“မြန်မာဘက်ကတစ်ခုခုမလုပ်ခဲ့ရင် ပထမအဆင့်မှာတင်ပဲ မိုက်ကယ် လွတ်သွားနိုင်တယ်” (အင်တာဗျူး)

 19899

ကျော်နု ၊ Pearl (NP News) - မတ် ၂၉

မိုက်ကယ်အမည်ရှိ အကြမ်းဖက်အားပေး ထောက်ပို့တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က မတ်လ(၁၇) ရက် တွင် ဖမ်းဆီးခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်းမှ သတ်ဖြတ်ခံရမှုများစွာတွင် မိုက်ကယ်ဆိုသူက ပါဝင်ပတ်သက်နေသည့်အပြင် နစကအစိုးရထိပ်တန်းတာဝန်ရှိသူများကို ရိုင်းစိုင်းစွာ ဆဲဆိုစော်ကားမှုများ လည်းရှိနေသည်။ ထိုင်းရဲများက ဖမ်းဆီးထားသော်လည်း ထိုင်းဥပဒေအရ မည်ကဲ့သို့ ဆက်လက်ဖြစ်ပေါ်နိုင် သည် ဆိုသောအချက်ကို ထိုင်းနိုင်ငံမှ သံတမန်ရေးရာ အတွင်းသတင်းရင်းမြစ် တစ်ဦးအား NP News က ဆက်သွယ်မေးမြန်းပြီး ဖော်ပြပေးလိုက်ပါသည်။

မေး - မိုက်ကယ်ဆိုတဲ့ အကြမ်းဖက်အားပေး လှုပ်ရှားသူ ထောက်ပို့တစ်ဦးကို ထိုင်းရဲတွေက လူသတ်မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ သိရတယ်။ ထိုင်းဥပဒေအရ ဘာတွေဖြစ်လာနိုင်လဲ။
ဖြေ - ထိုင်းနိုင်ငံရဲ့တရားစီရင်ရေးလုပ်ငန်းစဉ်ကို အရင်ပြောမယ်။ ထိုင်းနိုင်ငံဥပဒေအရ တရားခံတစ်ယောက် ဖမ်းမိတယ်ဆိုရင် ဒီလူကျူးလွန်တဲ့အမှုကို ရဲက၊ အမှုကိုင်အရာရှိပေါ့နော်။ အမှုကိုင်အရာရှိက အရင်ဆုံး အမှုကို ခိုင်မာအောင်တည်ဆောက်ရတယ်။ အမှုတည်ဆောက်နေတဲ့ကာလဟာ သူတို့ခေါ်တာ ရမန်ကြီး တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ်အဲဒီလိုရှိတယ်။ အဲဒီကာလကျော်လွန်သွားပြီးတော့ ထိန်းချုပ်လို့မရဘူး။ အဲဒီတော့ ထိန်းချုပ် လို့ရအောင် ထောင်ပို့ရင်ပို့တယ်။ မပို့ရင် တစ်ခုခုလုပ်တာပေါ့နော်။ အဲဒီလိုတော့ရှိတယ်။ ဒါက ပထမအဆင့် ပေါ့နော်။ ရဲဖမ်းမယ်။ အမှုတည်ဆောက်မယ်။ အဲဒါ ရဲနဲ့ပတ်သက်တဲ့ ပထမအဆင့်။ ဒုတိယ အဆင့်မှာ ရဲကအမှုတည်ဆောက်ပြီး ခိုင်မာပြီလို့ယူဆရင်။ ဘယ်ကိုတင်ရလဲဆိုတော့ ဒါရာဇဝတ်မှုဖြစ်တဲ့ အတွက် အစိုးရရှေ့နေကိုတင်ရတယ်။ အစိုးရရှေ့နေချုပ်ရုံးအောက်က အဲဒီကို တင်ရတယ်။ အဲဒီကနေပြီး တော့မှ သူတို့အဖွဲ့ကနေ ပြီးတော့ ဒီအမှုက ခိုင်မာတယ်၊ အပြစ်ရှိတယ်လို့ ယူဆရတယ်ဆိုတော့မှ သူတို့က တရားရုံးကို ဆက် တင်တယ်။ ဆိုလိုတာက ဒီအဆင့်မှာ ရာဇဝတ်မှုဖြစ်တဲ့ အတွက် ရဲက တရားလိုလုပ်လို့မရဘူး။ အပြင်လူ တစ်ဦးတစ်ယောက်ကလည်း လုပ်လို့မရဘူး။ အဲဒီတော့ အစိုးရရှေ့နေ၊ ဆွဲချပေါ့။ သူက တရားလိုလုပ်ပြီး တရားစွဲဖို့ တရားရုံးကိုတင်ရတယ်။ နောက်တစ်ဆင့်ကတော့ တရားရုံးမှာ တရားစီရင်ရေးအဆင့်ပေါ့။ တရားစီရင်ရေးအဆင့်မှာ တရားသူကြီးက တရားစီရင်ရမယ်။ ပြီးတော့ အပြစ်ရှိတယ်၊ မရှိဘူး ဆုံးဖြတ်မယ်။ အမှုကတော့ နှစ်နဲ့ချီကြာလိမ့်မယ်။ အဲဒီဟာကတော့ တတိယအဆင့်ပေါ့နော်။

မေး - ဒါဆိုရင် မိုက်ကယ်က လွတ်သွားနိုင်သေး တယ်လို့ ဆိုလိုချင်တာလား။
ဖြေ - မိုက်ကယ်အမှုနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ထိုင်းအကြောင်းကို အရင်ပြောမှပဲရမယ်။ ထိုင်းဆိုတဲ့ အမျိုးက သူ့အဖေတွေအများကြီးရှိတဲ့အတွက် မြန်မာကို ဖက်လဲတကင်းနဲ့ ပြုံးပြနေပေမယ့် သူ့အဖေ တွေရှိ သေးတဲ့ UN တို့ Europe တို့ အမေရိကားတို့ ရှိသေးတယ်ဆိုတော့ ပထမအဆင့်မှာတင် သူက UN တို့ဘာတို့က ဒါမှမဟုတ် တခြားအဖွဲ့အစည်း တစ်စုံတစ်ခုကနေပြီးတော့ ဒီလူဟာ နိုင်ငံရေးအကျဉ်းသားပါ။ နိုင်ငံရေး ကြောင့် ရှောင်နေတဲ့လူပါ ဆိုပြီးတော့ ဘာညာလုပ်ပြီးတော့ ထုတ်သွားနိုင်တယ်။ ဒါပထမအဆင့်နော် ။
အဲဒီတော့ ပထမရဲအဆင့်မှာတင် ဒီကောင်လွတ် သွားနိုင်တဲ့အခြေအနေရှိတယ်။ အကယ်၍ မြန်မာ ဘက်က တစ်စုံတစ်ခုမလုပ်ခဲ့ရင်ပေါ့။ မြန်မာဘက်က တစ်စုံတစ်ခု ဘယ်လိုလုပ်ရမလဲဆိုတာ နောက်မှပြော မယ်။ ဒါပထမအဆင့် ရဲအဆင့်။ ဒုတိယ အဆင့်မှာက အစိုးရရှေ့နေတွေလက်ထဲရောက်လာရင် အစိုးရရှေ့နေက ဒီအမှုတွဲကိုတည်ဆောက်တာ မခိုင်မာဘူး။ ခိုင်လုံမှုမရှိဘူး။ ရဲက မခိုင်မာအောင် တည်ဆောက် ပြီးတင်ခဲ့ရင် အဲဒီအစိုးရရှေ့နေက အမှုက မခိုင်မာတဲ့ အတွက် အမှုကိုပလပ်ပြီဆိုပြီးတော့ တရားရုံး မတင်ဘဲနဲ့ ပစ်ထုတ်လိုက်ရင်လည်းရတယ်။ ပြန်ချ လာရင်လည်းရတယ်။ အဲဒီကျရင် ဒီကောင်လွတ်ရုံပဲ ရှိတယ်။ အဲဒီ တော့ရဲက အမှုကို မခိုင်မာအောင် တည် ဆောက်ပြီးတော့တင်ရင် ရနိုင်တယ်။ ထို့အတူပဲ ဆွဲချကလည်း ခိုင်မာအောင်တည်ဆောက်ရဲ့သားနဲ့ အမှုမခိုင်လုံဘူးဆိုပြီးတော့လည်း ပယ်ချနိုင်တယ်။ အဲဒါက ဒုတိယ အဆင့်မှာ။ ဒုတိယအဆင့်နဲ့ တတိယ အဆင့်ကြားထဲမှာပေါ့နော်။ ဒုတိယအဆင့်က ဆွဲချရဲ့ လက်ထဲမှာ။ ဆွဲချ ကနေပြီးတော့မှ မခိုင်လုံဘူးဆိုပြီးတော့ ပြန်ချပေးတာမျိုး။ နောက်တစ်ခုက စွဲချကနေပြီးတော့မှ ဟာကွက်တွေ လွှတ်ထားပြီးတော့ တရားရုံးကို တင်တာမျိုးတွေပဲ လုပ်နိုင်တယ်။ ငါကတော့ရတယ်၊ ခိုင်လုံတယ်လို့ယူဆ တယ်။ အဲဒါကို ဆက်တင်မယ်ဆို ပြီးတော့တင်မယ်။ ဒါပေမဲ့ တရားရုံးရောက်ရင် တရားခွင်မှာ ဒီဟာက မသင်္ကာစရာဖြစ်နေလို့ တရားခံကို ဒီအခွင့်အရေး ခံစားစေဆိုပြီးတော့ ပြစ်မှုမမြောက် တာတို့၊ ဒီအခွင့်အရေးကို တရားခံ ခံစားစေတို့ဆိုပြီး တော့ လွတ်ကောင်းလွတ်နိုင်တယ်။ အဲဒါက တတိယ အဆင့်မှာပေါ့နော်။ အဲဒီတော့ အဆင့်သုံးဆင့်လုံးမှာ ဟာကွက်တွေနဲ့လွတ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းအစိုးရက သူ့အဖေတွေ ရှိသေးတယ် နောက်မှာ။
ဒီကောင့်ကိုဖမ်းမယ်ဆိုတာက လူသတ်မှုနဲ့ ဖမ်းမယ်။ ဆိုတော့ကာ လူသတ်မှုသည် ထိုင်းနိုင်ငံမှာ ရာဇ ဝတ်မှုမြောက်တယ်။ ရာဇဝတ်မှုမြောက်တဲ့အမှုက ကျေအေးလို့မရဘူး။ ရာဇဝတ်မှုဆိုတာ နိုင်ငံတော်ရဲ့ ရာဇဝတ်မှုပေါ့နော်။ ရာဇဝတ်မှုဆိုတာနိုင်ငံတော် က နေပြီးတော့ တရားစွဲတာ။ နိုင်ငံတော်ကို ကိုယ်စားပြု တာ ဘယ်သူလဲဆိုတော့ အစိုးရရှေ့နေပေါ့။ စွဲချက်က နေပြီးတော့တရားစွဲရတာ။ ကျေအေးလို့မရတဲ့အမှု ပေါ့နော်။ ရာဇဝတ်မှု။

မေး - ဒါဆိုရင် မိုက်ကယ်ကို မလွတ်အောင် ဒါမှမ ဟုတ် မြန်မာဘက်က အရေးယူလို့ ရအောင် ဘာလုပ် သင့်လဲ။ ရာဇဝတ်သား ပြန်လည်လွှဲပြောင်းလို့ရ အောင်ရောပေါ့။
ဖြေ - အဲဒီတော့ မြန်မာဘက်ကိုပြန်သွားမယ်။ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံက တရားခံလွှဲပြောင်းရေးစာချုပ် ချုပ်မထားဘူး။ စာချုပ်ချုပ်ထားတာမရှိဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေခေတ်ကတည်းက တကယ့် အစိုးရပါလို့ မြန်မာပြည်အပေါ်၊ မြန်မာအစိုးရ အပေါ်မှာ အကောင်းမမြင်တဲ့ ထိုင်းဒီမိုကရက် အစိုးရ လက်ထက်မှာတောင် မြန်မာသံရုံးတို့၊ နိုင်ငံခြားရေး ဝန်ကြီးဌာန မဟုတ်ဘူးနော်။ သံရုံးကနေပြီးတော့ ဒီလိုကိစ္စမျိုးတွေကို ရဲဌာနချုပ်ပေါ့နော်။ သူတို့ Royal Thai Police ကို တရားဝင် ကန့်ကွက်တာတို့။ ဒီလိုကိစ္စ မျိုးတွေကို အလားတူတွေပေါ့။ နီးစပ်တဲ့ဟာမျိုးပေါ့။ Royal Thai Police ကို တိုက်ရိုက် စာရေးပြီးတော့ ကန့်ကွက်တာတို့ ၊ တောင်းဆိုတာတို့ လုပ်ဖူးတယ်။ အဲဒီတော့ ဘာလုပ်သင့်လဲဆိုတော့ (၁) မြန်မာနိုင်ငံမှာရှိတဲ့ တရားရေးတို့၊ တရားရေးဆိုတော့ သူတို့နိုင်ငံတကာမှာ လုပ်ထုံးလုပ်နည်းအတိုင်းပေါ့နော်။ တရားရေးဌာန အောက်က တရားချုပ်ရုံးအပါ ရှေ့နေချုပ်ရုံး သို့မဟုတ် ဘယ်ကပဲဖြစ်ဖြစ် နိုင်ငံတော်နဲ့ဆိုင်တဲ့ တရားရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်း တစ်ခုကနေပြီးတော့ ဒီကောင့်ကို ဖမ်းဝရမ်းထုတ်ရမယ်။ ဖမ်းဝရမ်း ဘယ်လိုထုတ်ရ မလဲဆိုတော့။ ဒီကောင်က နာမည်ဘယ်သူပါ။ အဘနာမည်ဘယ်သူပါ။ မြန်မာနိုင်ငံသားဖြစ်တဲ့ ဘယ်သူ ဘယ်ဝါကို သတ်လိုက်ပါတယ်။ အဲဒီလိုသတ်တယ်ဆိုတာကို သူတို့ရဲ့ အမျိုးတွေက ဘယ်နေ့ဘယ်ရက်မှာ ဘယ်ရဲစခန်းမှာ လာတိုင်ပါတယ်ပေါ့။ ဘယ်တရားရုံးကို ဦးတိုက် လျှောက်ထားပါတယ်ပေါ့။ အဲဒါကြောင့်မလို့ ဒီတ ရားခံကို မင်းတို့မြေမှာ ဖြစ်ပေမယ့်လည်း ငါတို့နိုင်ငံ သားကိုသတ်တဲ့အတွက် ငါတို့မြေပေါ်မှာ တရားစီရင် ခွင့်ရချင်ပါတယ်။ ဒီတရားခံကို လွှဲပြောင်းပေးဖို့ တောင်းဆိုပါတယ် ဆိုပြီးတော့ မြန်မာဘက်ကနေပြီးတော့ ဖမ်းဝရမ်းအရင်ထုတ်သင့်တယ်။ ဖမ်းဝရမ်း ထုတ်ပြီးရင် ဘာလုပ်ရမလဲဆိုတော့ ဖမ်းဝရမ်းကို မြန်မာနိုင်ငံထဲက ဌာနတစ်ခုခုကနေပြီးတော့ ထိုင်းသံရုံးကိုပို့ သို့မဟုတ် မြန်မာသံရုံး ဘန်ကောက်ကနေ တစ်ဆင့် Royal Thai Police ကိုပို့ သို့မဟုတ် မြန်မာ သံရုံးကနေတစ်ဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကိုပို့။ လမ်းကြောင်း နှစ်ခုရှိတယ်နော်။ ဒါပေမဲ့ အကောင်းဆုံးလမ်းကြောင်းကတော့ မြန်မာနိုင်ငံထဲ က ဝရမ်းထုတ်တဲ့ဌာနတစ်ခုခုက နေပြီးတော့ ထုတ်ရမယ်။ အဲဒီဝရမ်းထုတ်တဲ့ဌာနတစ်ခုက မြန်မာနိုင်ငံမှာ ရှိတဲ့ထိုင်း သံရုံးကို အဲဒီဝရမ်းကိုပို့ရ မယ်။ အဲဒီလိုပို့ နေတဲ့ကာလမှာနော်။ ဆောင်ရွက်နေဆဲကာလမှာ ဘာလုပ်ရမလဲဆိုတော့။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးတို့ စစ်သံရုံးတို့မှာစာထုတ်ရမယ်။ မင်းတို့ဆီမှာ ငါတို့ မြန်မာနိုင်ငံသားကိုသတ်ထားတဲ့ကောင်တစ် ယောက် ဖမ်းမိတယ်လို့ သတင်းကြားတယ်။ ငါတို့နိုင်ငံက ဒီကောင့်ကို အလိုရှိနေတာဖြစ်တယ်။ ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ထားတာဖြစ်တယ်။ အဲဒီတော့ ဒီကောင်နဲ့ပတ်သက်တဲ့ အမှုသွား အမှုလာတွေနဲ့ ဖြစ်စဉ်တွေရဲ့ အသေးစိတ်သိချင်တယ်ဆိုပြီးတော့ စာလှမ်းထုတ်ရမယ်။ အဲဒါက ပုံမှန်လမ်းကြောင်းတော့ မဟုတ်ဘူးပေါ့နော်။ အဲဒါက Royal Thai Police ကို တိုက်ရိုက်ပို့တာ။ အဲဒါမျိုးပို့တာက ဦးသန်း‌ရွှေ ခေတ်တုန်းက ခပ်မိုက်မိုက်ပဲ။ သံရုံးကနေ တိုက်ရိုက် Royal Thai Police ကို စာ‌ရေးလိုက်တယ်။ အရင်တုန်းက Royal Thai Police မဟုတ်ဘူး။ Royal Thai Police လား ဘာလားမသိဘူး။ အဲဒီလိုခေါ်တယ်။ ဦးသန်းရွှေခေတ်တုန်းက။ အခုမှ Royal Thai Police လို့ခေါ်တယ် ။ တစ်ခုမှတ်ထားရမှာက ထိုင်းရဲတပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန သို့မ ဟုတ် ဘယ်ဝန်ကြီးဌာနအောက်ကမှ မဟုတ်ဘူးနော်။ လွပ်လပ်တဲ့ဌာနတစ်ခုဖြစ်တယ်ဆိုတာ မမေ့နဲ့ဦး။ အဲဒီတော့ ဦးသန်းရွှေခေတ်တုန်းက ဘာကိစ္စလဲတော့မသိဘူး။ အဲဒီလိုပဲ။ ခပ်မိုက်မိုက်ပဲ နိုင်ငံခြားရေးရုံးကို စာရေးပြီးတော့မှ ထိုင်းရဲတပ်ဖွဲ့ကို တိုက်ရိုက်ပဲ စာရေးတာ သံရုံးကနေပြီးတော့။ ဒီလိုပဲ နည်းနည်း Sensitive ဖြစ်တဲ့ကိစ္စပေါ့နော်။ ထိုင်းရဲ ချုပ်ရုံးကနေပြီးတော့ ရဲမှူးကြီးအဖွဲ့လာပြီး သေသေချာချာ ပြန်ရှင်းပြ တာတို့ ဘာတို့လုပ်တယ်။ ကိုယ်တွေလိုချင်တဲ့အတိုင်း မလုပ်ပေးပေမယ့်လည်း ဘယ်သူဘယ်ဝါ ဖြစ်ပါတယ် ဆိုတဲ့အကြောင်းကို အရေးတယူနဲ့ လာပြီးရှင်းပြတာမျိုးတွေရှိခဲ့တယ်။ အဲဒါလွန်‌ခဲ့တဲ့ ဦးသန်းရွှေခေတ်တုန်းက နော်။ အဲဒီလို လုပ်ဖူးတယ်။ အဲဒါကြောင့်မလို့ သံရုံးကနေ သို့မဟုတ် စစ်သံရုံးကပဲ ဖြစ်ဖြစ် ဒီ royal Thai Police ကို စာထုတ်သင့်တယ်။ ငါတို့နိုင်ငံကတော့ ဒီကောင့်ကိုအလိုရှိနေတယ်။ ဝရမ်းထုတ်ထားတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နစ်နာသူဘက်က တိုင်ထားတာမို့လို့။ အဲဒါကြောင့် ဒီကောင်ရဲ့ဖြစ်စဉ်နဲ့ အမှုသွား အမှုလာကို အသေးစိတ် သိချင်ပါတယ်ဆိုပြီး စာထုတ်တယ်။ ထိုင်းနိုင်ငံခြားရေးက သွားရင်ကြာတယ်။ အဲဒါကြောင့် ထုတ်လို့ရတယ်။ ဒါပေမဲ့ ပုံမှန် လမ်းကြောင်းတော့ မဟုတ်ဘူးပေါ့။ ပုံမှန်လမ်း ကြောင်းကတော့ နိုင်ငံခြား ရေးရုံးကနေတစ်ဆင့် သွားရတာပေါ့။ အခုပြောတဲ့ဟာတွေအတိုင်း အဲဒီလိုလုပ်မှပဲ ဒီကောင့်ကို ခုနကပြောတဲ့ အဆင့်သုံးဆင့်ထဲမှာ ပထမအဆင့်မှာလည်း UN လိုလို ဘာလိုလိုတွေက ဟိုအကြောင်းပြ ဒီအ‌ကြောင်းပြနဲ့ လာဆွဲထုတ်သွားမှာမျိုးတွေက ကာကွယ်နိုင်မယ်။ ဘာလို့လဲဆိုရင် ခုချိန်ထိ ကြီးကြီး ကျယ်ကျယ် သတင်းတွေမထုတ်သေးဘူး။ အမှန်ဆိုရင် သတင်းဌာန တော်တော်များများလည်း ထိုင်းအနေနဲ့ ဖော်ပြ နေဖို့သင့်ပြီ။ ကျွန်တော်ပဲမတွေ့တာလား။ သတင်းက ထွက်မလာသေးဘူး။ မြန်မာဘက်ကပဲ တက်လာ သေးတယ်။ အဲဒီတော့က ပထမအဆင့်မှာတင် ကိုယ် တွေအချိန်မီအောင် ဖမ်းဝရမ်း မြန်မြန်ထုတ်။ ထုတ်ပြီး တာနဲ့ ရဲချုပ်ရုံးကိုပေး။ နောက်ဆုံး သံရုံးကနေပြီး မလုပ်ပေးဘူးဆိုရင်တောင်မှ ရဲချုပ်ရုံးကို မပေးဘူး ဆိုရင်တောင်မှ နိုင်ငံခြားရေးရုံးကို ရအောင်ပေး။ ဒီအမှုက ဒီလိုဖြစ်နေပါတယ်ဆိုပြီးတင်။ အဲဒီလို လုပ်သင့် တယ်။ အဲဒီလို စာထုတ်ပြီးလို့ ရဲချုပ်ရုံးကနေပြီးတော့ ဒီဟာကိုစဉ်းစားနေတဲ့ အချိန်မှာပဲ၊ လုပ်ဆောင် နေဆဲကာလမှာပဲ ဖမ်းဝရမ်းက ထိုင်းကို ရောက်လာ မယ်။ အဲဒါဆိုရင် ပိုပြီးခိုင်မာလာမယ်။ အဲဒီအဆင့်မှာ သူက ပထမ ရဲဖမ်းမယ့်အဆင့်ကနေပြီးတော့ အစိုးရ ဆွဲချဆီကိုရောက်နေတဲ့အချိန်ကာလလည်း ဖြစ်ကောင်းဖြစ်နိုင် တယ်။ အဲဒီလိုဖြစ်ခဲ့ရင်တောင်မှ ခုနကလို သံရုံးကနေ စာထုတ်ထားတာတွေ့တယ်။ ဖမ်းဝရမ်းလည်း ရောက်လာတယ်ဆိုရင် ဒီကောင်တွေ လုပ်ရဲတော့မှာ မဟုတ်ဘူး။ ပြောထားဦးမယ်နော်။ တရားခံ ပြန်တောင်းဖို့ကတော့ ပေးမှာမဟုတ်ဘူး။ နောင် (၁၀)ဘဝလောက် မျှော်လင့်လည်း ဒီကောင်တွေ ပြန်ပေးမှာ မဟုတ်ဘူးနော်။ အဲဒါတော့ စိတ်ချ။ အဲဒီတော့ ဘာဖြစ်လာမလဲဆို‌တော့ ကိုယ်ပြောသလို လုပ်ခဲ့ရင် သူတို့တွေ လွှတ်ပေးမှာမဟုတ်ဘူး။ မြန်မာအစိုးရလည်းသိသွားပြီ။ မြန်မာအစိုးရလည်း အသည်း အသန်လိုက်နေပြီ။ ငါတို့လွှတ်ပေးလိုက်ရင် မြန်မာ အစိုးရ စိတ်ကောက်သွားမယ်ဆိုပြီးတော့ သူတို့ လွှတ် ပေးမှာတော့မဟုတ်ဘူး။ မြန်မာပြည်ကို ပြန်လွှဲပေးမ လားဆိုရင် လုံးဝလွှဲပေးမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီကောင်တွေ ဘာဆက်လုပ်မလဲ ဆိုရင် ဒီကောင့်ကို ဆက်လက်ပြီးတော့ တရားစွဲမယ်။ သူတို့ နိုင်ငံထဲမှာ လူသတ်မှုနဲ့ တရားစွဲမယ်။ အဲဒါက (၅) နှစ်၊ (၆)နှစ် လောက် အနည်းဆုံးကြာမယ်။ ဒီလိုပဲသွားလိမ့်မယ်။

ထိုင်းဥပဒေအကြောင်း ပြည့်စုံစွာ ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

zawgyi version
“ျမန္မာဘက္ကတစ္ခုခုမလုပ္ခဲ့ရင္ ပထမအဆင့္မွာတင္ပဲ မိုက္ကယ္ လြတ္သြားႏိုင္တယ္” (အင္တာဗ်ဴး)
ေက်ာ္ႏု ၊ Pearl (NP News) - မတ္ ၂၉

မိုက္ကယ္အမည္ရွိ အၾကမ္းဖက္အားေပး ေထာက္ပို႔တစ္ဦးကို ထိုင္းရဲတပ္ဖြဲ႕က မတ္လ(၁၇) ရက္ တြင္ ဖမ္းဆီးခဲ့ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံတြင္းမွ သတ္ျဖတ္ခံရမႈမ်ားစြာတြင္ မိုက္ကယ္ဆိုသူက ပါဝင္ပတ္သက္ေနသည့္အျပင္ နစကအစိုးရထိပ္တန္းတာဝန္ရွိသူမ်ားကို ႐ိုင္းစိုင္းစြာ ဆဲဆိုေစာ္ကားမႈမ်ား လည္းရွိေနသည္။ ထိုင္းရဲမ်ားက ဖမ္းဆီးထားေသာ္လည္း ထိုင္းဥပေဒအရ မည္ကဲ့သို႔ ဆက္လက္ျဖစ္ေပၚႏိုင္ သည္ ဆိုေသာအခ်က္ကို ထိုင္းႏိုင္ငံမွ သံတမန္ေရးရာ အတြင္းသတင္းရင္းျမစ္ တစ္ဦးအား NP News က ဆက္သြယ္ေမးျမန္းၿပီး ေဖာ္ျပေပးလိုက္ပါသည္။

ေမး - မိုက္ကယ္ဆိုတဲ့ အၾကမ္းဖက္အားေပး လႈပ္ရွားသူ ေထာက္ပို႔တစ္ဦးကို ထိုင္းရဲေတြက လူသတ္မႈနဲ႔ ဖမ္းဆီးလိုက္တယ္လို႔ သိရတယ္။ ထိုင္းဥပေဒအရ ဘာေတြျဖစ္လာႏိုင္လဲ။
ေျဖ - ထိုင္းႏိုင္ငံရဲ႕တရားစီရင္ေရးလုပ္ငန္းစဥ္ကို အရင္ေျပာမယ္။ ထိုင္းႏိုင္ငံဥပေဒအရ တရားခံတစ္ေယာက္ ဖမ္းမိတယ္ဆိုရင္ ဒီလူက်ဴးလြန္တဲ့အမႈကို ရဲက၊ အမႈကိုင္အရာရွိေပါ့ေနာ္။ အမႈကိုင္အရာရွိက အရင္ဆုံး အမႈကို ခိုင္မာေအာင္တည္ေဆာက္ရတယ္။ အမႈတည္ေဆာက္ေနတဲ့ကာလဟာ သူတို႔ေခၚတာ ရမန္ႀကီး တစ္ပတ္၊ ႏွစ္ပတ္၊ သုံးပတ္အဲဒီလိုရွိတယ္။ အဲဒီကာလေက်ာ္လြန္သြားၿပီးေတာ့ ထိန္းခ်ဳပ္လို႔မရဘူး။ အဲဒီေတာ့ ထိန္းခ်ဳပ္ လို႔ရေအာင္ ေထာင္ပို႔ရင္ပို႔တယ္။ မပို႔ရင္ တစ္ခုခုလုပ္တာေပါ့ေနာ္။ အဲဒီလိုေတာ့ရွိတယ္။ ဒါက ပထမအဆင့္ ေပါ့ေနာ္။ ရဲဖမ္းမယ္။ အမႈတည္ေဆာက္မယ္။ အဲဒါ ရဲနဲ႔ပတ္သက္တဲ့ ပထမအဆင့္။ ဒုတိယ အဆင့္မွာ ရဲကအမႈတည္ေဆာက္ၿပီး ခိုင္မာၿပီလို႔ယူဆရင္။ ဘယ္ကိုတင္ရလဲဆိုေတာ့ ဒါရာဇဝတ္မႈျဖစ္တဲ့ အတြက္ အစိုးရေရွ႕ေနကိုတင္ရတယ္။ အစိုးရေရွ႕ေနခ်ဳပ္႐ုံးေအာက္က အဲဒီကို တင္ရတယ္။ အဲဒီကေနၿပီး ေတာ့မွ သူတို႔အဖြဲ႕ကေန ၿပီးေတာ့ ဒီအမႈက ခိုင္မာတယ္၊ အျပစ္ရွိတယ္လို႔ ယူဆရတယ္ဆိုေတာ့မွ သူတို႔က တရား႐ုံးကို ဆက္ တင္တယ္။ ဆိုလိုတာက ဒီအဆင့္မွာ ရာဇဝတ္မႈျဖစ္တဲ့ အတြက္ ရဲက တရားလိုလုပ္လို႔မရဘူး။ အျပင္လူ တစ္ဦးတစ္ေယာက္ကလည္း လုပ္လို႔မရဘူး။ အဲဒီေတာ့ အစိုးရေရွ႕ေန၊ ဆြဲခ်ေပါ့။ သူက တရားလိုလုပ္ၿပီး တရားစြဲဖို႔ တရား႐ုံးကိုတင္ရတယ္။ ေနာက္တစ္ဆင့္ကေတာ့ တရား႐ုံးမွာ တရားစီရင္ေရးအဆင့္ေပါ့။ တရားစီရင္ေရးအဆင့္မွာ တရားသူႀကီးက တရားစီရင္ရမယ္။ ၿပီးေတာ့ အျပစ္ရွိတယ္၊ မရွိဘူး ဆုံးျဖတ္မယ္။ အမႈကေတာ့ ႏွစ္နဲ႔ခ်ီၾကာလိမ့္မယ္။ အဲဒီဟာကေတာ့ တတိယအဆင့္ေပါ့ေနာ္။

ေမး - ဒါဆိုရင္ မိုက္ကယ္က လြတ္သြားႏိုင္ေသး တယ္လို႔ ဆိုလိုခ်င္တာလား။
ေျဖ - မိုက္ကယ္အမႈနဲ႔ပတ္သက္ၿပီး ေျပာရမယ္ဆိုရင္ ထိုင္းအေၾကာင္းကို အရင္ေျပာမွပဲရမယ္။ ထိုင္းဆိုတဲ့ အမ်ိဳးက သူ႔အေဖေတြအမ်ားႀကီးရွိတဲ့အတြက္ ျမန္မာကို ဖက္လဲတကင္းနဲ႔ ၿပဳံးျပေနေပမယ့္ သူ႔အေဖ ေတြရွိ ေသးတဲ့ UN တို႔ Europe တို႔ အေမရိကားတို႔ ရွိေသးတယ္ဆိုေတာ့ ပထမအဆင့္မွာတင္ သူက UN တို႔ဘာတို႔က ဒါမွမဟုတ္ တျခားအဖြဲ႕အစည္း တစ္စုံတစ္ခုကေနၿပီးေတာ့ ဒီလူဟာ ႏိုင္ငံေရးအက်ဥ္းသားပါ။ ႏိုင္ငံေရး ေၾကာင့္ ေရွာင္ေနတဲ့လူပါ ဆိုၿပီးေတာ့ ဘာညာလုပ္ၿပီးေတာ့ ထုတ္သြားႏိုင္တယ္။ ဒါပထမအဆင့္ေနာ္ ။
အဲဒီေတာ့ ပထမရဲအဆင့္မွာတင္ ဒီေကာင္လြတ္ သြားႏိုင္တဲ့အေျခအေနရွိတယ္။ အကယ္၍ ျမန္မာ ဘက္က တစ္စုံတစ္ခုမလုပ္ခဲ့ရင္ေပါ့။ ျမန္မာဘက္က တစ္စုံတစ္ခု ဘယ္လိုလုပ္ရမလဲဆိုတာ ေနာက္မွေျပာ မယ္။ ဒါပထမအဆင့္ ရဲအဆင့္။ ဒုတိယ အဆင့္မွာက အစိုးရေရွ႕ေနေတြလက္ထဲေရာက္လာရင္ အစိုးရေရွ႕ေနက ဒီအမႈတြဲကိုတည္ေဆာက္တာ မခိုင္မာဘူး။ ခိုင္လုံမႈမရွိဘူး။ ရဲက မခိုင္မာေအာင္ တည္ေဆာက္ ၿပီးတင္ခဲ့ရင္ အဲဒီအစိုးရေရွ႕ေနက အမႈက မခိုင္မာတဲ့ အတြက္ အမႈကိုပလပ္ၿပီဆိုၿပီးေတာ့ တရား႐ုံး မတင္ဘဲနဲ႔ ပစ္ထုတ္လိုက္ရင္လည္းရတယ္။ ျပန္ခ် လာရင္လည္းရတယ္။ အဲဒီက်ရင္ ဒီေကာင္လြတ္႐ုံပဲ ရွိတယ္။ အဲဒီ ေတာ့ရဲက အမႈကို မခိုင္မာေအာင္ တည္ ေဆာက္ၿပီးေတာ့တင္ရင္ ရႏိုင္တယ္။ ထို႔အတူပဲ ဆြဲခ်ကလည္း ခိုင္မာေအာင္တည္ေဆာက္ရဲ႕သားနဲ႔ အမႈမခိုင္လုံဘူးဆိုၿပီးေတာ့လည္း ပယ္ခ်ႏိုင္တယ္။ အဲဒါက ဒုတိယ အဆင့္မွာ။ ဒုတိယအဆင့္နဲ႔ တတိယ အဆင့္ၾကားထဲမွာေပါ့ေနာ္။ ဒုတိယအဆင့္က ဆြဲခ်ရဲ႕ လက္ထဲမွာ။ ဆြဲခ် ကေနၿပီးေတာ့မွ မခိုင္လုံဘူးဆိုၿပီးေတာ့ ျပန္ခ်ေပးတာမ်ိဳး။ ေနာက္တစ္ခုက စြဲခ်ကေနၿပီးေတာ့မွ ဟာကြက္ေတြ လႊတ္ထားၿပီးေတာ့ တရား႐ုံးကို တင္တာမ်ိဳးေတြပဲ လုပ္ႏိုင္တယ္။ ငါကေတာ့ရတယ္၊ ခိုင္လုံတယ္လို႔ယူဆ တယ္။ အဲဒါကို ဆက္တင္မယ္ဆို ၿပီးေတာ့တင္မယ္။ ဒါေပမဲ့ တရား႐ုံးေရာက္ရင္ တရားခြင္မွာ ဒီဟာက မသကၤာစရာျဖစ္ေနလို႔ တရားခံကို ဒီအခြင့္အေရး ခံစားေစဆိုၿပီးေတာ့ ျပစ္မႈမေျမာက္ တာတို႔၊ ဒီအခြင့္အေရးကို တရားခံ ခံစားေစတို႔ဆိုၿပီး ေတာ့ လြတ္ေကာင္းလြတ္ႏိုင္တယ္။ အဲဒါက တတိယ အဆင့္မွာေပါ့ေနာ္။ အဲဒီေတာ့ အဆင့္သုံးဆင့္လုံးမွာ ဟာကြက္ေတြနဲ႔လြတ္ႏိုင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ထိုင္းအစိုးရက သူ႔အေဖေတြ ရွိေသးတယ္ ေနာက္မွာ။
ဒီေကာင့္ကိုဖမ္းမယ္ဆိုတာက လူသတ္မႈနဲ႔ ဖမ္းမယ္။ ဆိုေတာ့ကာ လူသတ္မႈသည္ ထိုင္းႏိုင္ငံမွာ ရာဇ ဝတ္မႈေျမာက္တယ္။ ရာဇဝတ္မႈေျမာက္တဲ့အမႈက ေက်ေအးလို႔မရဘူး။ ရာဇဝတ္မႈဆိုတာ ႏိုင္ငံေတာ္ရဲ႕ ရာဇဝတ္မႈေပါ့ေနာ္။ ရာဇဝတ္မႈဆိုတာႏိုင္ငံေတာ္ က ေနၿပီးေတာ့ တရားစြဲတာ။ ႏိုင္ငံေတာ္ကို ကိုယ္စားျပဳ တာ ဘယ္သူလဲဆိုေတာ့ အစိုးရေရွ႕ေနေပါ့။ စြဲခ်က္က ေနၿပီးေတာ့တရားစြဲရတာ။ ေက်ေအးလို႔မရတဲ့အမႈ ေပါ့ေနာ္။ ရာဇဝတ္မႈ။

ေမး - ဒါဆိုရင္ မိုက္ကယ္ကို မလြတ္ေအာင္ ဒါမွမ ဟုတ္ ျမန္မာဘက္က အေရးယူလို႔ ရေအာင္ ဘာလုပ္ သင့္လဲ။ ရာဇဝတ္သား ျပန္လည္လႊဲေျပာင္းလို႔ရ ေအာင္ေရာေပါ့။
ေျဖ - အဲဒီေတာ့ ျမန္မာဘက္ကိုျပန္သြားမယ္။ ျမန္မာနဲ႔ထိုင္း ႏွစ္ႏိုင္ငံက တရားခံလႊဲေျပာင္းေရးစာခ်ဳပ္ ခ်ဳပ္မထားဘူး။ စာခ်ဳပ္ခ်ဳပ္ထားတာမရွိဘူး။ ဒါေပမဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး ဦးသန္းေ႐ႊေခတ္ကတည္းက တကယ့္ အစိုးရပါလို႔ ျမန္မာျပည္အေပၚ၊ ျမန္မာအစိုးရ အေပၚမွာ အေကာင္းမျမင္တဲ့ ထိုင္းဒီမိုကရက္ အစိုးရ လက္ထက္မွာေတာင္ ျမန္မာသံ႐ုံးတို႔၊ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန မဟုတ္ဘူးေနာ္။ သံ႐ုံးကေနၿပီးေတာ့ ဒီလိုကိစၥမ်ိဳးေတြကို ရဲဌာနခ်ဳပ္ေပါ့ေနာ္။ သူတို႔ Royal Thai Police ကို တရားဝင္ ကန႔္ကြက္တာတို႔။ ဒီလိုကိစၥ မ်ိဳးေတြကို အလားတူေတြေပါ့။ နီးစပ္တဲ့ဟာမ်ိဳးေပါ့။ Royal Thai Police ကို တိုက္႐ိုက္ စာေရးၿပီးေတာ့ ကန႔္ကြက္တာတို႔ ၊ ေတာင္းဆိုတာတို႔ လုပ္ဖူးတယ္။ အဲဒီေတာ့ ဘာလုပ္သင့္လဲဆိုေတာ့ (၁) ျမန္မာႏိုင္ငံမွာရွိတဲ့ တရားေရးတို႔၊ တရားေရးဆိုေတာ့ သူတို႔ႏိုင္ငံတကာမွာ လုပ္ထုံးလုပ္နည္းအတိုင္းေပါ့ေနာ္။ တရားေရးဌာန ေအာက္က တရားခ်ဳပ္႐ုံးအပါ ေရွ႕ေနခ်ဳပ္႐ုံး သို႔မဟုတ္ ဘယ္ကပဲျဖစ္ျဖစ္ ႏိုင္ငံေတာ္နဲ႔ဆိုင္တဲ့ တရားေရးနဲ႔ ပတ္သက္တဲ့ အဖြဲ႕အစည္း တစ္ခုကေနၿပီးေတာ့ ဒီေကာင့္ကို ဖမ္းဝရမ္းထုတ္ရမယ္။ ဖမ္းဝရမ္း ဘယ္လိုထုတ္ရ မလဲဆိုေတာ့။ ဒီေကာင္က နာမည္ဘယ္သူပါ။ အဘနာမည္ဘယ္သူပါ။ ျမန္မာႏိုင္ငံသားျဖစ္တဲ့ ဘယ္သူ ဘယ္ဝါကို သတ္လိုက္ပါတယ္။ အဲဒီလိုသတ္တယ္ဆိုတာကို သူတို႔ရဲ႕ အမ်ိဳးေတြက ဘယ္ေန႔ဘယ္ရက္မွာ ဘယ္ရဲစခန္းမွာ လာတိုင္ပါတယ္ေပါ့။ ဘယ္တရား႐ုံးကို ဦးတိုက္ ေလွ်ာက္ထားပါတယ္ေပါ့။ အဲဒါေၾကာင့္မလို႔ ဒီတ ရားခံကို မင္းတို႔ေျမမွာ ျဖစ္ေပမယ့္လည္း ငါတို႔ႏိုင္ငံ သားကိုသတ္တဲ့အတြက္ ငါတို႔ေျမေပၚမွာ တရားစီရင္ ခြင့္ရခ်င္ပါတယ္။ ဒီတရားခံကို လႊဲေျပာင္းေပးဖို႔ ေတာင္းဆိုပါတယ္ ဆိုၿပီးေတာ့ ျမန္မာဘက္ကေနၿပီးေတာ့ ဖမ္းဝရမ္းအရင္ထုတ္သင့္တယ္။ ဖမ္းဝရမ္း ထုတ္ၿပီးရင္ ဘာလုပ္ရမလဲဆိုေတာ့ ဖမ္းဝရမ္းကို ျမန္မာႏိုင္ငံထဲက ဌာနတစ္ခုခုကေနၿပီးေတာ့ ထိုင္းသံ႐ုံးကိုပို႔ သို႔မဟုတ္ ျမန္မာသံ႐ုံး ဘန္ေကာက္ကေန တစ္ဆင့္ Royal Thai Police ကိုပို႔ သို႔မဟုတ္ ျမန္မာ သံ႐ုံးကေနတစ္ဆင့္ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ကိုပို႔။ လမ္းေၾကာင္း ႏွစ္ခုရွိတယ္ေနာ္။ ဒါေပမဲ့ အေကာင္းဆုံးလမ္းေၾကာင္းကေတာ့ ျမန္မာႏိုင္ငံထဲ က ဝရမ္းထုတ္တဲ့ဌာနတစ္ခုခုက ေနၿပီးေတာ့ ထုတ္ရမယ္။ အဲဒီဝရမ္းထုတ္တဲ့ဌာနတစ္ခုက ျမန္မာႏိုင္ငံမွာ ရွိတဲ့ထိုင္း သံ႐ုံးကို အဲဒီဝရမ္းကိုပို႔ရ မယ္။ အဲဒီလိုပို႔ ေနတဲ့ကာလမွာေနာ္။ ေဆာင္႐ြက္ေနဆဲကာလမွာ ဘာလုပ္ရမလဲဆိုေတာ့။ ထိုင္းႏိုင္ငံမွာရွိတဲ့ ျမန္မာသံ႐ုံးတို႔ စစ္သံ႐ုံးတို႔မွာစာထုတ္ရမယ္။ မင္းတို႔ဆီမွာ ငါတို႔ ျမန္မာႏိုင္ငံသားကိုသတ္ထားတဲ့ေကာင္တစ္ ေယာက္ ဖမ္းမိတယ္လို႔ သတင္းၾကားတယ္။ ငါတို႔ႏိုင္ငံက ဒီေကာင့္ကို အလိုရွိေနတာျဖစ္တယ္။ ရာဇဝတ္မႈနဲ႔ ဖမ္းဝရမ္းထုတ္ထားတာျဖစ္တယ္။ အဲဒီေတာ့ ဒီေကာင္နဲ႔ပတ္သက္တဲ့ အမႈသြား အမႈလာေတြနဲ႔ ျဖစ္စဥ္ေတြရဲ႕ အေသးစိတ္သိခ်င္တယ္ဆိုၿပီးေတာ့ စာလွမ္းထုတ္ရမယ္။ အဲဒါက ပုံမွန္လမ္းေၾကာင္းေတာ့ မဟုတ္ဘူးေပါ့ေနာ္။ အဲဒါက Royal Thai Police ကို တိုက္႐ိုက္ပို႔တာ။ အဲဒါမ်ိဳးပို႔တာက ဦးသန္း‌ေ႐ႊ ေခတ္တုန္းက ခပ္မိုက္မိုက္ပဲ။ သံ႐ုံးကေန တိုက္႐ိုက္ Royal Thai Police ကို စာ‌ေရးလိုက္တယ္။ အရင္တုန္းက Royal Thai Police မဟုတ္ဘူး။ Royal Thai Police လား ဘာလားမသိဘူး။ အဲဒီလိုေခၚတယ္။ ဦးသန္းေ႐ႊေခတ္တုန္းက။ အခုမွ Royal Thai Police လို႔ေခၚတယ္ ။ တစ္ခုမွတ္ထားရမွာက ထိုင္းရဲတပ္ဖြဲ႕သည္ ျပည္ထဲေရးဝန္ႀကီးဌာန သို႔မ ဟုတ္ ဘယ္ဝန္ႀကီးဌာနေအာက္ကမွ မဟုတ္ဘူးေနာ္။ လြပ္လပ္တဲ့ဌာနတစ္ခုျဖစ္တယ္ဆိုတာ မေမ့နဲ႔ဦး။ အဲဒီေတာ့ ဦးသန္းေ႐ႊေခတ္တုန္းက ဘာကိစၥလဲေတာ့မသိဘူး။ အဲဒီလိုပဲ။ ခပ္မိုက္မိုက္ပဲ ႏိုင္ငံျခားေရး႐ုံးကို စာေရးၿပီးေတာ့မွ ထိုင္းရဲတပ္ဖြဲ႕ကို တိုက္႐ိုက္ပဲ စာေရးတာ သံ႐ုံးကေနၿပီးေတာ့။ ဒီလိုပဲ နည္းနည္း Sensitive ျဖစ္တဲ့ကိစၥေပါ့ေနာ္။ ထိုင္းရဲ ခ်ဳပ္႐ုံးကေနၿပီးေတာ့ ရဲမႉးႀကီးအဖြဲ႕လာၿပီး ေသေသခ်ာခ်ာ ျပန္ရွင္းျပ တာတို႔ ဘာတို႔လုပ္တယ္။ ကိုယ္ေတြလိုခ်င္တဲ့အတိုင္း မလုပ္ေပးေပမယ့္လည္း ဘယ္သူဘယ္ဝါ ျဖစ္ပါတယ္ ဆိုတဲ့အေၾကာင္းကို အေရးတယူနဲ႔ လာၿပီးရွင္းျပတာမ်ိဳးေတြရွိခဲ့တယ္။ အဲဒါလြန္‌ခဲ့တဲ့ ဦးသန္းေ႐ႊေခတ္တုန္းက ေနာ္။ အဲဒီလို လုပ္ဖူးတယ္။ အဲဒါေၾကာင့္မလို႔ သံ႐ုံးကေန သို႔မဟုတ္ စစ္သံ႐ုံးကပဲ ျဖစ္ျဖစ္ ဒီ royal Thai Police ကို စာထုတ္သင့္တယ္။ ငါတို႔ႏိုင္ငံကေတာ့ ဒီေကာင့္ကိုအလိုရွိေနတယ္။ ဝရမ္းထုတ္ထားတာျဖစ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ နစ္နာသူဘက္က တိုင္ထားတာမို႔လို႔။ အဲဒါေၾကာင့္ ဒီေကာင္ရဲ႕ျဖစ္စဥ္နဲ႔ အမႈသြား အမႈလာကို အေသးစိတ္ သိခ်င္ပါတယ္ဆိုၿပီး စာထုတ္တယ္။ ထိုင္းႏိုင္ငံျခားေရးက သြားရင္ၾကာတယ္။ အဲဒါေၾကာင့္ ထုတ္လို႔ရတယ္။ ဒါေပမဲ့ ပုံမွန္ လမ္းေၾကာင္းေတာ့ မဟုတ္ဘူးေပါ့။ ပုံမွန္လမ္း ေၾကာင္းကေတာ့ ႏိုင္ငံျခား ေရး႐ုံးကေနတစ္ဆင့္ သြားရတာေပါ့။ အခုေျပာတဲ့ဟာေတြအတိုင္း အဲဒီလိုလုပ္မွပဲ ဒီေကာင့္ကို ခုနကေျပာတဲ့ အဆင့္သုံးဆင့္ထဲမွာ ပထမအဆင့္မွာလည္း UN လိုလို ဘာလိုလိုေတြက ဟိုအေၾကာင္းျပ ဒီအ‌ေၾကာင္းျပနဲ႔ လာဆြဲထုတ္သြားမွာမ်ိဳးေတြက ကာကြယ္ႏိုင္မယ္။ ဘာလို႔လဲဆိုရင္ ခုခ်ိန္ထိ ႀကီးႀကီး က်ယ္က်ယ္ သတင္းေတြမထုတ္ေသးဘူး။ အမွန္ဆိုရင္ သတင္းဌာန ေတာ္ေတာ္မ်ားမ်ားလည္း ထိုင္းအေနနဲ႔ ေဖာ္ျပ ေနဖို႔သင့္ၿပီ။ ကြၽန္ေတာ္ပဲမေတြ႕တာလား။ သတင္းက ထြက္မလာေသးဘူး။ ျမန္မာဘက္ကပဲ တက္လာ ေသးတယ္။ အဲဒီေတာ့က ပထမအဆင့္မွာတင္ ကိုယ္ ေတြအခ်ိန္မီေအာင္ ဖမ္းဝရမ္း ျမန္ျမန္ထုတ္။ ထုတ္ၿပီး တာနဲ႔ ရဲခ်ဳပ္႐ုံးကိုေပး။ ေနာက္ဆုံး သံ႐ုံးကေနၿပီး မလုပ္ေပးဘူးဆိုရင္ေတာင္မွ ရဲခ်ဳပ္႐ုံးကို မေပးဘူး ဆိုရင္ေတာင္မွ ႏိုင္ငံျခားေရး႐ုံးကို ရေအာင္ေပး။ ဒီအမႈက ဒီလိုျဖစ္ေနပါတယ္ဆိုၿပီးတင္။ အဲဒီလို လုပ္သင့္ တယ္။ အဲဒီလို စာထုတ္ၿပီးလို႔ ရဲခ်ဳပ္႐ုံးကေနၿပီးေတာ့ ဒီဟာကိုစဥ္းစားေနတဲ့ အခ်ိန္မွာပဲ၊ လုပ္ေဆာင္ ေနဆဲကာလမွာပဲ ဖမ္းဝရမ္းက ထိုင္းကို ေရာက္လာ မယ္။ အဲဒါဆိုရင္ ပိုၿပီးခိုင္မာလာမယ္။ အဲဒီအဆင့္မွာ သူက ပထမ ရဲဖမ္းမယ့္အဆင့္ကေနၿပီးေတာ့ အစိုးရ ဆြဲခ်ဆီကိုေရာက္ေနတဲ့အခ်ိန္ကာလလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ တယ္။ အဲဒီလိုျဖစ္ခဲ့ရင္ေတာင္မွ ခုနကလို သံ႐ုံးကေန စာထုတ္ထားတာေတြ႕တယ္။ ဖမ္းဝရမ္းလည္း ေရာက္လာတယ္ဆိုရင္ ဒီေကာင္ေတြ လုပ္ရဲေတာ့မွာ မဟုတ္ဘူး။ ေျပာထားဦးမယ္ေနာ္။ တရားခံ ျပန္ေတာင္းဖို႔ကေတာ့ ေပးမွာမဟုတ္ဘူး။ ေနာင္ (၁၀)ဘဝေလာက္ ေမွ်ာ္လင့္လည္း ဒီေကာင္ေတြ ျပန္ေပးမွာ မဟုတ္ဘူးေနာ္။ အဲဒါေတာ့ စိတ္ခ်။ အဲဒီေတာ့ ဘာျဖစ္လာမလဲဆို‌ေတာ့ ကိုယ္ေျပာသလို လုပ္ခဲ့ရင္ သူတို႔ေတြ လႊတ္ေပးမွာမဟုတ္ဘူး။ ျမန္မာအစိုးရလည္းသိသြားၿပီ။ ျမန္မာအစိုးရလည္း အသည္း အသန္လိုက္ေနၿပီ။ ငါတို႔လႊတ္ေပးလိုက္ရင္ ျမန္မာ အစိုးရ စိတ္ေကာက္သြားမယ္ဆိုၿပီးေတာ့ သူတို႔ လႊတ္ ေပးမွာေတာ့မဟုတ္ဘူး။ ျမန္မာျပည္ကို ျပန္လႊဲေပးမ လားဆိုရင္ လုံးဝလႊဲေပးမွာမဟုတ္ဘူး။ ဒါေပမဲ့ ဒီေကာင္ေတြ ဘာဆက္လုပ္မလဲ ဆိုရင္ ဒီေကာင့္ကို ဆက္လက္ၿပီးေတာ့ တရားစြဲမယ္။ သူတို႔ ႏိုင္ငံထဲမွာ လူသတ္မႈနဲ႔ တရားစြဲမယ္။ အဲဒါက (၅) ႏွစ္၊ (၆)ႏွစ္ ေလာက္ အနည္းဆုံးၾကာမယ္။ ဒီလိုပဲသြားလိမ့္မယ္။

ထိုင္းဥပေဒအေၾကာင္း ျပည့္စုံစြာ ရွင္းျပေပးတာ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

Related news

© 2021. All rights reserved.