လက်ရှိအချိန်က စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေရမည့်အချိန်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ပြော

 707

Pika (NP News) - ဧပြီ ၁၁

မြောက်ကိုရီးယားနိုင်ငံပတ်ဝန်းကျင်တွင် ပထဝီဝင်နိုင်ငံရေးအခြေအနေများ မတည်မငြိမ်ဖြစ်ပွားနေမှု၏ အဓိပ္ပါယ်မှာ လက်ရှိအချိန်သည် စစ်ပွဲအတွက် ပြင်ဆင်မှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည့်အချိန်ဟု ဆိုလိုကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဧပြီလ(၁၁)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ကင်ဂျုံအန်းသည် နိုင်ငံ၏ အဓိကစစ်တပ်တက္ကသိုလ်ကို သွားရောက်စစ်ဆေးမှုများ လုပ် ဆောင်ချိန်အတွင်း ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ကင်ဂျုံအန်းလက်ထက်တွင် မြောက်ကိုရီးယားသည် လက်နက်ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ရုရှားနှင့် ပိုမိုနီးကပ်သော စစ်ရေးနှင့်နိုင်ငံရေးအရ ဆက်ဆံမှုများကို တိုးမြှင့်ခဲ့ကြောင်းလည်း သိရသည်။ ကင်ဂျုံအန်းက 'ရန်သူတွေဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုတွေလုပ်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် မြောက်ကိုရီးယားဟာ ပိုင်ဆိုင်သမျှအရာတွေအားလုံးနဲ့ ရန်သူတွေကို ပြန်လည်ချေမှုန်းတိုက်ခိုက်သွားမှာပါ။ ရှုပ်ထွေးနေတဲ့ နိုင်ငံတကာအခြေအနေတွေနဲ့ နိုင်ငံပတ်ဝန်းကျင်မှာရှိတဲ့ စစ်ရေးနဲ့နိုင်ငံရေး မတည်ငြိမ်မှုတွေက လက်ရှိအချိန်ဟာ စစ်ပွဲအတွက် ပြင်ဆင်မှုတွေကို ယခင်အချိန်တွေကထက်ပိုမိုလုပ် ဆောင်သွားရမှာကို ပြသနေပါတယ်။”ဟု ပြောဆိုခဲ့သည်။

ယခုလအစောပိုင်းတွင် ကင်ဂျုံအန်းသည် လောင်စာဆီအခဲသုံး အသံထက်မြန်သည့် တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်အသစ် စမ်းသပ်ပစ်လွှတ်မှုကို ကြီးကြပ်ခဲ့ကြောင်းလည်းသိရသည်။အဆိုပါစမ်းသပ်ပစ်လွှတ်မှုသည် မြောက်ကိုရီးယား၏စွမ်းရည်ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများကပြောကြားခဲ့သည်။

zawgyi version
လက္ရွိအခ်ိန္က စစ္ပြဲအတြက္ အဆင္သင့္ျဖစ္ေနရမည့္အခ်ိန္ျဖစ္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ေျပာ
Pika (NP News) - ဧၿပီ ၁၁

ေျမာက္ကိုရီးယားႏိုင္ငံပတ္ဝန္းက်င္တြင္ ပထဝီဝင္ႏိုင္ငံေရးအေျခအေနမ်ား မတည္မၿငိမ္ျဖစ္ပြားေနမႈ၏ အဓိပၸါယ္မွာ လက္ရွိအခ်ိန္သည္ စစ္ပြဲအတြက္ ျပင္ဆင္မႈမ်ားကို ယခင္ကထက္ ပိုမိုလုပ္ေဆာင္ရမည့္အခ်ိန္ဟု ဆိုလိုေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းက ဧၿပီလ(၁၁)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ကင္ဂ်ဳံအန္းသည္ ႏိုင္ငံ၏ အဓိကစစ္တပ္တကၠသိုလ္ကို သြားေရာက္စစ္ေဆးမႈမ်ား လုပ္ ေဆာင္ခ်ိန္အတြင္း ယခုကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ မၾကာေသးမီႏွစ္မ်ားအတြင္း ကင္ဂ်ဳံအန္းလက္ထက္တြင္ ေျမာက္ကိုရီးယားသည္ လက္နက္ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ၿပီး ႐ုရွားႏွင့္ ပိုမိုနီးကပ္ေသာ စစ္ေရးႏွင့္ႏိုင္ငံေရးအရ ဆက္ဆံမႈမ်ားကို တိုးျမႇင့္ခဲ့ေၾကာင္းလည္း သိရသည္။ ကင္ဂ်ဳံအန္းက 'ရန္သူေတြဟာ ေျမာက္ကိုရီးယားနဲ႔ စစ္ေရးအရ ထိပ္တိုက္ရင္ဆိုင္မႈေတြလုပ္ဖို႔ ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ ေျမာက္ကိုရီးယားဟာ ပိုင္ဆိုင္သမွ်အရာေတြအားလုံးနဲ႔ ရန္သူေတြကို ျပန္လည္ေခ်မႈန္းတိုက္ခိုက္သြားမွာပါ။ ရႈပ္ေထြးေနတဲ့ ႏိုင္ငံတကာအေျခအေနေတြနဲ႔ ႏိုင္ငံပတ္ဝန္းက်င္မွာရွိတဲ့ စစ္ေရးနဲ႔ႏိုင္ငံေရး မတည္ၿငိမ္မႈေတြက လက္ရွိအခ်ိန္ဟာ စစ္ပြဲအတြက္ ျပင္ဆင္မႈေတြကို ယခင္အခ်ိန္ေတြကထက္ပိုမိုလုပ္ ေဆာင္သြားရမွာကို ျပသေနပါတယ္။”ဟု ေျပာဆိုခဲ့သည္။

ယခုလအေစာပိုင္းတြင္ ကင္ဂ်ဳံအန္းသည္ ေလာင္စာဆီအခဲသုံး အသံထက္ျမန္သည့္ တာလတ္ပစ္ပဲ့ထိန္းဒုံးက်ည္အသစ္ စမ္းသပ္ပစ္လႊတ္မႈကို ႀကီးၾကပ္ခဲ့ေၾကာင္းလည္းသိရသည္။အဆိုပါစမ္းသပ္ပစ္လႊတ္မႈသည္ ေျမာက္ကိုရီးယား၏စြမ္းရည္ကို ျမႇင့္တင္ေပးႏိုင္လိမ့္မည္ျဖစ္ေၾကာင္း ေလ့လာသုံးသပ္သူမ်ားကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.