ကုလအတွင်းရေးမှူးချုပ်က ၎င်း၏မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အသစ်ကို ခန့်အပ်သော်လည်း မြန်မာအစိုးရကို တရားဝင်အသိပေးခြင်းမရှိ

 993

သုတကျော် (NP News) – ဧပြီ ၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အသစ်ကို ခန့်အပ်သော်လည်း မြန်မာအစိုးရကို တရားဝင် အသိပေးခြင်းမရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဧပြီလ ၈ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာသေးမီကာလများအတွင်း ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် ရှုထောင့်မျိုးစုံမှ ဖိအားပေးခဲ့ကာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏တံခါးဖွင့်အစည်းအဝေးတစ်ရပ်ကို နယူးယောက်မြို့ ၌ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် မြန်မာ နိုင်ငံ၏ လက်ရှိအခြေအနေကို ဆွေးနွေးခဲ့ကြောင်း၊ ဂျီနီဗာမြို့၌လည်း ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ၏ (၅၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှ ဧပြီလ ၅ ရက်အထိကျင်းပခဲ့ရာ ယင်းအစည်းအဝေးတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အပြန်အလှန်ဆွေးနွေးမှုနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြန်အလှန်ဆွေးနွေးမှုတို့ကို မတ်လ ၁ ရက်နှင့် ၁၉ ရက်တို့တွင် အသီးသီးပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာတွင် ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသည် ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းသည့် “မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ”ခေါင်းစဉ်ပါဆုံးဖြတ်ချက်အဆိုကို ဧပြီလ ၄ ရက်တွင် သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့ကာ အဆိုပါ ဆုံးဖြတ်ချက်အဆိုတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ အခြေအမြစ်မရှိသည့် တစ်ဖက်သတ်စွပ်စွဲဖော်ပြချက်များ ပါဝင်သည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် စိန်ခေါ်မှုများရှိသော်လည်း နိုင်ငံတော်တည်ငြိမ်ရေး၊ တရား ဥပ ဒေစိုးမိုးရေး၊ သာယာဝပြောရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ စနစ်တကျ ကျင်းပနိုင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးအပ်ရေးနှင့်ပတ်သက်၍လည်း လိုအပ်သူများထံ အချိန်နှင့် တပြေးညီပေးပို့နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း နှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Centre)၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံများ၏သံရုံးများကို မြေပြင်လုံခြုံရေးအခြေ အနေပေါ်မူတည်၍ ခရီးသွားရောက်ခွင့်ပြုခဲ့ရာ လွန်ခဲ့သော သုံးနှစ်အတွင်း အစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအား နိုင်ငံတစ်ဝန်း ခရီးသွားလာခွင့် အကြိမ် ၁,ဝဝဝ ကျော်နှင့် မြန်မာနိုင်ငံအခြေစိုက်သံရုံးများအား အကြိမ် ၆ဝ ကျော် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ ခွင့်ပြုရာတွင် အထူးသဖြင့် ၂ဝ၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တစ်ခုတည်းအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများအား စုစုပေါင်း အကြိမ် ၂၅၀ ခန့်နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအား အကြိမ် ၃၀၀ ကျော် ခရီးသွားလာခွင့်ပြုခဲ့သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ၏ အစီရင်ခံစာအချို့နှင့် သတင်းထုတ်ပြန်ချက်အချို့တွင် အလေးပေးထားသည့် သွားလာခွင့်ငြင်းပယ်ခံရကြောင်း ဖော်ပြချက်များမှာ အခြေအမြစ်မရှိကြောင်း ဖော်ပြထား သည်။

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများကို နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး၊ စိစစ်ပြီးနေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန်အသင့်ရှိကြောင်း နှင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အပြည့်အဝ ကတိကဝတ်ပြုဆောင်ရွက်လျက်ရှိကာ လတ်တလောတွင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကိုမစတင်နိုင်သေးခြင်းမှာ ရခိုင်ပြည်နယ်၏ လက်ရှိလုံခြုံရေးအခြေအနေများကြောင့်ဖြစ်ကြောင်းစသည်ဖြင့် ရေးသားထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ယခင်ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စဂျူလီဘစ်ရှော့ပ်အား ၎င်း၏မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် ကြေညာခဲ့ကာ မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ် ခန့်အပ်နိုင်ရေး လုပ်ပိုင်ခွင့်ပါဝင်သော ဆုံးဖြတ်ချက်အဆို အပါအဝင် နိုင်ငံတစ်နိုင်ငံအပေါ် အရေးယူပစ်မှတ်ထားသည့် ဆုံးဖြတ်ချက်အဆိုများကို လက်မခံဘဲပယ်ချသော်လည်း ကုလသမဂ္ဂနှင့် အပြုသဘော ပူပေါင်းဆောင်ရွက်မှုကို ပြသသည့်အနေဖြင့် ယခင်အထူးကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သော်လည်း မစ္စဂျူလီဘစ်ရှော့ပ်အား အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂဘက်က မြန်မာအစိုးရအား တရားဝင်အသိပေးအကြောင်းကြားမှု မရှိခဲ့ကြောင်းလည်း ဖော်ပြထားချက်အရသိရသည်။

ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရာတွင် တစ်ဖက်သတ်ဖိအားပေးမှုများသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူ ပြုမည်မဟုတ်ကြောင်း၊ အချင်းချင်းနားလည်မှု၊ လေးစားမှုနှင့်အပြန်အလှန် ထိတွေ့ဆောင်ရွက်မှုတို့မှတစ်ဆင့်သာ လက်တွေ့ကျ၍ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုဖြစ်မည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

zawgyi version
ကုလအတြင္းေရးမႉးခ်ဳပ္က ၎၏ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္အသစ္ကို ခန႔္အပ္ေသာ္လည္း ျမန္မာအစိုးရကို တရားဝင္အသိေပးျခင္းမရွိ
သုတေက်ာ္ (NP News) – ဧၿပီ ၉

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က ၎၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္အသစ္ကို ခန႔္အပ္ေသာ္လည္း ျမန္မာအစိုးရကို တရားဝင္ အသိေပးျခင္းမရွိေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၏ ဧၿပီလ ၈ ရက္ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

မၾကာေသးမီကာလမ်ားအတြင္း ကုလသမဂၢအေနျဖင့္ ျမန္မာႏိုင္ငံအေပၚ ရႈေထာင့္မ်ိဳးစုံမွ ဖိအားေပးခဲ့ကာ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏တံခါးဖြင့္အစည္းအေဝးတစ္ရပ္ကို နယူးေယာက္ၿမိဳ႕ ၌ ၂၀၂၄ ခုႏွစ္၊ ဧၿပီလ ၄ ရက္တြင္ ျပဳလုပ္ခဲ့ၿပီး အဆိုပါအစည္းအေဝးတြင္ ျမန္မာ ႏိုင္ငံ၏ လက္ရွိအေျခအေနကို ေဆြးေႏြးခဲ့ေၾကာင္း၊ ဂ်ီနီဗာၿမိဳ႕၌လည္း ကုလသမဂၢလူ႔အခြင့္ အေရးေကာင္စီ၏ (၅၅) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးကို ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၆ ရက္မွ ဧၿပီလ ၅ ရက္အထိက်င္းပခဲ့ရာ ယင္းအစည္းအေဝးတြင္ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး၏ အျပန္အလွန္ေဆြးေႏြးမႈႏွင့္ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးအေျခအေနဆိုင္ရာ အထူးအစီရင္ခံစာတင္သြင္းသူ၏ အျပန္အလွန္ေဆြးေႏြးမႈတို႔ကို မတ္လ ၁ ရက္ႏွင့္ ၁၉ ရက္တို႔တြင္ အသီးသီးျပဳလုပ္ခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္သည့္ စာတြင္ ေဖာ္ျပထားခ်က္အရ သိရသည္။

ထို႔ျပင္ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီသည္ ဥေရာပသမဂၢကိုယ္စား ဘယ္လ္ဂ်ီယံႏိုင္ငံက တင္သြင္းသည့္ “ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေန”ေခါင္းစဥ္ပါဆုံးျဖတ္ခ်က္အဆိုကို ဧၿပီလ ၄ ရက္တြင္ သက္ဆိုင္ရာ ျမန္မာႏိုင္ငံမပါဝင္ဘဲ အတည္ျပဳခ်မွတ္ခဲ့ကာ အဆိုပါ ဆုံးျဖတ္ခ်က္အဆိုတြင္ ျမန္မာႏိုင္ငံ၏ လူ႔အခြင့္အေရးႏွင့္ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာကိစၥမ်ားႏွင့္ပတ္သက္၍ အေျခအျမစ္မရွိသည့္ တစ္ဖက္သတ္စြပ္စြဲေဖာ္ျပခ်က္မ်ား ပါဝင္သည္ကို ေတြ႕ရွိရေၾကာင္း ေဖာ္ျပထားသည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ စိန္ေခၚမႈမ်ားရွိေသာ္လည္း ႏိုင္ငံေတာ္တည္ၿငိမ္ေရး၊ တရား ဥပ ေဒစိုးမိုးေရး၊ သာယာဝေျပာေရးႏွင့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ စနစ္တက် က်င္းပႏိုင္ေရးတို႔အတြက္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ လူသားခ်င္းစာနာ ေထာက္ထားမႈ အကူအညီမ်ားေပးအပ္ေရးႏွင့္ပတ္သက္၍လည္း လိုအပ္သူမ်ားထံ အခ်ိန္ႏွင့္ တေျပးညီေပးပို႔ႏိုင္ေရး အေလးထားေဆာင္႐ြက္လ်က္ရွိေၾကာင္း ႏွင့္ ျမန္မာႏိုင္ငံအေနျဖင့္ အာဆီယံလူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရးညႇိႏႈိင္းမႈ ဗဟိုဌာန (AHA Centre)၊ ကုလသမဂၢအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ အလႉရွင္ႏိုင္ငံမ်ား၏သံ႐ုံးမ်ားကို ေျမျပင္လုံၿခဳံေရးအေျခ အေနေပၚမူတည္၍ ခရီးသြားေရာက္ခြင့္ျပဳခဲ့ရာ လြန္ခဲ့ေသာ သုံးႏွစ္အတြင္း အစိုးရအေနျဖင့္ ကုလသမဂၢအဖြဲ႕အစည္းမ်ားႏွင့္ အစိုးရမဟုတ္ေသာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားအား ႏိုင္ငံတစ္ဝန္း ခရီးသြားလာခြင့္ အႀကိမ္ ၁,ဝဝဝ ေက်ာ္ႏွင့္ ျမန္မာႏိုင္ငံအေျခစိုက္သံ႐ုံးမ်ားအား အႀကိမ္ ၆ဝ ေက်ာ္ ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ခြင့္ျပဳရာတြင္ အထူးသျဖင့္ ၂ဝ၂၃ ခုႏွစ္အတြင္း ရခိုင္ျပည္နယ္တစ္ခုတည္းအတြက္ ကုလသမဂၢအဖြဲ႕အစည္းမ်ားအား စုစုေပါင္း အႀကိမ္ ၂၅၀ ခန႔္ႏွင့္ အစိုးရမဟုတ္ေသာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားအား အႀကိမ္ ၃၀၀ ေက်ာ္ ခရီးသြားလာခြင့္ျပဳခဲ့သည္။ သို႔ျဖစ္ရာ ကုလသမဂၢ၏ အစီရင္ခံစာအခ်ိဳ႕ႏွင့္ သတင္းထုတ္ျပန္ခ်က္အခ်ိဳ႕တြင္ အေလးေပးထားသည့္ သြားလာခြင့္ျငင္းပယ္ခံရေၾကာင္း ေဖာ္ျပခ်က္မ်ားမွာ အေျခအျမစ္မရွိေၾကာင္း ေဖာ္ျပထား သည္။

ျမန္မာႏိုင္ငံအေနျဖင့္ ရခိုင္ျပည္နယ္ရွိ ေနရပ္စြန႔္ခြာသူမ်ားကို ႏွစ္ႏိုင္ငံသေဘာတူညီခ်က္မ်ားႏွင့္အညီ ျပန္လည္လက္ခံႏိုင္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၿပီး၊ စိစစ္ၿပီးေနရပ္စြန႔္ခြာသူမ်ားကို ျပန္လည္လက္ခံရန္အသင့္ရွိေၾကာင္း ႏွင့္ ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္ႏွင့္ ပတ္သက္၍ အျပည့္အဝ ကတိကဝတ္ျပဳေဆာင္႐ြက္လ်က္ရွိကာ လတ္တေလာတြင္ ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္ကိုမစတင္ႏိုင္ေသးျခင္းမွာ ရခိုင္ျပည္နယ္၏ လက္ရွိလုံၿခဳံေရးအေျခအေနမ်ားေၾကာင့္ျဖစ္ေၾကာင္းစသည္ျဖင့္ ေရးသားထားသည္။

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က ယခင္ဩစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း မစၥဂ်ဴလီဘစ္ေရွာ့ပ္အား ၎၏ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္အျဖစ္ ခန႔္အပ္ေၾကာင္း ၂၀၂၄ ခုႏွစ္၊ ဧၿပီလ ၅ ရက္တြင္ ေၾကညာခဲ့ကာ ျမန္မာႏိုင္ငံအေနျဖင့္ အထူးကိုယ္စားလွယ္ ခန႔္အပ္ႏိုင္ေရး လုပ္ပိုင္ခြင့္ပါဝင္ေသာ ဆုံးျဖတ္ခ်က္အဆို အပါအဝင္ ႏိုင္ငံတစ္ႏိုင္ငံအေပၚ အေရးယူပစ္မွတ္ထားသည့္ ဆုံးျဖတ္ခ်က္အဆိုမ်ားကို လက္မခံဘဲပယ္ခ်ေသာ္လည္း ကုလသမဂၢႏွင့္ အျပဳသေဘာ ပူေပါင္းေဆာင္႐ြက္မႈကို ျပသသည့္အေနျဖင့္ ယခင္အထူးကိုယ္စားလွယ္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားရွိခဲ့ေသာ္လည္း မစၥဂ်ဴလီဘစ္ေရွာ့ပ္အား အထူးကိုယ္စားလွယ္အျဖစ္ ခန႔္အပ္ခဲ့မႈႏွင့္ပတ္သက္၍ ကုလသမဂၢဘက္က ျမန္မာအစိုးရအား တရားဝင္အသိေပးအေၾကာင္းၾကားမႈ မရွိခဲ့ေၾကာင္းလည္း ေဖာ္ျပထားခ်က္အရသိရသည္။

ကုလသမဂၢႏွင့္ ျမန္မာႏိုင္ငံတို႔အၾကား ပူးေပါင္းေဆာင္႐ြက္ရာတြင္ တစ္ဖက္သတ္ဖိအားေပးမႈမ်ားသည္ အျပဳသေဘာေဆာင္ေသာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားအတြက္ အေထာက္အကူ ျပဳမည္မဟုတ္ေၾကာင္း၊ အခ်င္းခ်င္းနားလည္မႈ၊ ေလးစားမႈႏွင့္အျပန္အလွန္ ထိေတြ႕ေဆာင္႐ြက္မႈတို႔မွတစ္ဆင့္သာ လက္ေတြ႕က်၍ အျပဳသေဘာေဆာင္ေသာ ပူးေပါင္းေဆာင္႐ြက္မႈျဖစ္မည္ျဖစ္ေၾကာင္းလည္း ေရးသားထားသည္။

Related news

© 2021. All rights reserved.