ဗြိတိန်တွင် လူမျိုးရေးခွဲခြားမှု မြင့်တက်လာသဖြင့် ကုလသမဂ္ဂ သတိပေးနေရ

 641

Pika (NP News) - ဧပြီ ၃

ဗြိတိန်နိုင်ငံတွင် လူမျိုးရေးခွဲခြားမှုများ မြင့်တက်လာခြင်းသည် စိုးရိမ်စရာကိစ္စ တစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက အစီရင်ခံစာအသစ်တစ်ခုတွင် ပြောကြားခဲ့သည်။ထို့ပြင် ဗြိတိန်အစိုးရသည် လူမျိုးရေးခွဲခြားမှုများကို ကိုင်တွယ်ဖြေရှင်း ခြင်းမျိုးမရှိကြောင်းနှင့် လူမျိုးရေး ခွဲခြားမှုများမှာ ပိုမိုတိုးမြင့်လာပုံပေါ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက သတိပေးပြောဆိုခဲ့သည်။

ဗြိတိန်နိုင်ငံတွင် ရိုးမားနှင့်အာဖရိကအပြင် အခြားလူနည်းစု အုပ်စုများအပေါ် လူမျိုးရေးခွဲခြားမှုများ ပိုမိုမြင့်တက်လာကြောင်းပြသသည့် အစီရင်ခံစာများနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီကပြောဆိုခဲ့သည်။ အထူးသဖြင့် အာဖရိကနွယ်ဖွားများသည် ဗြိတိန်၏ ရာဇဝတ်မှု တရားစီရင်ရေးစနစ်အောက်တွင် လူမျိုး ရေးခွဲခြားမှု၊ အချိုးအစားမညီမျှသော ခွဲခြားဆက်ဆံမှုများကို ရင်ဆိုင်နေရကြောင်း ကုလ သမဂ္ဂလူ့အခွင့်အရေး ကော်မတီက ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံအနေဖြင့် လူမျိုးရေး ခွဲခြားမှုများကို တိုက်ဖျက်ရန်အတွက် နောက်ထပ်အရင်း အမြစ်များကို ခွဲဝေချထားပေးရန်၊ ゞင်း၏ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးမူဝါဒများကို ပြန်လည်သုံးသပ်ရန်၊ အရပ်ဘက်ဝန် ထမ်းများနှင့် တရားဥပဒေ စိုးမိုးရေးအရာရှိများကို လေ့ကျင့်မှုများ လုံလုံလောက်လောက် လုပ်ဆောင်ပေးရန် အဆိုပါ အစီရင်ခံစာတွင် အကြုံပြုထားကြောင်းသိရသည်။

ပြီးခဲ့သည့်နှစ်တွင် ဆူဒန်ကဲ့သို့သော နိုင်ငံများမှလာသည့် ယူကရိန်းနိုင်ငံသား များ၏ ဆွေမျိုးများအပေါ် ゞင်းတို့၏မူဝါဒများနှင့်ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးကျွမ်း ကျင်သူအဖွဲ့တစ်ဖွဲ့က ဗြိတိန်ကို အရှက်မရှိ လူမျိုးရေးခွဲခြားမှုဟု စွပ်စွဲပြောဆိုခဲ့ဖူးကြောင်း သိရသည်။ အဆိုပါအချိန်က လူမျိုးရေးခွဲခြားမှုမှာ ゞင်းတို့၏ အသားအရောင်ကြောင့် ဖြစ် နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ ထို့ပြင် ဗြိတိန်အစိုးရသည် အခြားနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူများအပေါ် ထိခိုက်စေမည့် မူဝါဒများကို ဖော်ဆောင်နေကြောင်း ရွှေ့ပြောင်းနေထိုင်သူများ၏ သက်သာချောင်ချိရေး ကောင်စီ (JCWI) ၏ မူဝါဒနှင့် စည်းရုံးရေးမန်နေဂျာ Caitlin Boswell ကစွပ်စွဲပြောဆိုခဲ့သည်။

သို့သော်လည်း အဆိုပါစွပ်စွဲပြောဆိုချက်များကို ဗြိတိန်အစိုးရက ငြင်းဆန် ပယ်ချခဲ့ကြောင်း သိရသည်။ ဗြိတိန်အစိုးရကဓအားနည်းချက်ရှိတဲ့ အုပ်စုတွေကို အချင်းချင်းနှိုင်းယှဉ်ပြီး သတ်မှတ်တာ မျိုးက မှားယွင်းတဲ့လုပ်ရပ်တစ်ခုပါပဲဓဟု ပြောဆိုခဲ့သည်။

zawgyi version
ၿဗိတိန္တြင္ လူမ်ိဳးေရးခြဲျခားမႈ ျမင့္တက္လာသျဖင့္ ကုလသမဂၢ သတိေပးေနရ
Pika (NP News) - ဧၿပီ ၃

ၿဗိတိန္ႏိုင္ငံတြင္ လူမ်ိဳးေရးခြဲျခားမႈမ်ား ျမင့္တက္လာျခင္းသည္ စိုးရိမ္စရာကိစၥ တစ္ခုျဖစ္ေၾကာင္း ကုလသမဂၢလူ႔အခြင့္အေရးေကာ္မတီက အစီရင္ခံစာအသစ္တစ္ခုတြင္ ေျပာၾကားခဲ့သည္။ထို႔ျပင္ ၿဗိတိန္အစိုးရသည္ လူမ်ိဳးေရးခြဲျခားမႈမ်ားကို ကိုင္တြယ္ေျဖရွင္း ျခင္းမ်ိဳးမရွိေၾကာင္းႏွင့္ လူမ်ိဳးေရး ခြဲျခားမႈမ်ားမွာ ပိုမိုတိုးျမင့္လာပုံေပၚေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရးေကာ္မတီက သတိေပးေျပာဆိုခဲ့သည္။

ၿဗိတိန္ႏိုင္ငံတြင္ ႐ိုးမားႏွင့္အာဖရိကအျပင္ အျခားလူနည္းစု အုပ္စုမ်ားအေပၚ လူမ်ိဳးေရးခြဲျခားမႈမ်ား ပိုမိုျမင့္တက္လာေၾကာင္းျပသသည့္ အစီရင္ခံစာမ်ားႏွင့္ ပတ္သက္၍ စိုးရိမ္မိေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရးေကာ္မတီကေျပာဆိုခဲ့သည္။ အထူးသျဖင့္ အာဖရိကႏြယ္ဖြားမ်ားသည္ ၿဗိတိန္၏ ရာဇဝတ္မႈ တရားစီရင္ေရးစနစ္ေအာက္တြင္ လူမ်ိဳး ေရးခြဲျခားမႈ၊ အခ်ိဳးအစားမညီမွ်ေသာ ခြဲျခားဆက္ဆံမႈမ်ားကို ရင္ဆိုင္ေနရေၾကာင္း ကုလ သမဂၢလူ႔အခြင့္အေရး ေကာ္မတီက ေျပာၾကားခဲ့သည္။ ၿဗိတိန္ႏိုင္ငံအေနျဖင့္ လူမ်ိဳးေရး ခြဲျခားမႈမ်ားကို တိုက္ဖ်က္ရန္အတြက္ ေနာက္ထပ္အရင္း အျမစ္မ်ားကို ခြဲေဝခ်ထားေပးရန္၊ ゞင္း၏ ခြဲျခားဆက္ဆံမႈ ဆန႔္က်င္ေရးမူဝါဒမ်ားကို ျပန္လည္သုံးသပ္ရန္၊ အရပ္ဘက္ဝန္ ထမ္းမ်ားႏွင့္ တရားဥပေဒ စိုးမိုးေရးအရာရွိမ်ားကို ေလ့က်င့္မႈမ်ား လုံလုံေလာက္ေလာက္ လုပ္ေဆာင္ေပးရန္ အဆိုပါ အစီရင္ခံစာတြင္ အႀကဳံျပဳထားေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ႏွစ္တြင္ ဆူဒန္ကဲ့သို႔ေသာ ႏိုင္ငံမ်ားမွလာသည့္ ယူကရိန္းႏိုင္ငံသား မ်ား၏ ေဆြမ်ိဳးမ်ားအေပၚ ゞင္းတို႔၏မူဝါဒမ်ားႏွင့္ပတ္သက္ၿပီး လူဝင္မႈႀကီးၾကပ္ေရးကြၽမ္း က်င္သူအဖြဲ႕တစ္ဖြဲ႕က ၿဗိတိန္ကို အရွက္မရွိ လူမ်ိဳးေရးခြဲျခားမႈဟု စြပ္စြဲေျပာဆိုခဲ့ဖူးေၾကာင္း သိရသည္။ အဆိုပါအခ်ိန္က လူမ်ိဳးေရးခြဲျခားမႈမွာ ゞင္းတို႔၏ အသားအေရာင္ေၾကာင့္ ျဖစ္ ႏိုင္ဖြယ္ရွိေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာၾကားခဲ့သည္။ ထို႔ျပင္ ၿဗိတိန္အစိုးရသည္ အျခားႏိုင္ငံမ်ားမွ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားအေပၚ ထိခိုက္ေစမည့္ မူဝါဒမ်ားကို ေဖာ္ေဆာင္ေနေၾကာင္း ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား၏ သက္သာေခ်ာင္ခ်ိေရး ေကာင္စီ (JCWI) ၏ မူဝါဒႏွင့္ စည္း႐ုံးေရးမန္ေနဂ်ာ Caitlin Boswell ကစြပ္စြဲေျပာဆိုခဲ့သည္။

သို႔ေသာ္လည္း အဆိုပါစြပ္စြဲေျပာဆိုခ်က္မ်ားကို ၿဗိတိန္အစိုးရက ျငင္းဆန္ ပယ္ခ်ခဲ့ေၾကာင္း သိရသည္။ ၿဗိတိန္အစိုးရကဓအားနည္းခ်က္ရွိတဲ့ အုပ္စုေတြကို အခ်င္းခ်င္းႏႈိင္းယွဥ္ၿပီး သတ္မွတ္တာ မ်ိဳးက မွားယြင္းတဲ့လုပ္ရပ္တစ္ခုပါပဲဓဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.