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပြီးသွားပြီဆိုတာနဲ့ ရွေးကောက်ပွဲ ကျွန်တော်တို့ ပြန်လုပ်မှာဖြစ်ပါတယ်၊ အဲဒီတော့ ကျွန်တော်တို့က ဒီအရေးပေါ်ကာလတွေပြီးလို့ရှိရင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ကျွန်တော်တို့က အာဏာပြန်လွှဲမယ်၊ ပြန်လွှဲပြီးတော့ အဲဒီရဲ့ဦးဆောင်မှုနဲ့  (၆) လအတွင်းမှာ ကျွန်တော်တို့ရွေးကောက်ပွဲ ပြန်လုပ်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တက်လာခြင်းသည် မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်တစ်ခုဖြစ်ပြီး မဲစာရင်းမှန်ကန်ရေးကို အဓိကထားလုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။

“အဲဒီတော့ ဒီရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင် မဲစာရင်းတွေ မှားယွင်းမှုကြောင့် ဖြစ်လာတဲ့အတွက်ကြောင့် မဲစာရင်းမှန်ကန်ရေးကိုလည်း ကျွန်တော်တို့က အဓိကထားလုပ်ရမှာ၊ မဲစာရင်းမှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့လုပ်ပါမယ်၊ ပြည့်စုံပြီးလို့ရှိရင် တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့အပိုင်းလိုက်ပေါ့ တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနှင့်အညီ ကျွန်တော်တို့ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ရှိပါတယ်ဆိုတာ ကျွန်တော်ပြောလိုတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နစကအစိုးရသည် ယခု ၂၀၂၄ ခုနှစ်အတွင်း၌ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောက်ယူရန် ပြင်ဆင်နေလျက်ရှိပြီး ရရှိလာသည့် သန်းခေါင်စာရင်းများအပေါ်အခြေခံကာ မဲစာရင်းပြုစုခြင်းများကို လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။

လာမည့်ရွေးကောက်ပွဲသည့် ၂၀၂၅ ခုနှစ်အတွင်း၌ ကျင်းပနိုင်ဖွယ်ရှိကြောင်းလည်း နိုင်ငံရေးပါတီအချို့က ထင်မြင်ယူဆထားကြသည်။

လက်ရှိတွင် နိုင်ငံအတွင်း၌ စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်ပေါင်း (၆၁)မြို့နယ်ရှိပြီး တစ်ချို့သောမြို့နယ်များတွင် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။

မဲစာရင္းမွန္ကန္ေရးကို ယခုႏွစ္အတြင္း လုပ္ေဆာင္မည္ျဖစ္ၿပီး ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္ က်င္းပရန္ရွိဟု တပ္ခ်ဳပ္ေျပာ

ျမဴနစ္ (NP News) - မတ္ ၂၅
မဲစာရင္းမွန္ကန္ေရးကို ယခုႏွစ္အတြင္း လုပ္ေဆာင္မည္ျဖစ္ၿပီး ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္ က်င္းပရန္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႐ုရွားႏိုင္ငံမွ ITAR-TASS Media ႏွင့္ အင္တာဗ်ဴးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

လြတ္လပ္ၿပီးတရားမွ်တမႈရွိသည့္ ေ႐ြးေကာက္ပြဲတစ္ခု ျပန္လည္က်င္းပေရးသည္ ၎၏ ေနာက္ဆုံးရည္မွန္းခ်က္ျဖစ္သည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးက ဆိုသည္။

“အေရးေပၚကာလဆိုင္ရာ ျပ႒ာန္းခ်က္ေတြ ၿပီးသြားၿပီဆိုတာနဲ႔ ေ႐ြးေကာက္ပြဲ ကြၽန္ေတာ္တို႔ ျပန္လုပ္မွာျဖစ္ပါတယ္၊ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ဒီအေရးေပၚကာလေတြၿပီးလို႔ရွိရင္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီကို ကြၽန္ေတာ္တို႔က အာဏာျပန္လႊဲမယ္၊ ျပန္လႊဲၿပီးေတာ့ အဲဒီရဲ႕ဦးေဆာင္မႈနဲ႔  (၆) လအတြင္းမွာ ကြၽန္ေတာ္တို႔ေ႐ြးေကာက္ပြဲ ျပန္လုပ္ရမွာျဖစ္ပါတယ္” ဟု ၎က ေျပာၾကားထားသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ တက္လာျခင္းသည္ မဲမသမာမႈေၾကာင့္ ျဖစ္ေပၚလာသည့္ အက်ိဳးဆက္တစ္ခုျဖစ္ၿပီး မဲစာရင္းမွန္ကန္ေရးကို အဓိကထားလုပ္ေဆာင္သြားမည္ဟုလည္း ဆိုသည္။

“အဲဒီေတာ့ ဒီေ႐ြးေကာက္ပြဲလုပ္ႏိုင္ဖို႔ဆိုရင္ မဲစာရင္းေတြ မွားယြင္းမႈေၾကာင့္ ျဖစ္လာတဲ့အတြက္ေၾကာင့္ မဲစာရင္းမွန္ကန္ေရးကိုလည္း ကြၽန္ေတာ္တို႔က အဓိကထားလုပ္ရမွာ၊ မဲစာရင္းမွန္ကန္ေရးကလည္း ဒီႏွစ္ထဲမွာ အတတ္ႏိုင္ဆုံး ကြၽန္ေတာ္တို႔လုပ္ပါမယ္၊ ျပည့္စုံၿပီးလို႔ရွိရင္ တိုင္းျပည္တည္ၿငိမ္မႈေကာင္းၿပီဆိုတာနဲ႔ လုပ္ႏိုင္တဲ့အပိုင္းလိုက္ေပါ့ တစ္ၿပိဳင္နက္တည္း မဟုတ္ေတာင္မွ လုပ္ႏိုင္တဲ့အပိုင္းလိုက္ကို ဥပေဒႏွင့္အညီ ကြၽန္ေတာ္တို႔ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပႏိုင္ေရးအတြက္ ေဆာင္႐ြက္သြားဖို႔ရွိပါတယ္ဆိုတာ ကြၽန္ေတာ္ေျပာလိုတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

နစကအစိုးရသည္ ယခု ၂၀၂၄ ခုႏွစ္အတြင္း၌ ျပည္လုံးကြၽတ္သန္းေခါင္စာရင္းကို ေကာက္ယူရန္ ျပင္ဆင္ေနလ်က္ရွိၿပီး ရရွိလာသည့္ သန္းေခါင္စာရင္းမ်ားအေပၚအေျခခံကာ မဲစာရင္းျပဳစုျခင္းမ်ားကို လုပ္ေဆာင္သြားရန္ ရွိေၾကာင္း သိရသည္။

လာမည့္ေ႐ြးေကာက္ပြဲသည့္ ၂၀၂၅ ခုႏွစ္အတြင္း၌ က်င္းပႏိုင္ဖြယ္ရွိေၾကာင္းလည္း ႏိုင္ငံေရးပါတီအခ်ိဳ႕က ထင္ျမင္ယူဆထားၾကသည္။

လက္ရွိတြင္ ႏိုင္ငံအတြင္း၌ စစ္အုပ္ခ်ဳပ္ေရးေၾကညာထားသည့္ ၿမိဳ႕နယ္ေပါင္း (၆၁)ၿမိဳ႕နယ္ရွိၿပီး တစ္ခ်ိဳ႕ေသာၿမိဳ႕နယ္မ်ားတြင္ တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနလ်က္ရွိသည္။

Related news

© 2021. All rights reserved.