KPop Demon Hunters ကာရိုက်တာတွေအတိုင်း ဘူးခေါက်ဆွဲပြုတ်စားခြင်းကြောင့် အမေရိကန်မှာ မီးလောင်ဒဏ်ရာရတဲ့ကလေးတွေ များပြားနေ

 411

ရောင်နီ (NP News) - အောက်တိုဘာ ၁
အမေရိကန်ပြည်ထောင်စုရှိ ထင်ရှားတဲ့ဆေးရုံတစ်ခုမှာ ဘူးခေါက်ဆွဲပြုတ်စားခြင်းကြောင့် ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာရရှိသူ ကလေးငယ်တွေမြင့်တက်လာတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလက ထုတ်ပြန်ချက်တစ်ခုအရ ဘွန်စတန်ရှိ Shriners ကလေးဆေးရုံမှာလူနာကလေးတွေ ဟာ ဘူးအရွယ်အစား ရှည်ပြီး ကျဉ်းတဲ့ ဘူးတွေနဲ့ဘအသင့်စားခေါက်ဆွဲခြောက်တွေကို #KPopNoodleChallenge #DemonHuntersRamen စတဲ့ စိတ်ကူးယဉ် K-pop မိန်းကလေးအဖွဲ့မှ အဖွဲ့ဝင်တွေလို လိုက်စားသောက်ခြင်းမှ အခုလို မီးလောင်ဒဏ်ရာ(မစိုးရိန်ရ) တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။ ခေါက်ဆွဲခြောက်ကြောင့် ကလေးတွေမှာ မီးလောင်ဒဏ်ရာဖြစ်တာဟာ သီတင်းတစ်ပတ်ကို နှစ်ကြိမ်မှ သုံးကြိမ်အထိ ရှိတယ်လို့ ဆေးရုံမှ ဆရာဝန်တစ်ဦး ဖြစ်သူ ဒေါက်တာကော်လန်ရိုင်ယန် က ပြောကြားပါတယ်။
ဇွန်လက Netflix မှာ ထုတ်လွှင့်ခဲ့တဲ့ KPop Demon Hunters ဟာ Netflix ပလက်ဖောင်းရဲ့အကြီးဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပြီး ဇာတ်ကားမှာပါတဲ့ တေးသီချင်းတွေဟာလည်း ကမ္ဘာ့ trand အဖြစ်ဆုံး သီချင်းတွေထဲမှာ နံပါတ် ၁ ချိတ်ခဲ့ပါတယ်။

Zawgyi Version;

Related news

© 2021. All rights reserved.