BLACKPINK ဖျော်ဖြေပွဲတွေကြောင့် ထိုင်ဝမ် ခရီးသွားလုပ်ငန်းမှာ ဒေါ်လာ သန်း ၃၀၀ ထိ ရရှိ

 56

ရောင်နီ (NP News) - အောက်တိုဘာ ၂၇

ထိုင်ဝမ်၊ ကောင်ချွန်းမြို့မှာ ပြုလုပ်တဲ့ BLACKPINK ရဲ့ DEADLINE ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ဟာ လမ်းဘေးဆိုင်၊ ညဈေး၊ ကုန်တိုက်တွေနဲ့ တည်းခိုခန်းတွေလို လုပ်ငန်းအမျိုးမျိုးကို ရောင်းအားတိုးတက်စေခဲ့ပြီး ခရီးသွားဝင်ငွေ ထိုင်ဝမ်ဒေါ်လာ သန်း ၃ဝဝ ထိ ရရှိစေခဲ့တယ်လို့ ကောင်ချွန်းမြို့အစိုးရက ဆိုပါတယ်။
ကောင်ချွန်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဗျူရိုရဲ့အဆိုအရ အမျိုးသားအားကစားကွင်းမှာ နှစ်ရက်ကြာ ကျင်းပပြုလုပ်တဲ့ BLACKPINK ဖျော်ဖြေပွဲကို လူပေါင်း ၁၂၀,၀၀၀ ကျော် လာရောက်ခဲ့ကြပြီး ဖျော်ဖြေပွဲတွေကနေ ရရှိတဲ့ ခရီးသွားလုပ်ငန်း ဝင်ငွေဟာ ထိုင်ဝမ်ဒေါ်လာ သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်) ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖျော်ဖြေပွဲကြောင့် ရူဖန်၊ လူဟီ၊ ကျီလင် အပါအဝင် ကောင်ချွန်း ရဲ့ အဓိက ညဈေးတွေဟာ ညဥ့်နက်တဲ့အထိ စည်ကားခဲ့ပြီး ဖောက်သည်တွေဟာ မနက် ၁ နာရီ ဒါမှမဟုတ် ၂ နာရီအထိ တန်းစီစောင့်ဆိုင်း ဝယ်ယူခဲ့ကြရကာ ရောင်းအား ပုံမှန်ထက် ၃ဝ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ Kaohsiung Rapid Transit Corp. (KRTC) ကလည်း ဖျော်ဖြေပွဲ ၂ ရက်တာဟာ မြို့ရဲ့မြေအောက်ရထား ကွန်ရက်အတွက် အလုပ် အများဆုံး နှစ်ရက်ဖြစ်ခဲ့ပြီး စနေနေ့မှာ ခရီးသည်စုစုပေါင်း ၃၂၃,၆၀၁ ဦး၊ တနင်္ဂနွေနေ့မှာ ခရီးသည် စုစုပေါင်း ၂၈၁,၅၁၁ ဦး ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ကောင်ချွန်းမြို့ဟာ BLACKPINK ရဲ့ဖျော်ဖြေပွဲမတိုင်မီခင်ကတည်းက ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကို ကြိုဆိုဖို့ ကျယ်ကျယ်ပြန့်ပြန့်ပြင်ဆင်မှုတွေပြုလုပ်ခဲ့သလို Aihe မြစ်၊ Dagang တံတား၊ Kaohsiung Port Passenger Center၊ Kaohsiung Popular Music Center၊ ကောင်ချွန်းဘူတာရုံ၊ Formosa Boulevard ဘူတာရုံ အပါအဝင် အထင်ကရနေရာခြောက်ခုကိုလည်း အဖွဲ့ရဲ့သင်္ကေတ ထင်ရှားတဲ့ ပန်းရောင်မီးတွေနဲ့ အလှဆင်ကာ ခရီးသွားတွေကို ဆွဲဆောင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
BLACKPINK ေဖ်ာ္ေျဖပြဲေတြေၾကာင့္ ထိုင္ဝမ္ ခရီးသြားလုပ္ငန္းမွာ ေဒၚလာ သန္း ၃၀၀ ထိ ရရွိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၇
ထိုင္ဝမ္၊ ေကာင္ခြၽန္းၿမိဳ႕မွာ ျပဳလုပ္တဲ့ BLACKPINK ရဲ႕ DEADLINE ကမာၻလွည့္ေဖ်ာ္ေျဖေရးခရီးစဥ္ဟာ လမ္းေဘးဆိုင္၊ ညေဈး၊ ကုန္တိုက္ေတြနဲ႔ တည္းခိုခန္းေတြလို လုပ္ငန္းအမ်ိဳးမ်ိဳးကို ေရာင္းအားတိုးတက္ေစခဲ့ၿပီး ခရီးသြားဝင္ေငြ ထိုင္ဝမ္ေဒၚလာ သန္း ၃ဝဝ ထိ ရရွိေစခဲ့တယ္လို႔ ေကာင္ခြၽန္းၿမိဳ႕အစိုးရက ဆိုပါတယ္။
ေကာင္ခြၽန္း စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးဗ်ဴ႐ိုရဲ႕အဆိုအရ အမ်ိဳးသားအားကစားကြင္းမွာ ႏွစ္ရက္ၾကာ က်င္းပျပဳလုပ္တဲ့ BLACKPINK ေဖ်ာ္ေျဖပြဲကို လူေပါင္း ၁၂၀,၀၀၀ ေက်ာ္ လာေရာက္ခဲ့ၾကၿပီး ေဖ်ာ္ေျဖပြဲေတြကေန ရရွိတဲ့ ခရီးသြားလုပ္ငန္း ဝင္ေငြဟာ ထိုင္ဝမ္ေဒၚလာ သန္း ၃၀၀ (အေမရိကန္ေဒၚလာ ၁၀ သန္းခန႔္) ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ေဖ်ာ္ေျဖပြဲေၾကာင့္ ႐ူဖန္၊ လူဟီ၊ က်ီလင္ အပါအဝင္ ေကာင္ခြၽန္း ရဲ႕ အဓိက ညေဈးေတြဟာ ညဥ့္နက္တဲ့အထိ စည္ကားခဲ့ၿပီး ေဖာက္သည္ေတြဟာ မနက္ ၁ နာရီ ဒါမွမဟုတ္ ၂ နာရီအထိ တန္းစီေစာင့္ဆိုင္း ဝယ္ယူခဲ့ၾကရကာ ေရာင္းအား ပုံမွန္ထက္ ၃ဝ ရာခိုင္ႏႈန္းေက်ာ္ျမင့္တက္ခဲ့တယ္လို႔ ဆိုပါတယ္။ Kaohsiung Rapid Transit Corp. (KRTC) ကလည္း ေဖ်ာ္ေျဖပြဲ ၂ ရက္တာဟာ ၿမိဳ႕ရဲ႕ေျမေအာက္ရထား ကြန္ရက္အတြက္ အလုပ္ အမ်ားဆုံး ႏွစ္ရက္ျဖစ္ခဲ့ၿပီး စေနေန႔မွာ ခရီးသည္စုစုေပါင္း ၃၂၃,၆၀၁ ဦး၊ တနဂၤေႏြေန႔မွာ ခရီးသည္ စုစုေပါင္း ၂၈၁,၅၁၁ ဦး ပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။
ေကာင္ခြၽန္းၿမိဳ႕ဟာ BLACKPINK ရဲ႕ေဖ်ာ္ေျဖပြဲမတိုင္မီခင္ကတည္းက ကမာၻတစ္ဝွမ္းက ပရိသတ္ေတြကို ႀကိဳဆိုဖို႔ က်ယ္က်ယ္ျပန႔္ျပန႔္ျပင္ဆင္မႈေတြျပဳလုပ္ခဲ့သလို Aihe ျမစ္၊ Dagang တံတား၊ Kaohsiung Port Passenger Center၊ Kaohsiung Popular Music Center၊ ေကာင္ခြၽန္းဘူတာ႐ုံ၊ Formosa Boulevard ဘူတာ႐ုံ အပါအဝင္ အထင္ကရေနရာေျခာက္ခုကိုလည္း အဖြဲ႕ရဲ႕သေကၤတ ထင္ရွားတဲ့ ပန္းေရာင္မီးေတြနဲ႔ အလွဆင္ကာ ခရီးသြားေတြကို ဆြဲေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.