ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား အသက်(၁၁၄)နှစ်အရွယ်တွင် ကွယ်လွန်

 622

Pika (NP News) - ဧပြီ ၄

ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား Juan Vicente Perez Mora သည် အသက်(၁၁၄)နှစ်အရွယ်ဖြင့် ဧပြီလ(၂)ရက်နေ့က ဗင်နီဇွဲလားနိုင်ငံတွင် ကွယ်လွန်သွားခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အငြိမ်းစားလယ်သမား Juan Vicente Perez Mora သည် ၂၀၂၀ ခုနှစ်တွင် အသက်အကြီးဆုံးအမျိုးသားဖြစ်လာခဲ့ပြီး အသက်(၁၁၂)နှစ်အရွယ် ရောက်သည့်အချိန်တွင် ကမ္ဘာ့ဂင်းနစ်စံချိန်က အသက်အကြီးဆုံးအမျိုးသားအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ကြောင်းသိရသည်။ Juan Vicente Perez Mora သည်(၁၁၅)နှစ်ပြည့် မွေးနေ့သို့ရောက်ရန် (၂)လအလိုတွင် ဗင်နီဇွဲလားနိုင်ငံ Tachira ပြည်နယ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဖရက်ဒီဘာနယ်လ်က ပြောကြားခဲ့သည်။

ဖရက်ဒီဘာနယ်လ်က "ကျွန်တော်တို့ရဲ့ အသက်အကြီးဆုံး အမျိုးသား Juan Vicente Perez Mora ဟာ ဒီနေ့မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ သူကောင်းရာမွန်ရာကို ရောက်ပါစေလို့ ကျွန်တော်တို့ဆုတောင်းပေးပါတယ်” ဟု တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။ ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုက 'အသက်အကြီးဆုံး အမျိုးသား Juan Vicente Perez Mora ဟာ အသက်(၁၁၄)နှစ်အရွယ်နဲ့ ကွယ်လွန်သွားခဲ့ပါပြီ' ဟု ပြောဆိုခဲ့သည်။ Juan Vicente Perez Mora ကို ၁၉၀၉ ခုနှစ် မေလ(၂၇)ရက်နေ့တွင် Tachira ပြည်နယ် El Cobre မြို့မှာ မွေးဖွားခဲ့ပြီး ကလေး(၁၀)ယောက်တွင် (၉)ယောက်မြောက်သားဖြစ်ကြောင်းသိရသည်။

zawgyi version
ကမာၻ႔အသက္အႀကီးဆုံးအမ်ိဳးသား အသက္(၁၁၄)ႏွစ္အ႐ြယ္တြင္ ကြယ္လြန္
Pika (NP News) - ဧၿပီ ၄

ကမာၻ႔အသက္အႀကီးဆုံးအမ်ိဳးသား Juan Vicente Perez Mora သည္ အသက္(၁၁၄)ႏွစ္အ႐ြယ္ျဖင့္ ဧၿပီလ(၂)ရက္ေန႔က ဗင္နီဇြဲလားႏိုင္ငံတြင္ ကြယ္လြန္သြားခဲ့ေၾကာင္း ေဒသဆိုင္ရာ တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

အၿငိမ္းစားလယ္သမား Juan Vicente Perez Mora သည္ ၂၀၂၀ ခုႏွစ္တြင္ အသက္အႀကီးဆုံးအမ်ိဳးသားျဖစ္လာခဲ့ၿပီး အသက္(၁၁၂)ႏွစ္အ႐ြယ္ ေရာက္သည့္အခ်ိန္တြင္ ကမာၻ႔ဂင္းနစ္စံခ်ိန္က အသက္အႀကီးဆုံးအမ်ိဳးသားအျဖစ္ တရားဝင္အသိအမွတ္ျပဳခဲ့ေၾကာင္းသိရသည္။ Juan Vicente Perez Mora သည္(၁၁၅)ႏွစ္ျပည့္ ေမြးေန႔သို႔ေရာက္ရန္ (၂)လအလိုတြင္ ဗင္နီဇြဲလားႏိုင္ငံ Tachira ျပည္နယ္တြင္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ေၾကာင္း ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ဖရက္ဒီဘာနယ္လ္က ေျပာၾကားခဲ့သည္။

ဖရက္ဒီဘာနယ္လ္က "ကြၽန္ေတာ္တို႔ရဲ႕ အသက္အႀကီးဆုံး အမ်ိဳးသား Juan Vicente Perez Mora ဟာ ဒီေန႔မွာပဲ ကြယ္လြန္သြားခဲ့ပါတယ္။ သူေကာင္းရာမြန္ရာကို ေရာက္ပါေစလို႔ ကြၽန္ေတာ္တို႔ဆုေတာင္းေပးပါတယ္” ဟု တြစ္တာတြင္ေရးသားေဖာ္ျပခဲ့သည္။ ဗင္နီဇြဲလားသမၼတ နီကိုလက္စ္မာဒူ႐ိုက 'အသက္အႀကီးဆုံး အမ်ိဳးသား Juan Vicente Perez Mora ဟာ အသက္(၁၁၄)ႏွစ္အ႐ြယ္နဲ႔ ကြယ္လြန္သြားခဲ့ပါၿပီ' ဟု ေျပာဆိုခဲ့သည္။ Juan Vicente Perez Mora ကို ၁၉၀၉ ခုႏွစ္ ေမလ(၂၇)ရက္ေန႔တြင္ Tachira ျပည္နယ္ El Cobre ၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး ကေလး(၁၀)ေယာက္တြင္ (၉)ေယာက္ေျမာက္သားျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.