သာကေတမြို့နယ်တွင် ကားလမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး

 1316

သန့်ဇင် (NP News) - ဧပြီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ကားလမ်းဖြတ်ကူးသည့်အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း အောင်နိုင်သူလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဧပြီလ ၆ ရက်)၊ ည ၉ နာရီ ၄၂ မိနစ်အချိန်တွင် သာကေတမြို့နယ်၊ ဧရာဝဏ် လမ်းမကြီး၊ (၈)ထိပ်အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အနားကလူတွေပြောတာတော့ ကားလမ်းဖြတ်ကူးတဲ့အမျိုးသမီးကို ကားက တိုက်ပြီးမောင်းပြေးသွားတာလို့ ပြောတယ်။ ကျွန်တော်တို့ရောက်တော့ ကားတိုက်ခံရတဲ့အမျိုးသမီးက ကားလမ်းဘေးမှာ သွေးထွက်ပြီး ဆုံးနေတာပါ” ဟု အောင်နိုင်သူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၅၆)နှစ်အရွယ် အမျိုးသမီးတွင် အောက်မေးကွဲဒဏ်ရာအပြင် ဦးခေါင်းနှင့်ခြေထောက် ထိခိုက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကားတိုက်ခံရတဲ့အမျိုးသမီးက အခင်းဖြစ်တဲ့နေရာမှာပဲဆုံးသွားတယ်။ သွေးတွေအများကြီးထွက်ပြီးဆုံးသွား တာပေါ့။ အဲဒီနားက အရင်ကဆိုင်ခန်းတွေရှိတော့ လူမပြတ်ပေမယ့် အခုတော့ ဆိုင်ခန်းတွေမရှိတော့ လူကပြတ် တယ်။ အရင်နှစ်ကနဲ့ အခုနှစ်ဆို အဲဒီလိုကားတိုက်ခံရာတာ (၃)ကြိမ်ရှိပြီ။ အခုလိုပဲတိုက်ပြီး မောင်းပြေးကြတာပေါ့။ အရင်ကဖြစ်စဉ်တွေကတော့ မိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို အောင်နိုင်သူလူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
သာေကတၿမိဳ႕နယ္တြင္ ကားလမ္းျဖတ္ကူးသည့္ အမ်ိဳးသမီးတစ္ဦး ကားတိုက္ခံရ၍ ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - ဧၿပီ ၇

ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္တြင္ ကားလမ္းျဖတ္ကူးသည့္အမ်ိဳးသမီးတစ္ဦး ကားတိုက္ခံရ၍ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ေအာင္ႏိုင္သူလူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဧၿပီလ ၆ ရက္)၊ ည ၉ နာရီ ၄၂ မိနစ္အခ်ိန္တြင္ သာေကတၿမိဳ႕နယ္၊ ဧရာဝဏ္ လမ္းမႀကီး၊ (၈)ထိပ္အနီးတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“အနားကလူေတြေျပာတာေတာ့ ကားလမ္းျဖတ္ကူးတဲ့အမ်ိဳးသမီးကို ကားက တိုက္ၿပီးေမာင္းေျပးသြားတာလို႔ ေျပာတယ္။ ကြၽန္ေတာ္တို႔ေရာက္ေတာ့ ကားတိုက္ခံရတဲ့အမ်ိဳးသမီးက ကားလမ္းေဘးမွာ ေသြးထြက္ၿပီး ဆုံးေနတာပါ” ဟု ေအာင္ႏိုင္သူလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အသက္(၅၆)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတြင္ ေအာက္ေမးကြဲဒဏ္ရာအျပင္ ဦးေခါင္းႏွင့္ေျခေထာက္ ထိခိုက္ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ကားတိုက္ခံရတဲ့အမ်ိဳးသမီးက အခင္းျဖစ္တဲ့ေနရာမွာပဲဆုံးသြားတယ္။ ေသြးေတြအမ်ားႀကီးထြက္ၿပီးဆုံးသြား တာေပါ့။ အဲဒီနားက အရင္ကဆိုင္ခန္းေတြရွိေတာ့ လူမျပတ္ေပမယ့္ အခုေတာ့ ဆိုင္ခန္းေတြမရွိေတာ့ လူကျပတ္ တယ္။ အရင္ႏွစ္ကနဲ႔ အခုႏွစ္ဆို အဲဒီလိုကားတိုက္ခံရာတာ (၃)ႀကိမ္ရွိၿပီ။ အခုလိုပဲတိုက္ၿပီး ေမာင္းေျပးၾကတာေပါ့။ အရင္ကျဖစ္စဥ္ေတြကေတာ့ မိပါတယ္” ဟု ၎က ဆက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသမီး၏ ႐ုပ္အေလာင္းကို ေအာင္ႏိုင္သူလူမႈကူညီေရးအသင္းက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.