ငလျင်ကြီးမလှုပ်သည်မှာ နှစ်ပေါင်း ၂၅ဝ ကျော်ကြာမြင့်လာပြီဖြစ်သောကြောင့် ရခိုင်ပြည်နယ်၌ ငလျင်နှင့်ပတ်သက်၍ သတိပြုရန် လိုအပ်

 6336

ပုံစာ- ၂ဝ၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော ပုဂံငလျင်


စော (NP News) - မတ် ၂၈

ငလျင်ကြီးမလှုပ်သည်မှာ နှစ်ပေါင်း ၂၅ဝ ကျော်ကြာမြင့်လာပြီဖြစ်သောကြောင့် ရခိုင်ပြည်နယ်၌ ငလျင်နှင့် ပတ်သက်၍ သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဥ်မျိုးမင်းထွေးက NP News ကို ပြောသည်။

ရခိုင်ငလျင်သည် ၁၇၆၂ခုနှစ်၊ ဧပြီလ ၂ ရက်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် စစ်တကောင်းကို ဗဟိုပြုခဲ့ကာ ငလျင်၏ သက်ရောက်မှုကို ရခိုင်ပြည်နယ်ကလည်း ခံစားခဲ့ရကာ အဆိုပါငလျင်ကြောင့် လူဦးရေ ၂ဝဝ ခန့် သေဆုံးခဲ့ပြီး ဘင်္ဂလားပင်လယ်အော်တွင် ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့သည်။

“နှစ်ပေါင်း ၂၅ဝ ကျော်ကြာလာပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှာဆိုရင် ငလျင်နှင့် ပတ်သက်ပြီး သတိပြုရန်လိုအပ်တယ်ဆိုတဲ့အကြောင်းကို သတိပေးပြောကြာထားတာရှိပါတယ်” ဟု ဒေါက်တာ ယဥ်မျိုးမင်းထွေးက ပြောသည်။

ငလျင်လှုပ်ရှားမှု မကြာခဏဖြစ်ပေါ်စေသော ဒေသများနှင့် ပြတ်ရွေ့တည်ရှိရာဒေသများတွင် နေထိုင်သူများ အနေဖြင့် ငလျင်သည် ကြိုတင်ခန့်မှန်းတွက်ချက်လို့မရသော သဘာဝဘေးတစ်မျိုးဖြစ်တဲ့အတွက် ကြိုတင် ပြင်ဆင်မှုအစီအမံများ ဆောင်ရွက်ထားသင့်ကြောင်း ၎င်းက အကြုံပြုပြောဆိုထားသည်။


၁၉၃၀ ပြည့်နှစ်တွင် စစ်ကိုင်းပြတ်‌ရွေ့ကြောင့် ပဲခူးမြို့တွင် ငလျင်လှုပ်ရှားမှုဖြစ်ပွားခဲ့ရာ ၁၉၂၉ခုနှစ်နှင့် ၁၉၃၁ ခုနှစ် ကြားလှုပ်ခတ်ခဲ့သော ငလျင်များအနက် ပျက်စီးမှုအများဆုံး ငလျင်ဖြစ်ခဲ့ရာ လူသေဆုံးမှုမြင့်တက်ခဲ့ပြီး အဆိုပါငလျင်၏ အရှိန်ကြောင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် ထိခိုက်မှုအချို့ဖြစ်ပွားခဲ့ရသည်။

“၁၉၃၀နောက်ပိုင်းဆိုရင် နှစ်၉၀ကျော် ၁၀၀ နီးပါးဖြစ်လာပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီနေရာမှာလည်း ငလျင်ဖြစ်နိုင်ချေအလားအလာရှိတယ်။ ၁၉၃၀ လှုပ်ရှားခဲ့တဲ့ ပဲခူးငလျင်လှုပ်ရှားခဲ့တဲ့အချိန်ကလည်း ပဲခူးမှာသာမက ရန်ကုန်မှာလည်း ထိခိုက်မှုရှိခဲ့တယ်ဆိုအတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ယခုအခါမှာ ပဲခူးဒေသမှာသာမကပဲ ရန်ကုန်မှာလည်း လူနေထိုင်မှုက ပိုမိုများပါးလာတယ်။ ရန်ကုန်မှာဆိုရင် အထပ်မြင့်အဆောက်အအုံတွေ များလာ လို့ ငလျင်နဲ့ပတ်သက်ပြီး သတိပြုရန်လိုအပ်ပါတယ်” ဟု ဒေါက်တာယဥ်မျိုးမင်းထွေးက ပြောသည်။

မိမိနေထိုင်ရာဒေသများတွင် သက်ရှင်ပြတ်‌ရွေ့များတည်ရှိနေပါက ငလျင်နှင့်ပတ်သတ်သော ကြိုတင်ဇာတ်တိုက် လေ့ကျင်မှုများ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ငလျင်လှုပ်ရှားမှုဖြစ်ပေါ်ပါက အဆောက်အအုံပြိုကျမှုကြောင့် လူများကို ထိခိုက်စေခြင်းဖြစ်ပေါ်နိုင်သည့်အတွက် ငလျင်ဒဏ်ခံနိုင်သည့်အဆောက်အအုံအဖြစ် ဆောက်လုပ်ထား မည်ဆိုပါက ပိုမိုကောင်းမွန်ကြောင်း ဒေါက်တာယဥ်မျိုးမင်းထွေးက အကြံပြုထားသည်။

ပုံစာ- ၂ဝ၁၆ ခုႏွစ္တြင္ လႈပ္ခတ္ခဲ့ေသာ ပုဂံငလ်င္


Zawgyi Version;
ငလ်င္ႀကီးမလႈပ္သည္မွာ ႏွစ္ေပါင္း ၂၅ဝ ေက်ာ္ၾကာျမင့္လာၿပီျဖစ္ေသာေၾကာင့္ ရခိုင္ျပည္နယ္၌ ငလ်င္ႏွင့္ပတ္သက္၍ သတိျပဳရန္ လိုအပ္
ေစာ (NP News) - မတ္ ၂၈

ငလ်င္ႀကီးမလႈပ္သည္မွာ ႏွစ္ေပါင္း ၂၅ဝ ေက်ာ္ၾကာျမင့္လာၿပီျဖစ္ေသာေၾကာင့္ ရခိုင္ျပည္နယ္၌ ငလ်င္ႏွင့္ ပတ္သက္၍ သတိျပဳရန္လိုအပ္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာယဥ္မ်ိဳးမင္းေထြးက NP News ကို ေျပာသည္။

ရခိုင္ငလ်င္သည္ ၁၇၆၂ခုႏွစ္၊ ဧၿပီလ ၂ ရက္က လႈပ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ယခု ဘဂၤလားေဒ့ရွ္ႏိုင္ငံပိုင္ စစ္တေကာင္းကို ဗဟိုျပဳခဲ့ကာ ငလ်င္၏ သက္ေရာက္မႈကို ရခိုင္ျပည္နယ္ကလည္း ခံစားခဲ့ရကာ အဆိုပါငလ်င္ေၾကာင့္ လူဦးေရ ၂ဝဝ ခန႔္ ေသဆုံးခဲ့ၿပီး ဘဂၤလားပင္လယ္ေအာ္တြင္ ဆူနာမီလႈိင္းမ်ား ျဖစ္ေပၚခဲ့သည္။

“ႏွစ္ေပါင္း ၂၅ဝ ေက်ာ္ၾကာလာၿပီျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံအေနာက္ဖက္ျခမ္း ရခိုင္ျပည္နယ္မွာဆိုရင္ ငလ်င္ႏွင့္ ပတ္သက္ၿပီး သတိျပဳရန္လိုအပ္တယ္ဆိုတဲ့အေၾကာင္းကို သတိေပးေျပာၾကာထားတာရွိပါတယ္” ဟု ေဒါက္တာ ယဥ္မ်ိဳးမင္းေထြးက ေျပာသည္။

ငလ်င္လႈပ္ရွားမႈ မၾကာခဏျဖစ္ေပၚေစေသာ ေဒသမ်ားႏွင့္ ျပတ္ေ႐ြ႕တည္ရွိရာေဒသမ်ားတြင္ ေနထိုင္သူမ်ား အေနျဖင့္ ငလ်င္သည္ ႀကိဳတင္ခန႔္မွန္းတြက္ခ်က္လို႔မရေသာ သဘာဝေဘးတစ္မ်ိဳးျဖစ္တဲ့အတြက္ ႀကိဳတင္ ျပင္ဆင္မႈအစီအမံမ်ား ေဆာင္႐ြက္ထားသင့္ေၾကာင္း ၎က အႀကဳံျပဳေျပာဆိုထားသည္။


၁၉၃၀ ျပည့္ႏွစ္တြင္ စစ္ကိုင္းျပတ္‌ေ႐ြ႕ေၾကာင့္ ပဲခူးၿမိဳ႕တြင္ ငလ်င္လႈပ္ရွားမႈျဖစ္ပြားခဲ့ရာ ၁၉၂၉ခုႏွစ္ႏွင့္ ၁၉၃၁ ခုႏွစ္ ၾကားလႈပ္ခတ္ခဲ့ေသာ ငလ်င္မ်ားအနက္ ပ်က္စီးမႈအမ်ားဆုံး ငလ်င္ျဖစ္ခဲ့ရာ လူေသဆုံးမႈျမင့္တက္ခဲ့ၿပီး အဆိုပါငလ်င္၏ အရွိန္ေၾကာင့္ ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊတိဂုံေစတီေတာ္တြင္ ထိခိုက္မႈအခ်ိဳ႕ျဖစ္ပြားခဲ့ရသည္။

“၁၉၃၀ေနာက္ပိုင္းဆိုရင္ ႏွစ္၉၀ေက်ာ္ ၁၀၀ နီးပါးျဖစ္လာၿပီ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ဒီေနရာမွာလည္း ငလ်င္ျဖစ္ႏိုင္ေခ်အလားအလာရွိတယ္။ ၁၉၃၀ လႈပ္ရွားခဲ့တဲ့ ပဲခူးငလ်င္လႈပ္ရွားခဲ့တဲ့အခ်ိန္ကလည္း ပဲခူးမွာသာမက ရန္ကုန္မွာလည္း ထိခိုက္မႈရွိခဲ့တယ္ဆိုအတြက္ေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ ယခုအခါမွာ ပဲခူးေဒသမွာသာမကပဲ ရန္ကုန္မွာလည္း လူေနထိုင္မႈက ပိုမိုမ်ားပါးလာတယ္။ ရန္ကုန္မွာဆိုရင္ အထပ္ျမင့္အေဆာက္အအုံေတြ မ်ားလာ လို႔ ငလ်င္နဲ႔ပတ္သက္ၿပီး သတိျပဳရန္လိုအပ္ပါတယ္” ဟု ေဒါက္တာယဥ္မ်ိဳးမင္းေထြးက ေျပာသည္။

မိမိေနထိုင္ရာေဒသမ်ားတြင္ သက္ရွင္ျပတ္‌ေ႐ြ႕မ်ားတည္ရွိေနပါက ငလ်င္ႏွင့္ပတ္သတ္ေသာ ႀကိဳတင္ဇာတ္တိုက္ ေလ့က်င္မႈမ်ား ေဆာင္႐ြက္ထားရန္ လိုအပ္ေၾကာင္း၊ ငလ်င္လႈပ္ရွားမႈျဖစ္ေပၚပါက အေဆာက္အအုံၿပိဳက်မႈေၾကာင့္ လူမ်ားကို ထိခိုက္ေစျခင္းျဖစ္ေပၚႏိုင္သည့္အတြက္ ငလ်င္ဒဏ္ခံႏိုင္သည့္အေဆာက္အအုံအျဖစ္ ေဆာက္လုပ္ထား မည္ဆိုပါက ပိုမိုေကာင္းမြန္ေၾကာင္း ေဒါက္တာယဥ္မ်ိဳးမင္းေထြးက အႀကံျပဳထားသည္။

Related news

© 2021. All rights reserved.