ထိုင်းနိုင်ငံတွင် လိင်တူထိမ်းမြားလက်ထပ်ခြင်းဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးပမ်း

 650

ALynn (NP News) - မတ် ၂၈

ထိုင်းနိုင်ငံ အောက်လွှတ်တော်မှ ဥပဒေပြုအမတ်များသည် ကျား/မ မရွေး အိမ်ထောင်ဖက်များအတွက် တန်းတူညီမျှအခွင့်အရေး တရားဝင်ဖြစ်စေမည့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းကို တခဲနက်အတည် ပြုခဲ့ရာ အရှေ့တောင်အာရှတွင် ပထမဆုံးသော လိင်တူလက်ထပ်ခွင့်ပြုသည့်နိုင်ငံဖြစ်လာသည်။

လွှတ်တော်ကိုယ်စားလှယ် လေးရာကျော်က ၎င်းဥပဒေကြမ်းကို မတ်လ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) က မဲခွဲဆုံးဖြတ်ခဲ့ ကြပြီး ဗီဒီယိုဖိုင်မှတ်တမ်းများတွင် ၎င်းဥပဒေကြမ်း နှင့်ပတ်သက်ပြီး အမတ်များ မတ်တပ်ရပ် လက်ခုပ်သြဘာ ပေးနေကြသည်ကို မြင်တွေ့ခဲ့ရသည်။

Pheu Thai ပါတီ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သလို လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာတန်းတူညီမျှမှု ဥပဒေကြမ်းကို ကြီးကြပ်သည့်ကော်မတီဥက္ကဋ္ဌလည်းဖြစ်သည့် Danuphorn Punnakanta က “ထိုင်းမှာ တန်းတူညီမျှအခွင့် အရေးကို ယနေ့ စတင်လိုက်ပြီဖြစ်ကြောင်း၊ နောက်ထပ်လည်း ပြည်သူများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်တို့ကို အခြေခံသည့် ဥပဒေများ ထွက်ရှိလာဦးမည်ဖြစ်ကြောင်း” X တွင် ရေးသားခဲ့သည်။
ယခုဥပဒေကြမ်းမှာ အထက်လွှတ်တော်၏ အတည်ပြုချက်နှင့် ထိုင်းဘုရင်၏ ထောက်ခံချက် ရယူရန် လိုအပ်ဦးမည် ဖြစ်သည်။ ယင်းထောက်ခံချက်ပြီးနောက် အဆိုပါဥပဒေကြမ်းကို တော်ဝင်သတင်းစာတွင် ထုတ်ပြန်ပြီး ရက်ပေါင်း ၆၀ အကြာတွင် ဥပဒေဖြစ်လာမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ထိုင်းနိုင်ငံသည် ထိုင်ဝမ်နှင့် နီပေါတို့ပြီးနောက် အာရှ တွင် လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုသည့် တစ်ခုတည်းသောနိုင်ငံဖြစ်လာမည်ဖြစ်သည်။ ပါတီများက လိင်တူလက်ထပ်ခြင်းနှင့်စပ်လျဉ်းသည့် ဥပဒေကြမ်း ၄ ခုကိုတင်သွင်းခဲ့ပြီး ၎င်းတို့ကို တစ်ခုတည်းဖြစ်အောင် ပြန်လည်စုစည်းခဲ့သည်။

ထိုင်းနိုင်ငံတွင် လိင်တူလက်ထပ်ခြင်းဥပဒေအား ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆွေးနွေးခဲ့သော်လည်း နိုင်ငံရေး မတည်ငြိမ်မှုများနှင့် သဘောထားကွဲလွဲမှုများက အဆိုပါချဉ်းကပ်မှုအား ဝေးကွာသွားစေသည်။ ထိုင်းနိုင်ငံသည် လိင်တူလက်ထပ်ခြင်းနှင့်ပတ်သက်၍ အခြားသော အရှေ့တောင်အာရှနိုင်ငံများထက် သာလွန်သည်။ ဗီယက်နမ် သည် လိင်တူထိမ်းမြားလက်ထပ်ခြင်း အတွက် ပြစ်ဒဏ်များကို ၂၀၁၃ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော်လည်း လိင်တူ လက်ထပ်ခြင်းကို တရားဝင်အသိအမှတ်မပြုသေးပေ။ အခြားနိုင်ငံများဖြစ်သည့် မလေးရှား၊ မြန်မာ နှင့် ဘရူနိုင်း တို့ကမူ လိင်တူဆက်နွယ်မှုများကို ဥပဒေကျူးလွန်သည်ဟု မှတ်ယူထားသည်။

Zawgyi Version;
ထိုင္းႏိုင္ငံတြင္ လိင္တူထိမ္းျမားလက္ထပ္ျခင္းဥပေဒကို ျပ႒ာန္းဖို႔ ႀကိဳးပမ္း
ALynn (NP News) - မတ္ ၂၈

ထိုင္းႏိုင္ငံ ေအာက္လႊတ္ေတာ္မွ ဥပေဒျပဳအမတ္မ်ားသည္ က်ား/မ မေ႐ြး အိမ္ေထာင္ဖက္မ်ားအတြက္ တန္းတူညီမွ်အခြင့္အေရး တရားဝင္ျဖစ္ေစမည့္ လက္ထပ္ထိမ္းျမားျခင္းဆိုင္ရာဥပေဒၾကမ္းကို တခဲနက္အတည္ ျပဳခဲ့ရာ အေရွ႕ေတာင္အာရွတြင္ ပထမဆုံးေသာ လိင္တူလက္ထပ္ခြင့္ျပဳသည့္ႏိုင္ငံျဖစ္လာသည္။

လႊတ္ေတာ္ကိုယ္စားလွယ္ ေလးရာေက်ာ္က ၎ဥပေဒၾကမ္းကို မတ္လ ၂၇ ရက္ (ဗုဒၶဟူးေန႔) က မဲခြဲဆုံးျဖတ္ခဲ့ ၾကၿပီး ဗီဒီယိုဖိုင္မွတ္တမ္းမ်ားတြင္ ၎ဥပေဒၾကမ္း ႏွင့္ပတ္သက္ၿပီး အမတ္မ်ား မတ္တပ္ရပ္ လက္ခုပ္ၾသဘာ ေပးေနၾကသည္ကို ျမင္ေတြ႕ခဲ့ရသည္။

Pheu Thai ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူျဖစ္သလို လက္ထပ္ထိမ္းျမားျခင္းဆိုင္ရာတန္းတူညီမွ်မႈ ဥပေဒၾကမ္းကို ႀကီးၾကပ္သည့္ေကာ္မတီဥကၠ႒လည္းျဖစ္သည့္ Danuphorn Punnakanta က “ထိုင္းမွာ တန္းတူညီမွ်အခြင့္ အေရးကို ယေန႔ စတင္လိုက္ၿပီျဖစ္ေၾကာင္း၊ ေနာက္ထပ္လည္း ျပည္သူမ်ား၏ ရပိုင္ခြင့္ႏွင့္ လြတ္လပ္ခြင့္တို႔ကို အေျခခံသည့္ ဥပေဒမ်ား ထြက္ရွိလာဦးမည္ျဖစ္ေၾကာင္း” X တြင္ ေရးသားခဲ့သည္။
ယခုဥပေဒၾကမ္းမွာ အထက္လႊတ္ေတာ္၏ အတည္ျပဳခ်က္ႏွင့္ ထိုင္းဘုရင္၏ ေထာက္ခံခ်က္ ရယူရန္ လိုအပ္ဦးမည္ ျဖစ္သည္။ ယင္းေထာက္ခံခ်က္ၿပီးေနာက္ အဆိုပါဥပေဒၾကမ္းကို ေတာ္ဝင္သတင္းစာတြင္ ထုတ္ျပန္ၿပီး ရက္ေပါင္း ၆၀ အၾကာတြင္ ဥပေဒျဖစ္လာမည္ျဖစ္သည္။ ထိုသို႔ဆိုလွ်င္ ထိုင္းႏိုင္ငံသည္ ထိုင္ဝမ္ႏွင့္ နီေပါတို႔ၿပီးေနာက္ အာရွ တြင္ လိင္တူလက္ထပ္ျခင္းကို တရားဝင္ခြင့္ျပဳသည့္ တစ္ခုတည္းေသာႏိုင္ငံျဖစ္လာမည္ျဖစ္သည္။ ပါတီမ်ားက လိင္တူလက္ထပ္ျခင္းႏွင့္စပ္လ်ဥ္းသည့္ ဥပေဒၾကမ္း ၄ ခုကိုတင္သြင္းခဲ့ၿပီး ၎တို႔ကို တစ္ခုတည္းျဖစ္ေအာင္ ျပန္လည္စုစည္းခဲ့သည္။

ထိုင္းႏိုင္ငံတြင္ လိင္တူလက္ထပ္ျခင္းဥပေဒအား ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ေဆြးေႏြးခဲ့ေသာ္လည္း ႏိုင္ငံေရး မတည္ၿငိမ္မႈမ်ားႏွင့္ သေဘာထားကြဲလြဲမႈမ်ားက အဆိုပါခ်ဥ္းကပ္မႈအား ေဝးကြာသြားေစသည္။ ထိုင္းႏိုင္ငံသည္ လိင္တူလက္ထပ္ျခင္းႏွင့္ပတ္သက္၍ အျခားေသာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားထက္ သာလြန္သည္။ ဗီယက္နမ္ သည္ လိင္တူထိမ္းျမားလက္ထပ္ျခင္း အတြက္ ျပစ္ဒဏ္မ်ားကို ၂၀၁၃ ခုႏွစ္တြင္ ဖ်က္သိမ္းခဲ့ေသာ္လည္း လိင္တူ လက္ထပ္ျခင္းကို တရားဝင္အသိအမွတ္မျပဳေသးေပ။ အျခားႏိုင္ငံမ်ားျဖစ္သည့္ မေလးရွား၊ ျမန္မာ ႏွင့္ ဘ႐ူႏိုင္း တို႔ကမူ လိင္တူဆက္ႏြယ္မႈမ်ားကို ဥပေဒက်ဴးလြန္သည္ဟု မွတ္ယူထားသည္။

Related news

© 2021. All rights reserved.