Joker ကို တွဲဖက် လေဒီဂါဂါနဲ့ မြင်တွေ့ရမယ့် Folie à Deux' ဇာတ်ကား နမူနာ ထွက်ရှိလာ

 529

ရောင်နီ (NP News) - ဧပြီ ၁၁

ကမ္ဘာကျော်ပေါ့စ်အဆိုတော် လေဒီဂါဂါက တွဲဖက်အနေနဲ့ ပါဝင်ထားတဲ့ Joker 2 လို့ ဆိုရမယ့် Folie à Deux' ဇာတ်ကားနမူနာ အင်္ဂါနေ့(ဧပြီ ၉ ရက်)က ထွက်ရှိလာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ Joker နဲ့ Harley Quinn ဇာတ်လမ်းကိုပုံဖော်မှာဖြစ်ပြီး Bad romance ဘက်ကိုသွားမယ်လို့ သိရပါတယ်။

ဇာတ်လမ်းထဲမှာ လေဒီဂါဂါက လူဆိုးတွေကို ဆေးကုတဲ့ ကုထုံးဆရာဝန် Harley Quinn အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ DC ရုပ်ပြစာအုပ် ဇာတ်လမ်းမှာ Joker နဲ့ Harley Quinn တို့ဟာ တစ်ဦးကိုတစ်ဦး မခွဲနိုင် မခွာရက် အရမ်းချစ်ပြီး အတူတူဆိုးသွမ်းကြတဲ့ စုံတွဲအဖြစ် ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ ဒါရိုက်တာတော့ဖီလစ်က ဇာတ်ကောင်တွေကို ဘယ်လိုတင်ဆက်ပြသမယ်ဆိုတာ မသိရသေးပါဘူး။

၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Joker ရုပ်ရှင်ဟာ ဒေါ်လာဘီလျံနဲ့ချီပြီး ဝင်ငွေကောင်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပြီး ၂၀၂၀ ခုနှစ်အတွက် အော်စကာဆု နှစ်ခုရရှိခဲ့သလို အကောင်းဆုံးမင်းသားဆုပါ ရရှိခဲ့ပါတယ်။ အခုဆက်လက်ထွက်ရှိမယ့် "Joker: Folie à Deux” ကိုတော့ အောက်တိုဘာ ၄ ရက်မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

zawgyi version
Joker ကို တြဲဖက္ ေလဒီဂါဂါနဲ႔ ျမင္ေတြ႕ရမယ့္ Folie à Deux' ဇာတ္ကား နမူနာ ထြက္ရွိလာ
ေရာင္နီ (NP News) - ဧၿပီ ၁၁

ကမာၻေက်ာ္ေပါ့စ္အဆိုေတာ္ ေလဒီဂါဂါက တြဲဖက္အေနနဲ႔ ပါဝင္ထားတဲ့ Joker 2 လို႔ ဆိုရမယ့္ Folie à Deux' ဇာတ္ကားနမူနာ အဂၤါေန႔(ဧၿပီ ၉ ရက္)က ထြက္ရွိလာခဲ့ပါတယ္။ ဒီဇာတ္ကားဟာ Joker နဲ႔ Harley Quinn ဇာတ္လမ္းကိုပုံေဖာ္မွာျဖစ္ၿပီး Bad romance ဘက္ကိုသြားမယ္လို႔ သိရပါတယ္။

ဇာတ္လမ္းထဲမွာ ေလဒီဂါဂါက လူဆိုးေတြကို ေဆးကုတဲ့ ကုထုံးဆရာဝန္ Harley Quinn အျဖစ္ သ႐ုပ္ေဆာင္မွာ ျဖစ္ပါတယ္။ DC ႐ုပ္ျပစာအုပ္ ဇာတ္လမ္းမွာ Joker နဲ႔ Harley Quinn တို႔ဟာ တစ္ဦးကိုတစ္ဦး မခြဲႏိုင္ မခြာရက္ အရမ္းခ်စ္ၿပီး အတူတူဆိုးသြမ္းၾကတဲ့ စုံတြဲအျဖစ္ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့ ဒီဇာတ္ကားမွာေတာ့ ဒါ႐ိုက္တာေတာ့ဖီလစ္က ဇာတ္ေကာင္ေတြကို ဘယ္လိုတင္ဆက္ျပသမယ္ဆိုတာ မသိရေသးပါဘူး။

၂၀၂၀ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Joker ႐ုပ္ရွင္ဟာ ေဒၚလာဘီလ်ံနဲ႔ခ်ီၿပီး ဝင္ေငြေကာင္းတဲ့ ႐ုပ္ရွင္တစ္ကားျဖစ္ခဲ့ၿပီး ၂၀၂၀ ခုႏွစ္အတြက္ ေအာ္စကာဆု ႏွစ္ခုရရွိခဲ့သလို အေကာင္းဆုံးမင္းသားဆုပါ ရရွိခဲ့ပါတယ္။ အခုဆက္လက္ထြက္ရွိမယ့္ "Joker: Folie à Deux” ကိုေတာ့ ေအာက္တိုဘာ ၄ ရက္မွာ ႐ုံတင္ျပသသြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.