ထိပ်တန်းလက်နက်များနှင့်အတူ ပါဝါချိန်ခွင်လျှာညှိနေသည့်ရုရှားနိုင်ငံ

 1899

Alynn (NP News) - မတ် ၂၇
စစ်အေးကာလများကတည်းက ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား အပြိုင်အဆိုင် လက်နက် တပ်ဆင်မှုများရှိခဲ့သလို ယနေ့ခေတ် ၂၁ ရာစုတွင်လည်း ခေတ်မီစစ်လက်နက်များကို အပြိုင်တီထွင်ဆန်းသစ်ကြခြင်းဖြင့် အားမျှခြေချိန်ခွင်လျှာ အသာစီးရရေး အပြင်းအထန်အားပြိုင်မှုများက ရှိနေဆဲဖြစ်ပါသည်။ ခေတ်မီလက်နက်များအကြောင်းပြောလျှင် ရုရှား၏ ထိပ်တန်းလက်နက်များက ထိပ်ဆုံးမှပါဝင်နေမည်ဖြစ်သည်။ အကြောင်းကား ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်အများဆုံးပိုင်ဆိုင်သူမှာလည်း ရုရှားပင်ဖြစ်နေခြင်းကြောင့် ဖြစ်ပါလိမ့်မည်။ ၂၀၁၈ ခုနှစ်က ရုရှားသမ္မတ ဗလာဒီမာပူတင်သည် “Super Weapons” ဟု အမည်ပေးထားသည့် အသံထက် မြန်သောဒုံးကျည် (Hypersonic missiles) များဖြင့် ကာကွယ်ရေးပိုင်းကို အဆင့်မြှင့်တင်ထားကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ယင်းမှာ ရုရှားအနေဖြင့် ၎င်း၏ အစဉ်အလာပြိုင်ဘက်များဖြစ်သည့် အမေရိကန်နှင့် နေတိုးအား သာမန်မဟုတ်သည့် စစ်အင်အား သာလွန်မှုဖြင့် အနိုင်ပိုင်းရန်အတွက်လည်း ရည်ရွယ်ဟန်တူပါသည်။
လတ်တလောဖြစ်ပွားလျက်ရှိသော ရုရှား-ယူကရိန်းစစ်ပွဲကြောင့် အနောက်အုပ်စုနှင့် ရုရှား အကြား အခြေအနေတင်းမာမှုများက ပိုမိုပြင်းထန်လာသလို ရုရှားအဖို့ နိုင်ငံရေးဖိအားများနှင့်အတူ အကျပ်အတည်းများစွာကိုလည်းရင်ဆိုင်ခံစားနေရပါသည်။ သို့သော် စစ်ပွဲအတွင်း ရုရှား အနေဖြင့် ၎င်း၏ထိပ်တန်းလက်နက်များ သို့တည်းမဟုတ် နျူကလီးယားလက်နက်များ အသုံးပြုလာမည်လောဟူသည့် စိုးရိမ်မှုအချို့ကြောင့် အနောက်နိုင်ငံများသည် ရုရှားအပေါ် အတင်းအကြပ် ဖိအားမသုံးရဲဘဲ မချိတင့်ကဲဖြစ်ခဲ့ရသည့် အခါများလည်း ရှိခဲ့ဖူးသည်။ ထို့ကြောင့် ရုရှား၏ လက်နက်ရေးအရ သာလွန်မှုသည် နိုင်ငံရေးကစားပွဲများတွင် အရေးပါအရာရောက်လာခဲ့ပြီး အင်အားကြီးနိုင်ငံများအကြားတွင် ပါဝါချိန်ခွင်လျှာထိန်းညှိကစားနိုင်လာသည်ကို တွေ့ရှိရသည်။ ထိုကဲ့သို့ အနောက်အုပ်စုတို့ အံ့အားသင့်စိုးရိမ်ရသည်အထိ ခြိမ်းခြောက်မှုပေးစွမ်းနိုင်သော ထိပ်တန်းလက်နက်များသည် ရုရှားထံ၌ အမျိုးအစား ၆ မျိုးထိပင်ရှိနေကြောင်း လေ့လာသိရှိရပါသည်။

(၁) Avangard Hypersonic Glide Vehicle (HGV)
Avangard ဒုံးကျည်စနစ်သည် ယခင်ကဆိုဗီယက်တို့ စမ်းသပ်ခဲ့သည့် အသံထက်မြန်သော လက်နက်စနစ်များကို ပြန်လည်ဆန်းသစ်တီထွင်ထားခြင်းဖြစ်သည်။ အတိအကျဆိုရလျှင် ဆိုဗီယက်လက်ထက်က တိုက်ချင်းပစ်ဒုံးကျည် RS18A စနစ်နှင့် လက်ရှိ အသံထက်မြန်သော ဒုံးပျံယာဉ် Yu-71 စနစ်တို့ကို ပေါင်းစပ်ထားသည့် ပုံစံလည်းဖြစ်သည်။ Avangard ဒုံးကျည် စနစ်သည် ၂၀၀၂ ခုနှစ်တွင် ဒုံးကျည်စနစ်ဆန့်ကျင်ရေးစာချုပ် (Anti-ballistic Missile Treaty-ABM) မှ အမေရိကန်နှုတ်ထွက်ပြီး နောက်ပိုင်း အသံထက်မြန်သောဒုံးပျံယာဉ် (HGV) စနစ်များကို ပြန်လည်အသက်သွင်းရာမှ စတင်ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။ ၁၉၉၀ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ Avangard ဒုံးကျည်ကို ၁၄ ကြိမ်တိတိ သယ်ဆောင်ပျံသန်းမှုများပြုလုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင်မူ Orenburg မြို့ရှိ Dombarovskiy ဒုံးကျည်စခန်းမှ Kamchatka ကျွန်းရှိ ပစ်မှတ်ကို စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့ပါသည်။ ပထမဆုံး Avangard ဒုံးကျည်နှစ်စင်းကို ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှစ၍ စစ်ဆင်ရေးအတွင်းသို့ ဖြန့်ကြက်ထားပြီးဖြစ်ကြောင်း ဖော်ပြကြသော်လည်း နေရာအတိအကျသိရှိရခြင်းတော့ မရှိပါ။
Avangard သည် ၆,၀၀၀ ကီလိုမီတာ အကွာအဝေးရှိပစ်မှတ်ကို ရောက်ရှိနိုင်ပြီး ၂,၀၀၀ ကီလိုဂရမ်ခန့် အလေးချိန်ရှိသည်။ ၎င်းမှာ သမားရိုးကျဖြစ်စေ၊ နျူကလီးယားထိပ်ဖူးဖြစ်စေ သယ်ဆောင်သွားနိုင်ကာ အသံထက် ၂၇ ဆကျော်မြန်ပြီး ဝေဟင်တွင်လှည့်ပတ်ပျံဝဲနေနိုင်သည်။ ထို့ကြောင့်လည်း Avangard ၏ ပျံသန်းရာလမ်းကြောင်းကို ခန့်မှန်းနိုင်ခြင်းမရှိသလို ကြားဖျက် ဟန့်တားနိုင်ခြင်းမရှိသောကြောင့် မဟာဗျူဟာမြောက်ထိပ်တန်းလက်နက်တစ်ခုအဖြစ် သတ်မှတ် နိုင်ပါသည်။

(၂) Poseidon Underwater Unmanned Vehicle (UUV)
ပိုဆိုက်ဒွန်သည် စစ်ပွဲများကို အဆုံးအဖြတ်ပေးနိုင်မည့် အကြီးစားလက်နက်တစ်ခု ဖြစ်ပါသည်။ ပိုဆိုက်ဒွန်သည် မောင်းသူမဲ့နျူကလီးယားစွမ်းအင်သုံးတော်ပီဒို (သင်္ဘောဖျက် လက်နက်) အမျိုးအစားဖြစ်သည့်အပြင် နျူကလီးယားထိပ်ဖူးကိုပါ တပ်ဆင်ထားသော တိုက်ချင်း ပစ်လက်နက်တစ်ခုဖြစ်သည့်အတွက် အဖျက်စွမ်းအားအလွန်ကြီးမားမည်မှာ အသေအချာပင် ဖြစ်သည်။ ၎င်းသည် တစ်နာရီလျှင် ၁၀၈ မိုင် အမြန်နှုန်းဖြင့် ရေအနက် ၁,၀၀၀ မီတာအထိ ဆင်းသက်နိုင်သောကြောင့် ၎င်းအား စုံစမ်းထောက်လှမ်းရန် အလွန်ခက်ခဲသည့်ကိစ္စ ဖြစ်နေ ပေမည်။ ရှေးယခင်ကတည်းက ရုရှားသည် ဥရောပမြေတွင်ဖြန့်ကြက်ထားသော အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ကျော်လွှားနိုင်ရေး စိတ်ဆန္ဒပြင်းပြခဲ့သည်။ အမေရိကန်၏ ဂြိုဟ်တု သည်လည်း ရောင်ခြည်အာရုံခံစနစ်ဖြင့် ရုရှား၏ တိုက်ချင်းပစ်ဒုံးကျည်များကို စုံစမ်းထောက်လှမ်း ရန်စီမံထားသည်မျိုးရှိခဲ့သည်။ ဒုံးကျည်အင်ဂျင်စက်နှိုးလိုက်သည်နှင့် လေထုထဲသို့ ပြင်းထန်သော အပူရုတ်တရက်ထုတ်လွှတ်လိုက်သောကြောင့် ဂြိုဟ်တုသည် အပူချိန်ကွာခြားချက်ကို အာရုံခံ နိုင်ကာ ဒုံးကျည်များကို ကင်းထောက်လှမ်းနိုင်သည်။ သို့သော် ဂြိုဟ်တုသည် နက်ရှိုင်းသော ပင်လယ်ရေအနက်ထိ ကြည့်ရှုနိုင်ခြင်းမရှိသောကြောင့် ပင်လယ်ပြင်အောက်တွင် ဖြစ်ပျက် နေသည့် အရာအလုံးစုံကိုတော့ ခန့်မှန်းနိုင်လိမ့်မည်မဟုတ်ပါ။ ထို့ပြင် ပိုဆိုက်ဒွန်သည် အပူ အနည်းငယ်သာထုတ်၍ တိတ်တဆိတ်သွားလာနိုင်ရန် ဖန်တီးထားခြင်းဖြစ်သောကြောင့် အမေရိကန်၏ စုံစမ်းထောက်လှမ်းရေးနည်းပညာများမှာ ပိုဆိုက်ဒွန်အတွက် အကျုံးဝင်ဦးမည် မဟုတ်ပါ။
ပိုဆိုက်ဒွန်လက်နက်များကို နျူကလီးယားရေငုပ်သင်္ဘောနှစ်စင်းဖြင့် သယ်ယူပို့ဆောင်ရန် ရည်ရွယ်ထားပါသည်။ ပထမတစ်စင်းမှာ K-329 Belgorod အမည်ရရေငုပ်သင်္ဘောဖြစ်ပြီး ဒုတိယ တစ်စင်းမှာမူ Khabarovsk ဖြစ်သည်။ ယင်းရေငုပ်သင်္ဘောများသည် တစ်စင်းလျှင် ပိုဆိုက်ဒွန် ၆ ခု တင်ဆောင်နိုင်သည်အထိ ကြီးမားကြသည်။ ပိုဆိုက်ဒွန်သည် လေယာဉ်တင်သင်္ဘောအုပ်စုကို တိုက်ခိုက်ဖျက်စီးပစ်နိုင်သလို ကမ်းခြေရှိ ရန်သူ့အဆောက်အဦများကို ချေမှုန်းပစ်နိုင်ပါသည်။ ထို့ပြင် ကျွမ်းကျင်ပညာရှင်များက ပိုဆိုက်ဒွန်တော်ပီဒိုသည် ရေဒီယိုသတ္တိကြွခြင်း လုပ်ဆောင် ချက်ဖြင့် ပေ ၁,၀၀၀ အမြင့်ရှိ ဆူနာမီကဲ့သို့သောလှိုင်းလုံးကြီးများဖန်တီး၍ ကမ်းခြေမြို့တစ်မြို့ ကိုပင် ဖျက်ဆီးပစ်နိုင်ပြီး လူသန်းပေါင်းများစွာကိုပင် သေကြေပျက်စီးစေနိုင်ကြောင်း ခန့်မှန်း ထားကြသည်။
အဖျက်စွမ်းအားကြီးမားသော နျူကလီးယားတော်ပီဒိုတပ်ဆင်ထားသည့် ရုရှားရေငုပ် သင်္ဘောသည် ရုရှား-ယူကရိန်းစစ်ပွဲစကတည်းကပင် ကောလာဟလသတင်းစကားများကြောင့် အနောက်အုပ်စုအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်လာခဲ့သည်။ ဥပမာ- ယခုနှစ်အစောပိုင်းက ရရှားသည် ပိုဆိုက်ဒွန်တင်ဆောင်သည့် ရေငုပ်သင်္ဘော Belgorod ကို အာတိတ်သမုဒ္ဒရာအတွင်း ဖြန့်ကြက်ထားနိုင်သည်ဆိုသော ကောလာဟလများထွက်ပေါ်ခဲ့ဖူးသည်။ ထို့ပြင် ဧပြီလကလည်း ရုရှားနိုင်ငံပိုင်မီဒီယာများက ရုရှားရေတပ်သည် ပစိဖိတ်ရေငုပ်သင်္ဘောအုပ်စုတွင် ပိုဆိုက်ဒွန် လက်နက်ကို တပ်ဆင်ရန် စီစဉ်နေပြီဖြစ်ကြောင်းနှင့် ၎င်းရေငုပ်သင်္ဘောအုပ်စုသည် ၂၀၂၄ နှစ် ကုန်ပိုင်း သို့မဟုတ် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် စစ်ဆင်ရေးစတင်ဆောင်ရွက်မည်ဟု ခန့်မှန်း ကြောင်းဖော်ပြခဲ့ပါသည်။ သို့ပါ၍ ထိုသို့သော သတင်းစကားများကြောင့် ပိုဆိုက်ဒွန်သည် အနောက်ဖက်ကမ်းရိုးတန်းရှိ အမေရိကန်ရေတပ်စခန်းများအပါအဝင် ဥရောပနိုင်ငံများအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပါသည်။

(၃) Sarmat Intercontinental Ballistic Missile
RS-28 Sarmat မှာ ရုရှားလက်နက်ဟောင်း SS-18 Satan ICBM တိုက်ချင်းပစ်ဒုံးကျည် နေရာတွင် အစားထိုးပေါ်ပေါက်လာသောလက်နက်တစ်ခုဖြစ်သည်။ ၂၀၁၁ ခုနှစ် အစောပိုင်းမှစ၍ ရုရှားက ဒုံးကျည်ဒီဇိုင်းကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆိုပြီး Sarmat ICBM ကို စတင် တည်ဆောက်စေခဲ့သည်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာတွင် Sarmat အား ပထမဆုံးအကြိမ် စမ်းသပ် ပစ်လွှတ်မှုပြုလုပ်ခဲ့သော်လည်း နည်းပညာချို့ယွင်းမှုအချို့ရှိနေကြောင်း တွေ့ရသည်။ ထို့နောက် ၂၀၁၈ ခုနှစ်တွင်မူ စမ်းသပ်ပစ်လွှတ်မှုနှစ်ခုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။
Sarmat ဒုံးကျည်၏ အလေးချိန်မှာ ၂၀၈.၁ မက်ထရစ်တန်ဖြစ်ပြီး ၁၈,၀၀၀ ကီလိုမီတာ အကွာအဝေးအထိ ပစ်လွှတ်နိုင်စွမ်းရှိပါသည်။ ယင်းဒုံးကျည်မှာ ၃၅.၃ မီတာရှည်လျားကာ အမျိုးမျိုးသောထိပ်ဖူးများကို တပ်ဆင်နိုင်ပါသည်။ ရုရှားမီဒီယာအချို့၏ ဖော်ပြချက်များအရ Sarmat သည် ကြီးမားသောဒုံးကျည်ထိပ်ဖူး ၁၀ ခုနှင့်အထက်သယ်ဆောင်နိုင်ပြီး အသေးဆိုလျှင် ၁၆ ခုခန့်တင်ဆောင်နိုင်ကာ အသံထက်မြန်သောဒုံးပျံယာဉ်များကိုပါ သယ်ယူနိုင်သော လက်နက် အကြီးစားဖြစ်ပါသည်။ ထို့ကြောင့် Sarmat သည် အနာဂတ်တွင် Avangard ဒုံးပျံယာဉ် (HGV) ကို သယ်ဆောင်လာနိုင်ချေရှိပါသည်။
Sarmat သည် ရုရှား၏ တိုက်ချင်းပစ်ဒုံးကျည်များအနက် အကြီးဆုံးဖြစ်သလို အမေရိကန်၏ ဒုံးကျည်များထက်လည်း ကြီးမားပါသည်။ Sarmat နှင့် ၎င်း၏ရှေ့မှ ဒုံးကျည်များ အကြား ကွာခြားချက်မှာ Sarmat သည် အလွန်ဝေးကွာသောပစ်မှတ်များအထိ တိုက်ခိုက် နိုင်စွမ်းရှိပြီး တောင်ဝင်ရိုးစွန်းမှ အမေရိကန်သို့အထိပင် ချဉ်းကပ်တိုက်ခိုက်နိုင်စွမ်းရှိပါသည်။ ထို့ပြင် ၎င်းတွင်ဒုံးကျည်ကာကွယ်ရေးစနစ်များကို ရှောင်တိမ်းနိုင်သည့် နည်းပညာများကိုပါ ထည့်သွင်းထားပြီး ရန်သူ့ထောက်လှမ်းရေးစနစ်များကိုလည်း ခြေရာခံနိုင်စွမ်းရှိနေပါသည်။ ထို့ကြောင့် လက်ရှိဒုံးကျည်ထောက်လှမ်းမှုနှင့် ကာကွယ်ရေးစနစ်များကို ချိုးဖျက်ကျော်လွှား နိုင်မည်ဟု ခန့်မှန်းရပါသည်။

(၄) Burevestnik Cruise Missile
9M730 Burevestnik သည် တီထွင်စမ်းသပ်ဆဲ နျူကလီးယာစွမ်းအင်သုံး ခရုဇ်ဒုံးပျံ အမျိုးအစားဖြစ်သည်။ ၎င်းလက်နက်၏ အသုံးဝင်မှုမှာ အကန့်အသတ်မရှိဖြစ်ပြီး ရန်သူ့ လေကြောင်းစနစ်များအတွင်း ချိုးဖျက်ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုရှားသမ္မတက ဖော်ပြခဲ့ ဖူးပါသည်။ ၎င်းဒုံးပျံကို စုံစမ်းထောက်လှမ်းရန် ခဲယဉ်းနိုင်ပြီး ပျံသန်းရာလမ်းကြောင်းတစ်လျှောက် မြေပြင်နှင့်အနီးဆုံးအထိနိမ့်၍ ပျံသန်းနိုင်ကြောင်းသိရပါသည်။ သို့သော် ယင်းလက်နက်၏ အသေးစားတည်ဆောက်ရေးမှာပင် စိန်ခေါ်မှုများစွာရှိနေသကဲ့သို့ နျူကလီးယားတွန်းကန်အားကို အသုံးပြုရန်မှာလည်း နည်းပညာအရ လိုအပ်ချက်များရှိနေဆဲဖြစ်ပါသည်။ ရုရှားအနေဖြင့် ၎င်းနျူကလီးယားစွမ်းအင်သုံး ခရုဇ်ဒုံးပျံကိုသာ အောင်မြင်စွာထုတ်လုပ်နိုင်ပါက ယင်းမှာ ကမ္ဘာ့ ပထမဆုံးအမျိုးအစားဖြစ်လာမည်ဖြစ်ပါသည်။

(၅) Kinzhal air-launched Ballistic Missile
9-S-7760 Kinzhal (ရုရှားအခေါ် Dagger) သည် ဝေဟင်ပစ်ဒုံးကျည်အမျိုးအစားဖြစ်ပြီး အထက်ဖော်ပြပါမဟာဗျူဟာမြောက်လက်နက် ၄ မျိုးအောက် တစ်ဆင့်နိမ့်စွမ်းရည်ရှိ လက်နက် ဖြစ်သည်။ ၎င်းသည် 9M723 Iskander မြေပြင်သုံးဒုံးကျည်အမျိုးအစားကို ပြန်လည်ဆန်းသစ် ထားသောပုံစံဖြစ်ပြီး အသံထက် ၁၀ ဆမြန်ကာ ၎င်းပျံသန်းရာလမ်းကြောင်းတစ်လျှောက် လိုသလို လှည့်ပတ်လှုပ်ရှားနိုင်သည်။ အထက်ဖော်ပြပါ မဟာဗျူဟာမြောက်လက်နက်များနှင့် Kinzhal အကြားကွာခြားချက်မှာ ၎င်း၏ ပစ်လွှတ်နိုင်သောအကွာအဝေးနှင့် မည်သည့်စစ်ဆင်ရေးတွင် အသုံးပြုသည်ဆိုသော အချက်များပင်ဖြစ်သည်။ ၎င်းသည် ဩချဖွယ်လက်နက်တစ်ခုမဟုတ် သော်လည်း နျူကလီးယားထိပ်ဖူးများ တပ်ဆင်အသုံးပြုနိုင်သောကြောင့် ကြီးမားကျယ်ပြန့်သော စစ်ဆင်ရေးများတွင် အသုံးပြုနိုင်သည်။ Kinzhal ကို သင်္ဘောဖျက်မစ်ရှင်များနှင့် ရန်သူ့ကာကွယ် ရေးအဆောက်အဦများကို တိုက်ခိုက်ရန်ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ၎င်းသည် နျူကလီးယားမဟုတ်သောလက်နက်များကို ဟန့်တားနိုင်သလို နျူကလီးယားလက်နက်ပစ်ခတ်ခံ ရခြင်းမတိုင်မီ လက်တစ်ကမ်းအလိုတွင်လည်း အချက်ပြခြင်းများကို လုပ်ဆောင်ပေးနိုင်သည်။ ထို့ပြင် ရန်သူ၏ အမျိုးမျိုးသော စစ်ဆင်ရေးများကို နှောင့်ယှက်ဟန့်တားနိုင်သလို ရန်သူ၏ စစ်ဆင် ရေးတွင် အရေးပါသော အဆောက်အဦများကို လက်ဦးမှုရယူတိုက်ခိုက်ခြင်းများဖြင့်လည်း အသာစီး ရယူနိုင်စွမ်းရှိပါသည်။

(၆) Tsirkon Anti-Ship Hypersonic Cruise Missile
3M22 Tsirkon (Zircon) သည် ဟိုက်ပါဆောနစ်သင်္ဘောဖျက်ဒုံးကျည်ဖြစ်ပါသည်။ Kinzhal ကဲ့သို့ပင် Tsirkon သည် ပင်လယ်ပြင်နှင့် ကုန်းပေါ်ရှိ အရေးပါသောပစ်မှတ်များကို တိုက်ခိုက်နိုင်သော နှစ်မျိုးစပ်စွမ်းရည်ရှိပါသည်။ ၎င်းသည် အသံထက် ၉ ဆပိုမြန်နိုင်ပြီး ကီလိုမီတာ ၅၀၀ မှ ၁၀၀၀ အကွာရှိပစ်မှတ်များကို ထိမှန်နိုင်ကြောင်း ခန့်မှန်းထားကြသည်။ Tsirkon ကို Scramjet အင်ဂျင် တပ်ဆင်ထားပြီး စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများနှင့် ရွှေ့ပြောင်းနိုင်သော ကမ်းရိုးတန်း စစ်စခန်းများမှနေ၍ 3S-14 ဒုံးကျည်လောင်ချာများမှ ဒေါင်လိုက် အနေအထားဖြင့် ပစ်လွှတ်နိုင်ပါသည်။ ဒုံးကျည်မှာ သမားရိုးကျနှင့် နျူကလီးယားထိပ်ဖူးနှစ်မျိုး စလုံးတပ်ဆင်နိုင်ပါသည်။ Tsirkon ဒုံးကျည်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ယူကရိန်း စစ်မြေပြင်တွင် ပထမဆုံးအကြိမ်အသုံးပြုခဲ့ကြောင်း ကျွမ်းကျင်သူများက ကောက်ချက်ချခဲ့သည်။
“Super Weapons” များကို ပိုင်ဆိုင်ရန် ကြိုးပမ်းရခြင်း အကြောင်းတရားများ
အထက်ဖော်ပြပါ “Super Weapons” များက မတူညီသောအသွင်အပြင်၊ ကွဲပြားသော စွမ်းဆောင်ချက်များဖြင့် ရုရှား၏ အံ့မခန်းဖွယ်လက်နက်နည်းပညာတိုးတက်လာမှုကို လှစ်ဟ ဖော်ပြနေသည်။ ယင်းထိပ်တန်းလက်နက် ၆ မျိုးအနက် ပထမလေးမျိုး၏ သူမတူသောစွမ်းဆောင် ရည်များသည် ရန်သူများအတွက်ငှာ ခုခံရန်ပင်မစွမ်းသာသည့် နျူကလီးယားစွမ်းအင်သုံး မဟာ ဗျူဟာမြောက်လက်နက်များ ဖြစ်နေသည်။ ၎င်းတို့သည် ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သည်။ အဖျက်စွမ်းအားမှာလည်း မခန့်မှန်းနိုင်အောင်ပင် ကြီးမားမည်ဖြစ်သည်။ ထို့ကြောင့် ယနေ့ကမ္ဘာ၏ ဩချဖွယ်ထိပ်တန်းလက်နက်များအဖြစ်စံတင်ထားရသည်။ ဤနေရာတွင် ရုရှားအနေဖြင့် ထိုလက်နက် များကို အဘယ်ကြောင့် အသဲအသန်အဆင့်မြှင့်တင် တီထွင်ဖန်တီးနေရပါသနည်းဟူ၍ မေးခွန်း ထုတ်စရာ ရှိလာနိုင်သည်။ အဓိကအကြောင်းအရင်းမှာ ရုရှားအား ထိုလက်နက်များကို ပိုင်ဆိုင်ရန် တွန်းအားပေးနေသည့် စိုးရိမ်ကြောင့်ကြမှုနှစ်ခုကြောင့်ဟုဆိုရမည်။ ပထမတစ်ခုက ရုရှား၏ ဆိုဗီယက်ခေတ်သုံးလက်နက်များသည် အမေရိကန်၏ နောက်ဆုံးပေါ်ဒုံးကျည်ကာကွယ်ရေး စနစ်များကို ထိုးဖောက်တိုက်ခိုက်ရန် မစွမ်းသာတော့သည့်အခြေအနေဖြစ်နေသည့်အတွက် မည်သည့်အတားအဆီးကိုမဆိုချိုးဖျက်ကာ ပစ်မှတ်ကို တိတိကျကျထိထိရောက်ရောက် တိုက်ခိုက် နိုင်မည့် မဟာဗျူဟာမြောက်လက်နက်များကို တီထွင်ရန်လိုအပ်လာခြင်းဖြစ်သည်။ ဒုတိယ အချက်မှာမူ အမေရိကန်သည် “Prompt Global Strike program” ကဲ့သို့ တာဝေးပစ် လက်နက်များကို အောင်မြင်စွာ ထုတ်လုပ်လာနိုင်သည့်အလျောက် ရုရှားအနေဖြင့် ၎င်း၏ လက်နက်နည်းပညာကို အဆင့်မြှင့်တင်ရန် လိုအပ်လာကြောင်း သိရှိလာခြင်းပင်ဖြစ်သည်။ သို့ပါ၍ ထိုထိုသောအကြောင်းတရားများကို အခြေခံကာ ရုရှားက ၎င်း၏ လက်နက်များကို အဆင့်မြှင့် တင်ရန်ကြိုးပမ်းလာခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
“Super Weapons” များကပြောသော ရုရှား၏ကာကွယ်ရေးစွမ်းပကားအကြောင်း
“Super Weapons” များ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ရုရှားကာကွယ်ရေးယန္တရား၏ ဆန်းသစ်တီထွင်နိုင်စွမ်းများကို ထင်သာမြင်သာဖြစ်လာစေသည်။ ပထမဦးစွာ ရုရှားကာကွယ်ရေး ယန္တရားသည် ဆိုဗီယက်ခေတ်က လက်နက်ဒီဇိုင်းများကို တုပဖန်တီးလာခြင်း၊ ခေတ်စနစ်နှင့် အညီ လိုက်လျောညီထွေရှိအောင် ပြောင်းလဲလာခြင်းများ ပြုလုပ်လာကြောင်းတွေ့ရှိရသည်။ ဥပမာ- Avangard သည် ဆိုဗီယက်ခေတ်က လက်နက်စနစ်များကို ပြန်လည်ဆန်းသစ်ထားခြင်း ဖြစ်သလို Kinzhal သည်လည်း ဆိုဗီယက်ခေတ်က လက်နက်များကို လိုက်လျောညီထွေ ဖြစ်အောင် ပြန်လည်မွမ်းမံထားခြင်းဖြစ်သည်။ ဒုတိယအနေဖြင့်မူ ထိပ်တန်းလက်နက်များသည် ရုရှားဒီဇိုင်းနာများ၏ အဟောင်းနှင့်အသစ်နည်းပညာများကို ပေါင်းစပ်၍ စွမ်းဆောင်ရည်အသစ် များကို ဖန်တီးပုံဖော်လာနိုင်ခြင်းဖြစ်သည်။ ဥပမာ- Kinzhal သည် ရှိပြီးသားလက်နက်များ ဖြစ်သည့် Mi-31 နှင့် Iskander တို့ကို ပေါင်းစပ်၍ ဖန်တီးထားခြင်းဖြစ်သည်။ ထို့ပြင် Tsirkon ကို ဝေဟင်ပစ်ဒုံးကျည်အမျိုးအစားအနေဖြင့် ဖန်တီးခဲ့မည်ဆိုပါက နည်းပညာပိုင်းအရရော၊ လက်တွေ့ တီထွင်ရာတွင်ပါ အခက်အခဲအချို့ရှိနိုင်သောကြောင့် ရုရှားဒီဇိုင်နာများက စရိတ်စက အသက်သာ ဆုံးနှင့် စွမ်းဆောင်နိုင်ရည်မြင့်မားသော ခရုဇ်ဒုံးကျည်ပုံစံမျိုးကို အကောင်းဆုံးဖန်တီးနေကြ သည်မှာ ချီးကျူးဖွယ်ပင်ဖြစ်သည်။ တတိယအချက်အနေဖြင့် ရုရှားကာကွယ်ရေးယန္တရားသည် ဒီဇိုင်းအသစ်များစွာကို ဖန်တီးရာတွင် ကျွမ်းကျင်ကြောင်း သက်သေပြနေသည်။ ထို့ကြောင့် ယခု ဖော်ပြထားသည့် “Super Weapons” များအပြင် အခြားသော ဒီဇိုင်းအသစ်များကို ပုံမှန် ထုတ်လုပ်နိုင်စွမ်းရှိနေပြီဖြစ်သည်။ ဤတွင် အစိုးရကလည်း စစ်ဘက်ဆိုင်ရာ နည်းပညာဆန်းသစ် တီထွင်မှုများအတွက် ငွေကြေးထောက်ပံ့မှုများစွာရှိသည့်အတွက် ပုဂ္ဂလိကလက်နက်စက်ရုံ များထက် နိုင်ငံတော်ပိုင်ကာကွယ်ရေးယန္တရား၏ တီထွင်ဖန်တီးနိုင်စွမ်းက အဖက်ဖက်မှသာလွန် နေပါသည်။
အချုပ်အားဖြင့်ဆိုရသော် ရုရှားသည် ဖော်ပြပါ Super Weapons များကို စစ်ဆင်ရေး များတွင် ထုတ်သုံးခြင်း မပြုသေးသော်လည်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိနေသည်။ ယင်းမှာ ၎င်း၏ပြိုင်ဖက် အမေရိကန်နှင့် နေတိုးအဖွဲ့အပေါ် ကြီးမားသော ခြိမ်းခြောက်မှုကိုဖြစ်စေသလို လတ်တလောဖြစ်ပွားနေသော ရုရှား-ယူကရိန်းစစ်ပွဲ အတွင်း ၎င်းထိပ်တန်းလက်နက်များကိုထုတ်သုံးကာ စစ်ပွဲအား အဆုံးအဖြတ်ပြုသွားမည်လား ဆိုသည့် စိုးရိမ်မှုများကို မြင့်တက်စေပါသည်။ သို့ပါ၍ အကြောင်းအမျိုးမျိုးကြောင့် ရုရှားသည် ၎င်းထိပ်တန်းလက်နက်များကို စစ်ပွဲအတွင်း ထုတ်သုံးလာမည်ဆိုပါက တတိယကမ္ဘာစစ်သည် မေးခွန်း ထုတ်စရာမလိုအောင်ပင် သေချာပေါက်ဖြစ်ပွားလာမည်ဖြစ်ပါကြောင်း ရေးသားလိုက် ရပါသည်။
ALynn
ကိုးကား
- Advanced military technology in Russia, Chatham House
- Russia’s “Invisible Missiles” – Meet Putin’s Five ‘Super-Weapons’ That Even US President Called Impossible to Intercept, the Eurasian Times
- missilethreat.csis.org, CSIS Missile Defense Project

zawgyi version
ထိပ္တန္းလက္နက္မ်ားႏွင့္အတူ ပါဝါခ်ိန္ခြင္လွ်ာညႇိေနသည့္႐ုရွားႏိုင္ငံ
Alynn (NP News) - မတ္ ၂၇
စစ္ေအးကာလမ်ားကတည္းက ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားအၾကား အၿပိဳင္အဆိုင္ လက္နက္ တပ္ဆင္မႈမ်ားရွိခဲ့သလို ယေန႔ေခတ္ ၂၁ ရာစုတြင္လည္း ေခတ္မီစစ္လက္နက္မ်ားကို အၿပိဳင္တီထြင္ဆန္းသစ္ၾကျခင္းျဖင့္ အားမွ်ေျခခ်ိန္ခြင္လွ်ာ အသာစီးရေရး အျပင္းအထန္အားၿပိဳင္မႈမ်ားက ရွိေနဆဲျဖစ္ပါသည္။ ေခတ္မီလက္နက္မ်ားအေၾကာင္းေျပာလွ်င္ ႐ုရွား၏ ထိပ္တန္းလက္နက္မ်ားက ထိပ္ဆုံးမွပါဝင္ေနမည္ျဖစ္သည္။ အေၾကာင္းကား ကမာၻေပၚတြင္ န်ဴကလီးယားလက္နက္အမ်ားဆုံးပိုင္ဆိုင္သူမွာလည္း ႐ုရွားပင္ျဖစ္ေနျခင္းေၾကာင့္ ျဖစ္ပါလိမ့္မည္။ ၂၀၁၈ ခုႏွစ္က ႐ုရွားသမၼတ ဗလာဒီမာပူတင္သည္ “Super Weapons” ဟု အမည္ေပးထားသည့္ အသံထက္ ျမန္ေသာဒုံးက်ည္ (Hypersonic missiles) မ်ားျဖင့္ ကာကြယ္ေရးပိုင္းကို အဆင့္ျမႇင့္တင္ထားေၾကာင္း တရားဝင္ထုတ္ေဖာ္ေျပာၾကားခဲ့ပါသည္။ ယင္းမွာ ႐ုရွားအေနျဖင့္ ၎၏ အစဥ္အလာၿပိဳင္ဘက္မ်ားျဖစ္သည့္ အေမရိကန္ႏွင့္ ေနတိုးအား သာမန္မဟုတ္သည့္ စစ္အင္အား သာလြန္မႈျဖင့္ အႏိုင္ပိုင္းရန္အတြက္လည္း ရည္႐ြယ္ဟန္တူပါသည္။
လတ္တေလာျဖစ္ပြားလ်က္ရွိေသာ ႐ုရွား-ယူကရိန္းစစ္ပြဲေၾကာင့္ အေနာက္အုပ္စုႏွင့္ ႐ုရွား အၾကား အေျခအေနတင္းမာမႈမ်ားက ပိုမိုျပင္းထန္လာသလို ႐ုရွားအဖို႔ ႏိုင္ငံေရးဖိအားမ်ားႏွင့္အတူ အက်ပ္အတည္းမ်ားစြာကိုလည္းရင္ဆိုင္ခံစားေနရပါသည္။ သို႔ေသာ္ စစ္ပြဲအတြင္း ႐ုရွား အေနျဖင့္ ၎၏ထိပ္တန္းလက္နက္မ်ား သို႔တည္းမဟုတ္ န်ဴကလီးယားလက္နက္မ်ား အသုံးျပဳလာမည္ေလာဟူသည့္ စိုးရိမ္မႈအခ်ိဳ႕ေၾကာင့္ အေနာက္ႏိုင္ငံမ်ားသည္ ႐ုရွားအေပၚ အတင္းအၾကပ္ ဖိအားမသုံးရဲဘဲ မခ်ိတင့္ကဲျဖစ္ခဲ့ရသည့္ အခါမ်ားလည္း ရွိခဲ့ဖူးသည္။ ထို႔ေၾကာင့္ ႐ုရွား၏ လက္နက္ေရးအရ သာလြန္မႈသည္ ႏိုင္ငံေရးကစားပြဲမ်ားတြင္ အေရးပါအရာေရာက္လာခဲ့ၿပီး အင္အားႀကီးႏိုင္ငံမ်ားအၾကားတြင္ ပါဝါခ်ိန္ခြင္လွ်ာထိန္းညႇိကစားႏိုင္လာသည္ကို ေတြ႕ရွိရသည္။ ထိုကဲ့သို႔ အေနာက္အုပ္စုတို႔ အံ့အားသင့္စိုးရိမ္ရသည္အထိ ၿခိမ္းေျခာက္မႈေပးစြမ္းႏိုင္ေသာ ထိပ္တန္းလက္နက္မ်ားသည္ ႐ုရွားထံ၌ အမ်ိဳးအစား ၆ မ်ိဳးထိပင္ရွိေနေၾကာင္း ေလ့လာသိရွိရပါသည္။
(၁) Avangard Hypersonic Glide Vehicle (HGV)
Avangard ဒုံးက်ည္စနစ္သည္ ယခင္ကဆိုဗီယက္တို႔ စမ္းသပ္ခဲ့သည့္ အသံထက္ျမန္ေသာ လက္နက္စနစ္မ်ားကို ျပန္လည္ဆန္းသစ္တီထြင္ထားျခင္းျဖစ္သည္။ အတိအက်ဆိုရလွ်င္ ဆိုဗီယက္လက္ထက္က တိုက္ခ်င္းပစ္ဒုံးက်ည္ RS18A စနစ္ႏွင့္ လက္ရွိ အသံထက္ျမန္ေသာ ဒုံးပ်ံယာဥ္ Yu-71 စနစ္တို႔ကို ေပါင္းစပ္ထားသည့္ ပုံစံလည္းျဖစ္သည္။ Avangard ဒုံးက်ည္ စနစ္သည္ ၂၀၀၂ ခုႏွစ္တြင္ ဒုံးက်ည္စနစ္ဆန႔္က်င္ေရးစာခ်ဳပ္ (Anti-ballistic Missile Treaty-ABM) မွ အေမရိကန္ႏႈတ္ထြက္ၿပီး ေနာက္ပိုင္း အသံထက္ျမန္ေသာဒုံးပ်ံယာဥ္ (HGV) စနစ္မ်ားကို ျပန္လည္အသက္သြင္းရာမွ စတင္ေပၚေပါက္လာျခင္းလည္းျဖစ္သည္။ ၁၉၉၀ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္ အထိ Avangard ဒုံးက်ည္ကို ၁၄ ႀကိမ္တိတိ သယ္ေဆာင္ပ်ံသန္းမႈမ်ားျပဳလုပ္ခဲ့သည္။ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလတြင္မူ Orenburg ၿမိဳ႕ရွိ Dombarovskiy ဒုံးက်ည္စခန္းမွ Kamchatka ကြၽန္းရွိ ပစ္မွတ္ကို စမ္းသပ္ပစ္လႊတ္မႈ ျပဳလုပ္ခဲ့ပါသည္။ ပထမဆုံး Avangard ဒုံးက်ည္ႏွစ္စင္းကို ၂၀၁၉ ခုႏွစ္ကုန္ပိုင္းမွစ၍ စစ္ဆင္ေရးအတြင္းသို႔ ျဖန႔္ၾကက္ထားၿပီးျဖစ္ေၾကာင္း ေဖာ္ျပၾကေသာ္လည္း ေနရာအတိအက်သိရွိရျခင္းေတာ့ မရွိပါ။
Avangard သည္ ၆,၀၀၀ ကီလိုမီတာ အကြာအေဝးရွိပစ္မွတ္ကို ေရာက္ရွိႏိုင္ၿပီး ၂,၀၀၀ ကီလိုဂရမ္ခန႔္ အေလးခ်ိန္ရွိသည္။ ၎မွာ သမား႐ိုးက်ျဖစ္ေစ၊ န်ဴကလီးယားထိပ္ဖူးျဖစ္ေစ သယ္ေဆာင္သြားႏိုင္ကာ အသံထက္ ၂၇ ဆေက်ာ္ျမန္ၿပီး ေဝဟင္တြင္လွည့္ပတ္ပ်ံဝဲေနႏိုင္သည္။ ထို႔ေၾကာင့္လည္း Avangard ၏ ပ်ံသန္းရာလမ္းေၾကာင္းကို ခန႔္မွန္းႏိုင္ျခင္းမရွိသလို ၾကားဖ်က္ ဟန႔္တားႏိုင္ျခင္းမရွိေသာေၾကာင့္ မဟာဗ်ဴဟာေျမာက္ထိပ္တန္းလက္နက္တစ္ခုအျဖစ္ သတ္မွတ္ ႏိုင္ပါသည္။
(၂) Poseidon Underwater Unmanned Vehicle (UUV)
ပိုဆိုက္ဒြန္သည္ စစ္ပြဲမ်ားကို အဆုံးအျဖတ္ေပးႏိုင္မည့္ အႀကီးစားလက္နက္တစ္ခု ျဖစ္ပါသည္။ ပိုဆိုက္ဒြန္သည္ ေမာင္းသူမဲ့န်ဴကလီးယားစြမ္းအင္သုံးေတာ္ပီဒို (သေဘၤာဖ်က္ လက္နက္) အမ်ိဳးအစားျဖစ္သည့္အျပင္ န်ဴကလီးယားထိပ္ဖူးကိုပါ တပ္ဆင္ထားေသာ တိုက္ခ်င္း ပစ္လက္နက္တစ္ခုျဖစ္သည့္အတြက္ အဖ်က္စြမ္းအားအလြန္ႀကီးမားမည္မွာ အေသအခ်ာပင္ ျဖစ္သည္။ ၎သည္ တစ္နာရီလွ်င္ ၁၀၈ မိုင္ အျမန္ႏႈန္းျဖင့္ ေရအနက္ ၁,၀၀၀ မီတာအထိ ဆင္းသက္ႏိုင္ေသာေၾကာင့္ ၎အား စုံစမ္းေထာက္လွမ္းရန္ အလြန္ခက္ခဲသည့္ကိစၥ ျဖစ္ေန ေပမည္။ ေရွးယခင္ကတည္းက ႐ုရွားသည္ ဥေရာပေျမတြင္ျဖန႔္ၾကက္ထားေသာ အေမရိကန္၏ ဒုံးက်ည္ကာကြယ္ေရးစနစ္ကို ေက်ာ္လႊားႏိုင္ေရး စိတ္ဆႏၵျပင္းျပခဲ့သည္။ အေမရိကန္၏ ၿဂိဳဟ္တု သည္လည္း ေရာင္ျခည္အာ႐ုံခံစနစ္ျဖင့္ ႐ုရွား၏ တိုက္ခ်င္းပစ္ဒုံးက်ည္မ်ားကို စုံစမ္းေထာက္လွမ္း ရန္စီမံထားသည္မ်ိဳးရွိခဲ့သည္။ ဒုံးက်ည္အင္ဂ်င္စက္ႏႈိးလိုက္သည္ႏွင့္ ေလထုထဲသို႔ ျပင္းထန္ေသာ အပူ႐ုတ္တရက္ထုတ္လႊတ္လိုက္ေသာေၾကာင့္ ၿဂိဳဟ္တုသည္ အပူခ်ိန္ကြာျခားခ်က္ကို အာ႐ုံခံ ႏိုင္ကာ ဒုံးက်ည္မ်ားကို ကင္းေထာက္လွမ္းႏိုင္သည္။ သို႔ေသာ္ ၿဂိဳဟ္တုသည္ နက္ရႈိင္းေသာ ပင္လယ္ေရအနက္ထိ ၾကည့္ရႈႏိုင္ျခင္းမရွိေသာေၾကာင့္ ပင္လယ္ျပင္ေအာက္တြင္ ျဖစ္ပ်က္ ေနသည့္ အရာအလုံးစုံကိုေတာ့ ခန႔္မွန္းႏိုင္လိမ့္မည္မဟုတ္ပါ။ ထို႔ျပင္ ပိုဆိုက္ဒြန္သည္ အပူ အနည္းငယ္သာထုတ္၍ တိတ္တဆိတ္သြားလာႏိုင္ရန္ ဖန္တီးထားျခင္းျဖစ္ေသာေၾကာင့္ အေမရိကန္၏ စုံစမ္းေထာက္လွမ္းေရးနည္းပညာမ်ားမွာ ပိုဆိုက္ဒြန္အတြက္ အက်ဳံးဝင္ဦးမည္ မဟုတ္ပါ။
ပိုဆိုက္ဒြန္လက္နက္မ်ားကို န်ဴကလီးယားေရငုပ္သေဘၤာႏွစ္စင္းျဖင့္ သယ္ယူပို႔ေဆာင္ရန္ ရည္႐ြယ္ထားပါသည္။ ပထမတစ္စင္းမွာ K-329 Belgorod အမည္ရေရငုပ္သေဘၤာျဖစ္ၿပီး ဒုတိယ တစ္စင္းမွာမူ Khabarovsk ျဖစ္သည္။ ယင္းေရငုပ္သေဘၤာမ်ားသည္ တစ္စင္းလွ်င္ ပိုဆိုက္ဒြန္ ၆ ခု တင္ေဆာင္ႏိုင္သည္အထိ ႀကီးမားၾကသည္။ ပိုဆိုက္ဒြန္သည္ ေလယာဥ္တင္သေဘၤာအုပ္စုကို တိုက္ခိုက္ဖ်က္စီးပစ္ႏိုင္သလို ကမ္းေျခရွိ ရန္သူ႔အေဆာက္အဦမ်ားကို ေခ်မႈန္းပစ္ႏိုင္ပါသည္။ ထို႔ျပင္ ကြၽမ္းက်င္ပညာရွင္မ်ားက ပိုဆိုက္ဒြန္ေတာ္ပီဒိုသည္ ေရဒီယိုသတၱိႂကြျခင္း လုပ္ေဆာင္ ခ်က္ျဖင့္ ေပ ၁,၀၀၀ အျမင့္ရွိ ဆူနာမီကဲ့သို႔ေသာလႈိင္းလုံးႀကီးမ်ားဖန္တီး၍ ကမ္းေျခၿမိဳ႕တစ္ၿမိဳ႕ ကိုပင္ ဖ်က္ဆီးပစ္ႏိုင္ၿပီး လူသန္းေပါင္းမ်ားစြာကိုပင္ ေသေၾကပ်က္စီးေစႏိုင္ေၾကာင္း ခန႔္မွန္း ထားၾကသည္။
အဖ်က္စြမ္းအားႀကီးမားေသာ န်ဴကလီးယားေတာ္ပီဒိုတပ္ဆင္ထားသည့္ ႐ုရွားေရငုပ္ သေဘၤာသည္ ႐ုရွား-ယူကရိန္းစစ္ပြဲစကတည္းကပင္ ေကာလာဟလသတင္းစကားမ်ားေၾကာင့္ အေနာက္အုပ္စုအတြက္ ၿခိမ္းေျခာက္မႈႀကီးတစ္ခုျဖစ္လာခဲ့သည္။ ဥပမာ- ယခုႏွစ္အေစာပိုင္းက ရရွားသည္ ပိုဆိုက္ဒြန္တင္ေဆာင္သည့္ ေရငုပ္သေဘၤာ Belgorod ကို အာတိတ္သမုဒၵရာအတြင္း ျဖန႔္ၾကက္ထားႏိုင္သည္ဆိုေသာ ေကာလာဟလမ်ားထြက္ေပၚခဲ့ဖူးသည္။ ထို႔ျပင္ ဧၿပီလကလည္း ႐ုရွားႏိုင္ငံပိုင္မီဒီယာမ်ားက ႐ုရွားေရတပ္သည္ ပစိဖိတ္ေရငုပ္သေဘၤာအုပ္စုတြင္ ပိုဆိုက္ဒြန္ လက္နက္ကို တပ္ဆင္ရန္ စီစဥ္ေနၿပီျဖစ္ေၾကာင္းႏွင့္ ၎ေရငုပ္သေဘၤာအုပ္စုသည္ ၂၀၂၄ ႏွစ္ ကုန္ပိုင္း သို႔မဟုတ္ ၂၀၂၅ ခုႏွစ္အေစာပိုင္းတြင္ စစ္ဆင္ေရးစတင္ေဆာင္႐ြက္မည္ဟု ခန႔္မွန္း ေၾကာင္းေဖာ္ျပခဲ့ပါသည္။ သို႔ပါ၍ ထိုသို႔ေသာ သတင္းစကားမ်ားေၾကာင့္ ပိုဆိုက္ဒြန္သည္ အေနာက္ဖက္ကမ္း႐ိုးတန္းရွိ အေမရိကန္ေရတပ္စခန္းမ်ားအပါအဝင္ ဥေရာပႏိုင္ငံမ်ားအတြက္ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္လာပါသည္။
(၃) Sarmat Intercontinental Ballistic Missile
RS-28 Sarmat မွာ ႐ုရွားလက္နက္ေဟာင္း SS-18 Satan ICBM တိုက္ခ်င္းပစ္ဒုံးက်ည္ ေနရာတြင္ အစားထိုးေပၚေပါက္လာေသာလက္နက္တစ္ခုျဖစ္သည္။ ၂၀၁၁ ခုႏွစ္ အေစာပိုင္းမွစ၍ ႐ုရွားက ဒုံးက်ည္ဒီဇိုင္းကုမၸဏီမ်ားႏွင့္ စာခ်ဳပ္မ်ားခ်ဳပ္ဆိုၿပီး Sarmat ICBM ကို စတင္ တည္ေဆာက္ေစခဲ့သည္။ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာတြင္ Sarmat အား ပထမဆုံးအႀကိမ္ စမ္းသပ္ ပစ္လႊတ္မႈျပဳလုပ္ခဲ့ေသာ္လည္း နည္းပညာခ်ိဳ႕ယြင္းမႈအခ်ိဳ႕ရွိေနေၾကာင္း ေတြ႕ရသည္။ ထို႔ေနာက္ ၂၀၁၈ ခုႏွစ္တြင္မူ စမ္းသပ္ပစ္လႊတ္မႈႏွစ္ခုကို ေအာင္ျမင္စြာျပဳလုပ္ႏိုင္ခဲ့သည္။
Sarmat ဒုံးက်ည္၏ အေလးခ်ိန္မွာ ၂၀၈.၁ မက္ထရစ္တန္ျဖစ္ၿပီး ၁၈,၀၀၀ ကီလိုမီတာ အကြာအေဝးအထိ ပစ္လႊတ္ႏိုင္စြမ္းရွိပါသည္။ ယင္းဒုံးက်ည္မွာ ၃၅.၃ မီတာရွည္လ်ားကာ အမ်ိဳးမ်ိဳးေသာထိပ္ဖူးမ်ားကို တပ္ဆင္ႏိုင္ပါသည္။ ႐ုရွားမီဒီယာအခ်ိဳ႕၏ ေဖာ္ျပခ်က္မ်ားအရ Sarmat သည္ ႀကီးမားေသာဒုံးက်ည္ထိပ္ဖူး ၁၀ ခုႏွင့္အထက္သယ္ေဆာင္ႏိုင္ၿပီး အေသးဆိုလွ်င္ ၁၆ ခုခန႔္တင္ေဆာင္ႏိုင္ကာ အသံထက္ျမန္ေသာဒုံးပ်ံယာဥ္မ်ားကိုပါ သယ္ယူႏိုင္ေသာ လက္နက္ အႀကီးစားျဖစ္ပါသည္။ ထို႔ေၾကာင့္ Sarmat သည္ အနာဂတ္တြင္ Avangard ဒုံးပ်ံယာဥ္ (HGV) ကို သယ္ေဆာင္လာႏိုင္ေခ်ရွိပါသည္။
Sarmat သည္ ႐ုရွား၏ တိုက္ခ်င္းပစ္ဒုံးက်ည္မ်ားအနက္ အႀကီးဆုံးျဖစ္သလို အေမရိကန္၏ ဒုံးက်ည္မ်ားထက္လည္း ႀကီးမားပါသည္။ Sarmat ႏွင့္ ၎၏ေရွ႕မွ ဒုံးက်ည္မ်ား အၾကား ကြာျခားခ်က္မွာ Sarmat သည္ အလြန္ေဝးကြာေသာပစ္မွတ္မ်ားအထိ တိုက္ခိုက္ ႏိုင္စြမ္းရွိၿပီး ေတာင္ဝင္႐ိုးစြန္းမွ အေမရိကန္သို႔အထိပင္ ခ်ဥ္းကပ္တိုက္ခိုက္ႏိုင္စြမ္းရွိပါသည္။ ထို႔ျပင္ ၎တြင္ဒုံးက်ည္ကာကြယ္ေရးစနစ္မ်ားကို ေရွာင္တိမ္းႏိုင္သည့္ နည္းပညာမ်ားကိုပါ ထည့္သြင္းထားၿပီး ရန္သူ႔ေထာက္လွမ္းေရးစနစ္မ်ားကိုလည္း ေျခရာခံႏိုင္စြမ္းရွိေနပါသည္။ ထို႔ေၾကာင့္ လက္ရွိဒုံးက်ည္ေထာက္လွမ္းမႈႏွင့္ ကာကြယ္ေရးစနစ္မ်ားကို ခ်ိဳးဖ်က္ေက်ာ္လႊား ႏိုင္မည္ဟု ခန႔္မွန္းရပါသည္။
(၄) Burevestnik Cruise Missile
9M730 Burevestnik သည္ တီထြင္စမ္းသပ္ဆဲ န်ဴကလီးယာစြမ္းအင္သုံး ခ႐ုဇ္ဒုံးပ်ံ အမ်ိဳးအစားျဖစ္သည္။ ၎လက္နက္၏ အသုံးဝင္မႈမွာ အကန႔္အသတ္မရွိျဖစ္ၿပီး ရန္သူ႔ ေလေၾကာင္းစနစ္မ်ားအတြင္း ခ်ိဳးဖ်က္ဝင္ေရာက္ႏိုင္စြမ္းရွိေၾကာင္း ႐ုရွားသမၼတက ေဖာ္ျပခဲ့ ဖူးပါသည္။ ၎ဒုံးပ်ံကို စုံစမ္းေထာက္လွမ္းရန္ ခဲယဥ္းႏိုင္ၿပီး ပ်ံသန္းရာလမ္းေၾကာင္းတစ္ေလွ်ာက္ ေျမျပင္ႏွင့္အနီးဆုံးအထိနိမ့္၍ ပ်ံသန္းႏိုင္ေၾကာင္းသိရပါသည္။ သို႔ေသာ္ ယင္းလက္နက္၏ အေသးစားတည္ေဆာက္ေရးမွာပင္ စိန္ေခၚမႈမ်ားစြာရွိေနသကဲ့သို႔ န်ဴကလီးယားတြန္းကန္အားကို အသုံးျပဳရန္မွာလည္း နည္းပညာအရ လိုအပ္ခ်က္မ်ားရွိေနဆဲျဖစ္ပါသည္။ ႐ုရွားအေနျဖင့္ ၎န်ဴကလီးယားစြမ္းအင္သုံး ခ႐ုဇ္ဒုံးပ်ံကိုသာ ေအာင္ျမင္စြာထုတ္လုပ္ႏိုင္ပါက ယင္းမွာ ကမာၻ႔ ပထမဆုံးအမ်ိဳးအစားျဖစ္လာမည္ျဖစ္ပါသည္။
(၅) Kinzhal air-launched Ballistic Missile
9-S-7760 Kinzhal (႐ုရွားအေခၚ Dagger) သည္ ေဝဟင္ပစ္ဒုံးက်ည္အမ်ိဳးအစားျဖစ္ၿပီး အထက္ေဖာ္ျပပါမဟာဗ်ဴဟာေျမာက္လက္နက္ ၄ မ်ိဳးေအာက္ တစ္ဆင့္နိမ့္စြမ္းရည္ရွိ လက္နက္ ျဖစ္သည္။ ၎သည္ 9M723 Iskander ေျမျပင္သုံးဒုံးက်ည္အမ်ိဳးအစားကို ျပန္လည္ဆန္းသစ္ ထားေသာပုံစံျဖစ္ၿပီး အသံထက္ ၁၀ ဆျမန္ကာ ၎ပ်ံသန္းရာလမ္းေၾကာင္းတစ္ေလွ်ာက္ လိုသလို လွည့္ပတ္လႈပ္ရွားႏိုင္သည္။ အထက္ေဖာ္ျပပါ မဟာဗ်ဴဟာေျမာက္လက္နက္မ်ားႏွင့္ Kinzhal အၾကားကြာျခားခ်က္မွာ ၎၏ ပစ္လႊတ္ႏိုင္ေသာအကြာအေဝးႏွင့္ မည္သည့္စစ္ဆင္ေရးတြင္ အသုံးျပဳသည္ဆိုေသာ အခ်က္မ်ားပင္ျဖစ္သည္။ ၎သည္ ဩခ်ဖြယ္လက္နက္တစ္ခုမဟုတ္ ေသာ္လည္း န်ဴကလီးယားထိပ္ဖူးမ်ား တပ္ဆင္အသုံးျပဳႏိုင္ေသာေၾကာင့္ ႀကီးမားက်ယ္ျပန႔္ေသာ စစ္ဆင္ေရးမ်ားတြင္ အသုံးျပဳႏိုင္သည္။ Kinzhal ကို သေဘၤာဖ်က္မစ္ရွင္မ်ားႏွင့္ ရန္သူ႔ကာကြယ္ ေရးအေဆာက္အဦမ်ားကို တိုက္ခိုက္ရန္ရည္႐ြယ္ထုတ္လုပ္ထားျခင္းျဖစ္သည္။ ၎သည္ န်ဴကလီးယားမဟုတ္ေသာလက္နက္မ်ားကို ဟန႔္တားႏိုင္သလို န်ဴကလီးယားလက္နက္ပစ္ခတ္ခံ ရျခင္းမတိုင္မီ လက္တစ္ကမ္းအလိုတြင္လည္း အခ်က္ျပျခင္းမ်ားကို လုပ္ေဆာင္ေပးႏိုင္သည္။ ထို႔ျပင္ ရန္သူ၏ အမ်ိဳးမ်ိဳးေသာ စစ္ဆင္ေရးမ်ားကို ေႏွာင့္ယွက္ဟန႔္တားႏိုင္သလို ရန္သူ၏ စစ္ဆင္ ေရးတြင္ အေရးပါေသာ အေဆာက္အဦမ်ားကို လက္ဦးမႈရယူတိုက္ခိုက္ျခင္းမ်ားျဖင့္လည္း အသာစီး ရယူႏိုင္စြမ္းရွိပါသည္။
(၆) Tsirkon Anti-Ship Hypersonic Cruise Missile
3M22 Tsirkon (Zircon) သည္ ဟိုက္ပါေဆာနစ္သေဘၤာဖ်က္ဒုံးက်ည္ျဖစ္ပါသည္။ Kinzhal ကဲ့သို႔ပင္ Tsirkon သည္ ပင္လယ္ျပင္ႏွင့္ ကုန္းေပၚရွိ အေရးပါေသာပစ္မွတ္မ်ားကို တိုက္ခိုက္ႏိုင္ေသာ ႏွစ္မ်ိဳးစပ္စြမ္းရည္ရွိပါသည္။ ၎သည္ အသံထက္ ၉ ဆပိုျမန္ႏိုင္ၿပီး ကီလိုမီတာ ၅၀၀ မွ ၁၀၀၀ အကြာရွိပစ္မွတ္မ်ားကို ထိမွန္ႏိုင္ေၾကာင္း ခန႔္မွန္းထားၾကသည္။ Tsirkon ကို Scramjet အင္ဂ်င္ တပ္ဆင္ထားၿပီး စစ္သေဘၤာမ်ား၊ ေရငုပ္သေဘၤာမ်ားႏွင့္ ေ႐ႊ႕ေျပာင္းႏိုင္ေသာ ကမ္း႐ိုးတန္း စစ္စခန္းမ်ားမွေန၍ 3S-14 ဒုံးက်ည္ေလာင္ခ်ာမ်ားမွ ေဒါင္လိုက္ အေနအထားျဖင့္ ပစ္လႊတ္ႏိုင္ပါသည္။ ဒုံးက်ည္မွာ သမား႐ိုးက်ႏွင့္ န်ဴကလီးယားထိပ္ဖူးႏွစ္မ်ိဳး စလုံးတပ္ဆင္ႏိုင္ပါသည္။ Tsirkon ဒုံးက်ည္ကို ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္းက ယူကရိန္း စစ္ေျမျပင္တြင္ ပထမဆုံးအႀကိမ္အသုံးျပဳခဲ့ေၾကာင္း ကြၽမ္းက်င္သူမ်ားက ေကာက္ခ်က္ခ်ခဲ့သည္။
“Super Weapons” မ်ားကို ပိုင္ဆိုင္ရန္ ႀကိဳးပမ္းရျခင္း အေၾကာင္းတရားမ်ား
အထက္ေဖာ္ျပပါ “Super Weapons” မ်ားက မတူညီေသာအသြင္အျပင္၊ ကြဲျပားေသာ စြမ္းေဆာင္ခ်က္မ်ားျဖင့္ ႐ုရွား၏ အံ့မခန္းဖြယ္လက္နက္နည္းပညာတိုးတက္လာမႈကို လွစ္ဟ ေဖာ္ျပေနသည္။ ယင္းထိပ္တန္းလက္နက္ ၆ မ်ိဳးအနက္ ပထမေလးမ်ိဳး၏ သူမတူေသာစြမ္းေဆာင္ ရည္မ်ားသည္ ရန္သူမ်ားအတြက္ငွာ ခုခံရန္ပင္မစြမ္းသာသည့္ န်ဴကလီးယားစြမ္းအင္သုံး မဟာ ဗ်ဴဟာေျမာက္လက္နက္မ်ား ျဖစ္ေနသည္။ ၎တို႔သည္ ပစ္မွတ္ကို တိက်စြာပစ္ခတ္ႏိုင္သည္။ အဖ်က္စြမ္းအားမွာလည္း မခန႔္မွန္းႏိုင္ေအာင္ပင္ ႀကီးမားမည္ျဖစ္သည္။ ထို႔ေၾကာင့္ ယေန႔ကမာၻ၏ ဩခ်ဖြယ္ထိပ္တန္းလက္နက္မ်ားအျဖစ္စံတင္ထားရသည္။ ဤေနရာတြင္ ႐ုရွားအေနျဖင့္ ထိုလက္နက္ မ်ားကို အဘယ္ေၾကာင့္ အသဲအသန္အဆင့္ျမႇင့္တင္ တီထြင္ဖန္တီးေနရပါသနည္းဟူ၍ ေမးခြန္း ထုတ္စရာ ရွိလာႏိုင္သည္။ အဓိကအေၾကာင္းအရင္းမွာ ႐ုရွားအား ထိုလက္နက္မ်ားကို ပိုင္ဆိုင္ရန္ တြန္းအားေပးေနသည့္ စိုးရိမ္ေၾကာင့္ၾကမႈႏွစ္ခုေၾကာင့္ဟုဆိုရမည္။ ပထမတစ္ခုက ႐ုရွား၏ ဆိုဗီယက္ေခတ္သုံးလက္နက္မ်ားသည္ အေမရိကန္၏ ေနာက္ဆုံးေပၚဒုံးက်ည္ကာကြယ္ေရး စနစ္မ်ားကို ထိုးေဖာက္တိုက္ခိုက္ရန္ မစြမ္းသာေတာ့သည့္အေျခအေနျဖစ္ေနသည့္အတြက္ မည္သည့္အတားအဆီးကိုမဆိုခ်ိဳးဖ်က္ကာ ပစ္မွတ္ကို တိတိက်က်ထိထိေရာက္ေရာက္ တိုက္ခိုက္ ႏိုင္မည့္ မဟာဗ်ဴဟာေျမာက္လက္နက္မ်ားကို တီထြင္ရန္လိုအပ္လာျခင္းျဖစ္သည္။ ဒုတိယ အခ်က္မွာမူ အေမရိကန္သည္ “Prompt Global Strike program” ကဲ့သို႔ တာေဝးပစ္ လက္နက္မ်ားကို ေအာင္ျမင္စြာ ထုတ္လုပ္လာႏိုင္သည့္အေလ်ာက္ ႐ုရွားအေနျဖင့္ ၎၏ လက္နက္နည္းပညာကို အဆင့္ျမႇင့္တင္ရန္ လိုအပ္လာေၾကာင္း သိရွိလာျခင္းပင္ျဖစ္သည္။ သို႔ပါ၍ ထိုထိုေသာအေၾကာင္းတရားမ်ားကို အေျခခံကာ ႐ုရွားက ၎၏ လက္နက္မ်ားကို အဆင့္ျမႇင့္ တင္ရန္ႀကိဳးပမ္းလာျခင္းျဖစ္သည္ဟု ဆိုႏိုင္ပါသည္။
“Super Weapons” မ်ားကေျပာေသာ ႐ုရွား၏ကာကြယ္ေရးစြမ္းပကားအေၾကာင္း
“Super Weapons” မ်ား ဖြံ႕ၿဖိဳးတိုးတက္လာျခင္းသည္ ႐ုရွားကာကြယ္ေရးယႏၲရား၏ ဆန္းသစ္တီထြင္ႏိုင္စြမ္းမ်ားကို ထင္သာျမင္သာျဖစ္လာေစသည္။ ပထမဦးစြာ ႐ုရွားကာကြယ္ေရး ယႏၲရားသည္ ဆိုဗီယက္ေခတ္က လက္နက္ဒီဇိုင္းမ်ားကို တုပဖန္တီးလာျခင္း၊ ေခတ္စနစ္ႏွင့္ အညီ လိုက္ေလ်ာညီေထြရွိေအာင္ ေျပာင္းလဲလာျခင္းမ်ား ျပဳလုပ္လာေၾကာင္းေတြ႕ရွိရသည္။ ဥပမာ- Avangard သည္ ဆိုဗီယက္ေခတ္က လက္နက္စနစ္မ်ားကို ျပန္လည္ဆန္းသစ္ထားျခင္း ျဖစ္သလို Kinzhal သည္လည္း ဆိုဗီယက္ေခတ္က လက္နက္မ်ားကို လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ျပန္လည္မြမ္းမံထားျခင္းျဖစ္သည္။ ဒုတိယအေနျဖင့္မူ ထိပ္တန္းလက္နက္မ်ားသည္ ႐ုရွားဒီဇိုင္းနာမ်ား၏ အေဟာင္းႏွင့္အသစ္နည္းပညာမ်ားကို ေပါင္းစပ္၍ စြမ္းေဆာင္ရည္အသစ္ မ်ားကို ဖန္တီးပုံေဖာ္လာႏိုင္ျခင္းျဖစ္သည္။ ဥပမာ- Kinzhal သည္ ရွိၿပီးသားလက္နက္မ်ား ျဖစ္သည့္ Mi-31 ႏွင့္ Iskander တို႔ကို ေပါင္းစပ္၍ ဖန္တီးထားျခင္းျဖစ္သည္။ ထို႔ျပင္ Tsirkon ကို ေဝဟင္ပစ္ဒုံးက်ည္အမ်ိဳးအစားအေနျဖင့္ ဖန္တီးခဲ့မည္ဆိုပါက နည္းပညာပိုင္းအရေရာ၊ လက္ေတြ႕ တီထြင္ရာတြင္ပါ အခက္အခဲအခ်ိဳ႕ရွိႏိုင္ေသာေၾကာင့္ ႐ုရွားဒီဇိုင္နာမ်ားက စရိတ္စက အသက္သာ ဆုံးႏွင့္ စြမ္းေဆာင္ႏိုင္ရည္ျမင့္မားေသာ ခ႐ုဇ္ဒုံးက်ည္ပုံစံမ်ိဳးကို အေကာင္းဆုံးဖန္တီးေနၾက သည္မွာ ခ်ီးက်ဴးဖြယ္ပင္ျဖစ္သည္။ တတိယအခ်က္အေနျဖင့္ ႐ုရွားကာကြယ္ေရးယႏၲရားသည္ ဒီဇိုင္းအသစ္မ်ားစြာကို ဖန္တီးရာတြင္ ကြၽမ္းက်င္ေၾကာင္း သက္ေသျပေနသည္။ ထို႔ေၾကာင့္ ယခု ေဖာ္ျပထားသည့္ “Super Weapons” မ်ားအျပင္ အျခားေသာ ဒီဇိုင္းအသစ္မ်ားကို ပုံမွန္ ထုတ္လုပ္ႏိုင္စြမ္းရွိေနၿပီျဖစ္သည္။ ဤတြင္ အစိုးရကလည္း စစ္ဘက္ဆိုင္ရာ နည္းပညာဆန္းသစ္ တီထြင္မႈမ်ားအတြက္ ေငြေၾကးေထာက္ပံ့မႈမ်ားစြာရွိသည့္အတြက္ ပုဂၢလိကလက္နက္စက္႐ုံ မ်ားထက္ ႏိုင္ငံေတာ္ပိုင္ကာကြယ္ေရးယႏၲရား၏ တီထြင္ဖန္တီးႏိုင္စြမ္းက အဖက္ဖက္မွသာလြန္ ေနပါသည္။
အခ်ဳပ္အားျဖင့္ဆိုရေသာ္ ႐ုရွားသည္ ေဖာ္ျပပါ Super Weapons မ်ားကို စစ္ဆင္ေရး မ်ားတြင္ ထုတ္သုံးျခင္း မျပဳေသးေသာ္လည္း အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ားကို တစိုက္မတ္မတ္ ေဆာင္႐ြက္လ်က္ရွိေနသည္။ ယင္းမွာ ၎၏ၿပိဳင္ဖက္ အေမရိကန္ႏွင့္ ေနတိုးအဖြဲ႕အေပၚ ႀကီးမားေသာ ၿခိမ္းေျခာက္မႈကိုျဖစ္ေစသလို လတ္တေလာျဖစ္ပြားေနေသာ ႐ုရွား-ယူကရိန္းစစ္ပြဲ အတြင္း ၎ထိပ္တန္းလက္နက္မ်ားကိုထုတ္သုံးကာ စစ္ပြဲအား အဆုံးအျဖတ္ျပဳသြားမည္လား ဆိုသည့္ စိုးရိမ္မႈမ်ားကို ျမင့္တက္ေစပါသည္။ သို႔ပါ၍ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႐ုရွားသည္ ၎ထိပ္တန္းလက္နက္မ်ားကို စစ္ပြဲအတြင္း ထုတ္သုံးလာမည္ဆိုပါက တတိယကမာၻစစ္သည္ ေမးခြန္း ထုတ္စရာမလိုေအာင္ပင္ ေသခ်ာေပါက္ျဖစ္ပြားလာမည္ျဖစ္ပါေၾကာင္း ေရးသားလိုက္ ရပါသည္။
ALynn
ကိုးကား
- Advanced military technology in Russia, Chatham House
- Russia’s “Invisible Missiles” – Meet Putin’s Five ‘Super-Weapons’ That Even US President Called Impossible to Intercept, the Eurasian Times
- missilethreat.csis.org, CSIS Missile Defense Project

Related news

© 2021. All rights reserved.