"Titanic" ရုပ်ရှင်ကားထဲမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ ပျဉ်ချပ် အမှတ်တရ လေလံပွဲမှာ ဒေါ်လာ ၇၀၀,၀၀၀ ကျော် နဲ့ ရောင်းထွက်

 1143

ရောင်နီ (NP News) – မတ် ၃ဝ

ရုပ်ရှင်သမိုင်းမှာ အထင်ရှားဆုံး ဇာတ်ကွက်တွေထဲက တစ်ခုကတော့ "Titanic" ရုပ်ရှင်ရဲ့မြောက်အတ္တလန္တိတ် ပင်လယ်ပြင်ကြီးမှာ ရေခဲတောင်ကို တိုက်မိလို့ Titanic သင်္ဘောကြီးနစ်မြုပ်တဲ့အချိန် ဇာတ်ဆောင်မင်းသမီးနဲ့ မင်းသားရဲ့ချစ်ဇာတ်လမ်းလည်း အဆုံးသတ်ဖို့ဖြစ်ခဲ့တဲ့ ဇာတ်ကွက်လည်း ပါဝင်ပါတယ်။ မင်းသမီးဟာ ပင်လယ်ထဲ မျောပါလာတဲ့ သစ်သားပျဉ်ချပ်ပေါ်ရောက်ခဲ့ကာ အသက်ဆက်ရှင်ခဲ့ပေမယ့် မင်းသားကတော့ တစ်ကိုယ်လုံး ရေခဲကာ သမုဒ္ဒရာကြမ်းပြင်ကို နစ်မြုပ်ခဲ့ပါတယ်။

အခုတော့ အဲဒီမင်းသမီးကို ကယ်တယ်ခဲ့တဲ့ ပျဉ်ချပ်ဟာ ဒေါ်လာ ၇၀၀,၀၀၀ ကျော် တန်ဖိုးရှိတဲ့ ပျဉ်ချပ်ဖြစ်နေပါပြီ။ အဆိုပါ ပျဉ်ချပ်ဟာ ပထမတန်းစား ခန်းဝင်ပေါက်တစ်ခုရဲ့ တံခါးဘောင် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ လေလံ မှတ်စုအရ သိရပါတယ်။

ဖလော်ရီဒါပြည်နယ် အော်လန်ဒို ရှိ Planet Hollywood မှာ အဆိုပါ balsa သစ်သားပြားကို ဆယ်စုနှစ် နှစ်ခုကြာအောင် ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခု ကမ္ဘာတစ်ဝှမ်းရှိ Hollywood အမှတ်တရပစ္စည်း များ ပါဝင်တဲ့ "Treasures From Planet Hollywood” လေလံပွဲမှာတော့ အခြားဂန္တဝင်ပစ္စည်းတွေနဲ့အတူ ရောင်းချ ခဲ့ပါတယ်။ အဆိုပါ လေလံပွဲဟာ စုစုပေါင်း ပစ္စည်း ၁၆၀၀ နီးပါးကို ငါးရက်ကြာ လေလံတင်ရောင်းချခဲ့ပြီး ဒေါ်လာ ၁၅.၇ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် "Titanic" ရုပ်ရှင်ထဲက ပျဉ်ချပ်ကတော့ အစဈေး ဒေါ်လာ ၄၀,၀၀၀ ထက် ကျော်လွန်ပြီး စုစုပေါင်း ဒေါ်လာ ၇၁၈,၇၅၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ဒါအပြင် "Titanic" ရုပ်ရှင်ထဲမှာ မင်းသမီး ဝတ်ဆင်ခဲ့တဲ့ pastel chiffon ညနေခင်းဂါဝန်နဲ့ အခြား “Titanic” ပစ္စည်း အများအပြားကိုလည်း ရောင်းချခဲ့ပြီး ၎င်းမှ ဒေါ်လာ ၁၁၈,၇၅၀ နဲ့ ဒေါ်လာ ၂၀၀,၀၀၀ ထိ အသီးသီးရရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
"Titanic" ႐ုပ္ရွင္ကားထဲမွာ အဓိကေနရာက ပါဝင္ခဲ့တဲ့ ပ်ဥ္ခ်ပ္ အမွတ္တရ ေလလံပြဲမွာ ေဒၚလာ ၇၀၀,၀၀၀ ေက်ာ္ နဲ႔ ေရာင္းထြက္
ေရာင္နီ (NP News) – မတ္ ၃ဝ

႐ုပ္ရွင္သမိုင္းမွာ အထင္ရွားဆုံး ဇာတ္ကြက္ေတြထဲက တစ္ခုကေတာ့ "Titanic" ႐ုပ္ရွင္ရဲ႕ေျမာက္အတၱလႏၲိတ္ ပင္လယ္ျပင္ႀကီးမွာ ေရခဲေတာင္ကို တိုက္မိလို႔ Titanic သေဘၤာႀကီးနစ္ျမဳပ္တဲ့အခ်ိန္ ဇာတ္ေဆာင္မင္းသမီးနဲ႔ မင္းသားရဲ႕ခ်စ္ဇာတ္လမ္းလည္း အဆုံးသတ္ဖို႔ျဖစ္ခဲ့တဲ့ ဇာတ္ကြက္လည္း ပါဝင္ပါတယ္။ မင္းသမီးဟာ ပင္လယ္ထဲ ေမ်ာပါလာတဲ့ သစ္သားပ်ဥ္ခ်ပ္ေပၚေရာက္ခဲ့ကာ အသက္ဆက္ရွင္ခဲ့ေပမယ့္ မင္းသားကေတာ့ တစ္ကိုယ္လုံး ေရခဲကာ သမုဒၵရာၾကမ္းျပင္ကို နစ္ျမဳပ္ခဲ့ပါတယ္။

အခုေတာ့ အဲဒီမင္းသမီးကို ကယ္တယ္ခဲ့တဲ့ ပ်ဥ္ခ်ပ္ဟာ ေဒၚလာ ၇၀၀,၀၀၀ ေက်ာ္ တန္ဖိုးရွိတဲ့ ပ်ဥ္ခ်ပ္ျဖစ္ေနပါၿပီ။ အဆိုပါ ပ်ဥ္ခ်ပ္ဟာ ပထမတန္းစား ခန္းဝင္ေပါက္တစ္ခုရဲ႕ တံခါးေဘာင္ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ ေလလံ မွတ္စုအရ သိရပါတယ္။

ဖေလာ္ရီဒါျပည္နယ္ ေအာ္လန္ဒို ရွိ Planet Hollywood မွာ အဆိုပါ balsa သစ္သားျပားကို ဆယ္စုႏွစ္ ႏွစ္ခုၾကာေအာင္ ထိန္းသိမ္းထားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အခု ကမာၻတစ္ဝွမ္းရွိ Hollywood အမွတ္တရပစၥည္း မ်ား ပါဝင္တဲ့ "Treasures From Planet Hollywood” ေလလံပြဲမွာေတာ့ အျခားဂႏၲဝင္ပစၥည္းေတြနဲ႔အတူ ေရာင္းခ် ခဲ့ပါတယ္။ အဆိုပါ ေလလံပြဲဟာ စုစုေပါင္း ပစၥည္း ၁၆၀၀ နီးပါးကို ငါးရက္ၾကာ ေလလံတင္ေရာင္းခ်ခဲ့ၿပီး ေဒၚလာ ၁၅.၇ သန္း ရရွိခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ "Titanic" ႐ုပ္ရွင္ထဲက ပ်ဥ္ခ်ပ္ကေတာ့ အစေဈး ေဒၚလာ ၄၀,၀၀၀ ထက္ ေက်ာ္လြန္ၿပီး စုစုေပါင္း ေဒၚလာ ၇၁၈,၇၅၀ နဲ႔ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ဒါအျပင္ "Titanic" ႐ုပ္ရွင္ထဲမွာ မင္းသမီး ဝတ္ဆင္ခဲ့တဲ့ pastel chiffon ညေနခင္းဂါဝန္နဲ႔ အျခား “Titanic” ပစၥည္း အမ်ားအျပားကိုလည္း ေရာင္းခ်ခဲ့ၿပီး ၎မွ ေဒၚလာ ၁၁၈,၇၅၀ နဲ႔ ေဒၚလာ ၂၀၀,၀၀၀ ထိ အသီးသီးရရွိခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.