ရုရှားနိုင်ငံကို အနိုင်ရယူနိုင်ဖို့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ထပ်မံလုပ်ဆောင်မယ်လို့ ယူကရိန်းသမ္မတ ပြော

 350

ဂျန်ဇက် (NP News) - ဧပြီ ၁ဝ

အနောက်အုပ်စုနိုင်ငံတွေရဲ့စစ်ရေးနည်းပညာတွေက ရုရှားနိုင်ငံကို အနိုင်ရယူနိုင်ဖို့ ယူကရိန်းကို ကူညီပေးမယ်လို့ ယုံကြည်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းဟာ ရုရှားနိုင်ငံကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှု အသစ်ထပ်မံလုပ်ဆောင်ဖို့ စီစဉ်နေပြီး အနောက်အုပ်စုနိုင်ငံတွေရဲ့ စစ်ရေး နည်းပညာတွေက တန်ပြန်ထိုးစစ်ဆင်မှုတွေ ထပ်မံလုပ်ဆောင်ဖို့ အကူအညီပေးနိုင်ဖွယ်ရှိနေကြောင်း ယူကရိန်း သမ္မတက ပြောပါတယ်။

ယူကရိန်းစစ်သားတွေဟာ ရှေ့တန်းစစ်မျက်နှာပြင်မှာ ရုရှားတပ်ဖွဲ့တွေကို တွန်းလှန်တိုက်ခိုက်လာဖွယ်ရှိနေ ကြောင်း သိရပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီး က "ရုရှားနိုင်ငံမှာ လူတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ရှိနေတယ်။ ဒါပေမယ့် အနောက်အုပ်စုနိုင်ငံတွေမှာ ခေတ်မီလက်နက်စနစ်တွေ ရှိနေတယ်။ ကျွန်တော်တို့ဟာ မိတ်ဖက်နိုင်ငံတွေထံကနေ လိုင်စင်နဲ့ ထုတ်လုပ်ခွင့်ရမယ်ဆိုရင် လူအင်အားအများအပြား မလိုအပ်တော့ဘူး၊ ကျွန်တော်တို့ဟာ အရည်အသွေး ကောင်းမွန်တဲ့စစ်လက်နက်ပစ္စည်းတွေ ပိုမိုရလာဖွယ်ရှိပါတယ်" လို့ ပြောပါတယ်။

ယူကရိန်းဟာ ပြီးခဲ့တဲ့နှစ်ကလည်း တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်း စစ်သားတွေကို စစ်လက်နက်ပစ္စည်းများ အသုံးပြုပုံလေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်ပွားမှုဟာ ၂ နှစ်ကျော်ကြာနေပြီး ရုရှားက ယူကရိန်းပိုင်နက်လေးခုကို သိမ်းပိုက်ထား ကြောင်း သိရပါတယ်။

အနောက်အုပ်စုနိုင်ငံတွေဟာ စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းတည်းက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများအပြင် ငွေကြေးများစွာ ကူညီထောက်ပံ့ပေးခဲ့ဖူးကြောင်း သိရပါတယ်။

Zawgyi Version;
႐ုရွားႏိုင္ငံကို အႏိုင္ရယူႏိုင္ဖို႔ တန္ျပန္ထိုးစစ္ဆင္တိုက္ခိုက္ျခင္းမ်ား ထပ္မံလုပ္ေဆာင္မယ္လို႔ ယူကရိန္းသမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၁ဝ

အေနာက္အုပ္စုႏိုင္ငံေတြရဲ႕စစ္ေရးနည္းပညာေတြက ႐ုရွားႏိုင္ငံကို အႏိုင္ရယူႏိုင္ဖို႔ ယူကရိန္းကို ကူညီေပးမယ္လို႔ ယုံၾကည္ေၾကာင္း ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ယူကရိန္းဟာ ႐ုရွားႏိုင္ငံကို တန္ျပန္ထိုးစစ္ဆင္တိုက္ခိုက္မႈ အသစ္ထပ္မံလုပ္ေဆာင္ဖို႔ စီစဥ္ေနၿပီး အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ စစ္ေရး နည္းပညာေတြက တန္ျပန္ထိုးစစ္ဆင္မႈေတြ ထပ္မံလုပ္ေဆာင္ဖို႔ အကူအညီေပးႏိုင္ဖြယ္ရွိေနေၾကာင္း ယူကရိန္း သမၼတက ေျပာပါတယ္။

ယူကရိန္းစစ္သားေတြဟာ ေရွ႕တန္းစစ္မ်က္ႏွာျပင္မွာ ႐ုရွားတပ္ဖြဲ႕ေတြကို တြန္းလွန္တိုက္ခိုက္လာဖြယ္ရွိေန ေၾကာင္း သိရပါတယ္။
ယူကရိန္းသမၼတဇီလန္စကီး က "႐ုရွားႏိုင္ငံမွာ လူေတြနဲ႔ စစ္လက္နက္ပစၥည္းေတြ ရွိေနတယ္။ ဒါေပမယ့္ အေနာက္အုပ္စုႏိုင္ငံေတြမွာ ေခတ္မီလက္နက္စနစ္ေတြ ရွိေနတယ္။ ကြၽန္ေတာ္တို႔ဟာ မိတ္ဖက္ႏိုင္ငံေတြထံကေန လိုင္စင္နဲ႔ ထုတ္လုပ္ခြင့္ရမယ္ဆိုရင္ လူအင္အားအမ်ားအျပား မလိုအပ္ေတာ့ဘူး၊ ကြၽန္ေတာ္တို႔ဟာ အရည္အေသြး ေကာင္းမြန္တဲ့စစ္လက္နက္ပစၥည္းေတြ ပိုမိုရလာဖြယ္ရွိပါတယ္" လို႔ ေျပာပါတယ္။

ယူကရိန္းဟာ ၿပီးခဲ့တဲ့ႏွစ္ကလည္း တန္ျပန္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၿပီး အေနာက္အုပ္စုႏိုင္ငံေတြက ယူကရိန္း စစ္သားေတြကို စစ္လက္နက္ပစၥည္းမ်ား အသုံးျပဳပုံေလ့က်င့္သင္ၾကားေပးခဲ့ေၾကာင္း သိရပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္ပြားမႈဟာ ၂ ႏွစ္ေက်ာ္ၾကာေနၿပီး ႐ုရွားက ယူကရိန္းပိုင္နက္ေလးခုကို သိမ္းပိုက္ထား ေၾကာင္း သိရပါတယ္။

အေနာက္အုပ္စုႏိုင္ငံေတြဟာ စစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္းတည္းက ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ားအျပင္ ေငြေၾကးမ်ားစြာ ကူညီေထာက္ပံ့ေပးခဲ့ဖူးေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.