"အလ္လာဟ်" စာလုံး ရေထိုးထားတဲ့ ခြေအိတ်ရောင်းချခဲ့သူ မလေးရှား မီနီမတ် တိုက်ခိုက်ခံရ

 838

ရောင်နီ(NP News) - ၃ဝ

မလေးရှားနိုင်ငံရှိ KK အမည်ရှိ မီနီမတ်တစ်ခုဟာ "အလ္လာဟ်" အမည်ထိုးထားတဲ့ ခြေအိတ်တွေ ရောင်းချမှုနဲ့ မကြာသေးခင်က ဝေဖန်ခံခဲ့ရတာဖြစ်ပြီး အခုအချိန်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေပါ ခံနေရပြီ ဖြစ်တယ်လို့ သိရပါတယ်။

အလ္လာဟ် အမည်နဲ့ ခြေအိတ်ရောင်းချခြင်းနဲ့ ဘာသာရေးဆိုင်ရာ စွဲချက်တင်ခံခဲ့ရတဲ့ KK မီနီမတ်ရဲ့ ဆိုင်ခွဲတစ်ခုမှာ စနေနေ့(မတ်လ ၃၀ ရက်) က Molotov ဖောက်ခွဲ ကော့တေးတစ်ဘူး နဲ့ ပစ်ဖောက်ခံခဲ့ရပါတယ်။ သံသယရှိသူကို ရဲတပ်ဖွဲ့က စီစီတီဗွီမှတ်တမ်းများမှတစ်ဆင့် စစ်ဆေးရှာဖွေနေတယ်လို့ သိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဆိုင်ရှေ့ရှိ ပစ္စည်းအချို့ မီးလောင်သွားခဲ့ပေမယ့် ဆိုင်ရှိ အလုပ်သမားတွေက မီးကို အမြန်ငြှိမ်းသတ်နိုင်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုတော့ မများခဲ့ပါဘူး။ KK မီနီမတ်မှာ ရောင်းချနေတဲ့ အဲဒီ ခြေအိတ် ဓာတ်ပုံတွေဟာ လူမှုကွန်ရက်ပေါ်မှာ မွတ်စ်လင်တွေရဲ့ ဒေါသကို လှုပ်နှိုးစေခဲ့တာ ဖြစ်ပါတယ်။ မလေးရှားမှာ မလေးလူမျိုးအများစုဟာ မွတ်ဆလင် ဘာသာဝင်များဖြစ်ပြီး ဘာသာရေးဟာလည်း အကဲဆတ်တဲ့ ပြဿနာဖြစ်ပါတယ်။

ဒီခြေအိတ်ပြဿနာကြောင့် KK Super mart တည်ထောင်သူ ဥက္ကဋ္ဌ ချိုကီးကန် နဲ့ ကုမ္ပဏီဒါရိုက်တာ လော့ဆွီမူဝီ အပါအဝင် မီနစ်မတ်အတွက် တာဝန်ရှိသူ ၃ ဦးဟာ ဘာသာရေးဆိုင်ရာ ထိခိုက်နာကျင်စေမှုနဲ့ အင်္ဂါနေ့(မတ်လ ၂၆ ရက်) က တရားစွဲဆိုခံခဲ့ရပါတယ်။ အဲဒီ အင်္ဂါနေ့ကလည်း ပီရက်ခ် ပြည်နယ်ရှိ အခြား KK ဆိုင်ခွဲတစ်ခုမှာ ဓာတ်ဆီဗုံးတစ်လုံး ပစ်ချတိုက်ခိုက်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

zawgyi version
"အလႅာဟ္" စာလုံး ေရထိုးထားတဲ့ ေျခအိတ္ေရာင္းခ်ခဲ့သူ မေလးရွား မီနီမတ္ တိုက္ခိုက္ခံရ
ေရာင္နီ(NP News) - ၃ဝ

မေလးရွားႏိုင္ငံရွိ KK အမည္ရွိ မီနီမတ္တစ္ခုဟာ "အလႅာဟ္" အမည္ထိုးထားတဲ့ ေျခအိတ္ေတြ ေရာင္းခ်မႈနဲ႔ မၾကာေသးခင္က ေဝဖန္ခံခဲ့ရတာျဖစ္ၿပီး အခုအခ်ိန္မွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြပါ ခံေနရၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

အလႅာဟ္ အမည္နဲ႔ ေျခအိတ္ေရာင္းခ်ျခင္းနဲ႔ ဘာသာေရးဆိုင္ရာ စြဲခ်က္တင္ခံခဲ့ရတဲ့ KK မီနီမတ္ရဲ႕ ဆိုင္ခြဲတစ္ခုမွာ စေနေန႔(မတ္လ ၃၀ ရက္) က Molotov ေဖာက္ခြဲ ေကာ့ေတးတစ္ဘူး နဲ႔ ပစ္ေဖာက္ခံခဲ့ရပါတယ္။ သံသယရွိသူကို ရဲတပ္ဖြဲ႕က စီစီတီဗြီမွတ္တမ္းမ်ားမွတစ္ဆင့္ စစ္ေဆးရွာေဖြေနတယ္လို႔ သိရပါတယ္။ အဆိုပါ တိုက္ခိုက္မႈေၾကာင့္ ဆိုင္ေရွ႕ရွိ ပစၥည္းအခ်ိဳ႕ မီးေလာင္သြားခဲ့ေပမယ့္ ဆိုင္ရွိ အလုပ္သမားေတြက မီးကို အျမန္ျငႇိမ္းသတ္ႏိုင္ခဲ့တာေၾကာင့္ ပ်က္စီးဆုံးရႈံးမႈေတာ့ မမ်ားခဲ့ပါဘူး။ KK မီနီမတ္မွာ ေရာင္းခ်ေနတဲ့ အဲဒီ ေျခအိတ္ ဓာတ္ပုံေတြဟာ လူမႈကြန္ရက္ေပၚမွာ မြတ္စ္လင္ေတြရဲ႕ ေဒါသကို လႈပ္ႏႈိးေစခဲ့တာ ျဖစ္ပါတယ္။ မေလးရွားမွာ မေလးလူမ်ိဳးအမ်ားစုဟာ မြတ္ဆလင္ ဘာသာဝင္မ်ားျဖစ္ၿပီး ဘာသာေရးဟာလည္း အကဲဆတ္တဲ့ ျပႆနာျဖစ္ပါတယ္။

ဒီေျခအိတ္ျပႆနာေၾကာင့္ KK Super mart တည္ေထာင္သူ ဥကၠ႒ ခ်ိဳကီးကန္ နဲ႔ ကုမၸဏီဒါ႐ိုက္တာ ေလာ့ဆြီမူဝီ အပါအဝင္ မီနစ္မတ္အတြက္ တာဝန္ရွိသူ ၃ ဦးဟာ ဘာသာေရးဆိုင္ရာ ထိခိုက္နာက်င္ေစမႈနဲ႔ အဂၤါေန႔(မတ္လ ၂၆ ရက္) က တရားစြဲဆိုခံခဲ့ရပါတယ္။ အဲဒီ အဂၤါေန႔ကလည္း ပီရက္ခ္ ျပည္နယ္ရွိ အျခား KK ဆိုင္ခြဲတစ္ခုမွာ ဓာတ္ဆီဗုံးတစ္လုံး ပစ္ခ်တိုက္ခိုက္ခံခဲ့ရေသးတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.