ထိုင်ဝမ်မှာငလျင်လှုပ်ပြီးနောက်တစ်ရက်အကြာမှာပဲ ဂျပန်မှာလည်းအင်အားပြင်းငလျင်ထပ်မံလှုပ်ခတ်

 2995

ဂျန်ဇက် (NP News) - ဧပြီ ၄

ထိုင်ဝမ်မှာ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ပြီးနောက်တစ်ရက်အကြာ ဧပြီ ၄ ရက်နေ့က ဂျပန်နိုင်ငံမှာ ပြင်းအား ၆ မဂ္ဂနီကျူအဆင့်ရှိငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်းသိရပါတယ်။

အဲဒီငလျင်ဟာ ဂျပန်နိုင်ငံ ဖူကူရှီမားမြို့ အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းအလွန်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတော့မရှိခဲ့ကြောင်း ဂျပန်အာဏာပိုင်တွေကပြောပါတယ်။ ငလျင်ဟာ မြေအောက် အနက် ၂၅ မိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး တိုကျိုမြို့မှာလည်း ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရကြောင်းသိရပါတယ်။ အမေရိကန်ဘူမိဗေဒဌာန တာဝန်ရှိသူတွေက ငလျင်ဟာ မြေအောက် အနက် ၄၀ ဒသမ ၁ ကီလိုမီတာကို ဗဟိုပြုပြီး ပြင်းအား ၆ ဒသမ ၁ မဂ္ဂနီကျူအဆင့်ရှိနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသအတွင်းမှာငလျင်ဒဏ်ကို တွေ့ကြုံခံစားရမှုအများဆုံးနိုင်ငံတွေထဲ ပါဝင်နေပြီး ၂၀၁၁ ခုနှစ်မတ်လက နိုင်ငံသမိုင်းတစ်လျှောက် အားအပြင်းဆုံးငလျင်လှုပ်ခတ်ခဲ့ဖူးကြောင်းသိရပါတယ်။ အဲဒီအချိန်တုန်းက ဂျပန်နိုင်ငံအရှေ့မြောက်ကမ်းရိုးတန်းအလွန်မှာ ပြင်းအား ၉ မဂ္ဂနီကျူအဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ဝင်ရောက်ခဲ့ရာ အနည်းဆုံးလူပေါင်း ၂သောင်းနီးပါး သေဆုံး၊ ပျောက်ဆုံးနေကြောင်းသိရပါတယ်။

အဲဒီငလျင်လှုပ်ခတ်မှုကြောင့် ဖူကီရှီးမားနျူကလီးယား ဓါတ်ပေါင်းဖိုစက်ရုံရှိ ဓါတ်ပေါင်းဖို သုံးခုလည်း ယို့စိမ်မှုများဖြစ်ခဲ့ရာ ဂျပန်နိုင်ငံသမိုင်းမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း နျူကလီး ယား ယိုစိမ့်မှုပြသာနာကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရကြောင်းသိရပါတယ်။ ဧပြီ ၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဂျပန်နိုင်ငံမှာ ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေမရှိပေမယ့် ဂျပန်ကယ်ဆယ်ရေးသမားတွေဟာ ရှာဖွေကယ်ဆယ်မှုတွေလုပ်ဆောင်ဖို့ စီစဉ်နေကြောင်းသိရပါတယ်။

zawgyi version
ထိုင္ဝမ္မွာငလ်င္လႈပ္ၿပီးေနာက္တစ္ရက္အၾကာမွာပဲ ဂ်ပန္မွာလည္းအင္အားျပင္းငလ်င္ထပ္မံလႈပ္ခတ္
ဂ်န္ဇက္ (NP News) - ဧၿပီ ၄

ထိုင္ဝမ္မွာ အင္အားျပင္းငလ်င္တစ္ခုလႈပ္ခတ္ၿပီးေနာက္တစ္ရက္အၾကာ ဧၿပီ ၄ ရက္ေန႔က ဂ်ပန္ႏိုင္ငံမွာ ျပင္းအား ၆ မဂၢနီက်ဴအဆင့္ရွိငလ်င္တစ္ခုထပ္မံလႈပ္ခတ္ခဲ့ေၾကာင္းသိရပါတယ္။

အဲဒီငလ်င္ဟာ ဂ်ပန္ႏိုင္ငံ ဖူကူရွီမားၿမိဳ႕ အေရွ႕ေျမာက္ပိုင္း ကမ္း႐ိုးတန္းအလြန္ကို ဗဟိုျပဳလႈပ္ခတ္ခဲ့ၿပီး ႀကီးမားတဲ့ ထိခိုက္ပ်က္စီးမႈေတာ့မရွိခဲ့ေၾကာင္း ဂ်ပန္အာဏာပိုင္ေတြကေျပာပါတယ္။ ငလ်င္ဟာ ေျမေအာက္ အနက္ ၂၅ မိုင္ကို ဗဟိုျပဳလႈပ္ခတ္ခဲ့ၿပီး တိုက်ိဳၿမိဳ႕မွာလည္း ငလ်င္လႈပ္ခတ္မႈဒဏ္ကို ခံစားခဲ့ရေၾကာင္းသိရပါတယ္။ အေမရိကန္ဘူမိေဗဒဌာန တာဝန္ရွိသူေတြက ငလ်င္ဟာ ေျမေအာက္ အနက္ ၄၀ ဒသမ ၁ ကီလိုမီတာကို ဗဟိုျပဳၿပီး ျပင္းအား ၆ ဒသမ ၁ မဂၢနီက်ဴအဆင့္ရွိေနေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ ဂ်ပန္ႏိုင္ငံဟာ အာရွ-ပစိဖိတ္ေဒသအတြင္းမွာငလ်င္ဒဏ္ကို ေတြ႕ႀကဳံခံစားရမႈအမ်ားဆုံးႏိုင္ငံေတြထဲ ပါဝင္ေနၿပီး ၂၀၁၁ ခုႏွစ္မတ္လက ႏိုင္ငံသမိုင္းတစ္ေလွ်ာက္ အားအျပင္းဆုံးငလ်င္လႈပ္ခတ္ခဲ့ဖူးေၾကာင္းသိရပါတယ္။ အဲဒီအခ်ိန္တုန္းက ဂ်ပန္ႏိုင္ငံအေရွ႕ေျမာက္ကမ္း႐ိုးတန္းအလြန္မွာ ျပင္းအား ၉ မဂၢနီက်ဴအဆင့္ရွိငလ်င္လႈပ္ခတ္ခဲ့ၿပီး ဆူနာမီ ဝင္ေရာက္ခဲ့ရာ အနည္းဆုံးလူေပါင္း ၂ေသာင္းနီးပါး ေသဆုံး၊ ေပ်ာက္ဆုံးေနေၾကာင္းသိရပါတယ္။

အဲဒီငလ်င္လႈပ္ခတ္မႈေၾကာင့္ ဖူကီရွီးမားန်ဴကလီးယား ဓါတ္ေပါင္းဖိုစက္႐ုံရွိ ဓါတ္ေပါင္းဖို သုံးခုလည္း ယို႔စိမ္မႈမ်ားျဖစ္ခဲ့ရာ ဂ်ပန္ႏိုင္ငံသမိုင္းမွာ ဒုတိယကမာၻစစ္ေနာက္ပိုင္း န်ဴကလီး ယား ယိုစိမ့္မႈျပသာနာကို အဆိုး႐ြားဆုံးရင္ဆိုင္ခဲ့ရေၾကာင္းသိရပါတယ္။ ဧၿပီ ၄ ရက္ေန႔က လႈပ္ခတ္ခဲ့တဲ့ငလ်င္ေၾကာင့္ ဂ်ပန္ႏိုင္ငံမွာ ႀကီးမားတဲ့ ထိခိုက္ဆုံးရႈံးမႈေတြမရွိေပမယ့္ ဂ်ပန္ကယ္ဆယ္ေရးသမားေတြဟာ ရွာေဖြကယ္ဆယ္မႈေတြလုပ္ေဆာင္ဖို႔ စီစဥ္ေနေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.