SAC နဲ့ ထိတွေ့ဆွေးနွေးတာဟာ NCA လမ်းကြောင်းအရ သဘောတူထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မဟုတ်ဘူး (အင်တာဗျူး)

 1608

မျိုးကြီး (NP News) - ဧပြီ ၃

အရပ်သားအစိုးရလက်ထက်တွင် NCA လက်မှတ်ရေးထိုးခဲ့သောRCSS၊ NMSP၊ KNU-PC၊ DKBA၊ PNLO ၊ ALP နှင့် LDU တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းအတွင်း၌ 7 EAO Alliance အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ ၇ ဖွဲ့သည် လက်ရှိနစက (SAC) အစိုးရနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသည့် အဖွဲ့အစည်းများလည်းဖြစ်သည်။ 7 EAO Alliance အဖွဲ့ကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကဦးဆောင်ထားပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာသွားမည်ဟု ဆိုထားသည်။ 7 EAO Alliance အဖွဲ့ဖွဲ့စည်းရခြင်းအကြောင်းအပါအဝင် NCA စာချုပ်ကိစ္စ၊ နစကနှင့်ထိတွေ့ဆက်ဆံမှုကိစ္စရပ်များကို NP News က 7 EAO Alliance အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်အား ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြပေးလိုက်ပါသည်။

မေး - 7 EAO Alliance မဟာမိတ်အဖွဲ့ စတင်ဖြစ် ပေါ်လာပုံကို အရင်ဦးဆုံး ရှင်းပြပေးပါဦးခင်ဗျာ။ ရည် ရွယ်ချက်ကကော ဘာလဲပေါ့။
ဖြေ- ဖြစ်ပေါ်လာပုံကတော့ စုဖွဲ့မှုအသစ်က ကျွန်တော်တို့အတွက် လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အပ်စပ်မှုရှိအောင် လိုအပ်လို့ ဒီ ၇ ဖွဲ့ကနေ ကြိုးပမ်း ပြီးတော့ လုပ်ဆောင်လိုက်တာဖြစ်တယ်။ ဆရာတို့ သိတဲ့အတိုင်းပဲလေ။ ကျွန်တော်တို့ NCA-S EAO (7) ဖွဲ့ရဲ့ စုဖွဲ့မှုက အရင်က PPST ဆိုပြီးတော့ ကျွန်တော်တို့လုပ်ခဲ့တာရှိတယ်။ သို့သော်လည်းပဲ PPST ဆိုတာက NCA ကို လက်မှတ်ရေးထိုးပြီးတော့ ၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့က ဖွဲ့ခဲ့တာပေါ့လေ။ သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံ ရေးအပြောင်းအလဲအောက်မှာ ကျွန်တော်တို့က ၁၀ ဖွဲ့စုဖွဲ့တာကနေ ၇ ဖွဲ့၊ ၇ဖွဲ့ကနေပြီးတော့ နောက် တစ်ခါ ၅ ဖွဲ့ ဖြစ်သွားတယ် စသည်ဖြင့်ပေါ့လေ။ တချို့အဖွဲ့တွေကျတော့လည်း ဒီလိုမျိုး PPST စုဖွဲ့ မှုနဲ့သွားရတာအဆင်မပြေဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့ရဲ့စုဖွဲ့မှုတွေက တဖြည်းဖြည်းလျော့နည်း လာတယ်။ မပြည့်မစုံဖြစ်လာတဲ့အခါကျတော့ ကျွန်တော်တို့အနေနဲ့ လက်ရှိ နေပြည်တော်သွားနေတဲ့ အဖွဲ့ ၇ ဖွဲ့ကနေပြီးတော့ တညီတညွတ်တည်းသွားလို့ ရအောင် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးရဲ့ အသံမဟုတ်သေးသည့်တိုင် တောင်မှ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးကို ကိုယ်စားပြုနိုင်မယ့် စုဖွဲ့မှုအဆင့်ကို ကျွန်တော်တို့ တစ်ဆင့်ချင်းပေါ့လေ၊ အဲဒီလိုသွားလို့ရအောင် ကျွန်တော်တို့ ၇ ဖွဲ့ကနေစပြီးတော့ PPST အစုအဖွဲ့ ကနေ အတူတကွ ပူးပေါင်း ပါဝင်လုပ်ဆောင်နိုင်မယ့် ၇ ဖွဲ့ 7 EAO Alliance အဖွဲ့ကို လက်ရှိနိုင်ငံရေးအခင်း အကျင်းရဲ့တောင်းဆိုမှုအရ စုဖွဲ့လိုက်တာဖြစ်ပါတယ်။ အကြမ်းဖျင်း အဲဒီလောက်ပဲ ပြောပါရစေ။

မေး - အခုလို ဖြစ်ပေါ်လာတဲ့ 7 EAO Alliance နဲ့ PPST ဆိုတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့နဲ့ ဘာတွေ ကွဲပြားသွားမလဲ။ ပြီးတော့ PPST က ကော ဆက်ရှိနေဦးမှာလား။
ဖြေ - ဟုတ်ပါတယ်။ အင်မတန်မှပဲ မေးသင့်မေး ထိုက်တဲ့ မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။ အခုနက ကျွန်တော်ပြောသလိုမျိုးပါပဲ။ ကျွန်တော်တို့ ဒီအဖွဲ့ပါပဲ။ လက်ရှိမှာ PPST နဲ့သွားနေရတာ အဆင်မပြေတဲ့ အတွက်ကြောင့်မိုလို့ စုဖွဲ့အသစ်ကို ကျွန်တော်တို့ သွားတာဖြစ်တယ်။ ဘာမှ အပြောင်းအလဲမရှိပါဘူး။ ကျွန်တော်တို့သွားမယ့်ကျောရိုးကတော့ အရင်က အတိုင်းပါပဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနဲ့အဖြေရှာတဲ့ အခင်းအကျင်းကို ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်မယ်။ နောက်ပြီး တော့ ဒီနိုင်ငံရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် သက်ဆိုင်သူတွေ အားလုံးပါ ဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့ ကြိုး စားမယ်။ နောက်တစ်ချက်ကတော့ လက်ရှိ ကျွန်တော် တို့တစ်နိုင်ငံလုံး ပဋိပက္ခဖြစ်ပေါ်နေတဲ့ကာလမှာ ထိခိုက်နစ်နာမှုတွေဖြစ်ပေါ်ခဲ့တဲ့ ပြည်သူလူထုတွေ အတွက်ပေါ့လေ အကာအကွယ်ပေးဖို့နဲ့ လူသားချင်း စာနာမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းတွေကို ကျွန်တော်တို့ ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီကျောရိုး ၃ ခုအပေါ်မှာပဲ ကျွန်တော်တို့က ဆက် သွားမှာဖြစ်တဲ့အတွက်ကြောင့်မိုလို့ နိုင်ငံရေးအရ တော့ အပြောင်းအလဲ ကြီးကြီးမားမားဖြစ်မှာတော့ မဟုတ်ပါဘူးဆိုတာကို ကျွန်တော့်အနေနဲ့ အဲဒီလိုပဲ ပြောချင်ပါတယ်။

မေး - PPST မှာ အရင်က NCA ထိုးထားတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိခဲ့တယ်။ အခုက ၇ ဖွဲ့ပဲ NCA လမ်းကြောင်းပေါ်မှာ ဆက်ရှိတယ်ပေါ့။ ဘယ်လိုမျိုးအပြောင်းအလဲကြောင့် ၇ ဖွဲ့ပဲကျန်တော့ တာလို့ သုံးသပ်လို့ရမလဲ။
ဖြေ - ၇ ဖွဲ့ပဲကျန်ခဲ့တာမဟုတ်ပါဘူးဆရာ။ အမှန် တိုင်းပြောရမယ်ဆိုရင် ၅ ဖွဲ့ပဲ ကျန်တော့တာပါ။ အခုနက ကျွန်တော်တို့ပြောတဲ့ (၂)ဖွဲ့ မွန်ပြည် သစ်ပါတီနဲ့ RCSS ကလည်းပဲ ပြီးခဲ့တဲ့ PPST စုဖွဲ့မှု မှာ သူတို့က တင်းပြည့်ကျပ်ပြည့်မဟုတ်တော့ဘဲနဲ့ ဆက်စပ်အဖွဲ့အစည်းတွေအနေနဲ့ပဲ သွားခဲ့ကြတယ်လေ။ ဆိုလိုချင်တာကတော့ တူတာကို တွဲလုပ်မယ်။ မတူတာကိုခွဲလုပ်မယ်ဆိုတဲ့ အနှစ်သာရအရ ကျွန် တော်တို့လုပ်ခဲ့တာပေါ့။ အခုနက ပြောသလိုမျိုးပဲ ၁၀ ဖွဲ့ကနေ စတင်စုဖွဲ့လိုက်တဲ့ PPST က ၁၀ ဖွဲ့ကနေ ၇ ဖွဲ့၊ ၇ ဖွဲ့ကနေ ၅ ဖွဲ့။ အဲဒီလိုမပြည့်မစုံနဲ့ သွားနေ ရတဲ့အခါကျတော့ ကျွန်တော်တို့က ဒီလိုမျိုး တစ်နိုင် ငံလုံးနဲ့ဆိုင်တဲ့ကိစ္စရပ်တွေပေါ့လေ။ ဥပမာအားဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြည်ထောင်စုတည်ဆောက်ဖို့ကိစ္စရပ်တွေ အဲဒါတွေကို ပြောရ ဆိုရ ညှိနှိုင်းဆောင်ရွက်ရတာကို ကျွန်တော်တို့အနေနဲ့ တော်တော်လေးကို အဆင်မပြေတဲ့အတွက် ကြောင့်မို့လို့ လောလောဆယ်ပေါ့လေ။ အားလုံး မဟုတ်သည့်တိုင်အောင်တောင်မှ ကျွန်တော်တို့ နေပြည်တော်သွားလက်စ ၇ ဖွဲ့အနေနဲ့ တညီတညွတ် တည်းသွားပြီးတော့ စပျိုးနိုင်မယ်ဆိုရင် ကျန်တဲ့လူ တွေပါဝင်လာနိုင်မယ့် အခင်းအကျင်းတွေလည်း တဖြည်းဖြည်း ဆောင်ရွက်ရင်းနဲ့ပေါ့လေ။ ကျွန်တော် တို့ လက်ရှိကြုံတွေ့နေရတဲ့ တစ်နိုင်ငံလုံးအကျပ်အ တည်းဆိုင်ရာ ကိစ္စရပ်လို့ပဲပြောပြော၊ တစ်နိုင်ငံလုံး စစ်ဘေးစစ်ဒဏ်တွေကင်းဝေးပြီးတော့ လက်ရှိ အကျပ်အတည်းကိုကျော်လွှားနိုင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်မယ့် ဖက်ဒရယ်ဒီ မိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ပိုပြီးတော့များ ကျွန်တော်တို့ အခါတိုင်းသွားတာထက် တစ်ဖွဲ့ချင်းစီသွားခဲ့တာ လည်းရှိတယ်။ ၂ ဖွဲ့၊ ၃ ဖွဲ့ စုဖွဲ့ပြီးတော့ သွားတာ လည်းရှိတယ်။ အဲဒီလိုမျိုး မစုံမလင်နဲ့သွားတာမျိုး ထက် ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ အသံ၊ လိုလားချက်၊ ကျွန်တော်တို့နိုင်ငံရဲ့ အမှန်တကယ် လိုအပ်နေတဲ့ အကျပ်အတည်းကျော်လွှားရေးအတွက် လမ်းစတွေ ပိုပြီးတော့ ပွင့်လာနိုင်မလားဆိုတဲ့ ရည် မှန်းချက်ပေါ့လေ။ အဲဒီအခြေခံအပေါ်မှာပဲ လုပ်ဖြစ် သွားတာဖြစ်ပါတယ်။

မေး - နောက်တစ်ခုက PPST မှာပါခဲ့တဲ့KNU ၊ CNF နဲ့ ABSDF အဖွဲ့တွေက လက်ရှိမှာ တပ်မ တော်နဲ့ တိုက်ပွဲဖြစ်နေတာမျိုးရှိတယ်။ ဆိုတော့ သူတို့ က NCA ထိုးထားတဲ့ အဖွဲ့တွေလည်းဖြစ်တော့ အဲဒီ ၃ ဖွဲ့နဲ့အစိုးရကြားက NCAစာချုပ်အခန်းကဏ္ဍက ဘယ်လိုဖြစ်သွားပြီလို့ သုံးသပ်လို့ရမလဲ။
ဖြေ - ကျွန်တော်တို့ ဒီနေရာမှာ ရှင်းရှင်းလင်းလင်းသိဖို့ တစ်ချက်လိုအပ်တာက အခုနက ဆရာပြောသလိုမျိုး ပေါ့။ ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးခဲ့တဲ့ ၁၀ ဖွဲ့ထဲမှာ KNUရယ်၊ CNF ရယ်၊ ABSDF ရယ်က လောလောဆယ် SAC နဲ့ ထိတွေ့ဆက်ဆံမှု မလုပ် တဲ့နည်း။ ကျန်တဲ့ ကျွန်တော်တို့ ၇ ဖွဲ့ကတော့ တစ်ဖွဲ့ ချင်းစီရဲ့ဆုံးဖြတ်ချက်အရ ကျွန်တော်တို့ ထိတွေ့ ဆက်ဆံမှုတွေလုပ်ခဲ့တယ်။ ဆွေးနွေးမှုတွေလည်း လုပ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ သို့သော်လည်းပဲ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ဆရာတို့ကို ရှင်းရှင်း လင်းလင်းဖြစ်စေချင်တာက လက်ရှိ ကျွန်တော်တို့ ၇ ဖွဲ့ရဲ့ SAC နဲ့ ထိတွေ့ဆက်ဆံမှုလုပ်ငန်းတွေက NCA သဘောတူညီချက်အတိုင်း၊ NCA ယန္တရား အတိုင်း ကျွန်တော်တို့လုပ်ဆောင်ခဲ့တာ မဟုတ်ဘူး ဆိုတာကိုတော့ ဆရာတို့အနေနဲ့ နားလည်မယ်လို့ ထင်ပါတယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့ ဆရာတို့ လည်း NCA စာချုပ်ကို သိရှိမှာပါ။ NCA ရဲ့ စာအုပ်အဖုံးပေါ်မှာကိုက ပြည်ထောင်စုသမ္မတ မြန် မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား လက်မှတ်ရေးထိုးထားသော NCA စာချုပ်ပေါ့လေ။ ဆိုတော့ကာ ဒီ NCA စာချုပ် ကို ပူးတွဲပိုင်ဆိုင်တဲ့အစုအဖွဲ့က နှစ်ခုပဲရှိတယ်။ တစ်ဖွဲ့ကတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အစိုးရ၊ နောက်တစ်ဖွဲ့ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများပေါ့လေ။ သို့သော် လည်းပဲ ဒီအချိန်ကာလ ဒီအခြေအနေအောက်မှာ ကတော့ ကျွန်တော်တို့ NCA စာချုပ် ချုပ်ဆိုတဲ့အ ချိန်တုန်းကရှိခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရတို့၊ လွှတ်တော်တို့၊ ဘာတို့ ဒီအစုအဖွဲ့ တွေလည်း မစုံမလင်ရှိနေတဲ့ကာလအောက်မှာတော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ NCA အကောင်အထည်ဖော်မှု၊ NCA အတိုင်းလုပ် နေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီးတော့ ရပ်ဆိုင်းသွားခဲ့ပါပြီ ဆိုတာကိုတော့ ဆရာတို့လည်း နားလည်မယ်လို့ ကျွန်တော်ထင်တယ်။ ဟုတ်ပြီ ဒါဆို ရင် ဘာဖြစ်လို့ ဒီ ၇ ဖွဲ့က လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ် တုန်းကSAC နဲ့ သွားရောက်တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်နေကြသလဲဆိုတော့ မေးခွန်းကတော့ရှိတာပေါ့။ ဒါကလည်း ရှင်းရှင်းလင်းလင်းလေးပါပဲ။ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်နေ့ ကျွန်တော်တို့ EAO 7 ဖွဲ့ summit ထုတ်ပြန်ချက်အရ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေ ရတဲ့ အခက်အခဲအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အတွက် သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေး ဆောင်ရွက်ဖို့ ကျွန်တော်တို့အနေနဲ့ အဆင်သင့်ရှိတယ်ဆိုတဲ့ထုတ် ပြန်ချက်အတိုင်းပဲပေါ့လေ။ လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ အချိန် ၃ နှစ် ကျော်ကြာကာလ ရင်ဆိုင်ကြုံ တွေ့နေရတဲ့ ဒီအကျပ်အတည်းတွေ၊ အခက်အခဲတွေ ဒါတွေကို လွန်မြောက်နိုင်ဖို့အတွက် ကျွန်တော်တို့ ယုံကြည်မှုကတော့ ဒီအခက်အခဲအကျပ်အတည်း တွေက နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ဖြစ်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေး နွေးနည်းနဲ့အဖြေရှာနိုင်အောင် ကြိုးပမ်းဆောင်ရွက် ခြင်းကသာလျှင် ဒီ ပြည်ထောင်စုအတွက် ထိခိုက်နစ် နာမှုအနည်းဆုံးနဲ့ ပေးဆပ်မှုအနည်းဆုံးကို ဖော် ဆောင်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မိုလို့ ဒီလမ်း ကြောင်းကို ကျွန်တော်တို့ တစ်စိုက်မတ်မတ်ကြိုးပမ်းခဲ့တာဖြစ်တယ်။ ဆိုလိုချင်တာက ကျွန်တော်တို့ ၇ ဖွဲ့က SAC နဲ့ ထိတွေ့ဆက်ဆံပြောဆိုဆွေးနွေးမှုများ သည် NCA လမ်းကြောင်းအရ သဘောတူထားတဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေကို လုပ်နေ တာမဟုတ်ဘူး။ လက်ရှိကြုံတွေ့နေရတဲ့ ကျွန်တော် တို့နိုင်ငံအကျပ်အတည်းတွေကို ဘယ်လိုလမ်းစပျိုးမှု မျိုးနဲ့ ဘယ်လိုအစဖော်မှုမျိုးနဲ့ ဘယ်လိုမျိုးစုဖွဲ့မှုမျိုးနဲ့ ကျွန်တော်တို့ အဖြေရှာကျော်လွှားလို့ရနိုင်မလဲဆိုတာ ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

မေး - ဗိုလ်မှူးကြီးတို့ရဲ့ 7 EAO Alliance အကြောင်းကို ဆက်မေးချင်ပါတယ်။ အခုဖွဲ့လိုက်တဲ့ စုဖွဲ့မှုအသစ် အဖွဲ့အနေနဲ့ ဘာတွေဆက်လုပ်ဖို့ရှိ သွားလဲ။ နောက်တစ်ခုက ဗိုလ်မှူးကြီးတို့ရဲ့ထုတ်ပြန် ချက်ထဲမှာ တစ်ခုတွေ့တာက ဘာလဲဆိုတော့ ငြိမ်း ချမ်းရေးဆိုင်ရာကိစ္စတွေမှာ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို ထုတ်ဖော်နိုင်မယ့်အခင်းအကျင်းမျိုးကို ဖန်းတီးမယ်ဆိုပြီးတော့ ကြေညာထားတာ တွေ့ရပါ တယ်။ ဘယ်လိုပုံစံမျိုး ဖန်တီးမှာလဲ။ ဘာတွေလုပ်မှာလဲပေါ့။
ဖြေ - ဟုတ်ကဲ့ပါ။ ဒါကလည်း ကျွန်တော်တို့ရဲ့ စဉ်း စားချက်အသစ်တစ်မျိုးလို့ ပြောလို့လည်းရပါတယ်။ သို့သော်လည်းပဲ အဓိက ကျောရိုးကတော့ အခုနက ကျွန်တော်ပြောတဲ့ အချက် ၃ ချက်ပေါ့။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနဲ့ရှင်းမယ်။ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်အောင်လုပ်မယ်။ နံပါတ်သုံးကတော့ အရပ်သားများကို အကာအကွယ်ပေးရေးနဲ့ လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီတွေလုပ်နိုင်အောင် ကြိုးပမ်းမယ် စသည်ဖြင့်ပေါ့လေ။ ဒီအချိန်မှာကလည်း အခုနကဆရာမေးသလိုမျိုးပေါ့ ကျွန်တော်တို့က လည်း ဒီအကျပ်အတည်းတွေကို ကျော်လွှားနိုး၊ ကျော်လွှားနိုး၊ အဖြေရှာလို့ ရနိုး၊ ရနိုးနဲ့ အခုဆိုရင် ၃ နှစ်ကျော်ကြာအချိန်ကာလကို ရောက်လာခဲ့ပါပြီ။ သို့ သော် ကျွန်တော်တို့အတွက်က သန်းခေါင်ထက် ညဉ့် နက်နေဆဲပဲ၊ မှောင်မိုက်နေဆဲပဲ။ ပြည်သူလူထုတွေရဲ့ ထိခိုက်သေကျေ၊ ပျက်စီးဆုံးရှုံးမှုတွေက နေ့စဉ်ရက် ဆက်ဖြစ်ပေါ်လာတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုတွေကြားထဲမှာပေါ့ ဒီအချိန်မှာတော့ သူတို့မှာလည်း အမြင်တွေ အမျိုးမျိုးရှိမှာပဲ။ အဲဒီလို အမြင်တွေအမျိုးမျိုးကြားထဲမှာ ဒီလိုမျိုး ထိခိုက်သေ ကျေပျက်စီးဆုံးရှုံးမှုတွေကို ကျော်လွှားနိုင်ဖို့အတွက် သူတို့လည်း ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းကို ဇောင်းပေးလိုတဲ့ ပြည်သူလူထုရဲ့အသံ တွေလည်း ရှိမှာပဲဆိုတာကို ကျွန်တော်တို့လည်း သိရှိ လာတဲ့အပေါ်မှာ အဲဒီအသံလေးတွေကိုလည်း လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ လိုအပ်တယ်လို့ မြင်တဲ့အတွက်ကြောင့်မိုလို့ အဲဒီလိုမျိုး အသံမထွက် နိုင်တဲ့ အင်အားစုတွေ ပြည်သူလူထုကြားမှာရှိနေတဲ့ အမြင်တွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက် လိုတဲ့ဆန္ဒနဲ့ ထည့်သွင်းရေးသားထားတာ ဖြစ်ပါတယ်။ ဘယ်လို လုပ်နည်းလုပ်ဟန်နဲ့ လုပ်မလဲဆိုတော့ အဲဒီ လိုလုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်ကိစ္စရပ်တွေကို ကျွန်တော်တို့က တဖြည်းဖြည်းညှိနှိုင်းဆောင်ရွက် ပြီးမှပဲ ဘယ်လုပ်နည်း၊ လုပ်ဟန်ကတော့ သင့်တော် တယ်၊ ဘယ်လုပ်နည်းကိုင်နည်းကတော့ အဆင်ပြေ တယ် စသဖြင့် ဒါကတော့ အားလုံးရဲ့ညှိနှိုင်းဆွေးနွေး မှုအပေါ်မှာပဲ အတိအကျပြောလို့ရပါမယ်။ လောလော ဆယ်တော့ အဲဒီလိုမျိုးဖြစ်ပေါ်လာနိုင်ဖို့အတွက် ကျွန် တော်တို့က နည်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ဖို့ကိုပဲ နားလည်ထားပါတယ်။

မေး - ဗိုလ်မှူးကြီးတို့ရဲ့ EAO ၇ ဖွဲ့ဟာ ပြီးခဲ့တဲ့ ကာလတွေမှာ နစကအစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ တွေရှိတယ်။ အဲဒီလို ဆွေးနွေးပြီးခဲ့တဲ့ကာလတစ် လျှောက်မှာ အကျိုးရလဒ် ဘာတွေရခဲ့လဲ။
ဖြေ - လောလောဆယ်ကတော့ အကျိုးရလဒ်ဆိုတာ ကတော့ ဟုတ်တိပတ်တိပြောပရလောက်အောင် မည်မည်ရရ တစ်စုံတစ်ခုရရှိမှုကတော့ ပြောဖို့က ခက်ပါတယ်။ အခုနက ကျွန်တော် ပြောသလိုမျိုးပါပဲ။ ကျွန်တော်တို့ ၇ ဖွဲ့က နစကနဲ့ တွေ့ ဆုံညှိနှိုင်းအဖြေရှာ ခြင်းသည် ကျွန်တော်တို့နိုင်ငံမှာ လက်ရှိကြုံတွေ့ နေရတဲ့ အခက်အခဲအကျပ်အတည်းကို ဘယ်လိုနည်း လမ်းမျိုးနဲ့ ကျော်လွှားလို့ ရမလဲဆိုတာ သက်ဆိုင်ရာသူ တွေအားလုံးပါဝင်ပြီး ညှိနှိုင်းဆွေးနွေးနေတဲ့ အခင်း အကျင်းဖြစ်မြောက်လာဖို့အတွက် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်းပဲ ဖြစ်တယ်။ အဓိကကတော့ ဆရာ ရယ်။ ကျွန်တော်တို့က တစ်ဖွဲ့ချင်းစီလည်းသွားခဲ့ တယ်။ နှစ်ဖွဲ့၊ သုံးဖွဲ့ပေါင်းပြီးတော့ သွားခဲ့တာလည်း ရှိတယ်။ PPST ဆိုတဲ့ ခေါင်းစဉ်နဲ့လည်း သွားနိုင် တာမဟုတ်ဘူး။ NCA-S EAO ၇ ဖွဲ့ စုဖွဲ့မှုနဲ့ ပေါင်း ပြီးတော့လည်း သွားနိုင်တဲ့အခင်းအကျင်းလည်း တစ် ခါမှမလုပ်နိုင်ဘူး။ ဒီလိုမျိုး တစ်ဖွဲ့ချင်းစီ မပြည့်မစုံ သွားရောက်တွေ့ဆုံဆွေးနွေးပြီး ပြောဆိုတဲ့ အခါကျ တော့ အခုနက ကျွန်တော်တို့လိုချင်တဲ့ ဒီတစ် နိုင်ငံ လုံးအကျပ် အတည်းကိုကျော်လွှားနိုင်တဲ့ နည်းလမ်း ကို ပြောဖို့နေနေသာသာ ဆရာရယ် ကျွန်တော် ကရင် ဆိုရင်တောင်မှ ကရင်အမျိုးသားတွေရဲ့ဆန္ဒ၊ ကရင် ပြည်နယ်ရဲ့ကိစ္စ ဝိစ္စတွေကိုတောင်မှ ကိုယ်စားပြု ဆွေးနွေးပြောဆိုဖို့ အင်မတန်မှပဲ အခက်အခဲ ရှိပါတယ်။ ဆိုတော့ကာ ဒီလိုမျိုး ပကတိအခြေအ နေတစ်ခုအောက်မှာကတော့ ခုနက ပြောသလိုပါပဲ။ကျွန်တော်တို့ရည်မှန်းထားတဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေတစ်ဆင့် ဒီအခက်အခဲအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ လမ်းစရှာတဲ့လုပ်ငန်းတွေမှာကတော့ ယနေ့အထိ ပေါ့လေ။ ကျွန်တော်တို့တစ်နိုင်ငံလုံး စစ်ဘောင်က လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်ကာလကထက် အများကြီး ကျယ်ပြန့်လာပြီးတော့ နိုင်ငံရေးဆွေးနွေးမှုဘောင်က ကျဉ်းသထက်ကျဉ်းပြီးတော့ ပိတ်လုနီးပါးကို ဆုတ် ဝင်သွားတဲ့အနေအထားအရပေါ့လေ။ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ တစ်စုံတစ်ရာ အကျိုး ရလဒ်ရှိတယ်လို့တော့ ကျွန်တော်တို့ကိုယ်တိုင်လည်း အားရကျေနပ်မှု မရှိပါဘူး။

မေး - နစကအစိုးရက EAO တွေနဲ့ပတ်သက်ရင် ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ဖိတ်ခေါ်တဲ့ပုံစံက ဘယ်လိုအနေအထားရှိတယ်လို့ သုံးသပ်လို့ရမလဲ။ အရင်အစိုးရတွေနဲ့နှိုင်းယှဉ်ရင် ဘာကွဲပြားသွားတာ ရှိလဲ။
ဖြေ - ဟုတ်ပါတယ်။ အရင်အစိုးရဆိုတာကလည်း ကျွန်တော်တို့မီခဲ့တဲ့အစိုးရတွေလည်းရှိတယ်။ မမီခဲ့ တဲ့အစိုးရတွေလည်းရှိတယ်။ ကျွန်တော်တို့မီခဲ့တဲ့ အစိုးရနဲ့ပြောမယ်ဆိုရင်တော့ ဦးသိန်းစိန်အစိုးရပေါ့။ အဲဒီအချိန်တုန်းက NCT ခေတ်မှာ NCA ကို ရေး ဆွဲညှိနှိုင်းပြီးတော့ အတည်ပြုနိုင်ခဲ့တယ်။ အဲဒီအချိန် ကာလတုန်းကဆိုရင် ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းထဲက ကြည့်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံး မဟုတ်သည့်တိုင်အောင် အားလုံးနီးပါး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ လုပ်ဆောင်ချက်တွေ လည်း အများကြီးရှိတယ်။ သို့သော်လည်း ဦးသိန်းစိန် အစိုးရပြီးတော့ NLD အစိုးရလက် ထက်မှာကျ တော့လည်းပဲ NCA မှာပါတဲ့ သဘောတူညီချက် တွေကို အကောင်အထည်ဖော်တဲ့နေရာမှာပေါ့လေ။ အမှန်ကတော့ NCA မှာ အကောင်းဆုံးမဟုတ် သည့်တိုင်အောင်မှ အဆိုးဆုံးတစ်ခုလို့တော့ ပြောဖို့ ကတော့ ခက်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ပြည်တွင်း စစ်ကာလ အနှစ် ၇၀ ကျော်မှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းနဲ့ အစိုးရကြား ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်ဆိုတာ ဒီလောက်အထိကျယ်ပြန့် ပြီးတော့ ဒီလောက်အထိ ပြီးပြည့်စုံစရာ ဒီစာချုပ်ပဲ ရှိပါတယ်။ ဒါပေမဲ့ NCA ဆိုတာကလည်း လက်နက် ကိုင်တိုက်ခိုက်နေတဲ့ ဘက်နှစ်ဖက်က ညှိနှိုင်းဆွေး နွေးရေးဆွဲရတဲ့စာချုပ်ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကိုယ်လိုချင်တာလည်း အကုန်လုံးပါနိုင်မှာ မဟုတ်သ လို သူလိုချင်တာလည်း အကုန်လုံးပါနိုင်မှာ မဟုတ် ဘူးဆိုတာက ပကတိအရှိတရားပါ။ ခြုံပြောလိုက် မယ်ဆိုရင် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ကျွန်တော်တို့က NCA စာချုပ်ကို အတည်ပြုနိုင်ခဲ့ တယ်။ တချို့တစ်ဝက်လည်း လက်မှတ်ရေးထိုး နိုင်ခဲ့ တယ်။ ဒီဘက်က NLD အစိုးရလက်ထက် ၂၀၁၅ အလွန်ကျတော့ စာချုပ်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ ကျွန်တော်တို့မှာ အားနည်းချက်တွေ အများ ကြီးရှိပါတယ်ဆိုတာကို ဝန်ခံရမှာဖြစ်တယ်။ နောက် ဆုံးပေါ့လေ၊ NCA စာချုပ် အကောင်အထည်ဖော်မှု လုပ်ငန်းတွေ ရပ်တန့်သွားတဲ့အချိန်ထိပေါ့လေ။ ဆိုတော့ကာ ဒီဘက်ကကျတော့ အခုနက ကျွန်တော် တို့ပြောနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုလို့ ပြောနေပေ မယ့် ကျွန်တော်တို့ပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာက လူမျိုးတစ်မျိုး ငြိမ်းချမ်းရေး၊ ဒေသတစ်ခု ငြိမ်းချမ်းရေး ကိုပြောတာ မဟုတ်ဘူး။ ဒီနိုင်ငံ တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ပြောတာဖြစ် တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက် မယ်ဆိုရင်လည်းပဲ ကျွန်တော်တို့နိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုလို့ပဲခေါ်ခေါ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုလို့ပဲ ဆိုဆိုပေါ့လေ။ အဓိကကတော့ ကျွန်တော်တို့ တိုင်း ရင်းသားများ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေးတွေ အာမခံချက်အပြည့်အဝရှိတဲ့ ပြည်ထောင် စုကို ဖော်ဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုး တစ်ဖွဲ့ နှစ်ဖွဲ့နဲ့ မစုံမလင်သွားနေရတဲ့အခင်းအကျင်း အောက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးလို့ပဲ ပြောပြော၊ တစ်နိုင်ငံရဲ့အင်အားစုတွေအားလုံးရဲ့ သဘောထားကို ထင်ဟပ်စေမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုပဲပြောပြော ဒါတွေဟာ ဘယ်လိုမှ အားရကျေနပ်စေ လောက်တဲ့အဆင့်အထိရောက်အောင်တော့ ဖော် ဆောင်ဖို့၊ ညှိနှိုင်းဖို့ဆိုတာကတော့ အမှန်တကယ် လက်တွေ့မကျပါဘူး။

မေး - နစကဘက်က ဖိတ်ခေါ်ပုံစံကို ပြောင်းသင့် တယ်လို့ ထင်လား။
ဖြေ - အဲဒါကတော့ ကျွန်တော်လည်း အတိအကျ မသိနိုင်ပါဘူး။ အဓိကကတော့ ဘယ်လိုပဲပြောပြော လေ၊ ကျွန်တော်တို့ယုံကြည်တာကတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို ကျော်လွှားနိုင်ဖို့ဆိုရင် ဒါဟာ နိုင်ငံရေး ပြဿနာဖြစ်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့အဖြေရှာတဲ့ နိုင်ငံရေး ယဉ်ကျေးမှုအသစ်သာလျှင် နိုင်ငံအတွက်၊ ပြည် ထောင်စုအတွက် ထိခိုက်နစ်နာမှုနဲ့ပေးဆပ်မှု အနည်း ဆုံးကိုသွားနိုင်မှာဖြစ်တယ်။ သွားဖို့လည်းပဲ နဂိုက တည်းက ကျွန်တော်တို့အကုန်လုံး နားလည်မှုတူခဲ့ တယ်၊ သဘောတူခဲ့တယ်။ သို့သော်လည်းပဲ ဒီလိုမျိုး ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်း တစ်ခုအောက်မှာကတော့ ဆရာသိတဲ့အတိုင်းပါပဲ။ကျွန်တော်တို့ နိုင်ငံရေးအင်အားစုကြားထဲမှာပဲ ဖြစ်ဖြစ် ယုတ်စွအဆုံးဆရာရယ် ကိုယ့်တစ်ဖက် အဖွဲ့ ကြားထဲမှာရှိတဲ့ ခေါင်းဆောင်တွေကြားထဲတောင်မှ ကျွန်တော်တို့က ရည်မှန်းချက်တူရဲ့သားနဲ့ လိုလား ချက်တူရဲ့သားနဲ့ လုပ်နည်းလုပ်ဟန်အရ ကွဲပြားခြား နားတာတို့ ရှိကောင်းရှိနေနိုင်တာပဲ။ ရှိလည်း ရှိနေပါ တယ်။ ဆိုတော့ကာ ဒါက ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုအတွင်း တွန်းပို့မှု ကြောင့် ကျွန်တော်တို့တွေ့ကြုံနေရတဲ့ ပကတိအရှိ တရားဖြစ်ပါတယ်ဆိုတာကို ကျွန်တော်အနေနဲ့ အဲဒီ လောက်ပဲ ပြောပါရစေ။

မေး - လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအခန်းကဏ္ဍဟာ ဘယ်အဝန်းအဝိုင်းထဲမှာ ပိတ်မိနေတယ်လို့ ပြောလို့ရမလဲ။
ဖြေ - ဘယ်အဝန်းဝိုင်းထဲမှာ ပိတ်မိနေသလဲဆိုတော့ ဒါကတော့ ကျွန်တော်တစ်ယောက်တည်း ပုဂ္ဂိုလ်ရေး အမြင်ကိုပဲ ရိုးရိုးသားသားပြောပါရစေ။ ကျွန်တော်တို့ နိုင်ငံရေးအင်အားစုတွေလို့ပဲ ပြောပြော၊ အဖွဲ့အစည်း တွေလို့ပဲပြောပြော ကျွန်တော်တို့တစ်တွေဟာ လူသားတွေဖြစ်တယ်။ မနုဿလူသားတွေ ဖြစ်တယ်။ ခံစားချက်ရှိတယ်။ အဲဒီလိုမျိုး ခံစားချက်ရှိတဲ့ လူသား တစ်ယောက်နေတဲ့အတွက်ကြောင့်မိုလို့ပေါ့လေ။ ယနေ့လက်ရှိဖြစ်ပေါ်နေတဲ့ ပုံမှန်အနေအထားမဟုတ် တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုအောက်မှာ နား လည်မှုမတူတာတွေ၊ လုပ်နည်းလုပ်ဟန်အရ ကွဲပြား ခြားနားတာတွေရှိနေမယ်ဆိုတာ ပကတိအရှိတရား ဖြစ်တယ်။ တစ်ခါတလေကျရင်လည်းပဲ အတ္တနဲ့ ပရပေါ့။ အဲဒီနေရာမှာ balance မဖြစ်တာလည်း ရှိ ကောင်းရှိကြပါတယ်။ ကျွန်တော်နားလည်ရသ လောက် တော့ ဆရာရယ် အခုလက်ရှိဖြစ်ပေါ်နေတာက နိုင်ငံမှာရှိနေတဲ့ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမ တွေပဲဖြစ်နေတဲ့ ကိစ္စရပ်ဖြစ်တယ်။ ကျွန်တော်တို့ လိုချင်တာကလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးပဲ ဖြစ်တယ်။ ကိုယ့်အဖွဲ့အစည်းအကျိုး၊ ပြည်ထောင်စု အကျိုး အဲဒီအကျိုးနှစ်ခုကို ချိန်ခွင်လျှာညီညီနဲ့ပေါ့ လေ။ သူ့နေရာနဲ့သူ ဟန်ချက်ညီညီလုပ်နိုင်မယ်ဆိုရင် တော့ အခုနကပြောတဲ့ ငြိမ်းချမ်းရေးလို့ပဲ ခေါ်ခေါ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးလို့ပဲပြောပြော အဲဒါတွေက မလုပ်နိုင်စရာအကြောင်းမရှိဘူးလို့ပဲ ကျွန်တော်တို့ အနေနဲ့က အဲဒီလိုပဲ ရိုးရိုးသားသားနားလည်ပါတယ်။

မေး - မှေးမှိန်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီးတော့ အကြံပြုတိုက်တွန်းချင်တာရှိပါသလား။
ဖြေ - အကြံပြုတိုက်တွန်းချင်တာကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာလည်း ဘယ်နားမှာရှိမှန်း ကျွန် တော်လည်း မသိတော့ဘူး။ (ဟဲ၊ ဟဲ)။ ဆရာပြော သလိုမျိုးပေါ့၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်ခဲ့တာ ရှိတယ်။ လုပ်ခဲ့တာရှိတယ်ဆိုပေမယ့်လည်း ကျွန်တော် တို့ရည်ရွယ်ချက်က အခုနကပြောတဲ့အတိုင်း ရှင်း ရှင်းလေးပဲ။ တစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့ပေါ့ဗျာ။ တိုင်း ရင်းသားပြည်သူလူထုတွေရဲ့ ဆန္ဒသဘောထားနဲ့ ကိုက်ညီမယ့် ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ဖို့ အတွက် ဒီငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ မပါမ ဖြစ်ပါသင့်ပါထိုက်တဲ့ အင်အားစုတွေ အကုန်လုံးပါ ဝင်လာနိုင်တဲ့အခင်းအကျင်းကို ကျွန်တော်တို့ ဘယ် လိုအစပြုမှုမျိုးနဲ့ လုပ်ဆောင်နိုင်မလဲ။ မပြည့်မစုံ ဒီ ၇ ဖွဲ့၊ နှစ်ဖွဲ့၊ သုံးဖွဲ့နဲ့ သွားတာတော့ အဲဒီလောက်နဲ့ လက်တွေ့မကျနိုင်ဘူး။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကိစ္စရပ်ပဲ ပြောပြော၊ တစ်နိုင်ငံ လုံးကြုံတွေ့နေရတဲ့ အခက်အခဲအကျပ်အတည်းကို ကျော်လွှားဖို့ပဲပြောပြော ဒီ ၇ ဖွဲ့၊ နှစ်ဖွဲ့၊ သုံးဖွဲ့နဲ့ကတော့ အန္တိမပန်းတိုင်ရောက်တဲ့အထိ အပြီးသတ်ဆုံးဖြတ် ချက်ပေးနိုင်လောက်တဲ့ အခြေအနေလည်းကျွန်တော် တို့ဆီမှာမရှိပါဘူး။ အကျပ်အတည်းနဲ့ ငြိမ်းချမ်းရေး ဆိုတာကတော့ ကျွန်တော်တို့ ဘယ်နေ့ဘယ်အချိန်မှာ အမှန်တကယ်လိုအပ်နေတဲ့ သက်ဆိုင်သူတွေအား လုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုအခင်းအကျင်းကို ဘယ်လိုကြိုးပမ်းမှုမျိုးနဲ့ လုပ်ဆောင်မလဲဆိုတာ ကတော့ ကြိုးပမ်းနေတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဆိုလိုချင်တာကတော့ ဆရာရယ် ကျွန်တော်တို့သွား တယ်။ တွေ့တယ်။ အခုနကပြောနေတဲ့ တစ်နိုင်ငံလုံး ကိစ္စ၊ ပြည်ထောင်စုတစ်ခုလုံးကိစ္စ၊ ငြိမ်းချမ်းရေးတစ်ခု လုံးကိစ္စကို ဆုံးဖြတ်ချက်ပေးနိုင် လောက်တဲ့အင်အား တွေ မပြည့်မစုံနဲ့သွားနေရတဲ့အချိန်မှာ အဲဒီလိုမျိုးအင်အားပြည့်ပြည့်စုံစုံနဲ့သွားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မျိုးပေါ်ပေါက်လာနိုင်အောင် ဘယ်လိုကြိုးစားရင် ရနိုင်မလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ စတင်ဆောင်ရွက် ခြင်းဖြစ်တယ်ဆိုတာကို ကျေးဇူးပြုပြီးတော့ အဲဒါလေး ကိုလည်း နားလည်ပေးစေချင်ပါတယ်။

အခုလို ဖြေကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။

zawgyi version
SAC နဲ႔ ထိေတြ႕ေဆြးေႏြးတာဟာ NCA လမ္းေၾကာင္းအရ သေဘာတူထားတဲ့ ႏိုင္ငံေရးေဆြးေႏြးပြဲ မဟုတ္ဘူး
မ်ိဳးႀကီး (NP News) - ဧၿပီ ၃

အရပ္သားအစိုးရလက္ထက္တြင္ NCA လက္မွတ္ေရးထိုးခဲ့ေသာRCSS၊ NMSP၊ KNU-PC၊ DKBA၊ PNLO ၊ ALP ႏွင့္ LDU တိုင္းရင္းသားလက္နက္ကိုင္ ၇ ဖြဲ႕သည္ ၿပီးခဲ့ေသာရက္ပိုင္းအတြင္း၌ 7 EAO Alliance အဖြဲ႕ကို ဖြဲ႕စည္းခဲ့သည္။ အဆိုပါ ၇ ဖြဲ႕သည္ လက္ရွိနစက (SAC) အစိုးရႏွင့္လည္း ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္ေနသည့္ အဖြဲ႕အစည္းမ်ားလည္းျဖစ္သည္။ 7 EAO Alliance အဖြဲ႕ကို RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ကဦးေဆာင္ထားၿပီး ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းျဖင့္သာ အေျဖရွာသြားမည္ဟု ဆိုထားသည္။ 7 EAO Alliance အဖြဲ႕ဖြဲ႕စည္းရျခင္းအေၾကာင္းအပါအဝင္ NCA စာခ်ဳပ္ကိစၥ၊ နစကႏွင့္ထိေတြ႕ဆက္ဆံမႈကိစၥရပ္မ်ားကို NP News က 7 EAO Alliance အဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္အား ဆက္သြယ္ေမးျမန္းထားမႈမ်ားကို ေဖာ္ျပေပးလိုက္ပါသည္။

ေမး - 7 EAO Alliance မဟာမိတ္အဖြဲ႕ စတင္ျဖစ္ ေပၚလာပုံကို အရင္ဦးဆုံး ရွင္းျပေပးပါဦးခင္ဗ်ာ။ ရည္ ႐ြယ္ခ်က္ကေကာ ဘာလဲေပါ့။
ေျဖ- ျဖစ္ေပၚလာပုံကေတာ့ စုဖြဲ႕မႈအသစ္က ကြၽန္ေတာ္တို႔အတြက္ လက္ရွိႏိုင္ငံေရးအေျခအေနနဲ႔ အပ္စပ္မႈရွိေအာင္ လိုအပ္လို႔ ဒီ ၇ ဖြဲ႕ကေန ႀကိဳးပမ္း ၿပီးေတာ့ လုပ္ေဆာင္လိုက္တာျဖစ္တယ္။ ဆရာတို႔ သိတဲ့အတိုင္းပဲေလ။ ကြၽန္ေတာ္တို႔ NCA-S EAO (7) ဖြဲ႕ရဲ႕ စုဖြဲ႕မႈက အရင္က PPST ဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔လုပ္ခဲ့တာရွိတယ္။ သို႔ေသာ္လည္းပဲ PPST ဆိုတာက NCA ကို လက္မွတ္ေရးထိုးၿပီးေတာ့ ၂၀၁၅ ခုႏွစ္မွာ ကြၽန္ေတာ္တို႔က ဖြဲ႕ခဲ့တာေပါ့ေလ။ သို႔ေသာ္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ႏိုင္ငံ ေရးအေျပာင္းအလဲေအာက္မွာ ကြၽန္ေတာ္တို႔က ၁၀ ဖြဲ႕စုဖြဲ႕တာကေန ၇ ဖြဲ႕၊ ၇ဖြဲ႕ကေနၿပီးေတာ့ ေနာက္ တစ္ခါ ၅ ဖြဲ႕ ျဖစ္သြားတယ္ စသည္ျဖင့္ေပါ့ေလ။ တခ်ိဳ႕အဖြဲ႕ေတြက်ေတာ့လည္း ဒီလိုမ်ိဳး PPST စုဖြဲ႕ မႈနဲ႔သြားရတာအဆင္မေျပဘူး။ အဲဒီအခါက်ေတာ့ ကြၽန္ေတာ္တို႔ရဲ႕စုဖြဲ႕မႈေတြက တျဖည္းျဖည္းေလ်ာ့နည္း လာတယ္။ မျပည့္မစုံျဖစ္လာတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ လက္ရွိ ေနျပည္ေတာ္သြားေနတဲ့ အဖြဲ႕ ၇ ဖြဲ႕ကေနၿပီးေတာ့ တညီတၫြတ္တည္းသြားလို႔ ရေအာင္ ကြၽန္ေတာ္တို႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းအားလုံးရဲ႕ အသံမဟုတ္ေသးသည့္တိုင္ ေတာင္မွ တိုင္းရင္းသားအဖြဲ႕အစည္းမ်ားအားလုံးကို ကိုယ္စားျပဳႏိုင္မယ့္ စုဖြဲ႕မႈအဆင့္ကို ကြၽန္ေတာ္တို႔ တစ္ဆင့္ခ်င္းေပါ့ေလ၊ အဲဒီလိုသြားလို႔ရေအာင္ ကြၽန္ေတာ္တို႔ ၇ ဖြဲ႕ကေနစၿပီးေတာ့ PPST အစုအဖြဲ႕ ကေန အတူတကြ ပူးေပါင္း ပါဝင္လုပ္ေဆာင္ႏိုင္မယ့္ ၇ ဖြဲ႕ 7 EAO Alliance အဖြဲ႕ကို လက္ရွိႏိုင္ငံေရးအခင္း အက်င္းရဲ႕ေတာင္းဆိုမႈအရ စုဖြဲ႕လိုက္တာျဖစ္ပါတယ္။ အၾကမ္းဖ်င္း အဲဒီေလာက္ပဲ ေျပာပါရေစ။

ေမး - အခုလို ျဖစ္ေပၚလာတဲ့ 7 EAO Alliance နဲ႔ PPST ဆိုတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕နဲ႔ ဘာေတြ ကြဲျပားသြားမလဲ။ ၿပီးေတာ့ PPST က ေကာ ဆက္ရွိေနဦးမွာလား။
ေျဖ - ဟုတ္ပါတယ္။ အင္မတန္မွပဲ ေမးသင့္ေမး ထိုက္တဲ့ ေမးခြန္းတစ္ခုပဲ ျဖစ္ပါတယ္။ အခုနက ကြၽန္ေတာ္ေျပာသလိုမ်ိဳးပါပဲ။ ကြၽန္ေတာ္တို႔ ဒီအဖြဲ႕ပါပဲ။ လက္ရွိမွာ PPST နဲ႔သြားေနရတာ အဆင္မေျပတဲ့ အတြက္ေၾကာင့္မိုလို႔ စုဖြဲ႕အသစ္ကို ကြၽန္ေတာ္တို႔ သြားတာျဖစ္တယ္။ ဘာမွ အေျပာင္းအလဲမရွိပါဘူး။ ကြၽန္ေတာ္တို႔သြားမယ့္ေက်ာ႐ိုးကေတာ့ အရင္က အတိုင္းပါပဲ။ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးျခင္းနဲ႔အေျဖရွာတဲ့ အခင္းအက်င္းကို ကြၽန္ေတာ္တို႔ ႀကိဳးပမ္းေဆာင္႐ြက္မယ္။ ေနာက္ၿပီး ေတာ့ ဒီႏိုင္ငံရဲ႕ လက္ရွိႀကဳံေတြ႕ေနရတဲ့ အခက္အခဲကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ သက္ဆိုင္သူေတြ အားလုံးပါ ဝင္တဲ့ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးပြဲျဖစ္ေျမာက္ဖို႔ ႀကိဳး စားမယ္။ ေနာက္တစ္ခ်က္ကေတာ့ လက္ရွိ ကြၽန္ေတာ္ တို႔တစ္ႏိုင္ငံလုံး ပဋိပကၡျဖစ္ေပၚေနတဲ့ကာလမွာ ထိခိုက္နစ္နာမႈေတြျဖစ္ေပၚခဲ့တဲ့ ျပည္သူလူထုေတြ အတြက္ေပါ့ေလ အကာအကြယ္ေပးဖို႔နဲ႔ လူသားခ်င္း စာနာမႈဆိုင္ရာအကူအညီေပးေရးလုပ္ငန္းေတြကို ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ႏိုင္ဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ အဲဒီေက်ာ႐ိုး ၃ ခုအေပၚမွာပဲ ကြၽန္ေတာ္တို႔က ဆက္ သြားမွာျဖစ္တဲ့အတြက္ေၾကာင့္မိုလို႔ ႏိုင္ငံေရးအရ ေတာ့ အေျပာင္းအလဲ ႀကီးႀကီးမားမားျဖစ္မွာေတာ့ မဟုတ္ပါဘူးဆိုတာကို ကြၽန္ေတာ့္အေနနဲ႔ အဲဒီလိုပဲ ေျပာခ်င္ပါတယ္။

ေမး - PPST မွာ အရင္က NCA ထိုးထားတဲ့ တိုင္း ရင္းသားလက္နက္ကိုင္အဖြဲ႕ ၁၀ ဖြဲ႕ရွိခဲ့တယ္။ အခုက ၇ ဖြဲ႕ပဲ NCA လမ္းေၾကာင္းေပၚမွာ ဆက္ရွိတယ္ေပါ့။ ဘယ္လိုမ်ိဳးအေျပာင္းအလဲေၾကာင့္ ၇ ဖြဲ႕ပဲက်န္ေတာ့ တာလို႔ သုံးသပ္လို႔ရမလဲ။
ေျဖ - ၇ ဖြဲ႕ပဲက်န္ခဲ့တာမဟုတ္ပါဘူးဆရာ။ အမွန္ တိုင္းေျပာရမယ္ဆိုရင္ ၅ ဖြဲ႕ပဲ က်န္ေတာ့တာပါ။ အခုနက ကြၽန္ေတာ္တို႔ေျပာတဲ့ (၂)ဖြဲ႕ မြန္ျပည္ သစ္ပါတီနဲ႔ RCSS ကလည္းပဲ ၿပီးခဲ့တဲ့ PPST စုဖြဲ႕မႈ မွာ သူတို႔က တင္းျပည့္က်ပ္ျပည့္မဟုတ္ေတာ့ဘဲနဲ႔ ဆက္စပ္အဖြဲ႕အစည္းေတြအေနနဲ႔ပဲ သြားခဲ့ၾကတယ္ေလ။ ဆိုလိုခ်င္တာကေတာ့ တူတာကို တြဲလုပ္မယ္။ မတူတာကိုခြဲလုပ္မယ္ဆိုတဲ့ အႏွစ္သာရအရ ကြၽန္ ေတာ္တို႔လုပ္ခဲ့တာေပါ့။ အခုနက ေျပာသလိုမ်ိဳးပဲ ၁၀ ဖြဲ႕ကေန စတင္စုဖြဲ႕လိုက္တဲ့ PPST က ၁၀ ဖြဲ႕ကေန ၇ ဖြဲ႕၊ ၇ ဖြဲ႕ကေန ၅ ဖြဲ႕။ အဲဒီလိုမျပည့္မစုံနဲ႔ သြားေန ရတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔က ဒီလိုမ်ိဳး တစ္ႏိုင္ ငံလုံးနဲ႔ဆိုင္တဲ့ကိစၥရပ္ေတြေပါ့ေလ။ ဥပမာအားျဖင့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးနဲ႔ဆိုင္တဲ့ ကိစၥရပ္ေတြ၊ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို အေျခခံျပည္ေထာင္စုတည္ေဆာက္ဖို႔ကိစၥရပ္ေတြ အဲဒါေတြကို ေျပာရ ဆိုရ ညႇိႏႈိင္းေဆာင္႐ြက္ရတာကို ကြၽန္ေတာ္တို႔အေနနဲ႔ ေတာ္ေတာ္ေလးကို အဆင္မေျပတဲ့အတြက္ ေၾကာင့္မို႔လို႔ ေလာေလာဆယ္ေပါ့ေလ။ အားလုံး မဟုတ္သည့္တိုင္ေအာင္ေတာင္မွ ကြၽန္ေတာ္တို႔ ေနျပည္ေတာ္သြားလက္စ ၇ ဖြဲ႕အေနနဲ႔ တညီတၫြတ္ တည္းသြားၿပီးေတာ့ စပ်ိဳးႏိုင္မယ္ဆိုရင္ က်န္တဲ့လူ ေတြပါဝင္လာႏိုင္မယ့္ အခင္းအက်င္းေတြလည္း တျဖည္းျဖည္း ေဆာင္႐ြက္ရင္းနဲ႔ေပါ့ေလ။ ကြၽန္ေတာ္ တို႔ လက္ရွိႀကဳံေတြ႕ေနရတဲ့ တစ္ႏိုင္ငံလုံးအက်ပ္အ တည္းဆိုင္ရာ ကိစၥရပ္လို႔ပဲေျပာေျပာ၊ တစ္ႏိုင္ငံလုံး စစ္ေဘးစစ္ဒဏ္ေတြကင္းေဝးၿပီးေတာ့ လက္ရွိ အက်ပ္အတည္းကိုေက်ာ္လႊားႏိုင္တဲ့ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးကို အာမခံခ်က္ေပးႏိုင္မယ့္ ဖက္ဒရယ္ဒီ မိုကေရစီျပည္ေထာင္စုတည္ေဆာက္ေရးဆိုင္ရာ ကိစၥရပ္ေတြအတြက္ ပိုၿပီးေတာ့မ်ား ကြၽန္ေတာ္တို႔ အခါတိုင္းသြားတာထက္ တစ္ဖြဲ႕ခ်င္းစီသြားခဲ့တာ လည္းရွိတယ္။ ၂ ဖြဲ႕၊ ၃ ဖြဲ႕ စုဖြဲ႕ၿပီးေတာ့ သြားတာ လည္းရွိတယ္။ အဲဒီလိုမ်ိဳး မစုံမလင္နဲ႔သြားတာမ်ိဳး ထက္ ကြၽန္ေတာ္တို႔တိုင္းရင္းသားေတြရဲ႕ အသံ၊ လိုလားခ်က္၊ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အမွန္တကယ္ လိုအပ္ေနတဲ့ အက်ပ္အတည္းေက်ာ္လႊားေရးအတြက္ လမ္းစေတြ ပိုၿပီးေတာ့ ပြင့္လာႏိုင္မလားဆိုတဲ့ ရည္ မွန္းခ်က္ေပါ့ေလ။ အဲဒီအေျခခံအေပၚမွာပဲ လုပ္ျဖစ္ သြားတာျဖစ္ပါတယ္။

ေမး - ေနာက္တစ္ခုက PPST မွာပါခဲ့တဲ့KNU ၊ CNF နဲ႔ ABSDF အဖြဲ႕ေတြက လက္ရွိမွာ တပ္မ ေတာ္နဲ႔ တိုက္ပြဲျဖစ္ေနတာမ်ိဳးရွိတယ္။ ဆိုေတာ့ သူတို႔ က NCA ထိုးထားတဲ့ အဖြဲ႕ေတြလည္းျဖစ္ေတာ့ အဲဒီ ၃ ဖြဲ႕နဲ႔အစိုးရၾကားက NCAစာခ်ဳပ္အခန္းက႑က ဘယ္လိုျဖစ္သြားၿပီလို႔ သုံးသပ္လို႔ရမလဲ။
ေျဖ - ကြၽန္ေတာ္တို႔ ဒီေနရာမွာ ရွင္းရွင္းလင္းလင္းသိဖို႔ တစ္ခ်က္လိုအပ္တာက အခုနက ဆရာေျပာသလိုမ်ိဳး ေပါ့။ ကြၽန္ေတာ္တို႔ NCA လက္မွတ္ေရးထိုးခဲ့တဲ့ ၁၀ ဖြဲ႕ထဲမွာ KNUရယ္၊ CNF ရယ္၊ ABSDF ရယ္က ေလာေလာဆယ္ SAC နဲ႔ ထိေတြ႕ဆက္ဆံမႈ မလုပ္ တဲ့နည္း။ က်န္တဲ့ ကြၽန္ေတာ္တို႔ ၇ ဖြဲ႕ကေတာ့ တစ္ဖြဲ႕ ခ်င္းစီရဲ႕ဆုံးျဖတ္ခ်က္အရ ကြၽန္ေတာ္တို႔ ထိေတြ႕ ဆက္ဆံမႈေတြလုပ္ခဲ့တယ္။ ေဆြးေႏြးမႈေတြလည္း လုပ္ခဲ့တယ္ဆိုတာ မွန္ပါတယ္။ သို႔ေသာ္လည္းပဲ ဒီေနရာမွာ ကြၽန္ေတာ့္အေနနဲ႔ ဆရာတို႔ကို ရွင္းရွင္း လင္းလင္းျဖစ္ေစခ်င္တာက လက္ရွိ ကြၽန္ေတာ္တို႔ ၇ ဖြဲ႕ရဲ႕ SAC နဲ႔ ထိေတြ႕ဆက္ဆံမႈလုပ္ငန္းေတြက NCA သေဘာတူညီခ်က္အတိုင္း၊ NCA ယႏၲရား အတိုင္း ကြၽန္ေတာ္တို႔လုပ္ေဆာင္ခဲ့တာ မဟုတ္ဘူး ဆိုတာကိုေတာ့ ဆရာတို႔အေနနဲ႔ နားလည္မယ္လို႔ ထင္ပါတယ္။ အဲဒါဘာျဖစ္လို႔လဲဆိုေတာ့ ဆရာတို႔ လည္း NCA စာခ်ဳပ္ကို သိရွိမွာပါ။ NCA ရဲ႕ စာအုပ္အဖုံးေပၚမွာကိုက ျပည္ေထာင္စုသမၼတ ျမန္ မာႏိုင္ငံေတာ္အစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားၾကား လက္မွတ္ေရးထိုးထားေသာ NCA စာခ်ဳပ္ေပါ့ေလ။ ဆိုေတာ့ကာ ဒီ NCA စာခ်ဳပ္ ကို ပူးတြဲပိုင္ဆိုင္တဲ့အစုအဖြဲ႕က ႏွစ္ခုပဲရွိတယ္။ တစ္ဖြဲ႕ကေတာ့ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံ ေတာ္အစိုးရ၊ ေနာက္တစ္ဖြဲ႕ကေတာ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားေပါ့ေလ။ သို႔ေသာ္ လည္းပဲ ဒီအခ်ိန္ကာလ ဒီအေျခအေနေအာက္မွာ ကေတာ့ ကြၽန္ေတာ္တို႔ NCA စာခ်ဳပ္ ခ်ဳပ္ဆိုတဲ့အ ခ်ိန္တုန္းကရွိခဲ့တဲ့ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ေတာ္အစိုးရတို႔၊ လႊတ္ေတာ္တို႔၊ ဘာတို႔ ဒီအစုအဖြဲ႕ ေတြလည္း မစုံမလင္ရွိေနတဲ့ကာလေအာက္မွာေတာ့ ပြင့္ပြင့္လင္းလင္းေျပာရမယ္ဆိုရင္ ကြၽန္ေတာ္တို႔ NCA အေကာင္အထည္ေဖာ္မႈ၊ NCA အတိုင္းလုပ္ ေနတဲ့ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈေတြကေတာ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစၿပီးေတာ့ ရပ္ဆိုင္းသြားခဲ့ပါၿပီ ဆိုတာကိုေတာ့ ဆရာတို႔လည္း နားလည္မယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ဟုတ္ၿပီ ဒါဆို ရင္ ဘာျဖစ္လို႔ ဒီ ၇ ဖြဲ႕က လြန္ခဲ့တဲ့ တစ္ႏွစ္၊ ႏွစ္ႏွစ္ တုန္းကSAC နဲ႔ သြားေရာက္ေတြ႕ဆုံ ညႇိႏႈိင္းမႈေတြ လုပ္ေနၾကသလဲဆိုေတာ့ ေမးခြန္းကေတာ့ရွိတာေပါ့။ ဒါကလည္း ရွင္းရွင္းလင္းလင္းေလးပါပဲ။ ၂၀၂၂ ခုႏွစ္ ဧၿပီ ၁ ရက္ေန႔ ကြၽန္ေတာ္တို႔ EAO 7 ဖြဲ႕ summit ထုတ္ျပန္ခ်က္အရ လက္ရွိျမန္မာႏိုင္ငံမွာ ႀကဳံေတြ႕ေန ရတဲ့ အခက္အခဲအက်ပ္အတည္းကို ေက်ာ္လႊားႏိုင္ဖို႔ အတြက္ သက္ဆိုင္သူမ်ားအားလုံးပါဝင္တဲ့ ႏိုင္ငံေရး ေတြ႕ဆုံေဆြးေႏြးပြဲျဖစ္ေျမာက္ေရး ေဆာင္႐ြက္ဖို႔ ကြၽန္ေတာ္တို႔အေနနဲ႔ အဆင္သင့္ရွိတယ္ဆိုတဲ့ထုတ္ ျပန္ခ်က္အတိုင္းပဲေပါ့ေလ။ လက္ရွိ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ အခ်ိန္ ၃ ႏွစ္ ေက်ာ္ၾကာကာလ ရင္ဆိုင္ႀကဳံ ေတြ႕ေနရတဲ့ ဒီအက်ပ္အတည္းေတြ၊ အခက္အခဲေတြ ဒါေတြကို လြန္ေျမာက္ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ ယုံၾကည္မႈကေတာ့ ဒီအခက္အခဲအက်ပ္အတည္း ေတြက ႏိုင္ငံေရးေၾကာင့္ ျဖစ္ေပၚလာတဲ့ ျပႆနာေတြ ျဖစ္တယ္။ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးေတြ႕ဆုံေဆြး ေႏြးနည္းနဲ႔အေျဖရွာႏိုင္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ ျခင္းကသာလွ်င္ ဒီ ျပည္ေထာင္စုအတြက္ ထိခိုက္နစ္ နာမႈအနည္းဆုံးနဲ႔ ေပးဆပ္မႈအနည္းဆုံးကို ေဖာ္ ေဆာင္ႏိုင္မွာျဖစ္တဲ့အတြက္ေၾကာင့္မိုလို႔ ဒီလမ္း ေၾကာင္းကို ကြၽန္ေတာ္တို႔ တစ္စိုက္မတ္မတ္ႀကိဳးပမ္းခဲ့တာျဖစ္တယ္။ ဆိုလိုခ်င္တာက ကြၽန္ေတာ္တို႔ ၇ ဖြဲ႕က SAC နဲ႔ ထိေတြ႕ဆက္ဆံေျပာဆိုေဆြးေႏြးမႈမ်ား သည္ NCA လမ္းေၾကာင္းအရ သေဘာတူထားတဲ့ ၿငိမ္းခ်မ္းေရး၊ ႏိုင္ငံေရး ေဆြးေႏြးပြဲေတြကို လုပ္ေန တာမဟုတ္ဘူး။ လက္ရွိႀကဳံေတြ႕ေနရတဲ့ ကြၽန္ေတာ္ တို႔ႏိုင္ငံအက်ပ္အတည္းေတြကို ဘယ္လိုလမ္းစပ်ိဳးမႈ မ်ိဳးနဲ႔ ဘယ္လိုအစေဖာ္မႈမ်ိဳးနဲ႔ ဘယ္လိုမ်ိဳးစုဖြဲ႕မႈမ်ိဳးနဲ႔ ကြၽန္ေတာ္တို႔ အေျဖရွာေက်ာ္လႊားလို႔ရႏိုင္မလဲဆိုတာ ႀကိဳးပမ္းေဆာင္႐ြက္ျခင္း ျဖစ္ပါတယ္။

ေမး - ဗိုလ္မႉးႀကီးတို႔ရဲ႕ 7 EAO Alliance အေၾကာင္းကို ဆက္ေမးခ်င္ပါတယ္။ အခုဖြဲ႕လိုက္တဲ့ စုဖြဲ႕မႈအသစ္ အဖြဲ႕အေနနဲ႔ ဘာေတြဆက္လုပ္ဖို႔ရွိ သြားလဲ။ ေနာက္တစ္ခုက ဗိုလ္မႉးႀကီးတို႔ရဲ႕ထုတ္ျပန္ ခ်က္ထဲမွာ တစ္ခုေတြ႕တာက ဘာလဲဆိုေတာ့ ၿငိမ္း ခ်မ္းေရးဆိုင္ရာကိစၥေတြမွာ ျပည္သူလူထုရဲ႕ သေဘာထားဆႏၵကို ထုတ္ေဖာ္ႏိုင္မယ့္အခင္းအက်င္းမ်ိဳးကို ဖန္းတီးမယ္ဆိုၿပီးေတာ့ ေၾကညာထားတာ ေတြ႕ရပါ တယ္။ ဘယ္လိုပုံစံမ်ိဳး ဖန္တီးမွာလဲ။ ဘာေတြလုပ္မွာလဲေပါ့။
ေျဖ - ဟုတ္ကဲ့ပါ။ ဒါကလည္း ကြၽန္ေတာ္တို႔ရဲ႕ စဥ္း စားခ်က္အသစ္တစ္မ်ိဳးလို႔ ေျပာလို႔လည္းရပါတယ္။ သို႔ေသာ္လည္းပဲ အဓိက ေက်ာ႐ိုးကေတာ့ အခုနက ကြၽန္ေတာ္ေျပာတဲ့ အခ်က္ ၃ ခ်က္ေပါ့။ ႏိုင္ငံေရး ျပႆနာကို ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးျခင္းနဲ႔ရွင္းမယ္။ သက္ဆိုင္သူေတြအားလုံးပါဝင္တဲ့ ႏိုင္ငံေရးေဆြးေႏြးပြဲျဖစ္ေျမာက္ေအာင္လုပ္မယ္။ နံပါတ္သုံးကေတာ့ အရပ္သားမ်ားကို အကာအကြယ္ေပးေရးနဲ႔ လူသား ခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြလုပ္ႏိုင္ေအာင္ ႀကိဳးပမ္းမယ္ စသည္ျဖင့္ေပါ့ေလ။ ဒီအခ်ိန္မွာကလည္း အခုနကဆရာေမးသလိုမ်ိဳးေပါ့ ကြၽန္ေတာ္တို႔က လည္း ဒီအက်ပ္အတည္းေတြကို ေက်ာ္လႊားႏိုး၊ ေက်ာ္လႊားႏိုး၊ အေျဖရွာလို႔ ရႏိုး၊ ရႏိုးနဲ႔ အခုဆိုရင္ ၃ ႏွစ္ေက်ာ္ၾကာအခ်ိန္ကာလကို ေရာက္လာခဲ့ပါၿပီ။ သို႔ ေသာ္ ကြၽန္ေတာ္တို႔အတြက္က သန္းေခါင္ထက္ ညဥ့္ နက္ေနဆဲပဲ၊ ေမွာင္မိုက္ေနဆဲပဲ။ ျပည္သူလူထုေတြရဲ႕ ထိခိုက္ေသေက်၊ ပ်က္စီးဆုံးရႈံးမႈေတြက ေန႔စဥ္ရက္ ဆက္ျဖစ္ေပၚလာတဲ့အေပၚမွာ ကြၽန္ေတာ္တို႔အေနနဲ႔ ျပည္သူလူထုေတြၾကားထဲမွာေပါ့ ဒီအခ်ိန္မွာေတာ့ သူတို႔မွာလည္း အျမင္ေတြ အမ်ိဳးမ်ိဳးရွိမွာပဲ။ အဲဒီလို အျမင္ေတြအမ်ိဳးမ်ိဳးၾကားထဲမွာ ဒီလိုမ်ိဳး ထိခိုက္ေသ ေက်ပ်က္စီးဆုံးရႈံးမႈေတြကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ သူတို႔လည္း ၿငိမ္းခ်မ္းစြာ ေတြ႕ဆုံေဆြးေႏြးအေျဖရွာတဲ့ နည္းလမ္းကို ေဇာင္းေပးလိုတဲ့ ျပည္သူလူထုရဲ႕အသံ ေတြလည္း ရွိမွာပဲဆိုတာကို ကြၽန္ေတာ္တို႔လည္း သိရွိ လာတဲ့အေပၚမွာ အဲဒီအသံေလးေတြကိုလည္း လက္ရွိႏိုင္ငံေရးအခင္းအက်င္းအရ လိုအပ္တယ္လို႔ ျမင္တဲ့အတြက္ေၾကာင့္မိုလို႔ အဲဒီလိုမ်ိဳး အသံမထြက္ ႏိုင္တဲ့ အင္အားစုေတြ ျပည္သူလူထုၾကားမွာရွိေနတဲ့ အျမင္ေတြကို ေဖာ္ထုတ္ႏိုင္ဖို႔ ႀကိဳးပမ္းေဆာင္႐ြက္ လိုတဲ့ဆႏၵနဲ႔ ထည့္သြင္းေရးသားထားတာ ျဖစ္ပါတယ္။ ဘယ္လို လုပ္နည္းလုပ္ဟန္နဲ႔ လုပ္မလဲဆိုေတာ့ အဲဒီ လိုလုပ္ငန္းပိုင္းဆိုင္ရာ အေသးစိတ္ကိစၥရပ္ေတြကို ကြၽန္ေတာ္တို႔က တျဖည္းျဖည္းညႇိႏႈိင္းေဆာင္႐ြက္ ၿပီးမွပဲ ဘယ္လုပ္နည္း၊ လုပ္ဟန္ကေတာ့ သင့္ေတာ္ တယ္၊ ဘယ္လုပ္နည္းကိုင္နည္းကေတာ့ အဆင္ေျပ တယ္ စသျဖင့္ ဒါကေတာ့ အားလုံးရဲ႕ညႇိႏႈိင္းေဆြးေႏြး မႈအေပၚမွာပဲ အတိအက်ေျပာလို႔ရပါမယ္။ ေလာေလာ ဆယ္ေတာ့ အဲဒီလိုမ်ိဳးျဖစ္ေပၚလာႏိုင္ဖို႔အတြက္ ကြၽန္ ေတာ္တို႔က နည္းမ်ိဳးစုံနဲ႔ ႀကိဳးပမ္းေဆာင္႐ြက္ဖို႔ကိုပဲ နားလည္ထားပါတယ္။

ေမး - ဗိုလ္မႉးႀကီးတို႔ရဲ႕ EAO ၇ ဖြဲ႕ဟာ ၿပီးခဲ့တဲ့ ကာလေတြမွာ နစကအစိုးရနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့တာ ေတြရွိတယ္။ အဲဒီလို ေဆြးေႏြးၿပီးခဲ့တဲ့ကာလတစ္ ေလွ်ာက္မွာ အက်ိဳးရလဒ္ ဘာေတြရခဲ့လဲ။
ေျဖ - ေလာေလာဆယ္ကေတာ့ အက်ိဳးရလဒ္ဆိုတာ ကေတာ့ ဟုတ္တိပတ္တိေျပာပရေလာက္ေအာင္ မည္မည္ရရ တစ္စုံတစ္ခုရရွိမႈကေတာ့ ေျပာဖို႔က ခက္ပါတယ္။ အခုနက ကြၽန္ေတာ္ ေျပာသလိုမ်ိဳးပါပဲ။ ကြၽန္ေတာ္တို႔ ၇ ဖြဲ႕က နစကနဲ႔ ေတြ႕ ဆုံညႇိႏႈိင္းအေျဖရွာ ျခင္းသည္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ လက္ရွိႀကဳံေတြ႕ ေနရတဲ့ အခက္အခဲအက်ပ္အတည္းကို ဘယ္လိုနည္း လမ္းမ်ိဳးနဲ႔ ေက်ာ္လႊားလို႔ ရမလဲဆိုတာ သက္ဆိုင္ရာသူ ေတြအားလုံးပါဝင္ၿပီး ညႇိႏႈိင္းေဆြးေႏြးေနတဲ့ အခင္း အက်င္းျဖစ္ေျမာက္လာဖို႔အတြက္ ရည္႐ြယ္ခ်က္နဲ႔ လုပ္ေဆာင္ျခင္းပဲ ျဖစ္တယ္။ အဓိကကေတာ့ ဆရာ ရယ္။ ကြၽန္ေတာ္တို႔က တစ္ဖြဲ႕ခ်င္းစီလည္းသြားခဲ့ တယ္။ ႏွစ္ဖြဲ႕၊ သုံးဖြဲ႕ေပါင္းၿပီးေတာ့ သြားခဲ့တာလည္း ရွိတယ္။ PPST ဆိုတဲ့ ေခါင္းစဥ္နဲ႔လည္း သြားႏိုင္ တာမဟုတ္ဘူး။ NCA-S EAO ၇ ဖြဲ႕ စုဖြဲ႕မႈနဲ႔ ေပါင္း ၿပီးေတာ့လည္း သြားႏိုင္တဲ့အခင္းအက်င္းလည္း တစ္ ခါမွမလုပ္ႏိုင္ဘူး။ ဒီလိုမ်ိဳး တစ္ဖြဲ႕ခ်င္းစီ မျပည့္မစုံ သြားေရာက္ေတြ႕ဆုံေဆြးေႏြးၿပီး ေျပာဆိုတဲ့ အခါက် ေတာ့ အခုနက ကြၽန္ေတာ္တို႔လိုခ်င္တဲ့ ဒီတစ္ ႏိုင္ငံ လုံးအက်ပ္ အတည္းကိုေက်ာ္လႊားႏိုင္တဲ့ နည္းလမ္း ကို ေျပာဖို႔ေနေနသာသာ ဆရာရယ္ ကြၽန္ေတာ္ ကရင္ ဆိုရင္ေတာင္မွ ကရင္အမ်ိဳးသားေတြရဲ႕ဆႏၵ၊ ကရင္ ျပည္နယ္ရဲ႕ကိစၥ ဝိစၥေတြကိုေတာင္မွ ကိုယ္စားျပဳ ေဆြးေႏြးေျပာဆိုဖို႔ အင္မတန္မွပဲ အခက္အခဲ ရွိပါတယ္။ ဆိုေတာ့ကာ ဒီလိုမ်ိဳး ပကတိအေျခအ ေနတစ္ခုေအာက္မွာကေတာ့ ခုနက ေျပာသလိုပါပဲ။ကြၽန္ေတာ္တို႔ရည္မွန္းထားတဲ့ သက္ဆိုင္သူအားလုံး ပါဝင္တဲ့ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးပြဲကေနတစ္ဆင့္ ဒီအခက္အခဲအက်ပ္အတည္းကို ေက်ာ္လႊားႏိုင္ဖို႔ လမ္းစရွာတဲ့လုပ္ငန္းေတြမွာကေတာ့ ယေန႔အထိ ေပါ့ေလ။ ကြၽန္ေတာ္တို႔တစ္ႏိုင္ငံလုံး စစ္ေဘာင္က လြန္ခဲ့တဲ့ တစ္ႏွစ္၊ ႏွစ္ႏွစ္ကာလကထက္ အမ်ားႀကီး က်ယ္ျပန႔္လာၿပီးေတာ့ ႏိုင္ငံေရးေဆြးေႏြးမႈေဘာင္က က်ဥ္းသထက္က်ဥ္းၿပီးေတာ့ ပိတ္လုနီးပါးကို ဆုတ္ ဝင္သြားတဲ့အေနအထားအရေပါ့ေလ။ ကြၽန္ေတာ္တို႔ ႀကိဳးပမ္းေဆာင္႐ြက္မႈေတြဟာ တစ္စုံတစ္ရာ အက်ိဳး ရလဒ္ရွိတယ္လို႔ေတာ့ ကြၽန္ေတာ္တို႔ကိုယ္တိုင္လည္း အားရေက်နပ္မႈ မရွိပါဘူး။

ေမး - နစကအစိုးရက EAO ေတြနဲ႔ပတ္သက္ရင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔အတြက္ ဖိတ္ေခၚတဲ့ပုံစံက ဘယ္လိုအေနအထားရွိတယ္လို႔ သုံးသပ္လို႔ရမလဲ။ အရင္အစိုးရေတြနဲ႔ႏႈိင္းယွဥ္ရင္ ဘာကြဲျပားသြားတာ ရွိလဲ။
ေျဖ - ဟုတ္ပါတယ္။ အရင္အစိုးရဆိုတာကလည္း ကြၽန္ေတာ္တို႔မီခဲ့တဲ့အစိုးရေတြလည္းရွိတယ္။ မမီခဲ့ တဲ့အစိုးရေတြလည္းရွိတယ္။ ကြၽန္ေတာ္တို႔မီခဲ့တဲ့ အစိုးရနဲ႔ေျပာမယ္ဆိုရင္ေတာ့ ဦးသိန္းစိန္အစိုးရေပါ့။ အဲဒီအခ်ိန္တုန္းက NCT ေခတ္မွာ NCA ကို ေရး ဆြဲညႇိႏႈိင္းၿပီးေတာ့ အတည္ျပဳႏိုင္ခဲ့တယ္။ အဲဒီအခ်ိန္ ကာလတုန္းကဆိုရင္ ကြၽန္ေတာ္တို႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းထဲက ၾကည့္မယ္ဆိုရင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း အားလုံး မဟုတ္သည့္တိုင္ေအာင္ အားလုံးနီးပါး အတူတကြ ပူးေပါင္းေဆာင္႐ြက္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ေတြ လည္း အမ်ားႀကီးရွိတယ္။ သို႔ေသာ္လည္း ဦးသိန္းစိန္ အစိုးရၿပီးေတာ့ NLD အစိုးရလက္ ထက္မွာက် ေတာ့လည္းပဲ NCA မွာပါတဲ့ သေဘာတူညီခ်က္ ေတြကို အေကာင္အထည္ေဖာ္တဲ့ေနရာမွာေပါ့ေလ။ အမွန္ကေတာ့ NCA မွာ အေကာင္းဆုံးမဟုတ္ သည့္တိုင္ေအာင္မွ အဆိုးဆုံးတစ္ခုလို႔ေတာ့ ေျပာဖို႔ ကေတာ့ ခက္ပါတယ္။ ဘာျဖစ္လဲဆိုေတာ့ ျပည္တြင္း စစ္ကာလ အႏွစ္ ၇၀ ေက်ာ္မွာ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕အစည္းနဲ႔ အစိုးရၾကား ခ်ဳပ္ဆိုခဲ့တဲ့ သေဘာတူစာခ်ဳပ္ဆိုတာ ဒီေလာက္အထိက်ယ္ျပန႔္ ၿပီးေတာ့ ဒီေလာက္အထိ ၿပီးျပည့္စုံစရာ ဒီစာခ်ဳပ္ပဲ ရွိပါတယ္။ ဒါေပမဲ့ NCA ဆိုတာကလည္း လက္နက္ ကိုင္တိုက္ခိုက္ေနတဲ့ ဘက္ႏွစ္ဖက္က ညႇိႏႈိင္းေဆြး ေႏြးေရးဆြဲရတဲ့စာခ်ဳပ္ျဖစ္တဲ့အတြက္ေၾကာင့္မိုလို႔ ကိုယ္လိုခ်င္တာလည္း အကုန္လုံးပါႏိုင္မွာ မဟုတ္သ လို သူလိုခ်င္တာလည္း အကုန္လုံးပါႏိုင္မွာ မဟုတ္ ဘူးဆိုတာက ပကတိအရွိတရားပါ။ ၿခဳံေျပာလိုက္ မယ္ဆိုရင္ ဦးသိန္းစိန္အစိုးရလက္ထက္တုန္းက ကြၽန္ေတာ္တို႔က NCA စာခ်ဳပ္ကို အတည္ျပဳႏိုင္ခဲ့ တယ္။ တခ်ိဳ႕တစ္ဝက္လည္း လက္မွတ္ေရးထိုး ႏိုင္ခဲ့ တယ္။ ဒီဘက္က NLD အစိုးရလက္ထက္ ၂၀၁၅ အလြန္က်ေတာ့ စာခ်ဳပ္ကို အေကာင္အထည္ေဖာ္တဲ့ ေနရာမွာ ကြၽန္ေတာ္တို႔မွာ အားနည္းခ်က္ေတြ အမ်ား ႀကီးရွိပါတယ္ဆိုတာကို ဝန္ခံရမွာျဖစ္တယ္။ ေနာက္ ဆုံးေပါ့ေလ၊ NCA စာခ်ဳပ္ အေကာင္အထည္ေဖာ္မႈ လုပ္ငန္းေတြ ရပ္တန႔္သြားတဲ့အခ်ိန္ထိေပါ့ေလ။ ဆိုေတာ့ကာ ဒီဘက္ကက်ေတာ့ အခုနက ကြၽန္ေတာ္ တို႔ေျပာေနတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈလို႔ ေျပာေနေပ မယ့္ ကြၽန္ေတာ္တို႔ေျပာေနတဲ့ ၿငိမ္းခ်မ္းေရးဆိုတာက လူမ်ိဳးတစ္မ်ိဳး ၿငိမ္းခ်မ္းေရး၊ ေဒသတစ္ခု ၿငိမ္းခ်မ္းေရး ကိုေျပာတာ မဟုတ္ဘူး။ ဒီႏိုင္ငံ တစ္ႏိုင္ငံလုံးကို လႊမ္းၿခဳံတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးကို ေျပာတာျဖစ္ တယ္။ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးကို တည္ေဆာက္ မယ္ဆိုရင္လည္းပဲ ကြၽန္ေတာ္တို႔ႏိုင္ငံကို ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စုလို႔ပဲေခၚေခၚ၊ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုလို႔ပဲ ဆိုဆိုေပါ့ေလ။ အဓိကကေတာ့ ကြၽန္ေတာ္တို႔ တိုင္း ရင္းသားမ်ား လိုလားေတာင့္တေနတဲ့ ဒီမိုကေရစီေရး၊ အမ်ိဳးသားတန္းတူေရးနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အခြင့္ အေရးေတြ အာမခံခ်က္အျပည့္အဝရွိတဲ့ ျပည္ေထာင္ စုကို ေဖာ္ေဆာင္ရမွာျဖစ္တဲ့အတြက္ေၾကာင့္ ဒီလိုမ်ိဳး တစ္ဖြဲ႕ ႏွစ္ဖြဲ႕နဲ႔ မစုံမလင္သြားေနရတဲ့အခင္းအက်င္း ေအာက္မွာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးလို႔ပဲ ေျပာေျပာ၊ တစ္ႏိုင္ငံရဲ႕အင္အားစုေတြအားလုံးရဲ႕ သေဘာထားကို ထင္ဟပ္ေစမယ့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္ စုပဲေျပာေျပာ ဒါေတြဟာ ဘယ္လိုမွ အားရေက်နပ္ေစ ေလာက္တဲ့အဆင့္အထိေရာက္ေအာင္ေတာ့ ေဖာ္ ေဆာင္ဖို႔၊ ညႇိႏႈိင္းဖို႔ဆိုတာကေတာ့ အမွန္တကယ္ လက္ေတြ႕မက်ပါဘူး။

ေမး - နစကဘက္က ဖိတ္ေခၚပုံစံကို ေျပာင္းသင့္ တယ္လို႔ ထင္လား။
ေျဖ - အဲဒါကေတာ့ ကြၽန္ေတာ္လည္း အတိအက် မသိႏိုင္ပါဘူး။ အဓိကကေတာ့ ဘယ္လိုပဲေျပာေျပာ ေလ၊ ကြၽန္ေတာ္တို႔ယုံၾကည္တာကေတာ့ လက္ရွိ ကြၽန္ေတာ္တို႔ႏိုင္ငံမွာႀကဳံေတြ႕ေနရတဲ့ အခက္အခဲ ေတြကို ေက်ာ္လႊားႏိုင္ဖို႔ဆိုရင္ ဒါဟာ ႏိုင္ငံေရး ျပႆနာျဖစ္တယ္။ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရး ေတြ႕ဆုံေဆြးေႏြးျခင္းနည္းနဲ႔အေျဖရွာတဲ့ ႏိုင္ငံေရး ယဥ္ေက်းမႈအသစ္သာလွ်င္ ႏိုင္ငံအတြက္၊ ျပည္ ေထာင္စုအတြက္ ထိခိုက္နစ္နာမႈနဲ႔ေပးဆပ္မႈ အနည္း ဆုံးကိုသြားႏိုင္မွာျဖစ္တယ္။ သြားဖို႔လည္းပဲ နဂိုက တည္းက ကြၽန္ေတာ္တို႔အကုန္လုံး နားလည္မႈတူခဲ့ တယ္၊ သေဘာတူခဲ့တယ္။ သို႔ေသာ္လည္းပဲ ဒီလိုမ်ိဳး ပုံမွန္အေနအထားမဟုတ္တဲ့ ႏိုင္ငံေရးအခင္းအက်င္း တစ္ခုေအာက္မွာကေတာ့ ဆရာသိတဲ့အတိုင္းပါပဲ။ကြၽန္ေတာ္တို႔ ႏိုင္ငံေရးအင္အားစုၾကားထဲမွာပဲ ျဖစ္ျဖစ္ ယုတ္စြအဆုံးဆရာရယ္ ကိုယ့္တစ္ဖက္ အဖြဲ႕ ၾကားထဲမွာရွိတဲ့ ေခါင္းေဆာင္ေတြၾကားထဲေတာင္မွ ကြၽန္ေတာ္တို႔က ရည္မွန္းခ်က္တူရဲ႕သားနဲ႔ လိုလား ခ်က္တူရဲ႕သားနဲ႔ လုပ္နည္းလုပ္ဟန္အရ ကြဲျပားျခား နားတာတို႔ ရွိေကာင္းရွိေနႏိုင္တာပဲ။ ရွိလည္း ရွိေနပါ တယ္။ ဆိုေတာ့ကာ ဒါက ပုံမွန္အေနအထားမဟုတ္တဲ့ ႏိုင္ငံေရးအခင္းအက်င္းတစ္ခုအတြင္း တြန္းပို႔မႈ ေၾကာင့္ ကြၽန္ေတာ္တို႔ေတြ႕ႀကဳံေနရတဲ့ ပကတိအရွိ တရားျဖစ္ပါတယ္ဆိုတာကို ကြၽန္ေတာ္အေနနဲ႔ အဲဒီ ေလာက္ပဲ ေျပာပါရေစ။

ေမး - လက္ရွိျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးအခန္းက႑ဟာ ဘယ္အဝန္းအဝိုင္းထဲမွာ ပိတ္မိေနတယ္လို႔ ေျပာလို႔ရမလဲ။
ေျဖ - ဘယ္အဝန္းဝိုင္းထဲမွာ ပိတ္မိေနသလဲဆိုေတာ့ ဒါကေတာ့ ကြၽန္ေတာ္တစ္ေယာက္တည္း ပုဂၢိဳလ္ေရး အျမင္ကိုပဲ ႐ိုး႐ိုးသားသားေျပာပါရေစ။ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးအင္အားစုေတြလို႔ပဲ ေျပာေျပာ၊ အဖြဲ႕အစည္း ေတြလို႔ပဲေျပာေျပာ ကြၽန္ေတာ္တို႔တစ္ေတြဟာ လူသားေတြျဖစ္တယ္။ မႏုႆလူသားေတြ ျဖစ္တယ္။ ခံစားခ်က္ရွိတယ္။ အဲဒီလိုမ်ိဳး ခံစားခ်က္ရွိတဲ့ လူသား တစ္ေယာက္ေနတဲ့အတြက္ေၾကာင့္မိုလို႔ေပါ့ေလ။ ယေန႔လက္ရွိျဖစ္ေပၚေနတဲ့ ပုံမွန္အေနအထားမဟုတ္ တဲ့ ႏိုင္ငံေရးအခင္းအက်င္းတစ္ခုေအာက္မွာ နား လည္မႈမတူတာေတြ၊ လုပ္နည္းလုပ္ဟန္အရ ကြဲျပား ျခားနားတာေတြရွိေနမယ္ဆိုတာ ပကတိအရွိတရား ျဖစ္တယ္။ တစ္ခါတေလက်ရင္လည္းပဲ အတၱနဲ႔ ပရေပါ့။ အဲဒီေနရာမွာ balance မျဖစ္တာလည္း ရွိ ေကာင္းရွိၾကပါတယ္။ ကြၽန္ေတာ္နားလည္ရသ ေလာက္ ေတာ့ ဆရာရယ္ အခုလက္ရွိျဖစ္ေပၚေနတာက ႏိုင္ငံမွာရွိေနတဲ့ ကြၽန္ေတာ္တို႔ ညီအစ္ကိုေမာင္ႏွမ ေတြပဲျဖစ္ေနတဲ့ ကိစၥရပ္ျဖစ္တယ္။ ကြၽန္ေတာ္တို႔ လိုခ်င္တာကလည္း ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးပဲ ျဖစ္တယ္။ ကိုယ့္အဖြဲ႕အစည္းအက်ိဳး၊ ျပည္ေထာင္စု အက်ိဳး အဲဒီအက်ိဳးႏွစ္ခုကို ခ်ိန္ခြင္လွ်ာညီညီနဲ႔ေပါ့ ေလ။ သူ႔ေနရာနဲ႔သူ ဟန္ခ်က္ညီညီလုပ္ႏိုင္မယ္ဆိုရင္ ေတာ့ အခုနကေျပာတဲ့ ၿငိမ္းခ်မ္းေရးလို႔ပဲ ေခၚေခၚ၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးလို႔ပဲေျပာေျပာ အဲဒါေတြက မလုပ္ႏိုင္စရာအေၾကာင္းမရွိဘူးလို႔ပဲ ကြၽန္ေတာ္တို႔ အေနနဲ႔က အဲဒီလိုပဲ ႐ိုး႐ိုးသားသားနားလည္ပါတယ္။

ေမး - ေမွးမွိန္ေနတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြနဲ႔ပတ္သက္ၿပီးေတာ့ အႀကံျပဳတိုက္တြန္းခ်င္တာရွိပါသလား။
ေျဖ - အႀကံျပဳတိုက္တြန္းခ်င္တာကေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲဆိုတာလည္း ဘယ္နားမွာရွိမွန္း ကြၽန္ ေတာ္လည္း မသိေတာ့ဘူး။ (ဟဲ၊ ဟဲ)။ ဆရာေျပာ သလိုမ်ိဳးေပါ့၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြလုပ္ခဲ့တာ ရွိတယ္။ လုပ္ခဲ့တာရွိတယ္ဆိုေပမယ့္လည္း ကြၽန္ေတာ္ တို႔ရည္႐ြယ္ခ်က္က အခုနကေျပာတဲ့အတိုင္း ရွင္း ရွင္းေလးပဲ။ တစ္ႏိုင္ငံလုံး ၿငိမ္းခ်မ္းဖို႔ေပါ့ဗ်ာ။ တိုင္း ရင္းသားျပည္သူလူထုေတြရဲ႕ ဆႏၵသေဘာထားနဲ႔ ကိုက္ညီမယ့္ ၿငိမ္းခ်မ္းေရးကိုေဖာ္ေဆာင္ႏိုင္ဖို႔ အတြက္ ဒီၿငိမ္းခ်မ္းေရးေဖာ္ေဆာင္တဲ့ေနရာမွာ မပါမ ျဖစ္ပါသင့္ပါထိုက္တဲ့ အင္အားစုေတြ အကုန္လုံးပါ ဝင္လာႏိုင္တဲ့အခင္းအက်င္းကို ကြၽန္ေတာ္တို႔ ဘယ္ လိုအစျပဳမႈမ်ိဳးနဲ႔ လုပ္ေဆာင္ႏိုင္မလဲ။ မျပည့္မစုံ ဒီ ၇ ဖြဲ႕၊ ႏွစ္ဖြဲ႕၊ သုံးဖြဲ႕နဲ႔ သြားတာေတာ့ အဲဒီေလာက္နဲ႔ လက္ေတြ႕မက်ႏိုင္ဘူး။ တစ္ႏိုင္ငံလုံးနဲ႔ဆိုင္တဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးကိစၥရပ္ပဲ ေျပာေျပာ၊ တစ္ႏိုင္ငံ လုံးႀကဳံေတြ႕ေနရတဲ့ အခက္အခဲအက်ပ္အတည္းကို ေက်ာ္လႊားဖို႔ပဲေျပာေျပာ ဒီ ၇ ဖြဲ႕၊ ႏွစ္ဖြဲ႕၊ သုံးဖြဲ႕နဲ႔ကေတာ့ အႏၲိမပန္းတိုင္ေရာက္တဲ့အထိ အၿပီးသတ္ဆုံးျဖတ္ ခ်က္ေပးႏိုင္ေလာက္တဲ့ အေျခအေနလည္းကြၽန္ေတာ္ တို႔ဆီမွာမရွိပါဘူး။ အက်ပ္အတည္းနဲ႔ ၿငိမ္းခ်မ္းေရး ဆိုတာကေတာ့ ကြၽန္ေတာ္တို႔ ဘယ္ေန႔ဘယ္အခ်ိန္မွာ အမွန္တကယ္လိုအပ္ေနတဲ့ သက္ဆိုင္သူေတြအား လုံးပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးမႈအခင္းအက်င္းကို ဘယ္လိုႀကိဳးပမ္းမႈမ်ိဳးနဲ႔ လုပ္ေဆာင္မလဲဆိုတာ ကေတာ့ ႀကိဳးပမ္းေနတဲ့အဆင့္ပဲ ရွိပါေသးတယ္။ ဆိုလိုခ်င္တာကေတာ့ ဆရာရယ္ ကြၽန္ေတာ္တို႔သြား တယ္။ ေတြ႕တယ္။ အခုနကေျပာေနတဲ့ တစ္ႏိုင္ငံလုံး ကိစၥ၊ ျပည္ေထာင္စုတစ္ခုလုံးကိစၥ၊ ၿငိမ္းခ်မ္းေရးတစ္ခု လုံးကိစၥကို ဆုံးျဖတ္ခ်က္ေပးႏိုင္ ေလာက္တဲ့အင္အား ေတြ မျပည့္မစုံနဲ႔သြားေနရတဲ့အခ်ိန္မွာ အဲဒီလိုမ်ိဳးအင္အားျပည့္ျပည့္စုံစုံနဲ႔သြားတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ မ်ိဳးေပၚေပါက္လာႏိုင္ေအာင္ ဘယ္လိုႀကိဳးစားရင္ ရႏိုင္မလဲဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ပဲ စတင္ေဆာင္႐ြက္ ျခင္းျဖစ္တယ္ဆိုတာကို ေက်းဇူးျပဳၿပီးေတာ့ အဲဒါေလး ကိုလည္း နားလည္ေပးေစခ်င္ပါတယ္။

အခုလို ေျဖၾကားေပးမႈအတြက္ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.