စစ်ရုံးနဲ့လေဆိပ်ကို fixed-wing drone နဲ့ တိုက်ခိုက်မှုအပေါ် လေ့လာဆန်းစစ်ခြင်း

 9526

မျိုးမင်း (မကျည်းလဟာ) (NP News) - ဧပြီ ၉

‘ပထမတစ်ကြိမ်က လက်တည့်စမ်းတာ၊ ဒုတိယတစ်ကြိမ်က ပစ်မှတ်ကိုထိစေဖို့ကျော်လွှားနည်း အတည်ပြုတာ၊ တတိယတစ်ကြိမ်ကတော့...’
ဧပြီ(၄)ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ နေပြည်တော် အေလာလေဆိပ်နဲ့တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ရုံး(စစ်ရုံး) fixed-wing drone တွေနဲ့ NUG-PDF တွေဘက်က တိုက်ခိုက်လာခြင်းအပေါ် ပထမဆုံးတွေးမိတဲ့ အတွေးလေးပါ။ စစ်ရုံးကို fixed-wing drone နဲ့ တိုက်ခိုက်တာကတော့ ပထမဆုံးအကြိမ် ဖြစ်လာပါတယ်။

ဧပြီ(၄)ရက် နံနက်(၁၀)နာရီခွဲ
အချိန်ကတော့ နံနက်(၁၀)နာရီခွဲလောက်မှာပါ။ ရှမ်းပြည်နယ်အစပ်နားကနေ ဇေယျာသီရိမြို့နယ် အတွင်းမှာရှိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဘက်ကို fixed-wing drone (၁၀)စင်းလောက် ဦးတည်ပြီး ပျံသန်းလာပါတယ်။ အလားတူ နေပြည်တော် အေလာလေဆိပ်က တပ်မတော်လေယာဉ်တွေ ရှိရာဘက်ကို အရှေ့ဘက်ကနေ fixed-wing drone (၄)စင်းလောက်ကလည်း ပျံသန်းလာပါတယ်။ အဲဒီ fixed-wing drone တွေ အားလုံးနီးပါးမှာ ဖောက်ခွဲတိုက်ခိုက်ရေးပစ္စည်းတွေ ပါဝင်လာသလို ရည်မှန်းထားတဲ့ ပစ်မှတ်ဆီကို ဦးတည်ပျံသန်း နေချိန်မှာပဲ လေကြောင်းရန်ကာကွယ်ရေးစနစ်က အလုပ်ထလုပ်ပါတယ်။ နစက သတင်းပြန်ကြားရေးရဲ့ညပိုင်း သတင်းထုတ်ပြန်ချက်မှာတော့ စုစုပေါင်းနှစ်နေရာစာအတွက် ဒရုန်း(၁၃)စင်းလို့ ဖော်ပြထားသလို လေကြောင်းရန် ကာကွယ်ရေးစနစ်ကနေ ဖျက်ချနိုင်ခဲ့လို့ တစ်ဖက်ရန်သူရဲ့ပစ်မှတ်ထားရာနေရာတွေကို ထိခိုက်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။ NUG ဘက်ကို ကိုးကားပြီး NUG ရဲ့ဖော်ပြချက်တွေမှာတော့ fixed-wing drone (၂၉)စင်းလို့ ရေးထားသလို ပြည်ပြေးသတင်းဌာနအချို့မှာတော့ (၂၈)စင်းလို့ တွေ့ရပြန်ပါတယ်။ သေချာတာကတော့ နှစ်ဖက် ထုတ်ပြန်ချက်အရကြားထဲမှာ ဒရုန်းအစင်းရေ(၁၅)စင်းလောက် ဘယ်နေရာမှာမှ မြင်ရတွေ့ရခြင်းမရှိဘဲ ပျောက် သွားတဲ့သဘောပါပဲ။ နစကရဲ့ထုတ်ပြန်ချက်အရ နေပြည်တော်က နေရာနှစ်ခုဆီကို fixed-wing drone တွေ ပစ်လွှတ်လိုက်တဲ့နေရာဟာ အောက်ပေါင်းလောင်းဆည်ကြီးရဲ့အောက်ဘက်နားက တောတောင်ထူထပ်တဲ့ တောင်ကုန်းတွေဆီကနေ ဖြစ်နိုင်သလို ပစ်လွှတ်လိုက်သူတွေဟာ ပစ်လွှတ်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ရှမ်း-ကယား နယ်စပ် ဖယ်ခုံနားအထိ ထွက်ပြေးတိမ်းရှောင်သွားကြဖွယ် ရှိနေပါတယ်။ အဲဒီနာရီပိုင်း မိနစ်ပိုင်းတွေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဘက်မှာလည်း မျက်ပြူးဆန်ပြာဖြစ်သွားသလို fixed-wing drone ပစ်လွှတ် လိုက်သူတွေဘက်မှာလည်း အသက်လုပြီး ပြေးရတဲ့ အခိုက်အတန့်တွေ ဖြစ်လာပါတယ်။

fixed-wing drone မလွှတ်ခင်နဲ့ လွှတ်ပြီးနောက် NUG-PDF ဘက်ကလူတွေ အခြေအနေ
ဒါက လျှို့ဝှက်မစ်ရှင်ဖြစ်တဲ့အတွက် တော်တော်လေးခြေသံလုံခဲ့တာကို တွေ့ရပါတယ်။ အေလာ လေဆိပ်နဲ့ စစ်ရုံးနှစ်ခုလုံးကို ဒရုန်းနဲ့ ပစ်ခတ်ရေးအစီအစဉ်မှာ ပျံသန်းနိုင်ချိန်ကန့်သတ်ချက်အရ အချိန်ဆွဲလို့ မရ နိုင်ပါ။ ဒါကြောင့် ဧပြီ(၁)ရက်နေ့လောက်ကတည်းက ပေါင်းလောင်းချောင်းရဲ့တစ်ဖက်ကမ်း တောင်ကုန်းတွေကို အားပြုပြီးကြိုတင်ရောက်ရှိနေဖို့ လိုပါတယ်။ ကြားရက်ထဲမှာ မြေပြင်အခြေအနေကို ကြိုတင်လေ့လာပြီး သတိ မထားမိမယ့်အချိန်ကို ရွေးချယ်ကြတာမျိုး ဖြစ်နိုင်ပါတယ်။ လက်လုပ် fixed-wing drone ဟာ အကြာဆုံး ပျံသန်း နိုင်ချိန် မိနစ်(၃၀)ထက် မပိုသလို အကွာအဝေးအားဖြင့်လည်း ငါးမိုင်ထက် မပိုနိုင်တာကြောင့် ဒီမိနစ်(၃၀)ဟာ ဒရုန်းပစ်လွှတ်ပြီးတာနဲ့ ချက်ချင်းနေရာပြောင်းဖို့ လုပ်ရမယ့်အချိန်အပိုင်း အခြားဖြစ်ပါတယ်။ ပစ်မှတ်ကိုထိသည် ဖြစ်စေ မထိသည်ဖြစ်စေ မစ်ရှင်ရဲ့ရည်ရွယ်ချက်က နေပြည်တော်စစ်ရုံးကို fixed-wing drone နဲ့ တိုက်ခိုက်နိုင်ခဲ့ တယ် ဆိုတာက ပြယုဂ်တစ်ခုဖြစ်လာနိုင်သလို နောက်ထပ် ခေါင်းစဉ်တွေနဲ့ အလှူငွေ၊ ထောက်ပံ့ငွေ ထပ်ရလာ နိုင်တာ သေချာနေပါတယ်။ ဒီစစ်ဆင်ရေးကို တာဝန်ယူထားတယ်ဆိုတဲ့ KLOUD Team အဖွဲ့က ပြည်ပြေး မီဒီယာ တွေကို ပြောကြားထားတာမှာ အေလာလေဆိပ်၊ စစ်ရုံးနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိမ်ကိုပါ ဦးတည်ချက်လမ်းကြောင်းသုံးခုနဲ့ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တိတိကျကျအားဖြင့် NUG လက်အောက်ခံ KLOUD Team၊ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ် (၃၅၀၂) တပ်ခွဲ (၁) Orion Drone Team နဲ့ Power of Ababil (POA) ဒရုန်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရသလို ဗိုလ်ချုပ်မှူးကြီးအိမ်ကို (၄)စင်း၊ အေလာလေဆိပ်ကို (၁၂)စင်းနဲ့ စစ်ရုံးချုပ်ကို(၁၂)စင်း၊ စုစုပေါင်း(၂၈)စင်းလို့ ပြောကြားထားတာပါ။ ဒရုန်းကို စတင် ပစ်လွှတ်လိုက်ပြီးတဲ့နောက် လုံခြုံတဲ့နေရာကို ရောက်ရှိချိန် ခန့်မှန်းခြေမနက်(၁၁)နာရီ လောက်မှာပဲ စစ်ဆင်ရေး အောင်မြင်ခဲ့ကြောင်း ဝါဒဖြန့်ချိမှုကို လူမှုကွန်ရက်တွေကနေတစ်ဆင့် စတင်ပါတယ်။ အဲဒီနောက် သတင်းဌာန တွေက ထပ်ဆင့်ကူးယူ ဖော်ပြမှု၊ ပုံဖော်ရေးသားမှုနဲ့ ဆိုရှယ် Influencer တွေက ပုံကြီးချဲ့မှုတွေကြောင့် နိုင်ငံ တစ်ဝန်းမှာ လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်ကုန်ပါတယ်။ နေပြည်တော်စစ်ရုံးအထိ PDF တွေက ဝင်စီးနိုင်ခဲ့ပြီး NUG အလံကိုပါ စိုက်ထူနိုင်ခဲ့သလိုမျိုး၊ စစ်ရုံးအဆောက်အအုံတွေ မီးလောင်ပြာကျပြီး စစ်သားတွေ အတုံးအရုံးသေဆုံး ကုန်သလိုမျိုးအထိ တစ်ဖက်အုပ်စုကြားမှာ ကောက်ရိုးမီးလို တစ်ဟုန်ထိုးပျော်ရွှင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကောက်ရိုး မီးဟာ နေ့တစ်ဝက်တောင် မခံခဲ့ပါဘူး။ လူသတ်အားပေး အကြမ်းဖက်အကြီးစားထောက်ပို့ ပန်ဆယ်လိုကလည်း ဧပြီလ(၅)ရက်မှာ သူရဲ့ဖေ့စ်ဘွတ်ကနေ အချိန်ကိုက် ပနံယူပါတယ်။ Dragon Fly ပရောဂျက် ဒေါ်လာနှစ်သန်း ကျော်ထဲက အချို့သောငွေတွေကို နေပြည်တော်မစ်ရှင်အတွက် သုံးစွဲလိုက်သလိုမျိုး ရေးသားလာသလို နောက် ထပ်မစ်ရှင်တွေလည်း လာဦးမယ်လို့ NUG ထက်ပို NUG ဆန် ပြခဲ့ပါတယ်။ ဦးရည်မွန်ကလည်း ပစ်မှတ်တွေကို မှတ်ပုံတင်ထားလို့ရပါပြီလို့ ကြွေးကြော်ခဲ့ပါတယ်။ လက်လုပ် fixed-wing drone တစ်စင်းချင်းစီ ထုတ်လုပ်မှု ကုန်ကျ စရိတ်ဟာ ခန့်မှန်းခြေ ဒေါ်လာ (၁၅၀ဝဝ) လောက်ရှိနေတဲ့အတွက် ဧပြီ(၄)ရက် တစ်ကြိမ်တည်းမှာပဲ သုံးစွဲလိုက်တဲ့ ငွေကြေးဟာ (၂၈)စင်းသာမှန်ခဲ့ရင် ဒေါ်လာ(၄)သိန်းလောက် ရှိသွားမယ့်သဘောပါ။ ရချင်တဲ့ပစ်မှတ် ကို ထိခဲ့ခြင်း မရှိပေမယ့် အဲဒီအတွက် သုံးစွဲလိုက်တဲ့ငွေဟာ ဒေါ်လာ(၄)သိန်းလောက်ဖြစ်နေတာကြောင့် မှန်းချက်နဲ့ နှမ်းထွက်ကိုက်မကိုက်ကို NUG က လူတွေ ပြန်လည်တွက်ချက်ဖို့ လိုသွားပါတယ်။

စစ်ရုံးနဲ့ အေလာလေဆိပ်ဘက်က အခြေအနေ
ဧလာ လေဆိပ်ဘက်ကတော့ ယခင်ကလည်း Drop ဗုံးတွေ ချခံရဖူးတဲ့အတွက် သိပ်ပြီး တုန်လှုပ်မှု ရှိမှာမဟုတ်သလို ပစ်မှတ်ကလည်း ကြီးကြီးမားမား မဟုတ်လို့ စိုးရိမ်စရာမရှိခဲ့ပါဘူး။ လေကြောင်းလိုင်းတွေ ပျံသန်းဖို့ ခဏရပ်နားတာရယ်၊ ကျလာတဲ့ fixed- wing drone အပိုင်းအစတွေကို လိုက်လံကောက်ယူ သိမ်းဆည်း တာရယ်၊ လေဆိပ်တစ်ဝိုက်က လူစိမ်းတချို့ရဲ့လှုပ်ရှားမှုအခြေအနေကို စနည်းနာတာလောက်ပဲ ရှိမှာပါ။ အဓိကကတော့ စစ်ရုံးပါပဲ။ နံနက်(၁၀)နာရီသာသာလောက်ကစပြီး စစ်ရုံးထဲက စစ်သားတိုင်း၊ မိသားစုဝင်တိုင်းရဲ့ မိုဘိုင်းဖုန်းတွေဟာ လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။ လေကြောင်း အန္တရာယ်အချက်ပြစနစ် ကြောင့် အရေးပေါ် ဖုန်းလိုင်းကလွဲပြီး တခြားသော ဆက်သွယ်ရေး အော်ပရေတာဖုန်းမှန်သမျှကို ဖြတ်တောက်ပစ် လိုက်ပုံပေါ်ပါတယ်။ သတင်းတချို့အရ အေလာလေဆိပ်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံးနီးပါး စစ်ရုံးကို အရေး ပေါ်ရွှေ့ပြောင်းလိုက်ရသလို တောင်ငူဘက်က စစ်ကြောင်းတချို့လည်း စစ်ရုံးဆီကို နာရီပိုင်းအတွင်း အပြင်းချီ တက်ခဲ့ရတယ်လို့ ဆိုပါတယ်။ မမျှော်မှန်းနိုင်သော အခြေအနေအတွက် စစ်ဆင်ပြင်ဆင်မှု လုပ်ဆောင်ခဲ့သလို သွေးအေးလွန်းတဲ့ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကိုပါ သွေးပူလှုပ်ရှားသွားစေပုံ ရပါတယ်။ စစ်ရုံးနားတစ်ဝိုက်ကို ပျံသန်းဝင်လာတဲ့ fixed-wing drone တွေကို မိနစ်ပိုင်းအတွင်း ပစ်ချနိုင်ခဲ့တာတောင် နောက်ဆက်တွဲအခြေအနေ တွေကို အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေခဲ့ကြတယ်လို့ ခန့်မှန်းရမှာပါ။ ဒရုန်းတွေ ပျံသန်းလာရာလမ်းကြောင်း နဲ့မသင်္ကာဖွယ်ရာလူပုဂ္ဂိုလ်မှန်သမျှကို စစ်ဆေးကြပ်မတ်ဖို့အတွက် အောက်ပေါင်းလောင်းတစ်ဝိုက်နဲ့ တောင်ကြော တစ်လျှောက်ဟာ တောနင်းခံရပါတော့တယ်။ သို့သော်လည်း ဒရုန်းပစ်လွှတ်သူတွေကိုတော့ လက်ရဖမ်းဆီးနိုင်ခဲ့ ခြင်းမရှိပါဘူး။ ညနေပိုင်း အရောက်မှာတော့ အခြေအနေက ပုံမှန်ဖြစ်သွားပြီမို့ သတင်းမှန်ပြန်ကြားရေးက စတင်အလုပ်လုပ်လာပါတယ်။

စစ်ရုံးအခြေအနေကို လေ့လာသုံးသပ်ခြင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတည်နေရာဟာ အောက်ပေါင်းလောင်းဆည်ကြီးရဲ့အထက်နား၊ ရေဆင်းတက္ကသိုလ်၊ လှေခွင်းတောင်တို့ကြားမှာ ကျရောက်ပါတယ်။ နောက်ကျောဘက်က တောင်တွေကို ဖြတ် သန်းပြီးရင် ရှမ်းပြည်နယ် ပေါင်းလောင်းဘက်ကို စစ်ရုံးထဲကနေပဲ တိုက်ရိုက်သွားလို့ရပါတယ်။ အငြိမ်းစား ဗိုလ်ချုပ် မှူးကြီး သန်းရွှေလက်ထက် ၂၀၁၀ မတိုင်မီကတည်းက တည်ဆောက်ခဲ့တဲ့ စစ်ရုံး ချုပ်ကြီးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်က စစ်ရေးအမြင်၊ လုံခြုံရေးအမြင်နဲ့ တည်ဆောက်ခဲ့တာမျိုး ဖြစ်သလို လက်လုပ် fixed-wing drone တွေအတွက် ထည့်စဉ်းစားထားတဲ့ တည်ဆောက်မှုမျိုး မဟုတ်ပါဘူး။ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ပါဝင်တယ်ဆိုပေမယ့် ဆင်ဆာစနစ်တွေပါဝင်တဲ့ တိုက်ခိုက်ရေးလေယာဉ်တွေ၊ ဒရုန်းတွေအတွက်သာ စဉ်းစား ပြင်ဆင်ခဲ့တာဖြစ်သလို ဆယ်စုနှစ်နှစ်ခုကျော်အတွင်းမှာ ပြောင်းလဲလာတဲ့ လက်လုပ်ဒရုန်းတွေရဲ့ အန္တရာယ်ပေး နိုင်မှုကို ဒီတစ်ကြိမ်က သတိကြီးကြီးပေးလိုက်သလိုဖြစ်သွားပါတယ်။ ဒေါ်လာဘီလျံ ဆယ်ချီမက တန်ကြေးကြီး မားတဲ့ စစ်ရုံးကြီးကို သို့မဟုတ် တိုင်းပြည်တစ်ပြည်ရဲ့မြွေဦးခေါင်းလိုနေရာကို ဒေါ်လာသောင်းဂဏန်းပဲရှိတဲ့ လက်လုပ်ဒရုန်းနဲ့ မွှေနှောက်သွားတာဟာ အနူလက်သီးနဲ့ အရှိုက်ထိုး ခံရသလို ဖြစ်သွားစေနိုင်ပါတယ်။ ဒီတစ်ကြိမ် ဟာ တပ်မတော်အတွက် အထူး Alert ဖြစ်သွားစေနိုင်ပါတယ်။ ‘စစ်ရေးမှာ ဆောရီးဆိုတာမရှိဘူး’လို့ ဗိုလ်ချုပ်မှူး ကြီး ပြောခဲ့ဖူးသလို နောက်ထပ်အကြိမ်တွေအတွက်လည်း တစ်ဖက်ကအားထုတ် လာမယ့်အပေါ် ကြိုတင် ပြင်ဆင်ရတော့မယ်လို့ ဆုံးဖြတ်ထားကြမှာ သေချာပါတယ်။ ထင်သာမြင် သာဖြစ်လွန်းတဲ့ စစ်ရုံးကြီးကို မြေပုံအòန်းထည့်ပြီး ပုံစံတစ်မျိုးပြောင်းလာမယ့် fixed-wing drone တွေနဲ့ ထပ်မံတိုက်ခိုက်တာတွေက ဒီနှစ်ထဲမှာ ထပ်ဖြစ်နိုင်ပါသေးတယ်။ ရန်သူဟာ မြေပြင်က ထိုးစစ်ဆင်တာမျိုးကို မိုက်ရူးရဲဆန်ပြီး လုပ်မှာမဟုတ်ပါ။ ကောင်းကင်ကနေ fixed-wing drone တွေနဲ့သာ ထိုးစစ်ဆင်မှာပါ။ ဒါကြောင့် စစ်ရေးအရ ကြိုတင်တွက်ချက် ပြင်ဆင်ခြင်းတွေကို စစ်ရုံးထဲမှာ ထိပ်ပိုင်းခေါင်းဆောင်တွေက ဧပြီ(၄)ရက်ကနေ သင်္ကြန်မတိုင်မီအထိ တိုင်ပင်ဆုံး ဖြတ်ကြရပါလိမ့်မယ်။ စစ်ရုံးကို ကောင်းကင်ကနေ တိုက်စစ်ဆင်ရေးဟာ မြင်သာထင်သာတဲ့ ရန်ကုန်-မန္တလေး လမ်းဟောင်းကြီးဘက်ကနေ လာမှာမဟုတ်ဘဲ နောက်ကျောဘက်က ရှမ်း-ကယားဆက်စပ် တောင်တန်းတွေ ဆီကနေ ဆင်းလာတာမျိုးပဲ ဖြစ်နိုင်ပါတယ်။ စစ်ရုံးဧရိယာဟာ သစ်တောသစ်ပင်တွေ အုပ်ဆိုင်းပြီး တောတောင် ထူထပ်တယ်ဆိုပေမယ့် မြေပြင်ထိုးစစ်မှာသာ ခက်ခဲနိုင်တာပါ။ ဝေဟင်က နေဆိုရင်တော့ သိပ်ပြီးထူးခြား လှတဲ့နေရာမဟုတ်ပါဘူး။ ကာကွယ်ရေးဦးစီးချုပ်ရုံးကျသွားရင် တစ်တိုင်း ပြည်လုံးကျသွားတာဖြစ်တယ်ဆိုတာကို တော့ စစ်တပ်က ခေါင်းဆောင်ပိုင်းတွေ မသိဘဲ မနေဘူးလို့ ပြောရမှာပါ။

အထွေထွေရှုထောင့်မှ သုံးသပ်ခြင်း
NUG ဘက်တော်သားတွေကတော့ စစ်ရုံးကို ဒရုန်းနဲ့ ထိုးစစ်ဆင်နိုင်ခြင်းဟာ သုံးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်တာကြောင့် အားရကျေနပ်နေကြမှာပါ။ နောက်ထပ်ထိုးစစ်အတွက်လည်း ပြင်ဆင်ကြဦး မှာဖြစ်သလို နောက်တစ်ကြိမ်ဟာ လျှော့တွက်လို့ မရဘူးဆိုတာ သေချာပါတယ်။ တစ်နည်းအားဖြင့် မုဆိုးစိုင်သင် သလို တကယ်ကျော်လွှားနိုင်တဲ့အချိန်ရောက်ရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုံးခန်းထဲအထိ ဒရုန်း ဝင်မသွားဘူးလို့ မပြောနိုင်တာမျိုးပါ။ ဒါကို ကာကွယ်ဖို့က တပ်မတော်ဘက်က ကင်းထောက်ဒရုန်းတွေ၊ စစ်ဆင် ရေးဒရုန်းတွေကို ခပ်ကြမ်းကြမ်းသုံးဖို့လိုပါတယ်။ NUG အုပ်စုတွေရဲ့ နိစ္စဓူဝ တွေးတောကြံဆနေတာက စစ်တပ်ကို နေရာပေါင်းစုံကနေ ပုံစံမျိုးစုံနဲ့ထိုးနှက်တိုက်ခိုက်ရေးပါပဲ။ တပ်မတော်ဘက်ကတော့ တစ်နိုင်ငံလုံးကို အဆင်ပြေ ချောမွေ့အောင် စီမံအုပ်ချုပ်ဖို့က အဓိကဖြစ်ပြီး NUG နဲ့ EAO တွေကို ချေမှုန်းရေးဟာ ဦးစားပေးမဟုတ်ပါဘူး။ ချေမှုန်းရေးထက် စေ့စပ်ဆွေးနွေးခြင်းနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တက်ဖို့ပဲ စဉ်းစားနေတာပါ။ တစ်နည်း အားဖြင့် နိုင်ငံတော်ကို စုစည်းတည်ဆောက်ဖို့ နိစ္စဓူဝ ကြိုးစားနေသူနဲ့ တည်ဆောက်သူတွေ တည်ဆောက်လို့ မရအောင် ထိုးနှက်တိုက်ခိုက်သူတွေကြားမှာ အမှောင်ထဲကလူက ခြေတစ်လှမ်းသာလေ့ရှိပါတယ်။ နစကဟာ နောက်ကနေ ချေပဂိုးတွေ လိုက်သွင်းရင်းနဲ့ ပွဲကိုထိန်းရတဲ့ ဘောလုံးအသင်းလိုပါပဲ။ NUG ဟာ စစ်ရုံးကို တိုက်ခိုက်တဲ့လုပ်ငန်းစဉ်အတွက် နှစ်နဲ့ချီပြီး စုဖွဲ့ပြင်ဆင်လေ့ကျင့်ခဲ့ပုံရပါတယ်။ လူမှုကွန်ရက်တွေကနေ မကြာခဏ ဖော်ပြလာတဲ့ဓာတ်ပုံမှတ်တမ်းတွေမှာလည်း လက်လုပ် fixed-wing drone တွေကို မြင်တွေ့နေရ သလို တစ်နေရာရာကို ရည်ရွယ်နေတယ်ဆိုတာ ခန့်မှန်းမိစေပါတယ်။ ဒီနေရာမှာ တပ်မတော်ဘက်က စစ်ဘက် ထောက်လှမ်းရေးတွေ၊ ရဲထောက်လှမ်းရေးတွေနဲ့ အရပ်ဘက်က အသွင်ယူတွေဟာ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် သတင်းလက်ဦးမှု ရယူနိုင်ခဲ့ပုံမပေါ်ပါဘူး။ ဒါကြောင့်လည်း ဧပြီ(၄)ရက် နံနက်ပိုင်းဟာ ဘယ်သူမှမထင်မှတ် လောက်အောင် ပြာယာခတ်သွားစေခဲ့တာပါ။ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ‘ဒီနေ့ဖြစ်စဉ်မှာဆိုရင် အားလုံးမြင် တဲ့အတိုင်းပဲ တစ်ဖက်အုပ်စုအနေနဲ့ ကြီးကြီးမားမားကို မျှော်လင့်ထားတဲ့ပုံစံမျိုး ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ ပြောစကားတွေအရ နှစ်အတန်ကြာအထိ ဒါကိုလုပ် ဆောင်လာတယ်ဆိုတာလည်း ကျွန်တော်တို့သိရတာပေါ့နော်။ ကျွန်တော်တို့အနေနဲ့ ကာကွယ်ရေးစနစ်ကို ပိုမိုပြီးတော့ ကောင်းမွန်အောင်၊ ပိုမိုပြီးထောက်လှမ်းနိုင်အောင် ဆက်လက်စိစစ်တာတွေရော၊ သုတေသန ပြုလုပ်တာတွေရော ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။’လို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဖြစ်စဉ်ကတော့ နှစ်ဖက်လုံးအတွက်ရော ပြည်သူတွေပါ သတိထားမိသွားစေတဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်လာခဲ့တယ်ဆိုတာ အမှန်ပါပဲ။ နောက်ထပ်အကြိမ်တွေလည်း ရှိလာဦးမယ်ဆိုတာကို ခန့်မှန်းထားချင်ကြောင်းပါ။

zawgyi version
စစ္႐ုံးနဲ႔ေလဆိပ္ကို fixed-wing drone နဲ႔ တိုက္ခိုက္မႈအေပၚ ေလ့လာဆန္းစစ္ျခင္း
မ်ိဳးမင္း (မက်ည္းလဟာ) (NP News) - ဧၿပီ ၉

‘ပထမတစ္ႀကိမ္က လက္တည့္စမ္းတာ၊ ဒုတိယတစ္ႀကိမ္က ပစ္မွတ္ကိုထိေစဖို႔ေက်ာ္လႊားနည္း အတည္ျပဳတာ၊ တတိယတစ္ႀကိမ္ကေတာ့...’
ဧၿပီ(၄)ရက္ နံနက္ပိုင္းက ျဖစ္ပြားခဲ့တဲ့ ေနျပည္ေတာ္ ေအလာေလဆိပ္နဲ႔တပ္မေတာ္ကာကြယ္ေရးဦး စီးခ်ဳပ္႐ုံး(စစ္႐ုံး) fixed-wing drone ေတြနဲ႔ NUG-PDF ေတြဘက္က တိုက္ခိုက္လာျခင္းအေပၚ ပထမဆုံးေတြးမိတဲ့ အေတြးေလးပါ။ စစ္႐ုံးကို fixed-wing drone နဲ႔ တိုက္ခိုက္တာကေတာ့ ပထမဆုံးအႀကိမ္ ျဖစ္လာပါတယ္။

ဧၿပီ(၄)ရက္ နံနက္(၁၀)နာရီခြဲ
အခ်ိန္ကေတာ့ နံနက္(၁၀)နာရီခြဲေလာက္မွာပါ။ ရွမ္းျပည္နယ္အစပ္နားကေန ေဇယ်ာသီရိၿမိဳ႕နယ္ အတြင္းမွာရွိတဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးဘက္ကို fixed-wing drone (၁၀)စင္းေလာက္ ဦးတည္ၿပီး ပ်ံသန္းလာပါတယ္။ အလားတူ ေနျပည္ေတာ္ ေအလာေလဆိပ္က တပ္မေတာ္ေလယာဥ္ေတြ ရွိရာဘက္ကို အေရွ႕ဘက္ကေန fixed-wing drone (၄)စင္းေလာက္ကလည္း ပ်ံသန္းလာပါတယ္။ အဲဒီ fixed-wing drone ေတြ အားလုံးနီးပါးမွာ ေဖာက္ခြဲတိုက္ခိုက္ေရးပစၥည္းေတြ ပါဝင္လာသလို ရည္မွန္းထားတဲ့ ပစ္မွတ္ဆီကို ဦးတည္ပ်ံသန္း ေနခ်ိန္မွာပဲ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္က အလုပ္ထလုပ္ပါတယ္။ နစက သတင္းျပန္ၾကားေရးရဲ႕ညပိုင္း သတင္းထုတ္ျပန္ခ်က္မွာေတာ့ စုစုေပါင္းႏွစ္ေနရာစာအတြက္ ဒ႐ုန္း(၁၃)စင္းလို႔ ေဖာ္ျပထားသလို ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ကေန ဖ်က္ခ်ႏိုင္ခဲ့လို႔ တစ္ဖက္ရန္သူရဲ႕ပစ္မွတ္ထားရာေနရာေတြကို ထိခိုက္ျခင္းမရွိခဲ့ဘူးလို႔ ဆိုပါတယ္။ NUG ဘက္ကို ကိုးကားၿပီး NUG ရဲ႕ေဖာ္ျပခ်က္ေတြမွာေတာ့ fixed-wing drone (၂၉)စင္းလို႔ ေရးထားသလို ျပည္ေျပးသတင္းဌာနအခ်ိဳ႕မွာေတာ့ (၂၈)စင္းလို႔ ေတြ႕ရျပန္ပါတယ္။ ေသခ်ာတာကေတာ့ ႏွစ္ဖက္ ထုတ္ျပန္ခ်က္အရၾကားထဲမွာ ဒ႐ုန္းအစင္းေရ(၁၅)စင္းေလာက္ ဘယ္ေနရာမွာမွ ျမင္ရေတြ႕ရျခင္းမရွိဘဲ ေပ်ာက္ သြားတဲ့သေဘာပါပဲ။ နစကရဲ႕ထုတ္ျပန္ခ်က္အရ ေနျပည္ေတာ္က ေနရာႏွစ္ခုဆီကို fixed-wing drone ေတြ ပစ္လႊတ္လိုက္တဲ့ေနရာဟာ ေအာက္ေပါင္းေလာင္းဆည္ႀကီးရဲ႕ေအာက္ဘက္နားက ေတာေတာင္ထူထပ္တဲ့ ေတာင္ကုန္းေတြဆီကေန ျဖစ္ႏိုင္သလို ပစ္လႊတ္လိုက္သူေတြဟာ ပစ္လႊတ္ၿပီး မိနစ္ပိုင္းအတြင္းမွာပဲ ရွမ္း-ကယား နယ္စပ္ ဖယ္ခုံနားအထိ ထြက္ေျပးတိမ္းေရွာင္သြားၾကဖြယ္ ရွိေနပါတယ္။ အဲဒီနာရီပိုင္း မိနစ္ပိုင္းေတြဟာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးဘက္မွာလည္း မ်က္ျပဴးဆန္ျပာျဖစ္သြားသလို fixed-wing drone ပစ္လႊတ္ လိုက္သူေတြဘက္မွာလည္း အသက္လုၿပီး ေျပးရတဲ့ အခိုက္အတန႔္ေတြ ျဖစ္လာပါတယ္။

fixed-wing drone မလႊတ္ခင္နဲ႔ လႊတ္ၿပီးေနာက္ NUG-PDF ဘက္ကလူေတြ အေျခအေန
ဒါက လွ်ိဳ႕ဝွက္မစ္ရွင္ျဖစ္တဲ့အတြက္ ေတာ္ေတာ္ေလးေျခသံလုံခဲ့တာကို ေတြ႕ရပါတယ္။ ေအလာ ေလဆိပ္နဲ႔ စစ္႐ုံးႏွစ္ခုလုံးကို ဒ႐ုန္းနဲ႔ ပစ္ခတ္ေရးအစီအစဥ္မွာ ပ်ံသန္းႏိုင္ခ်ိန္ကန႔္သတ္ခ်က္အရ အခ်ိန္ဆြဲလို႔ မရ ႏိုင္ပါ။ ဒါေၾကာင့္ ဧၿပီ(၁)ရက္ေန႔ေလာက္ကတည္းက ေပါင္းေလာင္းေခ်ာင္းရဲ႕တစ္ဖက္ကမ္း ေတာင္ကုန္းေတြကို အားျပဳၿပီးႀကိဳတင္ေရာက္ရွိေနဖို႔ လိုပါတယ္။ ၾကားရက္ထဲမွာ ေျမျပင္အေျခအေနကို ႀကိဳတင္ေလ့လာၿပီး သတိ မထားမိမယ့္အခ်ိန္ကို ေ႐ြးခ်ယ္ၾကတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ လက္လုပ္ fixed-wing drone ဟာ အၾကာဆုံး ပ်ံသန္း ႏိုင္ခ်ိန္ မိနစ္(၃၀)ထက္ မပိုသလို အကြာအေဝးအားျဖင့္လည္း ငါးမိုင္ထက္ မပိုႏိုင္တာေၾကာင့္ ဒီမိနစ္(၃၀)ဟာ ဒ႐ုန္းပစ္လႊတ္ၿပီးတာနဲ႔ ခ်က္ခ်င္းေနရာေျပာင္းဖို႔ လုပ္ရမယ့္အခ်ိန္အပိုင္း အျခားျဖစ္ပါတယ္။ ပစ္မွတ္ကိုထိသည္ ျဖစ္ေစ မထိသည္ျဖစ္ေစ မစ္ရွင္ရဲ႕ရည္႐ြယ္ခ်က္က ေနျပည္ေတာ္စစ္႐ုံးကို fixed-wing drone နဲ႔ တိုက္ခိုက္ႏိုင္ခဲ့ တယ္ ဆိုတာက ျပယုဂ္တစ္ခုျဖစ္လာႏိုင္သလို ေနာက္ထပ္ ေခါင္းစဥ္ေတြနဲ႔ အလႉေငြ၊ ေထာက္ပံ့ေငြ ထပ္ရလာ ႏိုင္တာ ေသခ်ာေနပါတယ္။ ဒီစစ္ဆင္ေရးကို တာဝန္ယူထားတယ္ဆိုတဲ့ KLOUD Team အဖြဲ႕က ျပည္ေျပး မီဒီယာ ေတြကို ေျပာၾကားထားတာမွာ ေအလာေလဆိပ္၊ စစ္႐ုံးနဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အိမ္ကိုပါ ဦးတည္ခ်က္လမ္းေၾကာင္းသုံးခုနဲ႔ တိုက္ခိုက္ခဲ့တယ္လို႔ဆိုပါတယ္။ တိတိက်က်အားျဖင့္ NUG လက္ေအာက္ခံ KLOUD Team၊ ေတာင္ငူခ႐ိုင္ ျပည္သူ႔ကာကြယ္ေရးတပ္ရင္း အမွတ္ (၃၅၀၂) တပ္ခြဲ (၁) Orion Drone Team နဲ႔ Power of Ababil (POA) ဒ႐ုန္းတပ္ေတြက တိုက္ခိုက္ခဲ့တာလို႔ သိရသလို ဗိုလ္ခ်ဳပ္မႉးႀကီးအိမ္ကို (၄)စင္း၊ ေအလာေလဆိပ္ကို (၁၂)စင္းနဲ႔ စစ္႐ုံးခ်ဳပ္ကို(၁၂)စင္း၊ စုစုေပါင္း(၂၈)စင္းလို႔ ေျပာၾကားထားတာပါ။ ဒ႐ုန္းကို စတင္ ပစ္လႊတ္လိုက္ၿပီးတဲ့ေနာက္ လုံၿခဳံတဲ့ေနရာကို ေရာက္ရွိခ်ိန္ ခန႔္မွန္းေျခမနက္(၁၁)နာရီ ေလာက္မွာပဲ စစ္ဆင္ေရး ေအာင္ျမင္ခဲ့ေၾကာင္း ဝါဒျဖန႔္ခ်ိမႈကို လူမႈကြန္ရက္ေတြကေနတစ္ဆင့္ စတင္ပါတယ္။ အဲဒီေနာက္ သတင္းဌာန ေတြက ထပ္ဆင့္ကူးယူ ေဖာ္ျပမႈ၊ ပုံေဖာ္ေရးသားမႈနဲ႔ ဆိုရွယ္ Influencer ေတြက ပုံႀကီးခ်ဲ႕မႈေတြေၾကာင့္ ႏိုင္ငံ တစ္ဝန္းမွာ လႈပ္လႈပ္ခတ္ခတ္ေတြ ျဖစ္ကုန္ပါတယ္။ ေနျပည္ေတာ္စစ္႐ုံးအထိ PDF ေတြက ဝင္စီးႏိုင္ခဲ့ၿပီး NUG အလံကိုပါ စိုက္ထူႏိုင္ခဲ့သလိုမ်ိဳး၊ စစ္႐ုံးအေဆာက္အအုံေတြ မီးေလာင္ျပာက်ၿပီး စစ္သားေတြ အတုံးအ႐ုံးေသဆုံး ကုန္သလိုမ်ိဳးအထိ တစ္ဖက္အုပ္စုၾကားမွာ ေကာက္႐ိုးမီးလို တစ္ဟုန္ထိုးေပ်ာ္႐ႊင္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ေကာက္႐ိုး မီးဟာ ေန႔တစ္ဝက္ေတာင္ မခံခဲ့ပါဘူး။ လူသတ္အားေပး အၾကမ္းဖက္အႀကီးစားေထာက္ပို႔ ပန္ဆယ္လိုကလည္း ဧၿပီလ(၅)ရက္မွာ သူရဲ႕ေဖ့စ္ဘြတ္ကေန အခ်ိန္ကိုက္ ပနံယူပါတယ္။ Dragon Fly ပေရာဂ်က္ ေဒၚလာႏွစ္သန္း ေက်ာ္ထဲက အခ်ိဳ႕ေသာေငြေတြကို ေနျပည္ေတာ္မစ္ရွင္အတြက္ သုံးစြဲလိုက္သလိုမ်ိဳး ေရးသားလာသလို ေနာက္ ထပ္မစ္ရွင္ေတြလည္း လာဦးမယ္လို႔ NUG ထက္ပို NUG ဆန္ ျပခဲ့ပါတယ္။ ဦးရည္မြန္ကလည္း ပစ္မွတ္ေတြကို မွတ္ပုံတင္ထားလို႔ရပါၿပီလို႔ ေႂကြးေၾကာ္ခဲ့ပါတယ္။ လက္လုပ္ fixed-wing drone တစ္စင္းခ်င္းစီ ထုတ္လုပ္မႈ ကုန္က် စရိတ္ဟာ ခန႔္မွန္းေျခ ေဒၚလာ (၁၅၀ဝဝ) ေလာက္ရွိေနတဲ့အတြက္ ဧၿပီ(၄)ရက္ တစ္ႀကိမ္တည္းမွာပဲ သုံးစြဲလိုက္တဲ့ ေငြေၾကးဟာ (၂၈)စင္းသာမွန္ခဲ့ရင္ ေဒၚလာ(၄)သိန္းေလာက္ ရွိသြားမယ့္သေဘာပါ။ ရခ်င္တဲ့ပစ္မွတ္ ကို ထိခဲ့ျခင္း မရွိေပမယ့္ အဲဒီအတြက္ သုံးစြဲလိုက္တဲ့ေငြဟာ ေဒၚလာ(၄)သိန္းေလာက္ျဖစ္ေနတာေၾကာင့္ မွန္းခ်က္နဲ႔ ႏွမ္းထြက္ကိုက္မကိုက္ကို NUG က လူေတြ ျပန္လည္တြက္ခ်က္ဖို႔ လိုသြားပါတယ္။

စစ္႐ုံးနဲ႔ ေအလာေလဆိပ္ဘက္က အေျခအေန
ဧလာ ေလဆိပ္ဘက္ကေတာ့ ယခင္ကလည္း Drop ဗုံးေတြ ခ်ခံရဖူးတဲ့အတြက္ သိပ္ၿပီး တုန္လႈပ္မႈ ရွိမွာမဟုတ္သလို ပစ္မွတ္ကလည္း ႀကီးႀကီးမားမား မဟုတ္လို႔ စိုးရိမ္စရာမရွိခဲ့ပါဘူး။ ေလေၾကာင္းလိုင္းေတြ ပ်ံသန္းဖို႔ ခဏရပ္နားတာရယ္၊ က်လာတဲ့ fixed- wing drone အပိုင္းအစေတြကို လိုက္လံေကာက္ယူ သိမ္းဆည္း တာရယ္၊ ေလဆိပ္တစ္ဝိုက္က လူစိမ္းတခ်ိဳ႕ရဲ႕လႈပ္ရွားမႈအေျခအေနကို စနည္းနာတာေလာက္ပဲ ရွိမွာပါ။ အဓိကကေတာ့ စစ္႐ုံးပါပဲ။ နံနက္(၁၀)နာရီသာသာေလာက္ကစၿပီး စစ္႐ုံးထဲက စစ္သားတိုင္း၊ မိသားစုဝင္တိုင္းရဲ႕ မိုဘိုင္းဖုန္းေတြဟာ လုံးဝအဆက္အသြယ္ျပတ္ေတာက္သြားခဲ့ပါတယ္။ ေလေၾကာင္း အႏၲရာယ္အခ်က္ျပစနစ္ ေၾကာင့္ အေရးေပၚ ဖုန္းလိုင္းကလြဲၿပီး တျခားေသာ ဆက္သြယ္ေရး ေအာ္ပေရတာဖုန္းမွန္သမွ်ကို ျဖတ္ေတာက္ပစ္ လိုက္ပုံေပၚပါတယ္။ သတင္းတခ်ိဳ႕အရ ေအလာေလဆိပ္က လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြအားလုံးနီးပါး စစ္႐ုံးကို အေရး ေပၚေ႐ႊ႕ေျပာင္းလိုက္ရသလို ေတာင္ငူဘက္က စစ္ေၾကာင္းတခ်ိဳ႕လည္း စစ္႐ုံးဆီကို နာရီပိုင္းအတြင္း အျပင္းခ်ီ တက္ခဲ့ရတယ္လို႔ ဆိုပါတယ္။ မေမွ်ာ္မွန္းႏိုင္ေသာ အေျခအေနအတြက္ စစ္ဆင္ျပင္ဆင္မႈ လုပ္ေဆာင္ခဲ့သလို ေသြးေအးလြန္းတဲ့ ဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္ကိုပါ ေသြးပူလႈပ္ရွားသြားေစပုံ ရပါတယ္။ စစ္႐ုံးနားတစ္ဝိုက္ကို ပ်ံသန္းဝင္လာတဲ့ fixed-wing drone ေတြကို မိနစ္ပိုင္းအတြင္း ပစ္ခ်ႏိုင္ခဲ့တာေတာင္ ေနာက္ဆက္တြဲအေျခအေန ေတြကို အသင့္အေနအထားနဲ႔ ေစာင့္ဆိုင္းေနခဲ့ၾကတယ္လို႔ ခန႔္မွန္းရမွာပါ။ ဒ႐ုန္းေတြ ပ်ံသန္းလာရာလမ္းေၾကာင္း နဲ႔မသကၤာဖြယ္ရာလူပုဂၢိဳလ္မွန္သမွ်ကို စစ္ေဆးၾကပ္မတ္ဖို႔အတြက္ ေအာက္ေပါင္းေလာင္းတစ္ဝိုက္နဲ႔ ေတာင္ေၾကာ တစ္ေလွ်ာက္ဟာ ေတာနင္းခံရပါေတာ့တယ္။ သို႔ေသာ္လည္း ဒ႐ုန္းပစ္လႊတ္သူေတြကိုေတာ့ လက္ရဖမ္းဆီးႏိုင္ခဲ့ ျခင္းမရွိပါဘူး။ ညေနပိုင္း အေရာက္မွာေတာ့ အေျခအေနက ပုံမွန္ျဖစ္သြားၿပီမို႔ သတင္းမွန္ျပန္ၾကားေရးက စတင္အလုပ္လုပ္လာပါတယ္။

စစ္႐ုံးအေျခအေနကို ေလ့လာသုံးသပ္ျခင္း
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးတည္ေနရာဟာ ေအာက္ေပါင္းေလာင္းဆည္ႀကီးရဲ႕အထက္နား၊ ေရဆင္းတကၠသိုလ္၊ ေလွခြင္းေတာင္တို႔ၾကားမွာ က်ေရာက္ပါတယ္။ ေနာက္ေက်ာဘက္က ေတာင္ေတြကို ျဖတ္ သန္းၿပီးရင္ ရွမ္းျပည္နယ္ ေပါင္းေလာင္းဘက္ကို စစ္႐ုံးထဲကေနပဲ တိုက္႐ိုက္သြားလို႔ရပါတယ္။ အၿငိမ္းစား ဗိုလ္ခ်ဳပ္ မႉးႀကီး သန္းေ႐ႊလက္ထက္ ၂၀၁၀ မတိုင္မီကတည္းက တည္ေဆာက္ခဲ့တဲ့ စစ္႐ုံး ခ်ဳပ္ႀကီးဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ႏွစ္ခုေလာက္က စစ္ေရးအျမင္၊ လုံၿခဳံေရးအျမင္နဲ႔ တည္ေဆာက္ခဲ့တာမ်ိဳး ျဖစ္သလို လက္လုပ္ fixed-wing drone ေတြအတြက္ ထည့္စဥ္းစားထားတဲ့ တည္ေဆာက္မႈမ်ိဳး မဟုတ္ပါဘူး။ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ေတြ ပါဝင္တယ္ဆိုေပမယ့္ ဆင္ဆာစနစ္ေတြပါဝင္တဲ့ တိုက္ခိုက္ေရးေလယာဥ္ေတြ၊ ဒ႐ုန္းေတြအတြက္သာ စဥ္းစား ျပင္ဆင္ခဲ့တာျဖစ္သလို ဆယ္စုႏွစ္ႏွစ္ခုေက်ာ္အတြင္းမွာ ေျပာင္းလဲလာတဲ့ လက္လုပ္ဒ႐ုန္းေတြရဲ႕ အႏၲရာယ္ေပး ႏိုင္မႈကို ဒီတစ္ႀကိမ္က သတိႀကီးႀကီးေပးလိုက္သလိုျဖစ္သြားပါတယ္။ ေဒၚလာဘီလ်ံ ဆယ္ခ်ီမက တန္ေၾကးႀကီး မားတဲ့ စစ္႐ုံးႀကီးကို သို႔မဟုတ္ တိုင္းျပည္တစ္ျပည္ရဲ႕ေႁမြဦးေခါင္းလိုေနရာကို ေဒၚလာေသာင္းဂဏန္းပဲရွိတဲ့ လက္လုပ္ဒ႐ုန္းနဲ႔ ေမႊေႏွာက္သြားတာဟာ အႏူလက္သီးနဲ႔ အရႈိက္ထိုး ခံရသလို ျဖစ္သြားေစႏိုင္ပါတယ္။ ဒီတစ္ႀကိမ္ ဟာ တပ္မေတာ္အတြက္ အထူး Alert ျဖစ္သြားေစႏိုင္ပါတယ္။ ‘စစ္ေရးမွာ ေဆာရီးဆိုတာမရွိဘူး’လို႔ ဗိုလ္ခ်ဳပ္မႉး ႀကီး ေျပာခဲ့ဖူးသလို ေနာက္ထပ္အႀကိမ္ေတြအတြက္လည္း တစ္ဖက္ကအားထုတ္ လာမယ့္အေပၚ ႀကိဳတင္ ျပင္ဆင္ရေတာ့မယ္လို႔ ဆုံးျဖတ္ထားၾကမွာ ေသခ်ာပါတယ္။ ထင္သာျမင္ သာျဖစ္လြန္းတဲ့ စစ္႐ုံးႀကီးကို ေျမပုံအòန္းထည့္ၿပီး ပုံစံတစ္မ်ိဳးေျပာင္းလာမယ့္ fixed-wing drone ေတြနဲ႔ ထပ္မံတိုက္ခိုက္တာေတြက ဒီႏွစ္ထဲမွာ ထပ္ျဖစ္ႏိုင္ပါေသးတယ္။ ရန္သူဟာ ေျမျပင္က ထိုးစစ္ဆင္တာမ်ိဳးကို မိုက္႐ူးရဲဆန္ၿပီး လုပ္မွာမဟုတ္ပါ။ ေကာင္းကင္ကေန fixed-wing drone ေတြနဲ႔သာ ထိုးစစ္ဆင္မွာပါ။ ဒါေၾကာင့္ စစ္ေရးအရ ႀကိဳတင္တြက္ခ်က္ ျပင္ဆင္ျခင္းေတြကို စစ္႐ုံးထဲမွာ ထိပ္ပိုင္းေခါင္းေဆာင္ေတြက ဧၿပီ(၄)ရက္ကေန သၾကၤန္မတိုင္မီအထိ တိုင္ပင္ဆုံး ျဖတ္ၾကရပါလိမ့္မယ္။ စစ္႐ုံးကို ေကာင္းကင္ကေန တိုက္စစ္ဆင္ေရးဟာ ျမင္သာထင္သာတဲ့ ရန္ကုန္-မႏၲေလး လမ္းေဟာင္းႀကီးဘက္ကေန လာမွာမဟုတ္ဘဲ ေနာက္ေက်ာဘက္က ရွမ္း-ကယားဆက္စပ္ ေတာင္တန္းေတြ ဆီကေန ဆင္းလာတာမ်ိဳးပဲ ျဖစ္ႏိုင္ပါတယ္။ စစ္႐ုံးဧရိယာဟာ သစ္ေတာသစ္ပင္ေတြ အုပ္ဆိုင္းၿပီး ေတာေတာင္ ထူထပ္တယ္ဆိုေပမယ့္ ေျမျပင္ထိုးစစ္မွာသာ ခက္ခဲႏိုင္တာပါ။ ေဝဟင္က ေနဆိုရင္ေတာ့ သိပ္ၿပီးထူးျခား လွတဲ့ေနရာမဟုတ္ပါဘူး။ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက်သြားရင္ တစ္တိုင္း ျပည္လုံးက်သြားတာျဖစ္တယ္ဆိုတာကို ေတာ့ စစ္တပ္က ေခါင္းေဆာင္ပိုင္းေတြ မသိဘဲ မေနဘူးလို႔ ေျပာရမွာပါ။

အေထြေထြရႈေထာင့္မွ သုံးသပ္ျခင္း
NUG ဘက္ေတာ္သားေတြကေတာ့ စစ္႐ုံးကို ဒ႐ုန္းနဲ႔ ထိုးစစ္ဆင္ႏိုင္ျခင္းဟာ သုံးႏွစ္ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ျဖစ္တာေၾကာင့္ အားရေက်နပ္ေနၾကမွာပါ။ ေနာက္ထပ္ထိုးစစ္အတြက္လည္း ျပင္ဆင္ၾကဦး မွာျဖစ္သလို ေနာက္တစ္ႀကိမ္ဟာ ေလွ်ာ့တြက္လို႔ မရဘူးဆိုတာ ေသခ်ာပါတယ္။ တစ္နည္းအားျဖင့္ မုဆိုးစိုင္သင္ သလို တကယ္ေက်ာ္လႊားႏိုင္တဲ့အခ်ိန္ေရာက္ရင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ႐ုံးခန္းထဲအထိ ဒ႐ုန္း ဝင္မသြားဘူးလို႔ မေျပာႏိုင္တာမ်ိဳးပါ။ ဒါကို ကာကြယ္ဖို႔က တပ္မေတာ္ဘက္က ကင္းေထာက္ဒ႐ုန္းေတြ၊ စစ္ဆင္ ေရးဒ႐ုန္းေတြကို ခပ္ၾကမ္းၾကမ္းသုံးဖို႔လိုပါတယ္။ NUG အုပ္စုေတြရဲ႕ နိစၥဓူဝ ေတြးေတာႀကံဆေနတာက စစ္တပ္ကို ေနရာေပါင္းစုံကေန ပုံစံမ်ိဳးစုံနဲ႔ထိုးႏွက္တိုက္ခိုက္ေရးပါပဲ။ တပ္မေတာ္ဘက္ကေတာ့ တစ္ႏိုင္ငံလုံးကို အဆင္ေျပ ေခ်ာေမြ႕ေအာင္ စီမံအုပ္ခ်ဳပ္ဖို႔က အဓိကျဖစ္ၿပီး NUG နဲ႔ EAO ေတြကို ေခ်မႈန္းေရးဟာ ဦးစားေပးမဟုတ္ပါဘူး။ ေခ်မႈန္းေရးထက္ ေစ့စပ္ေဆြးေႏြးျခင္းနဲ႔ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚတက္ဖို႔ပဲ စဥ္းစားေနတာပါ။ တစ္နည္း အားျဖင့္ ႏိုင္ငံေတာ္ကို စုစည္းတည္ေဆာက္ဖို႔ နိစၥဓူဝ ႀကိဳးစားေနသူနဲ႔ တည္ေဆာက္သူေတြ တည္ေဆာက္လို႔ မရေအာင္ ထိုးႏွက္တိုက္ခိုက္သူေတြၾကားမွာ အေမွာင္ထဲကလူက ေျခတစ္လွမ္းသာေလ့ရွိပါတယ္။ နစကဟာ ေနာက္ကေန ေခ်ပဂိုးေတြ လိုက္သြင္းရင္းနဲ႔ ပြဲကိုထိန္းရတဲ့ ေဘာလုံးအသင္းလိုပါပဲ။ NUG ဟာ စစ္႐ုံးကို တိုက္ခိုက္တဲ့လုပ္ငန္းစဥ္အတြက္ ႏွစ္နဲ႔ခ်ီၿပီး စုဖြဲ႕ျပင္ဆင္ေလ့က်င့္ခဲ့ပုံရပါတယ္။ လူမႈကြန္ရက္ေတြကေန မၾကာခဏ ေဖာ္ျပလာတဲ့ဓာတ္ပုံမွတ္တမ္းေတြမွာလည္း လက္လုပ္ fixed-wing drone ေတြကို ျမင္ေတြ႕ေနရ သလို တစ္ေနရာရာကို ရည္႐ြယ္ေနတယ္ဆိုတာ ခန႔္မွန္းမိေစပါတယ္။ ဒီေနရာမွာ တပ္မေတာ္ဘက္က စစ္ဘက္ ေထာက္လွမ္းေရးေတြ၊ ရဲေထာက္လွမ္းေရးေတြနဲ႔ အရပ္ဘက္က အသြင္ယူေတြဟာ ႀကိဳတင္ကာကြယ္ႏိုင္ဖို႔အတြက္ သတင္းလက္ဦးမႈ ရယူႏိုင္ခဲ့ပုံမေပၚပါဘူး။ ဒါေၾကာင့္လည္း ဧၿပီ(၄)ရက္ နံနက္ပိုင္းဟာ ဘယ္သူမွမထင္မွတ္ ေလာက္ေအာင္ ျပာယာခတ္သြားေစခဲ့တာပါ။ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ‘ဒီေန႔ျဖစ္စဥ္မွာဆိုရင္ အားလုံးျမင္ တဲ့အတိုင္းပဲ တစ္ဖက္အုပ္စုအေနနဲ႔ ႀကီးႀကီးမားမားကို ေမွ်ာ္လင့္ထားတဲ့ပုံစံမ်ိဳး ျဖစ္ပါလိမ့္မယ္။ သူတို႔ရဲ႕ ေျပာစကားေတြအရ ႏွစ္အတန္ၾကာအထိ ဒါကိုလုပ္ ေဆာင္လာတယ္ဆိုတာလည္း ကြၽန္ေတာ္တို႔သိရတာေပါ့ေနာ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ကာကြယ္ေရးစနစ္ကို ပိုမိုၿပီးေတာ့ ေကာင္းမြန္ေအာင္၊ ပိုမိုၿပီးေထာက္လွမ္းႏိုင္ေအာင္ ဆက္လက္စိစစ္တာေတြေရာ၊ သုေတသန ျပဳလုပ္တာေတြေရာ ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။’လို႔ ေျပာပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီျဖစ္စဥ္ကေတာ့ ႏွစ္ဖက္လုံးအတြက္ေရာ ျပည္သူေတြပါ သတိထားမိသြားေစတဲ့ တိုက္ခိုက္မႈတစ္ခု ျဖစ္လာခဲ့တယ္ဆိုတာ အမွန္ပါပဲ။ ေနာက္ထပ္အႀကိမ္ေတြလည္း ရွိလာဦးမယ္ဆိုတာကို ခန႔္မွန္းထားခ်င္ေၾကာင္းပါ။

Picture

Aung Aung

09/04/2024 16:46

ပုံမှန်အတိုင်းသွားခဲ့ရင် ဒီ​​​ောက်ပိုအလုပ်တွေ လုပ်စရာမလို ဘတ်ဂျက်အပိုတွေလဲ အကုန်ခံစရာမလို ခုတော့ 🖕

Related news

© 2021. All rights reserved.