မြိုင်မြို့ရှိ ကိုးဆောင်ဘုန်းကြီးကျောင်းမှ သီလရှင်တစ်ပါးကို PDF အဖွဲ့က ရက်စက်စွာ သတ်ဖြတ်ပြီးနောက် သံဃာတော်နှင့် သီလရှင်အပါအဝင် (၁၆)ဦးကို ဖမ်းဆီးခေါ်ဆောင်

 2737

မြူနစ် (NP News) - ဧပြီ ၁

မကွေးတိုင်း၊ မြိုင်မြို့ရှိ ကိုးဆောင်ဘုန်းကြီးကျောင်းမှ သီလရှင်တစ်ပါးကို PDF အဖွဲ့က ရက်စက်စွာ သတ်ဖြတ်ပြီးနောက် သံဃာတော်အပါအဝင် (၁၆)ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်သည် မတ် ၂၉ ရက်၊ နေ့လည် ၁၂ နာရီခွဲအချိန်တွင် မြိုင်မြို့ရှိ ကိုးဆောင်ဘုန်းကြီးကျောင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

PDF အဖွဲ့သည် ကိုးဆောင်ဘုန်းကြီးကျောင်းအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်လာကာ သီလရှင်ဆရာတော် ဒေါ်စိတ္တနှင့် ဘုန်းကြီးကျောင်းအနီးတွင် နေထိုင်သည့် ဒေါ်ချိုဆိုသော အမျိုးသမီးတို့ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခုဟာက သေနတ်တွေနဲ့ ပစ်ခတ်ပြီးတော့ တိုက်ပွဲဖော်ပြီးတော့ လုပ်သွားတာမဟုတ်ဘဲနဲ့ တိတ်တိတ်လေးဝင်လာပြီးတော့မှ လုပ်သွားတာ။ သီလရှင်ဆရာလေးရဲ့ဘွဲ့က ဒေါ်စိတ္တ အသက်ကတော့ (၅၀)၊ ငယ်ဖြူပေါ့။ ဝါကတော့ (၃၀)ပေါ့။ သတ်တုန်းကတော့ သေနတ်နဲ့ ပစ်သတ်သွားတာလို့ သိရတယ်။ မနေ့က သင်္ဂြိုလ်ဖို့ သွားတဲ့အခါကြတော့ ခန္ဓာကိုယ်အပိုင်းပိုင်းပေါ့၊ လက်တွေ၊ ခြေတောက်တွေ အကုန်လုံး တစ်ပိုင်းစီ ခုတ်ဖြတ်ထားတယ်ကြားတယ်။ မနေ့က(မတ် ၃၁ ရက်) သင်္ဂြိုလ်ရတာ။ စောစောတုန်းကတော့ သွားမကောက်ရဲကြဘူးပေါ့။ စစ်ကြောင်းလာမှ သွားကောက်ရတာပေါ့”ဟု ကိုးဆောင်ဘုန်းကြီးကျောင်းနှင့်နီးစပ်သော သံဃာတော်တစ်ပါးက NP News ကို မိန့်ကြားသည်။

ထို့ပြင် အထက်ပါ PDF အဖွဲ့သည် ကိုးဆောင်ဘုန်းကြီးကျောင်းနှင့်အနီးတစ်ဝိုက်ရှိ လဝကရုံးနှင့် လူနေအိမ် (၅၀)ခန့်ကိုလည်း မီးရှို့ဖျက်ဆီးမှုများပြုလုပ်သွားခဲ့ကြောင်း အထက်ပါသံဃာတော်က ထပ်မံမိန့်ကြားသည်။

“ကျောင်းကိုတော့ မီးမရှို့ခဲ့ဘူး။ သယ်လို့ရတာ သယ်သွားတယ်။ သွားလို့မရရင်တော့ ဖျက်ဆီးပစ်ခဲ့တာရှိတယ်။ ကျောင်းဆောင်ကတော့ အကုန်လုံးအကောင်းမကျန်တော့ဘူးပေါ့။ ကိုးဆောင်ကျောင်းအနီးအနားမှာရှိတဲ့ လဝကရုံးတွေ၊ အိမ်တွေကိုတော့ မီးရှို့သွားတာရှိတယ်။ အဆောက်အအုံပေါင်း (၅၀)နီးပါးလောက် မီးလောင်ပျက်စီးသွားတယ်” ဟု ၎င်းက ဆက်လက်မိန့်ကြားသည်။

ယင်းအပြင် PDF အဖွဲ့သည် ကိုးဆောင်ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော် (၂)ပါး၊ ကိုရင်(၂)ပါး၊ သီလရှင် (၉)ပါးနှင့် ကပ္ပိယ (၃)ဦးတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“ဖမ်းသွားတာက သီလရှင်(၉)ပါး၊ ဘုန်းကြီး(၂)ပါး၊ ကိုရင် (၂)ပါး၊ ကပ္ပိယ(၃)ယောက်ပေါ့။ အဲဒီမှာ သီလရှင် (၅)ပါးကတော့ သူတို့သက်ဆိုင်ရာ ရွာတွေမှာ ပြန်ရောက်တယ်လို့ ကြားတယ်။ ကျန်တဲ့ဟာတွေကတော့ ဘာသတင်းမှ မရသေးဘူး။ အဆက်အသွယ်မရသေးဘူး” ဟု အထက်ပါသံဃာတော်က ထပ်မံမိန့်ကြားသည်။

အဆိုပါကိုးဆောင်ဘုန်းကြီးကျောင်းသည် လုံခြုံရေးဂိတ်နှင့်အနီးတွင် တည်ရှိသော်လည်း လုံခြုံရေးအဖွဲ့ဝင်များ၏ အပြည့်အဝအကာအကွယ်ပေးမှုကို မရရှိခဲ့ကြောင်းလည်း သိရသည်။

“ကိုးဆောင်ကျောင်းဆရာတော်ကို အငြိုးထားနေတာ ကြာပါပြီ။ အာဏာသိမ်းမှု၊ ထိန်းမှုတွေဖြစ်တော့ မြိုင်မှာဆန္ဒတွေ၊ ဘာတွေပြတယ်လေ။ ပြတဲ့အခါမှာ သူတို့ကျောင်းက မလိုက်တာတွေပေါ့ အဲဒီအပေါ်မှာလည်း အငြိုးထားနေမှာပေါ့။ ရွှေဝါရောင်အရေးအခင်းတုန်းကတော့ တက်ကြွတဲ့အထဲမှာ ပါတယ်။ ဒါပေမဲ့ အခုဟာက အမြင်မတူတာပေါ့။ အရင်တုန်းကလည်း လုပ်ကြံခံရတာရှိတယ်။ ကိုးဆောင်ကျောင်းက ခဏခဏ ပစ်ခတ်ခံရတယ်”ဟု ၎င်းက မိန့်ကြားသည်။

လက်ရှိနစကအစိုးရလက်ထက်တွင် အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ရဟန်းသံဃာတော် အပါး (၁၀၀)နီးပါးအထိ ရှိလာသကဲ့သို့ သီလရှင် (၃)ပါးသည်လည်း အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့ပြီးဖြစ်သည်။

zawgyi version
ၿမိဳင္ၿမိဳ႕ရွိ ကိုးေဆာင္ဘုန္းႀကီးေက်ာင္းမွ သီလရွင္တစ္ပါးကို PDF အဖြဲ႕က ရက္စက္စြာ သတ္ျဖတ္ၿပီးေနာက္ သံဃာေတာ္ႏွင့္ သီလရွင္အပါအဝင္ (၁၆)ဦးကို ဖမ္းဆီးေခၚေဆာင္
ျမဴနစ္ (NP News) - ဧၿပီ ၁

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕ရွိ ကိုးေဆာင္ဘုန္းႀကီးေက်ာင္းမွ သီလရွင္တစ္ပါးကို PDF အဖြဲ႕က ရက္စက္စြာ သတ္ျဖတ္ၿပီးေနာက္ သံဃာေတာ္အပါအဝင္ (၁၆)ဦးကို ဖမ္းဆီးေခၚေဆာင္ သြားခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါျဖစ္စဥ္သည္ မတ္ ၂၉ ရက္၊ ေန႔လည္ ၁၂ နာရီခြဲအခ်ိန္တြင္ ၿမိဳင္ၿမိဳ႕ရွိ ကိုးေဆာင္ဘုန္းႀကီးေက်ာင္း၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

PDF အဖြဲ႕သည္ ကိုးေဆာင္ဘုန္းႀကီးေက်ာင္းအတြင္းသို႔ တိတ္တဆိတ္ဝင္ေရာက္လာကာ သီလရွင္ဆရာေတာ္ ေဒၚစိတၱႏွင့္ ဘုန္းႀကီးေက်ာင္းအနီးတြင္ ေနထိုင္သည့္ ေဒၚခ်ိဳဆိုေသာ အမ်ိဳးသမီးတို႔ကို ရက္ရက္စက္စက္ သတ္ျဖတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အခုဟာက ေသနတ္ေတြနဲ႔ ပစ္ခတ္ၿပီးေတာ့ တိုက္ပြဲေဖာ္ၿပီးေတာ့ လုပ္သြားတာမဟုတ္ဘဲနဲ႔ တိတ္တိတ္ေလးဝင္လာၿပီးေတာ့မွ လုပ္သြားတာ။ သီလရွင္ဆရာေလးရဲ႕ဘြဲ႕က ေဒၚစိတၱ အသက္ကေတာ့ (၅၀)၊ ငယ္ျဖဴေပါ့။ ဝါကေတာ့ (၃၀)ေပါ့။ သတ္တုန္းကေတာ့ ေသနတ္နဲ႔ ပစ္သတ္သြားတာလို႔ သိရတယ္။ မေန႔က သၿဂႋဳလ္ဖို႔ သြားတဲ့အခါၾကေတာ့ ခႏၶာကိုယ္အပိုင္းပိုင္းေပါ့၊ လက္ေတြ၊ ေျခေတာက္ေတြ အကုန္လုံး တစ္ပိုင္းစီ ခုတ္ျဖတ္ထားတယ္ၾကားတယ္။ မေန႔က(မတ္ ၃၁ ရက္) သၿဂႋဳလ္ရတာ။ ေစာေစာတုန္းကေတာ့ သြားမေကာက္ရဲၾကဘူးေပါ့။ စစ္ေၾကာင္းလာမွ သြားေကာက္ရတာေပါ့”ဟု ကိုးေဆာင္ဘုန္းႀကီးေက်ာင္းႏွင့္နီးစပ္ေသာ သံဃာေတာ္တစ္ပါးက NP News ကို မိန႔္ၾကားသည္။

ထို႔ျပင္ အထက္ပါ PDF အဖြဲ႕သည္ ကိုးေဆာင္ဘုန္းႀကီးေက်ာင္းႏွင့္အနီးတစ္ဝိုက္ရွိ လဝက႐ုံးႏွင့္ လူေနအိမ္ (၅၀)ခန႔္ကိုလည္း မီးရႈိ႕ဖ်က္ဆီးမႈမ်ားျပဳလုပ္သြားခဲ့ေၾကာင္း အထက္ပါသံဃာေတာ္က ထပ္မံမိန႔္ၾကားသည္။

“ေက်ာင္းကိုေတာ့ မီးမရႈိ႕ခဲ့ဘူး။ သယ္လို႔ရတာ သယ္သြားတယ္။ သြားလို႔မရရင္ေတာ့ ဖ်က္ဆီးပစ္ခဲ့တာရွိတယ္။ ေက်ာင္းေဆာင္ကေတာ့ အကုန္လုံးအေကာင္းမက်န္ေတာ့ဘူးေပါ့။ ကိုးေဆာင္ေက်ာင္းအနီးအနားမွာရွိတဲ့ လဝက႐ုံးေတြ၊ အိမ္ေတြကိုေတာ့ မီးရႈိ႕သြားတာရွိတယ္။ အေဆာက္အအုံေပါင္း (၅၀)နီးပါးေလာက္ မီးေလာင္ပ်က္စီးသြားတယ္” ဟု ၎က ဆက္လက္မိန႔္ၾကားသည္။

ယင္းအျပင္ PDF အဖြဲ႕သည္ ကိုးေဆာင္ဘုန္းႀကီးေက်ာင္းအတြင္းရွိ သံဃာေတာ္ (၂)ပါး၊ ကိုရင္(၂)ပါး၊ သီလရွင္ (၉)ပါးႏွင့္ ကပၸိယ (၃)ဦးတို႔ကိုလည္း ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

“ဖမ္းသြားတာက သီလရွင္(၉)ပါး၊ ဘုန္းႀကီး(၂)ပါး၊ ကိုရင္ (၂)ပါး၊ ကပၸိယ(၃)ေယာက္ေပါ့။ အဲဒီမွာ သီလရွင္ (၅)ပါးကေတာ့ သူတို႔သက္ဆိုင္ရာ ႐ြာေတြမွာ ျပန္ေရာက္တယ္လို႔ ၾကားတယ္။ က်န္တဲ့ဟာေတြကေတာ့ ဘာသတင္းမွ မရေသးဘူး။ အဆက္အသြယ္မရေသးဘူး” ဟု အထက္ပါသံဃာေတာ္က ထပ္မံမိန႔္ၾကားသည္။

အဆိုပါကိုးေဆာင္ဘုန္းႀကီးေက်ာင္းသည္ လုံၿခဳံေရးဂိတ္ႏွင့္အနီးတြင္ တည္ရွိေသာ္လည္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ား၏ အျပည့္အဝအကာအကြယ္ေပးမႈကို မရရွိခဲ့ေၾကာင္းလည္း သိရသည္။

“ကိုးေဆာင္ေက်ာင္းဆရာေတာ္ကို အၿငိဳးထားေနတာ ၾကာပါၿပီ။ အာဏာသိမ္းမႈ၊ ထိန္းမႈေတြျဖစ္ေတာ့ ၿမိဳင္မွာဆႏၵေတြ၊ ဘာေတြျပတယ္ေလ။ ျပတဲ့အခါမွာ သူတို႔ေက်ာင္းက မလိုက္တာေတြေပါ့ အဲဒီအေပၚမွာလည္း အၿငိဳးထားေနမွာေပါ့။ ေ႐ႊဝါေရာင္အေရးအခင္းတုန္းကေတာ့ တက္ႂကြတဲ့အထဲမွာ ပါတယ္။ ဒါေပမဲ့ အခုဟာက အျမင္မတူတာေပါ့။ အရင္တုန္းကလည္း လုပ္ႀကံခံရတာရွိတယ္။ ကိုးေဆာင္ေက်ာင္းက ခဏခဏ ပစ္ခတ္ခံရတယ္”ဟု ၎က မိန႔္ၾကားသည္။

လက္ရွိနစကအစိုးရလက္ထက္တြင္ အၾကမ္းဖက္သမားမ်ား၏ သတ္ျဖတ္မႈေၾကာင့္ ပ်ံလြန္ေတာ္မူခဲ့ရသည့္ ရဟန္းသံဃာေတာ္ အပါး (၁၀၀)နီးပါးအထိ ရွိလာသကဲ့သို႔ သီလရွင္ (၃)ပါးသည္လည္း အၾကမ္းဖက္သတ္ျဖတ္ခံရမႈေၾကာင့္ ပ်ံလြန္ေတာ္မူခဲ့ၿပီးျဖစ္သည္။

Picture

L Mone

01/04/2024 23:49

မြိုင်ကျ လွှတ်ထားကြတာလားပဲနော်...မြိုင်ကနည်းနည်း...စာမတတ်ကြဘူး...ကွန်မြူနစ်စိတ်များတယ်ထင်တာပဲ

Related news

© 2021. All rights reserved.