ပြစ်တင်ဝေဖန်ခြင်းကို တားမြစ်ထားတဲ့ အမိန့်ကို ချိုးဖောက်ခြင်းအတွက် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဒဏ်ရိုက်ခံရ

 501

Pika (NP News) - မေ ၁

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့တိတ်တဆိတ်ငွေပေး ချေမှု အမှုကို ကြီးကြပ်နေတဲ့ တရားသူကြီးကချမှတ်ထားတဲ့ ပြစ်တင်ဝေဖန်ခြင်းကို တားမြစ်ထားတဲ့ အမိန့်ကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့ခြင်းအတွက် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ(၉၀၀၀)ပေးဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။

ဒါ့ပြင် ဒေါ်နယ်ထရမ့်ဟာ ဒီအမိန့်ကို ဆက်ပြီးချိုးဖောက်နေမယ်ဆိုရင် ထောင်ချခံရမယ်လို့လည်း ခြိမ်းခြောက်ခံထားရတယ်လို့ သိရပါတယ်။ဧပြီလ(၃၀)ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ မက်ဟန်တန်တရားရုံးမှာ ကြားနာမှုအတွင်း တရားသူကြီး ဂျူအန်မာချန်းဟာ ပြစ်တင်ဝေဖန်ခြင်းကို တားမြစ်ထားတဲ့ အမိန့်ကို(၉)ကြိမ်ချိုးဖောက်ခဲ့တဲ့ဒေါ်နယ်ထရမ့်ကို ယခုလိုဒဏ်ရိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ တရားဥပဒေအရ ဒီထက်ပိုကြီးမားတဲ့ ဒဏ်ကြေးပေးဆောင်ဖို့ အမိန့်ချမှတ်လို့မရဘူးလို့လည်း ဂျူအန်မာချန်းကပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်က ဒီအမိန့်ကို ဆက်ပြီးချိုးဖောက်နေမယ်ဆိုရင် ထောင်ဒဏ်ပေးဖို့ စဉ်းစားသွားမယ်လို့ ဂျူအန်မာချန်းကထပ်မံပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒေါ်နယ်ထရမ့်ဟာ အပြာသရုပ်ဆောင် Stormy Daniels ကို နှုတ်ပိတ်ခအဖြစ် ငွေကြေးတွေ ပေးအပ်ခဲ့တယ်လို့ စွပ်စွဲခံရပြီး မက်ဟက်တန်တရားရုံးမှာ တရားရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကတည်းက ဒေါ်နယ်ထရမ့်ဟာ မက်ဟက်တန်ခရိုင်ရှေ့နေ Alvin Bragg ဒါမှမဟုတ် အမှုနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ တရားသူကြီးတွေနဲ့လုပ်ငန်းတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့စကားမျိုးတွေ ပြောဆိုခြင်းကနေလည်း တားမြစ်ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ဟာ ယခုလအစောပိုင်းကတည်းက မက်ဟက်တန် တရားရုံးအပြင်ဘက်မှာ သတင်းထောက်တွေကို စကားပြောဆိုတာမျိုးတွေ နေ့တိုင်းလုပ်ဆောင်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က 'လာမယ့်သမ္မတရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ ကျွန်တော့်အပေါ်ကို ဒီလိုအမိန့်မျိုးချမှတ်တာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လုံးဝမကိုက်ညီပါဘူး။ ဒီလိုကိစ္စမျိုး အရင်တုန်းက လုံးဝမဖြစ်ဖူးပါဘူး။ တရားသူကြီးရဲ့ မိတ်ဆွေတွေနဲ့ ပါတီအဖွဲ့ဝင်တွေကို ကျွန်တော့်အကြောင်းကို သူတို့စိတ်ကြိုက်ပြောနေပေမယ့် ကျွန်တော့်ဘက်ကတော့ ပြန်လည်တုံ့ပြန်ခွင့်တောင် မရှိပါဘူး'လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
ျပစ္တင္ေဝဖန္ျခင္းကို တားျမစ္ထားတဲ့ အမိန႔္ကို ခ်ိဳးေဖာက္ျခင္းအတြက္ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ဒဏ္႐ိုက္ခံရ
Pika (NP News) - ေမ ၁

အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္ဟာ ၎ရဲ႕တိတ္တဆိတ္ေငြေပး ေခ်မႈ အမႈကို ႀကီးၾကပ္ေနတဲ့ တရားသူႀကီးကခ်မွတ္ထားတဲ့ ျပစ္တင္ေဝဖန္ျခင္းကို တားျမစ္ထားတဲ့ အမိန႔္ကို အႀကိမ္ႀကိမ္ခ်ိဳးေဖာက္ခဲ့ျခင္းအတြက္ ဒဏ္ေၾကးေငြ အေမရိကန္ေဒၚလာ(၉၀၀၀)ေပးဖို႔ အမိန႔္ခ်မွတ္ခံခဲ့ရပါတယ္။

ဒါ့ျပင္ ေဒၚနယ္ထရမ့္ဟာ ဒီအမိန႔္ကို ဆက္ၿပီးခ်ိဳးေဖာက္ေနမယ္ဆိုရင္ ေထာင္ခ်ခံရမယ္လို႔လည္း ၿခိမ္းေျခာက္ခံထားရတယ္လို႔ သိရပါတယ္။ဧၿပီလ(၃၀)ရက္ေန႔က လုပ္ေဆာင္ခဲ့တဲ့ မက္ဟန္တန္တရား႐ုံးမွာ ၾကားနာမႈအတြင္း တရားသူႀကီး ဂ်ဴအန္မာခ်န္းဟာ ျပစ္တင္ေဝဖန္ျခင္းကို တားျမစ္ထားတဲ့ အမိန႔္ကို(၉)ႀကိမ္ခ်ိဳးေဖာက္ခဲ့တဲ့ေဒၚနယ္ထရမ့္ကို ယခုလိုဒဏ္႐ိုက္ခဲ့တာျဖစ္တယ္လို႔လည္းသိရပါတယ္။ တရားဥပေဒအရ ဒီထက္ပိုႀကီးမားတဲ့ ဒဏ္ေၾကးေပးေဆာင္ဖို႔ အမိန႔္ခ်မွတ္လို႔မရဘူးလို႔လည္း ဂ်ဴအန္မာခ်န္းကေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္က ဒီအမိန႔္ကို ဆက္ၿပီးခ်ိဳးေဖာက္ေနမယ္ဆိုရင္ ေထာင္ဒဏ္ေပးဖို႔ စဥ္းစားသြားမယ္လို႔ ဂ်ဴအန္မာခ်န္းကထပ္မံေျပာဆိုခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ေဒၚနယ္ထရမ့္ဟာ အျပာသ႐ုပ္ေဆာင္ Stormy Daniels ကို ႏႈတ္ပိတ္ခအျဖစ္ ေငြေၾကးေတြ ေပးအပ္ခဲ့တယ္လို႔ စြပ္စြဲခံရၿပီး မက္ဟက္တန္တရား႐ုံးမွာ တရားရင္ဆိုင္ေနရတာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လကတည္းက ေဒၚနယ္ထရမ့္ဟာ မက္ဟက္တန္ခ႐ိုင္ေရွ႕ေန Alvin Bragg ဒါမွမဟုတ္ အမႈနဲ႔ပတ္သက္ၿပီး လုပ္ေဆာင္ေနတဲ့ တရားသူႀကီးေတြနဲ႔လုပ္ငန္းေတြကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္တဲ့စကားမ်ိဳးေတြ ေျပာဆိုျခင္းကေနလည္း တားျမစ္ပိတ္ပင္ခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္ဟာ ယခုလအေစာပိုင္းကတည္းက မက္ဟက္တန္ တရား႐ုံးအျပင္ဘက္မွာ သတင္းေထာက္ေတြကို စကားေျပာဆိုတာမ်ိဳးေတြ ေန႔တိုင္းလုပ္ေဆာင္ခဲ့ပါတယ္။

ေဒၚနယ္ထရမ့္က 'လာမယ့္သမၼတေ႐ြးေကာက္ပြဲအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ ကိုယ္စားလွယ္ေလာင္းတစ္ဦးျဖစ္တဲ့ ကြၽန္ေတာ့္အေပၚကို ဒီလိုအမိန႔္မ်ိဳးခ်မွတ္တာက ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ လုံးဝမကိုက္ညီပါဘူး။ ဒီလိုကိစၥမ်ိဳး အရင္တုန္းက လုံးဝမျဖစ္ဖူးပါဘူး။ တရားသူႀကီးရဲ႕ မိတ္ေဆြေတြနဲ႔ ပါတီအဖြဲ႕ဝင္ေတြကို ကြၽန္ေတာ့္အေၾကာင္းကို သူတို႔စိတ္ႀကိဳက္ေျပာေနေပမယ့္ ကြၽန္ေတာ့္ဘက္ကေတာ့ ျပန္လည္တုံ႔ျပန္ခြင့္ေတာင္ မရွိပါဘူး'လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.