ယခုနှစ်အတွက် ဧဝရက်တောင် သန့်ရှင်းရေးကို နီပေါနိုင်ငံက မကြာမီ စတင်ဆောင်ရွက်သွားမည်

 121

ရောင်နီ (NP News) - ဧပြီ ၁ဝ

၂၀၂၄ ခုနှစ် တောင်တက်ရာသီ စတင်တော့မှာဖြစ်တာကြောင့် နီပေါနိုင်ငံဟာ ဧဝရတ်တောင် အမြင့်ဆုံးအပိုင်းအထိ ကြွင်းကျန်ရှိနေတဲ့ အမှိုက်တွေကို ဖယ်ရှားဖို့ ပရောဂျက်တစ်ခု လုပ်ဆောင်နေပါတယ်။

နီပေါစစ်တပ်ရဲ့အဆိုအရ တောင်တန်း အမှိုက်ရှင်းလင်းရေးလှုပ်ရှားမှု မှတ်တမ်းတွေမှာ ကြည့်မယ်ဆိုရင် အစီအစဉ်စတင်ချိန်မှစ အခုအချိန်ထိအတွင်း ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်အ ကြားထွက်ရှိခဲ့တဲ့ အမှိုက်တန်ချိန်ဟာ ၁၁၀ တန်အထိရှိတယ်လို့ သိရပါတယ်။ ယခင်က နိုင်ငံစုံအမှတ်တံဆိပ် Unilever နဲ့ ပူးပေါင်းပြီး ဧဝရက်တောင် သန့်ရှင်းရေး လုပ်ဆောင်နေကျဖြစ်ပေမယ့် နီပေါက ယခုနှစ်မှာတော့ ၎င်းတို့ရဲ့ ကိုယ်ပိုင်ကမ်ပိန်းကို လုပ်ဆောင်မယ်လို့ သိရပါတယ်။

18 Sherpas မှ ပံ့ပိုးကူညီထားတဲ့ စစ်တပ်အဖွဲ့ဝင် ၁၂ ဦးဟာ သန့်ရှင်းရေးအတွက် ဧပြီလ ၁၄ ရက်နေ့မှာ ဧဝရတ်တောင်ခြေစခန်းသို့ ရောက်ရှိမှာဖြစ်ပြီး ခန့်မှန်းခြေ ၁၀ တန်ခန့် ရှိမယ့် အမှိုက်တွေကို ဖယ်ရှားခြင်းအပြင် ၂၀၂၃ ခုနှစ်က တောင်တက်ရင်း သေဆုံးခဲ့တဲ့ လူသေအလောင်းငါးလောင်းကို တောင်ပေါ်မှ သယ်ထုတ်လာဖို့လည်း စီစဉ်ထားတယ်လို့ စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ မကြာမီစတင်မယ့် တောင်တက်ရာသီအတွက် အမြင့် ၈,၈၄၉ မီတာရှိ ဧဝရက်တောင်ထိပ်ကိုတက်ဖို့ ကြိုးစားချင်သူ အများအပြားရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်က နီပေါအစိုးရက ဧဝရတ်တောင်တက်ခွင့် စံချိန်တင် ၄၇၈ ထိ ခွင့်ပြုခဲ့ခြင်းကြောင့် စွန့်ပစ်အမှိုက် အလွန်အကျွံ များပြားလာခဲ့ပြီး ဧဝရက်တောင်ကို ညစ်နွမ်းစေခဲ့ပါတယ်။

zawgyi version
ယခုႏွစ္အတြက္ ဧဝရက္ေတာင္ သန္႔ရွင္းေရးကို နီေပါႏိုင္ငံက မၾကာမီ စတင္ေဆာင္႐ြက္သြားမည္
ေရာင္နီ (NP News) - ဧၿပီ ၁ဝ

၂၀၂၄ ခုႏွစ္ ေတာင္တက္ရာသီ စတင္ေတာ့မွာျဖစ္တာေၾကာင့္ နီေပါႏိုင္ငံဟာ ဧဝရတ္ေတာင္ အျမင့္ဆုံးအပိုင္းအထိ ႂကြင္းက်န္ရွိေနတဲ့ အမႈိက္ေတြကို ဖယ္ရွားဖို႔ ပေရာဂ်က္တစ္ခု လုပ္ေဆာင္ေနပါတယ္။

နီေပါစစ္တပ္ရဲ႕အဆိုအရ ေတာင္တန္း အမႈိက္ရွင္းလင္းေရးလႈပ္ရွားမႈ မွတ္တမ္းေတြမွာ ၾကည့္မယ္ဆိုရင္ အစီအစဥ္စတင္ခ်ိန္မွစ အခုအခ်ိန္ထိအတြင္း ၂၀၁၉ ခုႏွစ္နဲ႔ ၂၀၂၃ ခုႏွစ္အ ၾကားထြက္ရွိခဲ့တဲ့ အမႈိက္တန္ခ်ိန္ဟာ ၁၁၀ တန္အထိရွိတယ္လို႔ သိရပါတယ္။ ယခင္က ႏိုင္ငံစုံအမွတ္တံဆိပ္ Unilever နဲ႔ ပူးေပါင္းၿပီး ဧဝရက္ေတာင္ သန႔္ရွင္းေရး လုပ္ေဆာင္ေနက်ျဖစ္ေပမယ့္ နီေပါက ယခုႏွစ္မွာေတာ့ ၎တို႔ရဲ႕ ကိုယ္ပိုင္ကမ္ပိန္းကို လုပ္ေဆာင္မယ္လို႔ သိရပါတယ္။

18 Sherpas မွ ပံ့ပိုးကူညီထားတဲ့ စစ္တပ္အဖြဲ႕ဝင္ ၁၂ ဦးဟာ သန္႔ရွင္းေရးအတြက္ ဧၿပီလ ၁၄ ရက္ေန႔မွာ ဧဝရတ္ေတာင္ေျခစခန္းသို႔ ေရာက္ရွိမွာျဖစ္ၿပီး ခန႔္မွန္းေျခ ၁၀ တန္ခန႔္ ရွိမယ့္ အမႈိက္ေတြကို ဖယ္ရွားျခင္းအျပင္ ၂၀၂၃ ခုႏွစ္က ေတာင္တက္ရင္း ေသဆုံးခဲ့တဲ့ လူေသအေလာင္းငါးေလာင္းကို ေတာင္ေပၚမွ သယ္ထုတ္လာဖို႔လည္း စီစဥ္ထားတယ္လို႔ စစ္တပ္က ထုတ္ျပန္ခဲ့ပါတယ္။

လက္ရွိမွာေတာ့ မၾကာမီစတင္မယ့္ ေတာင္တက္ရာသီအတြက္ အျမင့္ ၈,၈၄၉ မီတာရွိ ဧဝရက္ေတာင္ထိပ္ကိုတက္ဖို႔ ႀကိဳးစားခ်င္သူ အမ်ားအျပားရွိေနပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က နီေပါအစိုးရက ဧဝရတ္ေတာင္တက္ခြင့္ စံခ်ိန္တင္ ၄၇၈ ထိ ခြင့္ျပဳခဲ့ျခင္းေၾကာင့္ စြန္႔ပစ္အမႈိက္ အလြန္အကြၽံ မ်ားျပားလာခဲ့ၿပီး ဧဝရက္ေတာင္ကို ညစ္ႏြမ္းေစခဲ့ပါတယ္။

Related news

© 2021. All rights reserved.