နာမည်ကြီး SKD ကားစက်ရုံများ ပြန်ထွက်မသွားရေးအတွက် အရေအတွက်တစ်ခု သတ်မှတ်ထုတ်ခွင့်ပေးရန် ကားလုပ်ငန်းရှင်အချို့ တိုက်တွန်း

 465

ယွန်း (NP News) - ဧပြီ ၁၁

ပြည်ပမှ CBU ကားများတင်သွင်းခြင်းထက် ပြည်တွင်း၌ SKD ထုတ်လုပ်နေသည့် နာမည်ကြီး ကားစက်ရုံများ ပြန်ထွက်မသွားရေးအတွက် စက်ရုံများ၏ ထုတ်လုပ်မှုအရေအတွက်ကို ပိုမိုခွင့်ပြုပေးသင့် ကြောင်း ကားလောကအသိုင်းအဝိုင်းတွင် သုံးသပ်မှုများရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နှစ်စဉ်စက်သုံးဆီဖြင့် မောင်းနှင် သည့်ကား (ICE) လိုအပ်ချက်မှာ အစီးရေ(၃၀ဝဝဝ)မှ(၅၀ဝဝဝ)အတွင်းရှိရာ ပြည်တွင်း၌ ကားအလုံးလိုက် တင်သွင်းခြင်း(CBU)ကို ရပ်ဆိုင်းလျက်ရှိပြီး တစ်စိတ် တစ်ပိုင်းထုတ်လုပ်မှု(SKD )ကိုသာ ဆောင်ရွက်နေကြောင်းသိရသည်။

" အခုကတော့ CBU တင်သွင်းခွင့်က ရပ်ဆိုင်းနေတာပေါ့။ အဲဒါကိုလည်း အကန့် အသတ်နဲ့ပြန်ပြီး တော့ခွင့်ပြုပေးသင့်တယ်။ နိုင်ငံတော်ကလည်း ထိုက် သင့်တဲ့အခွန်ကိုကောက်ပြီးတော့ ပေးသွင်းခွင့်ပြုသင့် တယ်။ မဟုတ်ရင် ကားတွေကကြာလာလို့ရှိရင် အို၊ ဟောင်း၊ စုတ်ပြတ်လာပြီး ကားအဟောင်းတွေကို ဈေးကြီးပေးပြီး စီးနေရတာပေါ့။ ပြီးတော့ CBU ကား ထက် ဆီကားတွေက SKD စက်ရုံရှိနေတဲ့ဟာကို အရေအတွက်ပိုခွင့်ပြုပေးသင့်တယ်"ဟု ပြည်တွင်းရှိ ကားလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

ပြည်တွင်း၌ SKD ထုတ်လုပ်သည့် စက်ရုံပေါင်း ပျမ်းမျှ(၁၀)ရုံထက်မနည်းရှိပြီး အဆိုပါစက်ရုံများ အပြင် အကြောင်းအမျိုးမျိုးကြောင့် မထုတ်လုပ်သည့် စက်ရုံများလည်းရှိနေကြောင်း သိရသည်။

"တချို့က တော့ လုံးဝမထုတ်ဘဲရပ်နေတာလည်းရှိတယ်။ ရပ်နေတယ်ဆိုတာက သူတို့ရထားတဲ့အရေအတွက် ကုန်သွားလို့ ထပ်သွင်းလို့မရလို့မထုတ်တာရော၊ အ ကြောင်းအမျိုးမျိုးကြောင့် မထုတ်တာရောပါတာပေါ့။ CBU သွင်းတာထက်စာရင် SKD ဆိုရင် မဖြစ်မနေ သင့်တော်တဲ့အရေအတွက်ကို ပေးသင့်တယ်။ ဘာလို့ လဲဆိုရင် ဒီမှာတကယ့် invest တွေလာလုပ်ထားတဲ့ ဟာတွေရှိတယ်။ ဒါတွေပြန်ထွက်သွားရင် နိုင်ငံအတွက်လည်း အများကြီးနစ်နာရတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ SKD ထုတ်လုပ်နေသည့်စက်ရုံများအနက် ပြည်ပရင်းနှီးမြှုပ်နှံ မှုရာခိုင်နှုန်းအနည်းငယ်သာရှိကာ မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုများကြောင်း သိရသည်။

" ပြည်ပရင်းနှီးမြှုပ်နှံမှု လည်း ရာခိုင်နှုန်းနည်းနည်းပါတယ်။ တချို့ကလည်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများတယ်။ ဟွန်ဒိုင်းတို့ ဘာတို့ဆိုရင်တော့ ပြည်ပရင်းနှီးမြှုပ်နှံမှု ကိုရီးယားက လည်းပါတာပေါ့။ တိုယိုတာဆိုရင်လည်း ထိုင်းနိုင်ငံ သားတွေပါတယ်။ နည်းနည်းစီတော့ပါတာပေါ့။ နိုင်ငံ သားပိုင်လည်းရှိတယ်။ နိုင်ငံခြားသားပိုင်တာလည်း ရှိတာပေါ့နော်။ ဆူဇူကီးဆိုရင်တော့ ဂျပန်လုံးဝ သီးသန့်ထုတ်တဲ့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုပေါ့။ ခုကတော့ထုတ် ကုန်မရှိဘူး ရပ်နေတော့ စာရင်းထဲတော့ မပါဘူးပေါ့"ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေး နှင့် ဖြန်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောသည်။

လက်ရှိ ပြည်တွင်းကားဈေးကွက်အတွင်း ကျပ် သိန်း(၃ဝဝ)နှင့် (၁၅ဝဝ)ကြားကားများ အရောင်း အဝယ်ပုံမှန်ဖြစ်နေပြီး လာမည့် ၂၀၂၅ ခုနှစ် နောက်ပိုင်းမှစ၍ ပြည်ပမှအပြီးအစီးတပ်ဆင်ထုတ်လုပ်ပြီး အသင့်မောင်းရန် မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် CBU ကားများ၏ အခွန်နှုန်းထားများကို နှစ်စဉ် တိုး ကောက်မည့်အနေအထားရှိကြောင်း ကားလောက အသိုင်းအဝိုင်း၏ သုံးသပ်မှုများလည်း ရှိနေသည်။

zawgyi version
နာမည္ႀကီး SKD ကားစက္႐ုံမ်ား ျပန္ထြက္မသြားေရးအတြက္ အေရအတြက္တစ္ခု သတ္မွတ္ထုတ္ခြင့္ေပးရန္ ကားလုပ္ငန္းရွင္အခ်ိဳ႕ တိုက္တြန္း
ယြန္း (NP News) - ဧၿပီ ၁၁

ျပည္ပမွ CBU ကားမ်ားတင္သြင္းျခင္းထက္ ျပည္တြင္း၌ SKD ထုတ္လုပ္ေနသည့္ နာမည္ႀကီး ကားစက္႐ုံမ်ား ျပန္ထြက္မသြားေရးအတြက္ စက္႐ုံမ်ား၏ ထုတ္လုပ္မႈအေရအတြက္ကို ပိုမိုခြင့္ျပဳေပးသင့္ ေၾကာင္း ကားေလာကအသိုင္းအဝိုင္းတြင္ သုံးသပ္မႈမ်ားရွိေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၌ ႏွစ္စဥ္စက္သုံးဆီျဖင့္ ေမာင္းႏွင္ သည့္ကား (ICE) လိုအပ္ခ်က္မွာ အစီးေရ(၃၀ဝဝဝ)မွ(၅၀ဝဝဝ)အတြင္းရွိရာ ျပည္တြင္း၌ ကားအလုံးလိုက္ တင္သြင္းျခင္း(CBU)ကို ရပ္ဆိုင္းလ်က္ရွိၿပီး တစ္စိတ္ တစ္ပိုင္းထုတ္လုပ္မႈ(SKD )ကိုသာ ေဆာင္႐ြက္ေနေၾကာင္းသိရသည္။

" အခုကေတာ့ CBU တင္သြင္းခြင့္က ရပ္ဆိုင္းေနတာေပါ့။ အဲဒါကိုလည္း အကန႔္ အသတ္နဲ႔ျပန္ၿပီး ေတာ့ခြင့္ျပဳေပးသင့္တယ္။ ႏိုင္ငံေတာ္ကလည္း ထိုက္ သင့္တဲ့အခြန္ကိုေကာက္ၿပီးေတာ့ ေပးသြင္းခြင့္ျပဳသင့္ တယ္။ မဟုတ္ရင္ ကားေတြကၾကာလာလို႔ရွိရင္ အို၊ ေဟာင္း၊ စုတ္ျပတ္လာၿပီး ကားအေဟာင္းေတြကို ေဈးႀကီးေပးၿပီး စီးေနရတာေပါ့။ ၿပီးေတာ့ CBU ကား ထက္ ဆီကားေတြက SKD စက္႐ုံရွိေနတဲ့ဟာကို အေရအတြက္ပိုခြင့္ျပဳေပးသင့္တယ္"ဟု ျပည္တြင္းရွိ ကားလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

ျပည္တြင္း၌ SKD ထုတ္လုပ္သည့္ စက္႐ုံေပါင္း ပ်မ္းမွ်(၁၀)႐ုံထက္မနည္းရွိၿပီး အဆိုပါစက္႐ုံမ်ား အျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မထုတ္လုပ္သည့္ စက္႐ုံမ်ားလည္းရွိေနေၾကာင္း သိရသည္။

"တခ်ိဳ႕က ေတာ့ လုံးဝမထုတ္ဘဲရပ္ေနတာလည္းရွိတယ္။ ရပ္ေနတယ္ဆိုတာက သူတို႔ရထားတဲ့အေရအတြက္ ကုန္သြားလို႔ ထပ္သြင္းလို႔မရလို႔မထုတ္တာေရာ၊ အ ေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မထုတ္တာေရာပါတာေပါ့။ CBU သြင္းတာထက္စာရင္ SKD ဆိုရင္ မျဖစ္မေန သင့္ေတာ္တဲ့အေရအတြက္ကို ေပးသင့္တယ္။ ဘာလို႔ လဲဆိုရင္ ဒီမွာတကယ့္ invest ေတြလာလုပ္ထားတဲ့ ဟာေတြရွိတယ္။ ဒါေတြျပန္ထြက္သြားရင္ ႏိုင္ငံအတြက္လည္း အမ်ားႀကီးနစ္နာရတယ္" ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ျပည္တြင္း၌ SKD ထုတ္လုပ္ေနသည့္စက္႐ုံမ်ားအနက္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံ မႈရာခိုင္ႏႈန္းအနည္းငယ္သာရွိကာ ျမန္မာႏိုင္ငံသားရင္းႏွီး ျမႇဳပ္ႏွံမႈမ်ားေၾကာင္း သိရသည္။

" ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈ လည္း ရာခိုင္ႏႈန္းနည္းနည္းပါတယ္။ တခ်ိဳ႕ကလည္း ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတယ္။ ဟြန္ဒိုင္းတို႔ ဘာတို႔ဆိုရင္ေတာ့ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈ ကိုရီးယားက လည္းပါတာေပါ့။ တိုယိုတာဆိုရင္လည္း ထိုင္းႏိုင္ငံ သားေတြပါတယ္။ နည္းနည္းစီေတာ့ပါတာေပါ့။ ႏိုင္ငံ သားပိုင္လည္းရွိတယ္။ ႏိုင္ငံျခားသားပိုင္တာလည္း ရွိတာေပါ့ေနာ္။ ဆူဇူကီးဆိုရင္ေတာ့ ဂ်ပန္လုံးဝ သီးသန႔္ထုတ္တဲ့ ႏိုင္ငံျခားသားရင္းႏွီးျမႇဳပ္ႏွံမႈေပါ့။ ခုကေတာ့ထုတ္ ကုန္မရွိဘူး ရပ္ေနေတာ့ စာရင္းထဲေတာ့ မပါဘူးေပါ့"ဟု ျမန္မာ့ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရး ႏွင့္ ျဖန္ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ားအသင္းမွ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ ဦးေက်ာ္စြာထြန္းျမင့္က ေျပာသည္။

လက္ရွိ ျပည္တြင္းကားေဈးကြက္အတြင္း က်ပ္ သိန္း(၃ဝဝ)ႏွင့္ (၁၅ဝဝ)ၾကားကားမ်ား အေရာင္း အဝယ္ပုံမွန္ျဖစ္ေနၿပီး လာမည့္ ၂၀၂၅ ခုႏွစ္ ေနာက္ပိုင္းမွစ၍ ျပည္ပမွအၿပီးအစီးတပ္ဆင္ထုတ္လုပ္ၿပီး အသင့္ေမာင္းရန္ ျမန္မာႏိုင္ငံသို႔ တင္သြင္းလာသည့္ CBU ကားမ်ား၏ အခြန္ႏႈန္းထားမ်ားကို ႏွစ္စဥ္ တိုး ေကာက္မည့္အေနအထားရွိေၾကာင္း ကားေလာက အသိုင္းအဝိုင္း၏ သုံးသပ္မႈမ်ားလည္း ရွိေနသည္။

Related news

© 2021. All rights reserved.