တိဗက်အား သိမ်းသွင်းခြင်း နှစ်ပတ်လည်အခမ်းအနားကို နယ်စပ်ကျေးရွာများတွင် တရုတ် ကျင်းပ (ဘာသာပြန် ဆောင်းပါး)
563
Htay Oung (NP News) - ဧပြီ ၂
တရုတ်က အိန္ဒိယ-ဘူတန် နဲ့ ထိစပ်နေတဲ့ သူ့ရဲ့နယ်ခြားတစ်လျှောက် ရေမီးအပြည့်အစုံရရှိနိုင်တဲ့ ကျေးရွာများကို ဆောက်လုပ်ရန် ကြိုးပမ်းနေပါတယ်။ ပေကျင်းရဲ့လုပ်ရပ်အတွက် သက်ဆိုင်ရာ နှစ်နိုင်ငံစလုံးက စိုးရိမ်စိတ်များ မြင့်တက်နေရပါတယ်။ ဒီအတောအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက တိဗက်အား သိမ်းယူခြင်း အထိမ်းအမှတ် အခမ်းအနားကို အဲဒီနယ်ခြားရွာသစ်များမှာ ကျင်းပခဲ့ကြောင်း၊ နယ်ခြားစောင့်တပ်များနဲ့ ဒေသခံပြည်သူလူထုတို့ က ပူးပေါင်းပါဝင်ကြကြောင်း ပေကျင်းတရားဝင် မီဒီယာများက ဖော်ပြနေကြတယ်လို့ မွမ်ဘိုင်းအခြေစိုက် “ဖတ်စ်ပို့” သတင်းအဖွဲ့က ( မတ်-၃၀၊ ၂၀၂၄) ဖော်ပြပါတယ်။
အရှေ့အာရှကုန်းမြင့်အလယ်ပိုင်းမှာ တည်ရှိတဲ့ တိဗက်ဟာ ၇ ရာစုနှစ်မှာ စတင်ပေါ်ပေါက်လာပြီး ဒေသတွင်း တိဗက်-ဗမာအုပ်စု ဒေသိယ ဘာသာစကားပြော မျိုးနွယ်စု ၆ ခုခန့် အတူယှဉ်တွဲနေထိုင်ရာ တိုင်းပြည်ဖြစ်ခဲ့ပါ တယ်။ မျက်မှောက်ခေတ် အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ မြန်မာ၊ တရုတ်နဲ့ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်နိုင်ငံတို့ရဲ့အစိတ်အပိုင်းများဟာတစ်ချိန်က အဲဒီအင်ပါယာအတွင်း ပါဝင်ခဲ့ဖူးပါတယ်။ ၂၀-ရာစု တိဗက်ဒေသကို ဟန်နဲ့ ဟွေ တရုတ်မျိုးနွယ်များ ဝင်ရောက်လာခဲ့ပြီး သူတို့အခြေချရာ နယ်မြေများကို ပေကျင်းရဲ့အုပ်ချုပ်မှုအောက် ထည့်သွင်းလိုက်ကြပါတယ်။
နောက်ပိုင်း ပိုးလမ်းမကြီးဖြတ်သန်းရာ တိဗက်အဓိကနယ်မြေဟာ ပေ ၁၄၀၀၀ ကျော်မြင့်မားတဲ့ တောင်တန်း ကုန်းမြင့်တလျှောက် တည်ရှိတဲ့အတွက် ကမ္ဘာ့အမြင့်ဆုံး တိုင်းပြည်အဖြစ်လည်း ထင်ရှားခဲ့ပါတယ်။
၁၉၁၂-ခုနှစ် တရုတ်ပြည်ရဲ့နောက်ဆုံးဧကရာဇ် ချင်မင်းဆက်ကို ဆန့်ကျင်ပုန်ကန်တဲ့ “ရှင်းဟိုင်တော်လှန်ရေး” ကာလ တိဗက်နယ်မြေ အူရှန်းမှာ တရုတ်ဘုရင်စစ်သားများကို လက်နက်ဖြုတ်သိမ်းပြီး လွတ်လပ်ရေး ကြေညာခဲ့ပါ တယ်။ လာဆာမြို့ကို ထိန်းချုပ်သူများဟာ တိဗက်အနောက်ပိုင်းကိုလည်း ဆက်လက်သိမ်းယူပြီး ၎င်းတို့ဖာသာ ဆက်လက်အုပ်ချုပ်ခဲ့ကြပါတယ်။
၁၉၅၁ ခုနှစ်မှာ ပေကျင်းက လာဆာကို တိုက်ခိုက်သိမ်းယူပြီးနောက် ၁၇ ချက်ပါ သဘောတူညီချက်အရ တိဗက်တို့ အုပ်ချုပ်တဲ့ တရုတ်နယ်မြေအဖြစ် သွတ်သွင်းလိုက်ပါတယ်။ ၁၉၅၉ ခုနှစ် တိဗက်အုံကြွမှုကို တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်က အင်အားသုံးဖြိုခွင်းပြီးနောက် လာဆာကြီးအကဲ ၁၄ ဆက်မြောက် ဒလိုင်းလားမား လည်း အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားရပါတယ်။
မကြာသေးမီနှစ်များအတွင်း ပေကျင်းဟာ တိဗက်ဒေသတစ်ခုလုံးကို သိမ်းကြုံးရည်ညွှန်းတဲ့ အမည်ပေးပုံစနစ်ကို ပြဌာန်းလိုက်ပြီး တရုတ်ဘာသာဖြင့် “ရှီဇန်” လို့ သုံးနှုန်းလာခဲ့ပါတယ်။ ဒလိုင်းလားမား အုပ်ချုပ်ရေးအဆုံးသတ် တဲ့ မတ်လ ၂၈ ရက်ကို ဟိမဝန္တာဒေသ တိဗက်မှာ “ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးနေ့” အဖြစ် ပေကျင်းက အခမ်းအနားပွဲများ ကျင်းပလေ့ရှိပါတယ်။
ဒီအကြောင်း တရုတ်အစိုးရပိုင် “ဆင်ဟွာသတင်းဌာန” က တခန်းတနား ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသ ပတေးနေ့ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီဇန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မြေရှင်ပဒေသရာဇ် ကျေး ပိုင်ကျွန်ပိုင်စနစ်တွေ ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ၆၅ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်း၊ ကြီးကျယ်ခမ်းနားတဲ့အခမ်းအနားတွေနဲ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒေသအနှံ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ်လို့ ရေးသားပါတယ်။
အလားတူသတင်းကို တရုတ်အစိုးရအာဘော် “ဂလိုဘယ်_တိုင်းမ်း” သတင်းစာက ဖော်ပြရာမှာ အထိမ်းအမှတ်နေ့ အခန်းအနားကို အိန္ဒိယနဲ့ ဘူတန်နယ်နိမိတ်တစ်လျှောက် တည်ဆောက်ထားတဲ့ နယ်စပ်ကျေးရွာသစ်များမှာ ကျင်းပခြင်းဖြစ်ကြောင်း အလေးပေး ရေးသားထားပါတယ်။
ပြီးခဲ့တဲ့လ ဟောင်ကောင်အခြေစိုက် “ဆောက်သ်ချိုင်းနား_မောနင်း_ပို့စ်” သတင်းဌာန အဆိုအရ ဘူတန်နဲ့ အငြင်းပွားနယ်စပ်မှာ ဒေသခံများနဲ့ စစ်သည်များ ထားရှိရန်အတွက် အဆောက်အဦအသစ်များ ပါဝင်တဲ့ ရွာ ၃ ရွာကို တည်ဆောက်ခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါကျေးရွာတွေဟာ ပြည်သူတို့ရဲ့လူနေမှုဘဝ ပိုမိုကောင်းမွန်စေရန် တရုတ်အစိုးရဦးဆောင်တဲ့ ဆင်းရဲ နွမ်းပါး မှုလျှော့ချရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ဒါတင်မက အမျိုးသားလုံခြုံရေးကို ခိုင်မာအား ကောင်းစေရန်အတွက် “ခံတပ်မြို့” များအဖြစ်လည်း နှစ်မျိုးအသုံးဝင်တယ်လို့ ဆိုပါတယ်။
ယခုအချိန်ထိ တရုတ်နိုင်ငံဟာ နယ်စပ်ဒေသမှာ ကျေးရွာပေါင်း ၆၂၄ ရွာခန့် တည်ဆောက်ထားပြီးဖြစ်ကြောင်း ဂလိုဘယ်တိုင်းမ်က ဖော်ပြထားပါတယ်။ ယနေ့ ရှီဇန်နယ်မြေရဲ့ နယ်စပ်ဒေသများမှာ စဉ်ဆက်မပြတ်၊ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပုံကို တွေ့မြင်နေရပြီဖြစ်ငြောာင်း၊ အာဏာရတရုတ်ကွန်မြူနစ်ပါတီ လက်ထောက်အတွင်း ရေးမှူး၊ ရှီဇန်ပြည်သူ့အစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာကော်မတီတို့ ဦးဆောင်မှုအစီအစဉ်ဖြင့် အင်တာနက် ဘရော့ဘန်းနဲ့ 4G ဆက်သွယ်မှုကို ၁၀၀ ရာနှုန်းပြည့် ဆက်လက်အသုံးပြုနေကြပြီဖြစ်ကြောင်း၊ တရုတ်ပြည်သူ့တပ်မတော်သားများ စခန်းချရာမှာ အရပ်ဘက်အခြေချနေထိုင်မှုနဲ့ ဟန်ချက်ညီညီဖြစ်စေခဲ့ ကြောင်း၊ နယ်ခြားဒေသ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍနှစ်မျိုးစလုံးကို အလေးပေး ဆောင်ရွက် ခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။
တရုတ်ဟာ မြောက်ဘက် အိမ်နီးချင်း ရုရှားနဲ့လည်း နယ်စပ်အငြင်းပွားရာမှ အတိအလင်း စစ်ခင်းခဲ့ဖူးပါတယ်။ ၁၉၂၉ ခုနှစ်မှာ နယ်စပ် မီးရထားလမ်းအရေးအခင်းကြောင့် နှစ်နိုင်ငံအကြား တရားဝင်တိုက်ပွဲများ ဖြစ်ပွားခဲ့ပါ တယ်။ အဲဒီနောက်ပိုင်း စစ်အေးကာလ ဂယက်ရိုက်ခတ်မှုများ၊ တရုတ်ခေါင်းဆောင် မော်စီတုံးနဲ့ ကရူးရှော့ဗ်မှ ဘရက်ဇညက်အထိ ဆိုဗီယက်ကွန်မြူနစ် ခေါင်းဆောင်များအကြား လက်ဝဲအယူအဆအပေါ် အမြင်မတူညီမှုဟာ အိမ်နီးချင်းနှစ်နိုင်ငံတို့အတွက် ဆက်ဆံရေး အေးစက်စရာ ဖြစ်ခဲ့ရပါတယ်။
၁၉၆၄-ခုနှစ် တရုတ်-ဆိုဗီယက် နယ်နိမိတ်မျဉ်းကို ပြန်လည်သုံးသပ်တဲ့အခါ ချင်မင်းဆက်အပေါ် ရုရှားအင်ပါ ယာက တစ်ဖက်သပ်အခွင့်အရေးယူခဲ့တယ်လို့ တရုတ်က သုံးသပ်ပါတယ်။ နှစ်နိုင်ငံအကြား တင်းမာမှုများ ဟာ စေ့စပ်ဆွေးနွေးမှုများအရ ပျက်ပြယ်သွားခဲ့ပေမယ့် နယ်စပ်တလျှောက်မှာ နှစ်ဖက်စလုံးက စစ်အင်အား တိုးမြှင့် လာခဲ့ပါတယ်။
၁၉၆၉ ခုနှစ် ထိုစဉ်က ချက်ကိုဆလိုဗက်ကီးယားနိုင်ငံကို ရုရှားတို့ ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း အိမ်နီးချင်း ကွန်မြူနစ်အင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ပိုမိုဆိုးရွာလာခဲ့ပြီး မန်ချူးရီးယားပြည်နယ် အူဆူရီ (ဝူဆူလီ) မြစ်တွင်းရှိ “ကျန်ဘို_နယ်ခြားကျွန်း” အရေးအခင်းမှာ တရားဝင်စစ်ကြေညာပြီး နှစ်ဖက် တိုက်ခိုက်ကြတဲ့ အထိ အရှိန်မြင့်တက်သွားခဲ့ပါတယ်။
စစ်ပွဲပြီးဆုံးသွားပြီး နယ်စပ်ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပေမယ့် နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ဆက်လက်တင်းမာနေခဲ့ပါတယ်။ ဆိုဗီယက်ရဲ့ ခြိမ်းခြောက်မှုကို ၁၉၇၁-ခုနှစ် အမေရိကန်နဲ့ ပူးပေါင်းခြင်းဖြင့် တရုတ်က တုန့်ပြန်ခြင်းဟာ ရုရှားတို့အတွက် အိမ်နီးချင်းနိုင်ငံအပေါ် စိတ်မသက်မသာ ဖြစ်ရပါတယ်။ ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲချိန်အထိ နှစ်နိုင်ငံအကြား လေးနက်တဲ့ဆွေးနွေးပွဲများ မရှိခဲ့ပါဘူး၊ ၂၀၀၃-ခုနှစ်နဲ့ ၂ဝဝ၈ ခုနှစ် စာချုပ်များ ချုပ်ဆိုပြီးမှသာ တရုတ်-ရုရှားအကြား နယ်နိမိတ်ပြဿနာ ပြီးဆုံးသွားပါတယ်။
၁၉၆၉ ခုနှစ် ၇ လခန့်ကြာ နယ်စပ်စစ်ပွဲဖြစ်ပွားစဉ် နိုင်ငံတကာနဲ့ နှစ်နိုင်ငံ သဘောတူညီချက်အရ နယ်စပ်ဒေသမှ တပ်အသီးသီးကို နှစ်ဖက်စလုံးက ရုတ်သိမ်းပေးခဲ့ကြပါတယ်။
စစ်တပ်များ ရုတ်သိမ်းသွားတဲ့ ဆိုဗီယက်ဘက် နယ်ခြားဒေသမှာ လူသူ မရှိတဲ့ ရေခဲပြင်ကြီးသာ ကျန်ရစ်ခဲ့ပါတယ်။ တရုတ်တို့ဘက်မှာတော့ ကျေးရွာများ ကျန်ရှိနေပါတယ်။ ပြောက်ကျားစစ်ပါရဂူဥက္ကဋ္ဌကြီးမော်ရဲ့ နယ်စပ်ဒေသ စီမံကိန်းအရ အဲဒီကျေးရွာနေသူများဟာ ပြည်သူ့စစ်များ ဖြစ်ကြပြီး စစ်တပ်မရှိတဲ့အခါ နယ်ခြားဒေသ ပုံမှန် လှည့်လည်စောင့်ကြည့်ခြင်း အပါအဝင် အရေးပေါ် အချက်ပေးပြီး လက်နက် တပ်ဆင်ပေးလိုပ်တဲ့ အခါ အချိန်မရွေး တိုက်ပွဲဝင်နိုင်ရန် လေ့ကျင့်ပေးထားသူများသာဖြစ်ပါတယ်။
တရုတ်နိုင်ငံက အိန္ဒိယနဲ့ အငြင်းပွားနယ်စပ်တစ်လျှောက် အလားတူ ကျေးရွာများပို တည်ဆောက်ထားကြောင်း အိန္ဒိယဒစ်ဂျစ်တယ်သတင်းစာ Rediff.com က ဖော်ပြခဲ့တာ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၂၁ ရက်ကတည်းက ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်အနောက်ပိုင်းနဲ့ ထိစပ်နေတဲ့ အိန္ဒိယ အာရူနာချယ်ပရာ ဒက်ရှ်ပြည်နယ် (တရုတ်အခေါ် တောင်တိဗက်) နယ်စပ်တစ်လျှောက်မှာဖြစ်ကြောင်း ဓါတ်ပုံနဲ့တကွ ရေးသား ခဲ့ဖူးပါတယ်။
#တရုတ်_အိန္ဒိယ_ဘူတန်နယ်စပ်အငြင်းပွားမှု #မော်စီတုန်း #ကရူးရှော့ဗ် #ဘရက်ဇညက် #လာဆာ
#ရှင်းဟိုင်တော်လှန်ရေး #ဒလိုင်လားမား အာရူနာချယ်ပရာဒက်ရှ်
(First Post., 30 March 2024,” China celebrates takeover of Tibet with events in new border villages along India and Bhutan” နှင့် အခြားဆက်စပ်သတင်းများကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Zawgyi Version;
တိဗက္အား သိမ္းသြင္းျခင္း ႏွစ္ပတ္လည္အခမ္းအနားကို နယ္စပ္ေက်း႐ြာမ်ားတြင္ တ႐ုတ္ က်င္းပ (ဘာသာျပန္ ေဆာင္းပါး)
Htay Oung (NP News) - ဧၿပီ ၂
တ႐ုတ္က အိႏၵိယ-ဘူတန္ နဲ႔ ထိစပ္ေနတဲ့ သူ႔ရဲ႕နယ္ျခားတစ္ေလွ်ာက္ ေရမီးအျပည့္အစုံရရွိႏိုင္တဲ့ ေက်း႐ြာမ်ားကို ေဆာက္လုပ္ရန္ ႀကိဳးပမ္းေနပါတယ္။ ေပက်င္းရဲ႕လုပ္ရပ္အတြက္ သက္ဆိုင္ရာ ႏွစ္ႏိုင္ငံစလုံးက စိုးရိမ္စိတ္မ်ား ျမင့္တက္ေနရပါတယ္။ ဒီအေတာအတြင္း တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံက တိဗက္အား သိမ္းယူျခင္း အထိမ္းအမွတ္ အခမ္းအနားကို အဲဒီနယ္ျခား႐ြာသစ္မ်ားမွာ က်င္းပခဲ့ေၾကာင္း၊ နယ္ျခားေစာင့္တပ္မ်ားနဲ႔ ေဒသခံျပည္သူလူထုတို႔ က ပူးေပါင္းပါဝင္ၾကေၾကာင္း ေပက်င္းတရားဝင္ မီဒီယာမ်ားက ေဖာ္ျပေနၾကတယ္လို႔ မြမ္ဘိုင္းအေျခစိုက္ “ဖတ္စ္ပို႔” သတင္းအဖြဲ႕က ( မတ္-၃၀၊ ၂၀၂၄) ေဖာ္ျပပါတယ္။
အေရွ႕အာရွကုန္းျမင့္အလယ္ပိုင္းမွာ တည္ရွိတဲ့ တိဗက္ဟာ ၇ ရာစုႏွစ္မွာ စတင္ေပၚေပါက္လာၿပီး ေဒသတြင္း တိဗက္-ဗမာအုပ္စု ေဒသိယ ဘာသာစကားေျပာ မ်ိဳးႏြယ္စု ၆ ခုခန႔္ အတူယွဥ္တြဲေနထိုင္ရာ တိုင္းျပည္ျဖစ္ခဲ့ပါ တယ္။ မ်က္ေမွာက္ေခတ္ အာဖဂန္နစၥတန္၊ ပါကစၥတန္၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ ဘူတန္၊ နီေပါ၊ ျမန္မာ၊ တ႐ုတ္နဲ႔ ကာဇက္စတန္၊ ကာဂ်စ္စတန္၊ တာဂ်စ္ကစၥတန္ႏိုင္ငံတို႔ရဲ႕အစိတ္အပိုင္းမ်ားဟာတစ္ခ်ိန္က အဲဒီအင္ပါယာအတြင္း ပါဝင္ခဲ့ဖူးပါတယ္။ ၂၀-ရာစု တိဗက္ေဒသကို ဟန္နဲ႔ ေဟြ တ႐ုတ္မ်ိဳးႏြယ္မ်ား ဝင္ေရာက္လာခဲ့ၿပီး သူတို႔အေျခခ်ရာ နယ္ေျမမ်ားကို ေပက်င္းရဲ႕အုပ္ခ်ဳပ္မႈေအာက္ ထည့္သြင္းလိုက္ၾကပါတယ္။
ေနာက္ပိုင္း ပိုးလမ္းမႀကီးျဖတ္သန္းရာ တိဗက္အဓိကနယ္ေျမဟာ ေပ ၁၄၀၀၀ ေက်ာ္ျမင့္မားတဲ့ ေတာင္တန္း ကုန္းျမင့္တေလွ်ာက္ တည္ရွိတဲ့အတြက္ ကမာၻ႔အျမင့္ဆုံး တိုင္းျပည္အျဖစ္လည္း ထင္ရွားခဲ့ပါတယ္။
၁၉၁၂-ခုႏွစ္ တ႐ုတ္ျပည္ရဲ႕ေနာက္ဆုံးဧကရာဇ္ ခ်င္မင္းဆက္ကို ဆန႔္က်င္ပုန္ကန္တဲ့ “ရွင္းဟိုင္ေတာ္လွန္ေရး” ကာလ တိဗက္နယ္ေျမ အူရွန္းမွာ တ႐ုတ္ဘုရင္စစ္သားမ်ားကို လက္နက္ျဖဳတ္သိမ္းၿပီး လြတ္လပ္ေရး ေၾကညာခဲ့ပါ တယ္။ လာဆာၿမိဳ႕ကို ထိန္းခ်ဳပ္သူမ်ားဟာ တိဗက္အေနာက္ပိုင္းကိုလည္း ဆက္လက္သိမ္းယူၿပီး ၎တို႔ဖာသာ ဆက္လက္အုပ္ခ်ဳပ္ခဲ့ၾကပါတယ္။
၁၉၅၁ ခုႏွစ္မွာ ေပက်င္းက လာဆာကို တိုက္ခိုက္သိမ္းယူၿပီးေနာက္ ၁၇ ခ်က္ပါ သေဘာတူညီခ်က္အရ တိဗက္တို႔ အုပ္ခ်ဳပ္တဲ့ တ႐ုတ္နယ္ေျမအျဖစ္ သြတ္သြင္းလိုက္ပါတယ္။ ၁၉၅၉ ခုႏွစ္ တိဗက္အုံႂကြမႈကို တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္က အင္အားသုံးၿဖိဳခြင္းၿပီးေနာက္ လာဆာႀကီးအကဲ ၁၄ ဆက္ေျမာက္ ဒလိုင္းလားမား လည္း အိႏၵိယႏိုင္ငံကို ထြက္ေျပးသြားရပါတယ္။
မၾကာေသးမီႏွစ္မ်ားအတြင္း ေပက်င္းဟာ တိဗက္ေဒသတစ္ခုလုံးကို သိမ္းႀကဳံးရည္ၫႊန္းတဲ့ အမည္ေပးပုံစနစ္ကို ျပဌာန္းလိုက္ၿပီး တ႐ုတ္ဘာသာျဖင့္ “ရွီဇန္” လို႔ သုံးႏႈန္းလာခဲ့ပါတယ္။ ဒလိုင္းလားမား အုပ္ခ်ဳပ္ေရးအဆုံးသတ္ တဲ့ မတ္လ ၂၈ ရက္ကို ဟိမဝႏၲာေဒသ တိဗက္မွာ “ဒီမိုကရက္တစ္ ျပဳျပင္ေျပာင္းလဲေရးေန႔” အျဖစ္ ေပက်င္းက အခမ္းအနားပြဲမ်ား က်င္းပေလ့ရွိပါတယ္။
ဒီအေၾကာင္း တ႐ုတ္အစိုးရပိုင္ “ဆင္ဟြာသတင္းဌာန” က တခန္းတနား ေဖာ္ျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၾကာသ ပေတးေန႔ဟာ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ရွီဇန္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ ေျမရွင္ပေဒသရာဇ္ ေက်း ပိုင္ကြၽန္ပိုင္စနစ္ေတြ ခ်ဳပ္ၿငိမ္းၿပီး ဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈ ၆၅ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ျဖစ္ေၾကာင္း၊ ႀကီးက်ယ္ခမ္းနားတဲ့အခမ္းအနားေတြနဲ႔ အထိမ္းအမွတ္ လႈပ္ရွားမႈေတြကို ေဒသအႏွံ႔ စည္ကားသိုက္ၿမိဳက္စြာ က်င္းပခဲ့တယ္လို႔ ေရးသားပါတယ္။
အလားတူသတင္းကို တ႐ုတ္အစိုးရအာေဘာ္ “ဂလိုဘယ္_တိုင္းမ္း” သတင္းစာက ေဖာ္ျပရာမွာ အထိမ္းအမွတ္ေန႔ အခန္းအနားကို အိႏၵိယနဲ႔ ဘူတန္နယ္နိမိတ္တစ္ေလွ်ာက္ တည္ေဆာက္ထားတဲ့ နယ္စပ္ေက်း႐ြာသစ္မ်ားမွာ က်င္းပျခင္းျဖစ္ေၾကာင္း အေလးေပး ေရးသားထားပါတယ္။
ၿပီးခဲ့တဲ့လ ေဟာင္ေကာင္အေျခစိုက္ “ေဆာက္သ္ခ်ိဳင္းနား_ေမာနင္း_ပို႔စ္” သတင္းဌာန အဆိုအရ ဘူတန္နဲ႔ အျငင္းပြားနယ္စပ္မွာ ေဒသခံမ်ားနဲ႔ စစ္သည္မ်ား ထားရွိရန္အတြက္ အေဆာက္အဦအသစ္မ်ား ပါဝင္တဲ့ ႐ြာ ၃ ႐ြာကို တည္ေဆာက္ခဲ့ေၾကာင္း သိရွိရပါတယ္။
အဆိုပါေက်း႐ြာေတြဟာ ျပည္သူတို႔ရဲ႕လူေနမႈဘဝ ပိုမိုေကာင္းမြန္ေစရန္ တ႐ုတ္အစိုးရဦးေဆာင္တဲ့ ဆင္းရဲ ႏြမ္းပါး မႈေလွ်ာ့ခ်ေရးအစီအစဥ္ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း၊ ဒါတင္မက အမ်ိဳးသားလုံၿခဳံေရးကို ခိုင္မာအား ေကာင္းေစရန္အတြက္ “ခံတပ္ၿမိဳ႕” မ်ားအျဖစ္လည္း ႏွစ္မ်ိဳးအသုံးဝင္တယ္လို႔ ဆိုပါတယ္။
ယခုအခ်ိန္ထိ တ႐ုတ္ႏိုင္ငံဟာ နယ္စပ္ေဒသမွာ ေက်း႐ြာေပါင္း ၆၂၄ ႐ြာခန႔္ တည္ေဆာက္ထားၿပီးျဖစ္ေၾကာင္း ဂလိုဘယ္တိုင္းမ္က ေဖာ္ျပထားပါတယ္။ ယေန႔ ရွီဇန္နယ္ေျမရဲ႕ နယ္စပ္ေဒသမ်ားမွာ စဥ္ဆက္မျပတ္၊ လ်င္ျမန္စြာ ဖြံ႕ၿဖိဳးတိုးတက္လ်က္ရွိပုံကို ေတြ႕ျမင္ေနရၿပီျဖစ္ေျငာာင္း၊ အာဏာရတ႐ုတ္ကြန္ျမဴနစ္ပါတီ လက္ေထာက္အတြင္း ေရးမႉး၊ ရွီဇန္ျပည္သူ႔အစိုးရ၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဆိုင္ရာေကာ္မတီတို႔ ဦးေဆာင္မႈအစီအစဥ္ျဖင့္ အင္တာနက္ ဘေရာ့ဘန္းနဲ႔ 4G ဆက္သြယ္မႈကို ၁၀၀ ရာႏႈန္းျပည့္ ဆက္လက္အသုံးျပဳေနၾကၿပီျဖစ္ေၾကာင္း၊ တ႐ုတ္ျပည္သူ႔တပ္မေတာ္သားမ်ား စခန္းခ်ရာမွာ အရပ္ဘက္အေျခခ်ေနထိုင္မႈနဲ႔ ဟန္ခ်က္ညီညီျဖစ္ေစခဲ့ ေၾကာင္း၊ နယ္ျခားေဒသ စည္းလုံးညီၫြတ္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး က႑ႏွစ္မ်ိဳးစလုံးကို အေလးေပး ေဆာင္႐ြက္ ခဲ့ေၾကာင္း သတင္းမွာ ေဖာ္ျပပါတယ္။
တ႐ုတ္ဟာ ေျမာက္ဘက္ အိမ္နီးခ်င္း ႐ုရွားနဲ႔လည္း နယ္စပ္အျငင္းပြားရာမွ အတိအလင္း စစ္ခင္းခဲ့ဖူးပါတယ္။ ၁၉၂၉ ခုႏွစ္မွာ နယ္စပ္ မီးရထားလမ္းအေရးအခင္းေၾကာင့္ ႏွစ္ႏိုင္ငံအၾကား တရားဝင္တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ပါ တယ္။ အဲဒီေနာက္ပိုင္း စစ္ေအးကာလ ဂယက္႐ိုက္ခတ္မႈမ်ား၊ တ႐ုတ္ေခါင္းေဆာင္ ေမာ္စီတုံးနဲ႔ က႐ူးေရွာ့ဗ္မွ ဘရက္ဇညက္အထိ ဆိုဗီယက္ကြန္ျမဴနစ္ ေခါင္းေဆာင္မ်ားအၾကား လက္ဝဲအယူအဆအေပၚ အျမင္မတူညီမႈဟာ အိမ္နီးခ်င္းႏွစ္ႏိုင္ငံတို႔အတြက္ ဆက္ဆံေရး ေအးစက္စရာ ျဖစ္ခဲ့ရပါတယ္။
၁၉၆၄-ခုႏွစ္ တ႐ုတ္-ဆိုဗီယက္ နယ္နိမိတ္မ်ဥ္းကို ျပန္လည္သုံးသပ္တဲ့အခါ ခ်င္မင္းဆက္အေပၚ ႐ုရွားအင္ပါ ယာက တစ္ဖက္သပ္အခြင့္အေရးယူခဲ့တယ္လို႔ တ႐ုတ္က သုံးသပ္ပါတယ္။ ႏွစ္ႏိုင္ငံအၾကား တင္းမာမႈမ်ား ဟာ ေစ့စပ္ေဆြးေႏြးမႈမ်ားအရ ပ်က္ျပယ္သြားခဲ့ေပမယ့္ နယ္စပ္တေလွ်ာက္မွာ ႏွစ္ဖက္စလုံးက စစ္အင္အား တိုးျမႇင့္ လာခဲ့ပါတယ္။
၁၉၆၉ ခုႏွစ္ ထိုစဥ္က ခ်က္ကိုဆလိုဗက္ကီးယားႏိုင္ငံကို ႐ုရွားတို႔ က်ဴးေက်ာ္ဝင္ေရာက္ၿပီးေနာက္ပိုင္း အိမ္နီးခ်င္း ကြန္ျမဴနစ္အင္အားႀကီးႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရးဟာ ပိုမိုဆိုး႐ြာလာခဲ့ၿပီး မန္ခ်ဴးရီးယားျပည္နယ္ အူဆူရီ (ဝူဆူလီ) ျမစ္တြင္းရွိ “က်န္ဘို_နယ္ျခားကြၽန္း” အေရးအခင္းမွာ တရားဝင္စစ္ေၾကညာၿပီး ႏွစ္ဖက္ တိုက္ခိုက္ၾကတဲ့ အထိ အရွိန္ျမင့္တက္သြားခဲ့ပါတယ္။
စစ္ပြဲၿပီးဆုံးသြားၿပီး နယ္စပ္ျပန္လည္ဖြင့္လွစ္ေရး ညႇိႏႈိင္းမႈမ်ား ျပဳလုပ္ခဲ့ေပမယ့္ ႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရးဟာ ဆက္လက္တင္းမာေနခဲ့ပါတယ္။ ဆိုဗီယက္ရဲ႕ ၿခိမ္းေျခာက္မႈကို ၁၉၇၁-ခုႏွစ္ အေမရိကန္နဲ႔ ပူးေပါင္းျခင္းျဖင့္ တ႐ုတ္က တုန႔္ျပန္ျခင္းဟာ ႐ုရွားတို႔အတြက္ အိမ္နီးခ်င္းႏိုင္ငံအေပၚ စိတ္မသက္မသာ ျဖစ္ရပါတယ္။ ၁၉၉၁ ခုႏွစ္ ဆိုဗီယက္ယူနီယံ ၿပိဳကြဲခ်ိန္အထိ ႏွစ္ႏိုင္ငံအၾကား ေလးနက္တဲ့ေဆြးေႏြးပြဲမ်ား မရွိခဲ့ပါဘူး၊ ၂၀၀၃-ခုႏွစ္နဲ႔ ၂ဝဝ၈ ခုႏွစ္ စာခ်ဳပ္မ်ား ခ်ဳပ္ဆိုၿပီးမွသာ တ႐ုတ္-႐ုရွားအၾကား နယ္နိမိတ္ျပႆနာ ၿပီးဆုံးသြားပါတယ္။
၁၉၆၉ ခုႏွစ္ ၇ လခန႔္ၾကာ နယ္စပ္စစ္ပြဲျဖစ္ပြားစဥ္ ႏိုင္ငံတကာနဲ႔ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္အရ နယ္စပ္ေဒသမွ တပ္အသီးသီးကို ႏွစ္ဖက္စလုံးက ႐ုတ္သိမ္းေပးခဲ့ၾကပါတယ္။
စစ္တပ္မ်ား ႐ုတ္သိမ္းသြားတဲ့ ဆိုဗီယက္ဘက္ နယ္ျခားေဒသမွာ လူသူ မရွိတဲ့ ေရခဲျပင္ႀကီးသာ က်န္ရစ္ခဲ့ပါတယ္။ တ႐ုတ္တို႔ဘက္မွာေတာ့ ေက်း႐ြာမ်ား က်န္ရွိေနပါတယ္။ ေျပာက္က်ားစစ္ပါရဂူဥကၠ႒ႀကီးေမာ္ရဲ႕ နယ္စပ္ေဒသ စီမံကိန္းအရ အဲဒီေက်း႐ြာေနသူမ်ားဟာ ျပည္သူ႔စစ္မ်ား ျဖစ္ၾကၿပီး စစ္တပ္မရွိတဲ့အခါ နယ္ျခားေဒသ ပုံမွန္ လွည့္လည္ေစာင့္ၾကည့္ျခင္း အပါအဝင္ အေရးေပၚ အခ်က္ေပးၿပီး လက္နက္ တပ္ဆင္ေပးလိုပ္တဲ့ အခါ အခ်ိန္မေ႐ြး တိုက္ပြဲဝင္ႏိုင္ရန္ ေလ့က်င့္ေပးထားသူမ်ားသာျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံက အိႏၵိယနဲ႔ အျငင္းပြားနယ္စပ္တစ္ေလွ်ာက္ အလားတူ ေက်း႐ြာမ်ားပို တည္ေဆာက္ထားေၾကာင္း အိႏၵိယဒစ္ဂ်စ္တယ္သတင္းစာ Rediff.com က ေဖာ္ျပခဲ့တာ ၂ဝ၂၁ ခုႏွစ္ ဇန္နဝါရီ ၂၁ ရက္ကတည္းက ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္အေနာက္ပိုင္းနဲ႔ ထိစပ္ေနတဲ့ အိႏၵိယ အာ႐ူနာခ်ယ္ပရာ ဒက္ရွ္ျပည္နယ္ (တ႐ုတ္အေခၚ ေတာင္တိဗက္) နယ္စပ္တစ္ေလွ်ာက္မွာျဖစ္ေၾကာင္း ဓါတ္ပုံနဲ႔တကြ ေရးသား ခဲ့ဖူးပါတယ္။
#တ႐ုတ္_အိႏၵိယ_ဘူတန္နယ္စပ္အျငင္းပြားမႈ #ေမာ္စီတုန္း #က႐ူးေရွာ့ဗ္ #ဘရက္ဇညက္ #လာဆာ
#ရွင္းဟိုင္ေတာ္လွန္ေရး #ဒလိုင္လားမား အာ႐ူနာခ်ယ္ပရာဒက္ရွ္
(First Post., 30 March 2024,” China celebrates takeover of Tibet with events in new border villages along India and Bhutan” ႏွင့္ အျခားဆက္စပ္သတင္းမ်ားကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)