ယူတိုင်း၊ ဖောရက်စ်ဂမ့် လောက်ကိုင် နဲ့ မြဝတီ (ဘာသာပြန်ဆောင်းပါး)

 1648

Htay Oung (NP News) - ဧပြီ ၁၄

ဒီရက်ပိုင်း TikTok မှာ လူပေါင်း သောင်းသိန်းချီ စိတ်ဝင်စားနေကြတဲ့ ရုပ်သံအတိုလေးများနဲ့ပတ်သက်ပြီး တွေးမိ တဲ့အကြောင်းကို ပထမဆုံး ပြောပြချင်တယ်။

ကျွန်တော့်နားထဲတော့ “ယူတိုင်း” လို့ ကြားတာပဲ၊ သူ့နာမည် အော်ခေါ်လိုက်ရင် ပြေးလာတတ်တဲ့ ကျွဲပေါက်လေးနဲ့ တရုတ်လူမျိုးလို့ထင်ရတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်အကြောင်းက စလိုက်ရအောင်
အဲဒီအကြောင်းကိုပဲ Reel နဲ့ TikTok မှာ လွင့်တင်နေသူ ၅ ယောက်ထက်မနည်း ရှိပါတယ်။ ချစ်စဖွယ် အေးဆေးတဲ့ မျက်နှာလေးပိုင်ရှင်အမျိုးသမီးငယ်ဟာ မိတ်ကပ်မလိမ်း၊ နှုတ်ခမ်းနီမဆိုး၊ အဝတ်အစား ကောင်းကောင်းပင် ဝတ်ဆင်ထားခြင်း မရှိပါ။ များသောအားဖြင့် အလုပ်လုပ်နေရင်း ရိုက်ကူးထားပုံရပြီး တစ်ခါတစ်လေ အဝတ်အစား ‌ဟောင်းများနဲ့ သူ့တစ်ကိုယ်လုံး ပေကျံနေပါတယ်။ မိသားစု ၃ ယောက်သာရှိပြီး စိုက်ပျိုးရေးနဲ့ ခက်ခဲကြမ်းတမ်းစွာ အသက်မွေးရတဲ့ တောင်ပေါ်နေ တောသူမလေးဖြစ်ပုံရပါတယ်။

ဒါပေမယ့် အဲဒီလို ဟောင်းနွမ်းပေကျံနေတဲ့တောသူမလေးဟာ ဖျင်လှုပ် ရင်လှုပ် အတိုအပြတ်တွေ အမျိုးသမီးငယ် တွေကို ကျော်လွန်ပြီး လူအများရဲ့စိတ်ကို ဘာ့ကြောင့် ဖမ်းစားနိုင်ပါသလဲ၊ ဘာ့ကြောင့် လူသိများအောင်မြင်တာလဲ။
တစ်ဆက်တည်း ဖောရက်စ်_ဂမ့် ဟောလိဝုဒ်ရုပ်ရှင်ကိုလည်း သတိရမိတယ်။ အဲဒီဇာတ်ကားပါအကြောင်းအရာ ဟာ အမေရိကန်နိုင်ငံရဲ့သမိုင်းတစ်စိတ်တစ်ပိုင်းဖြစ်နေလို့ ကျွန်တော့အတွက်တော့ အလွန်နှစ်ခြိုက် မှတ်သားစရာ ဖြစ်နေပါတယ်။

သူ့နာမည်အပြည့်အစုံဟာ “ဖောရက်စ်_ဖောရက်စ်_ဂမ့်” ဖြစ်ပြီး ပထမ ဖောရက်စ်ဆိုတာ သူအမေဘက်က အဖိုး နာမည်ကို ယူထားတာလို့ ပြောပါတယ်။ အမေရိကန်လူမည်းတွေနဲ့ ကက်သလစ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်လေ့ရှိတဲ့ ကေ-သုံးလုံး “ကူ-ကလက်ခ်_ကလန်” လူဖြူကြီးစိုးရေး၊ အစွန်းရောက် အမျိုးသားရေးဝါဒီ ဂိုဏ်းခေါင်းဆောင်ဖြစ်သူရဲ့ မြေးဟာ အယ်လ်ဘားမားအိမ်ကြီးမှာ လူမည်းတွေနဲ့ ရောနှောနေထိုင်ပြီး မိခင်နဲ့ အတူ ဘုရား ကျောင်းမှန်မှန်တက်ပါတယ်။

သမားရိုးကျ ကျောင်းအိပ်ကျောင်းစား ဘော်ဒါက လက်မခံနိုင်လောက်အောင် အိုင်ကျူ ၇၅ သာရှိ၊ ခပ်ရိုင်းရိုင်း ပြောရရင် ကျပ်မပြည့်တဲ့ ဖောရက်စ်ဂမ့်ဟာ မွေးရာပါ မသန်စွမ်းသူတစ်ယောက်လည်းဖြစ်နေပါသေးတယ်။

ဒါပေမယ့် အယ်လ်ဘားမား တက္ကသိုလ်ရဲ့ အထင်ရှားဆုံး ထိပ်တန်းအားက စားသမားကျောင်းသား၊ ဗီယက်နမ် စစ်ပွဲမှာ သူရသတ္တိဆိုင်ရာ “မက်ဒဲလ်_အော့ဖ်_ဟောနာ” ဆုတံဆိပ်ရရှိပြီး အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ ကိုယ်တိုင် လက်ဆွဲနှုတ်ဆက် ဂုဏ်ပြုခံရသူဖြစ်လာပါတယ်။ အမေရိကန်နိုင်ငံကို ကိုယ်စားပြုပြီး တရုတ် နိုင်ငံကို သွားရောက် ပင်ပေါင်ကစားပေးရသူ အားကစား သံတမန်တစ်ဦးဖြစ်လာပါသေးတယ်။

ဒီလောက်အထိ အောင်မြင်ရလောက်အောင် ဖောရက်စ်ရဲ့ ဉာဏ်ရည်က တိုးမြင့်လာလို့တော့ မဟုတ်ပါဘူး၊ သူ့အချစ်ဆုံး သူငယ်ချင်းမ ဂျင်းနီ ပြောတဲ့အတိုင်း “ပြေး ဖောရက်စ် ပြေး” ဆိုတဲ့အတိုင်း လိုက်လုပ်နေခြင်းသာ ဖြစ်ပါတယ်။ သူဟာ ထူးထူးခြားခြား များများစားစား မှတ်သားနိုင်လောက်အောင် ဉာဏ်ရှိသူမဟုတ်ပဲ “ ဒီကလေး က ဖောရက်စ်ဂမ့် ဂျူနီယာတဲ့ သူ့အဖေနာမည်အတိုင်းလေ” လို့ တည့်တည့်ကြီးပြောမှ သူ့ဟာသူ ကလေးအဖေ ဖြစ်မှန်း ရိပ်မိတတ်သူပါ။

စစ်ထဲ ဝင်စဉ် အခင်မင်ရဆုံး လူမည်း “ဘူးဘာ“ ပြောတဲ့ ပုဇွန်တွေနာမည်လောက်တော့ သူ မှတ်မိပါတယ်။ အမေပြီးရင် သူ့အတွက် အလေးစားရဆုံး “လက်ဖ်တင်နင်_ဒန်” လောက်သာ တွေးပူတတ်ရာက ပုဇွန်ကုမ္ပဏီ ပိုင်ရှင်သူဋ္ဌးဖြစ်သွားပါတယ်။

#ယူတိုင်းကျွဲပေါက်ပိုင်ရှင်_အမျိုးသမီးငယ်နဲ့ #ဖောရက်စ်ဂမ့်ရဲ့ #ဘဝအောင်မြင်ရေးသော့ချက်ဟာ #ရိုးရှင်းစွာ _ပြုမူနေထိုင်ခြင်းပဲဖြစ်တယ်လို့ ကျွန်တော်မြင်ရပါတယ်။
#ဘဝရည်မှန်းချက်_ပန်းတိုင်ဟာ #အခြေအနေ_အချိန်အခါအလိုက် #ပြောင်းလဲတတ်ကြောင်း၊ #အရိုးရှင်းဆုံး နည်းလမ်းဟာ အခိုင်မာဆုံးသော အောင်မြင်မှုကို အချိန်တိုအတွင်း ရရှိနိုင်ကြောင်း သက်သေပြသလို ရှိနေပါတယ်။

လွန်ခဲ့တဲ့ရက် မြဝတီမြို့လေးရဲ့လုံခြုံရေးအခြေအနေဟာ “ဒုတိယ လောက်ကိုင်” ဖြစ်တော့မယ်လို့ ကျွန်တော်နဲ့ အတူ မိတ်ဆွေတစ်စုတို့အတွက် စိုးရိမ်ပူပန်စရာဖြစ်ခဲ့ပါတယ်။ မြို့တစ်မြို့ မပျက်မစီးရှိနေခဲ့ခြင်းဟာ အသက် အိုးအိမ်များစွာတို့အတွက် ဝမ်းသာစရာဖြစ်ရပေမယ့် နယ်စပ်ကုန်သွယ်ရာမှာ နိုင်ငံ့အသက်သွေးကြော ကြီးတစ်ခု ပမာဖြစ်တဲ့မြို့ကလေးဟာ မလိမ့်တစ်ပတ်နည်းလမ်းနဲ့ အကောင်းပကတိ အခြေအနေအတိုင်း လူတစ်ဦး တစ်ယောက်လက်တွင်း ထိုးအပ်ပေးသလို ဖြစ်ဖို့မြင်တွေ့ခဲ့ရပါတယ်။

အဲဒီနောက်မှာ အသက်တွေ၊ သွေးတွေ၊ မျက်ရည်များ လောဘနဲ့ အမုန်းတရား အာဃာတများကို ထပ်ချပ်မကွာ အရင်းအနှီးဖြစ်လာပြီး နိုင်ငံတစ်နိူင်ငံရဲ့ အချုပ်အခြာနယ်မြေပိုင်ဆိုင်မှုနဲ့ အမျိုးသားရေးဂုဏ်သိက္ခာလည်း ဆုံးရှုံးရ ပါလိမ့်မယ်။

ကျွန်တော်တို့နိုင်ငံရဲ့နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ဟာ ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲက အရင်းခံခဲ့ပါတယ်။ အဲဒီနေရာ မှာ နိုင်ငံရေး အုပ်ချုပ်ရေးခေတ်မမီခြင်း၊ အသိအမြင် အရည်အသွေး မပြည့်ဝခြင်းနဲ့ အကျင့်ပျက်ခြစားမှုများ ရောမွှေလိုက်တဲ့အခါ နိုင်ငံအနှံ့ စစ်မီးတောက်များ ကူးစက်ကျယ်ပြန့်သွားတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

တက္ကဆက်ပြည်နယ်ဟာ အမေရိကန်နိုင်ငံတောင်ပိုင်း နယ်စပ်ပြည်နယ် ၄ ခုမှာ ပါဝင်ပါတယ်။ စပိန်နဲ့ ပြင်သစ် ကိုလိုနီဖြစ်ခဲ့ဖူးပြီး ၁၈၃၆ ခုနှစ် မတိုင်မီအထိ မက္ကဆီကိုနိုင်ငံရဲ့အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။ တက္ကဆက်မှ နယူး မက္ကဆီကို၊ လူစီယာနား၊ ကယ်လီဖိုးနီးယားအထိ၊ တောင်ပိုင်းနယ်စပ်ပြည်နယ်များဟာ ဥရောပနဲ့ မက္ကဆီကို တို့အကြား ရောနှောပေါင်းစပ်နေတဲ့ လူမျိုး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ထွန်းကားရာဖြစ်ပါတယ်။ လူတိုင်း လွတ်လပ်စွာ သေနတ်လက်နက်ကိုင်ဆောင်ခွင့်ရှိကြပြီး အရှေ့ အနောက်ဖြတ်သန်းထားတဲ့ မီးရထားလမ်းများ ကို ဖောက်လုပ်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံရဲ့အမဲသားဝယ်လိုအား မြင့်တက်လာခြင်းနဲ့အတူ “ကောင်းဘွိုင် နွားကျောင်းသား” တို့ရဲ့ ဘူမိနက်သံဖြစ်လာခဲ့ပါတယ်။

ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် သေနတ်ချင်း ယှဉ် ပြိုင်ပစ်ခတ်ပြီး အဆုံးအဖြတ်ရယူခြင်းဟာ တရားဝင်ပါ တယ်။ ရွှေရှာဖွေသူများ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအကြား လုယက်မှု ဓါးပြမှုများ ဖြစ်ပွား လေ့ရှိခဲ့ပါတယ်။ ရာဇဝတ်မှုကျူးလွန်သူကို လူအပုံအ လယ် ကြိုးပေး ကွပ်မျက်ရာမှာ သာမန် ထမင်းစား ရေသောက်ကိစ္စတစ်ခုလို မိန်းမနဲ့ ကလေးငယ်များပါ ဝိုင်းဝန်း ကြည့်ရှု့နိုင်ကြပါတယ်။

လက်နက်တွေ ဖောချင်းသောချင်းနဲ့ သူတလူ ငါတမင်းဖြစ်နေခဲ့တဲ့ ဒေသကြီးတလျောက် ယနေ့ထိတိုင်အောင် ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေး မှောင်ခိုခြင်းသာမက လူကုန်ကူးတဲ့ ရာဇဝတ်မှုများ ဖြစ်ပွားနေပါတယ်။ အဲ့ဒီလို မက္ခရာနယ်မြေကြီးဟာ နိုင်ငံ့အရှေ့မြောက်ပိုင်း ဝါရှင်တန်ဒီစီ ခရိုင်အတွင်းမှာ ရုံးစိုက်ထားတဲ့ အမေရိကန်နိုင်ငံ ရဲ့ ဖက်ဒရယ်အစိုးရရဲ့ အုပ်ချုပ်မှုနဲ့ ယနေ့ခေတ်ဆိုရင်တောင် အတော်အလှမ်းဝေးပါတယ်။

အဲဒီနယ်မြေကြီးမှာ ငြိမ်ဝပ်ပိပြားပြီး ကောင်းရောင်း ကောင်းဝယ် အသက်မွေးလုပ်ငန်းများ ထွန်းကားလာအောင် အမေရိကန်အစိုးရအဆက်ဆက်ရဲ့အားထုတ်မှုဟာ တစ်ခုတည်းသာ ရှိတယ်လို့ ကျွန်တော် မြင်ပါတယ်။

တရားစီရင်ရေးစနစ် ခိုင်မာအားကောင်းလာအောင်တည်ဆောက်ခြင်း၊ အဂတိလိုက်စားမှု အကျင့်ပျက်ခြားမှုကို ချေမှုန်းသုတ်သင်ပြီး တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိအောင် ပါးစပ်ပြောမဟုတ်ပဲ အမှန်တကယ်လက်တွေ့ ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။

အမေရိကန် တောင်ပိုင်းနယ်စပ်ပြည်နယ်များရဲ့ အကျိုးစီးပွားကို ရိုးရိုးရှင်းရှင်း ပွင့်လင်းမြင်သာစေပြီး လူတစ်စု တစ်ဖွဲ့က လက်သိပ်ထိုး ထိန်းချုပ်ခြင်းအစား အမေရိကန် တစ်နိုင်ငံလုံး၊ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားနဲ့ ချိတ်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီနည်းအားဖြင့် အစိုးရက စောင့်ကြည့် ကြပ်မတ်ခြင်းထက် ဥပဒေနဲ့အညီ ပြည်သူအချင်းချင်း အကဲဖြတ်ထိန်းချုပ်ခြင်းစနစ်ကို ထည့်သွင်းပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine

Zawgyi Version;
ယူတိုင္း၊ ေဖာရက္စ္ဂမ့္ ေလာက္ကိုင္ နဲ႔ ျမဝတီ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဧၿပီ ၁၄

ဒီရက္ပိုင္း TikTok မွာ လူေပါင္း ေသာင္းသိန္းခ်ီ စိတ္ဝင္စားေနၾကတဲ့ ႐ုပ္သံအတိုေလးမ်ားနဲ႔ပတ္သက္ၿပီး ေတြးမိ တဲ့အေၾကာင္းကို ပထမဆုံး ေျပာျပခ်င္တယ္။

ကြၽန္ေတာ့္နားထဲေတာ့ “ယူတိုင္း” လို႔ ၾကားတာပဲ၊ သူ႔နာမည္ ေအာ္ေခၚလိုက္ရင္ ေျပးလာတတ္တဲ့ ကြၽဲေပါက္ေလးနဲ႔ တ႐ုတ္လူမ်ိဳးလို႔ထင္ရတဲ့ အမ်ိဳးသမီးငယ္ေလးတစ္ေယာက္အေၾကာင္းက စလိုက္ရေအာင္
အဲဒီအေၾကာင္းကိုပဲ Reel နဲ႔ TikTok မွာ လြင့္တင္ေနသူ ၅ ေယာက္ထက္မနည္း ရွိပါတယ္။ ခ်စ္စဖြယ္ ေအးေဆးတဲ့ မ်က္ႏွာေလးပိုင္ရွင္အမ်ိဳးသမီးငယ္ဟာ မိတ္ကပ္မလိမ္း၊ ႏႈတ္ခမ္းနီမဆိုး၊ အဝတ္အစား ေကာင္းေကာင္းပင္ ဝတ္ဆင္ထားျခင္း မရွိပါ။ မ်ားေသာအားျဖင့္ အလုပ္လုပ္ေနရင္း ႐ိုက္ကူးထားပုံရၿပီး တစ္ခါတစ္ေလ အဝတ္အစား ‌ေဟာင္းမ်ားနဲ႔ သူ႔တစ္ကိုယ္လုံး ေပက်ံေနပါတယ္။ မိသားစု ၃ ေယာက္သာရွိၿပီး စိုက္ပ်ိဳးေရးနဲ႔ ခက္ခဲၾကမ္းတမ္းစြာ အသက္ေမြးရတဲ့ ေတာင္ေပၚေန ေတာသူမေလးျဖစ္ပုံရပါတယ္။

ဒါေပမယ့္ အဲဒီလို ေဟာင္းႏြမ္းေပက်ံေနတဲ့ေတာသူမေလးဟာ ဖ်င္လႈပ္ ရင္လႈပ္ အတိုအျပတ္ေတြ အမ်ိဳးသမီးငယ္ ေတြကို ေက်ာ္လြန္ၿပီး လူအမ်ားရဲ႕စိတ္ကို ဘာ့ေၾကာင့္ ဖမ္းစားႏိုင္ပါသလဲ၊ ဘာ့ေၾကာင့္ လူသိမ်ားေအာင္ျမင္တာလဲ။
တစ္ဆက္တည္း ေဖာရက္စ္_ဂမ့္ ေဟာလိဝုဒ္႐ုပ္ရွင္ကိုလည္း သတိရမိတယ္။ အဲဒီဇာတ္ကားပါအေၾကာင္းအရာ ဟာ အေမရိကန္ႏိုင္ငံရဲ႕သမိုင္းတစ္စိတ္တစ္ပိုင္းျဖစ္ေနလို႔ ကြၽန္ေတာ့အတြက္ေတာ့ အလြန္ႏွစ္ၿခိဳက္ မွတ္သားစရာ ျဖစ္ေနပါတယ္။

သူ႔နာမည္အျပည့္အစုံဟာ “ေဖာရက္စ္_ေဖာရက္စ္_ဂမ့္” ျဖစ္ၿပီး ပထမ ေဖာရက္စ္ဆိုတာ သူအေမဘက္က အဖိုး နာမည္ကို ယူထားတာလို႔ ေျပာပါတယ္။ အေမရိကန္လူမည္းေတြနဲ႔ ကက္သလစ္ဘာသာဝင္ေတြအေပၚ အၾကမ္းဖက္ေလ့ရွိတဲ့ ေက-သုံးလုံး “ကူ-ကလက္ခ္_ကလန္” လူျဖဴႀကီးစိုးေရး၊ အစြန္းေရာက္ အမ်ိဳးသားေရးဝါဒီ ဂိုဏ္းေခါင္းေဆာင္ျဖစ္သူရဲ႕ ေျမးဟာ အယ္လ္ဘားမားအိမ္ႀကီးမွာ လူမည္းေတြနဲ႔ ေရာေႏွာေနထိုင္ၿပီး မိခင္နဲ႔ အတူ ဘုရား ေက်ာင္းမွန္မွန္တက္ပါတယ္။

သမား႐ိုးက် ေက်ာင္းအိပ္ေက်ာင္းစား ေဘာ္ဒါက လက္မခံႏိုင္ေလာက္ေအာင္ အိုင္က်ဴ ၇၅ သာရွိ၊ ခပ္႐ိုင္း႐ိုင္း ေျပာရရင္ က်ပ္မျပည့္တဲ့ ေဖာရက္စ္ဂမ့္ဟာ ေမြးရာပါ မသန္စြမ္းသူတစ္ေယာက္လည္းျဖစ္ေနပါေသးတယ္။

ဒါေပမယ့္ အယ္လ္ဘားမား တကၠသိုလ္ရဲ႕ အထင္ရွားဆုံး ထိပ္တန္းအားက စားသမားေက်ာင္းသား၊ ဗီယက္နမ္ စစ္ပြဲမွာ သူရသတၱိဆိုင္ရာ “မက္ဒဲလ္_ေအာ့ဖ္_ေဟာနာ” ဆုတံဆိပ္ရရွိၿပီး အေမရိကန္သမၼတ ဂြၽန္အက္ဖ္ ကေနဒီ ကိုယ္တိုင္ လက္ဆြဲႏႈတ္ဆက္ ဂုဏ္ျပဳခံရသူျဖစ္လာပါတယ္။ အေမရိကန္ႏိုင္ငံကို ကိုယ္စားျပဳၿပီး တ႐ုတ္ ႏိုင္ငံကို သြားေရာက္ ပင္ေပါင္ကစားေပးရသူ အားကစား သံတမန္တစ္ဦးျဖစ္လာပါေသးတယ္။

ဒီေလာက္အထိ ေအာင္ျမင္ရေလာက္ေအာင္ ေဖာရက္စ္ရဲ႕ ဉာဏ္ရည္က တိုးျမင့္လာလို႔ေတာ့ မဟုတ္ပါဘူး၊ သူ႔အခ်စ္ဆုံး သူငယ္ခ်င္းမ ဂ်င္းနီ ေျပာတဲ့အတိုင္း “ေျပး ေဖာရက္စ္ ေျပး” ဆိုတဲ့အတိုင္း လိုက္လုပ္ေနျခင္းသာ ျဖစ္ပါတယ္။ သူဟာ ထူးထူးျခားျခား မ်ားမ်ားစားစား မွတ္သားႏိုင္ေလာက္ေအာင္ ဉာဏ္ရွိသူမဟုတ္ပဲ “ ဒီကေလး က ေဖာရက္စ္ဂမ့္ ဂ်ဴနီယာတဲ့ သူ႔အေဖနာမည္အတိုင္းေလ” လို႔ တည့္တည့္ႀကီးေျပာမွ သူ႔ဟာသူ ကေလးအေဖ ျဖစ္မွန္း ရိပ္မိတတ္သူပါ။

စစ္ထဲ ဝင္စဥ္ အခင္မင္ရဆုံး လူမည္း “ဘူးဘာ“ ေျပာတဲ့ ပုဇြန္ေတြနာမည္ေလာက္ေတာ့ သူ မွတ္မိပါတယ္။ အေမၿပီးရင္ သူ႔အတြက္ အေလးစားရဆုံး “လက္ဖ္တင္နင္_ဒန္” ေလာက္သာ ေတြးပူတတ္ရာက ပုဇြန္ကုမၸဏီ ပိုင္ရွင္သူ႒းျဖစ္သြားပါတယ္။

#ယူတိုင္းကြၽဲေပါက္ပိုင္ရွင္_အမ်ိဳးသမီးငယ္နဲ႔ #ေဖာရက္စ္ဂမ့္ရဲ႕ #ဘဝေအာင္ျမင္ေရးေသာ့ခ်က္ဟာ #႐ိုးရွင္းစြာ _ျပဳမူေနထိုင္ျခင္းပဲျဖစ္တယ္လို႔ ကြၽန္ေတာ္ျမင္ရပါတယ္။
#ဘဝရည္မွန္းခ်က္_ပန္းတိုင္ဟာ #အေျခအေန_အခ်ိန္အခါအလိုက္ #ေျပာင္းလဲတတ္ေၾကာင္း၊ #အ႐ိုးရွင္းဆုံး နည္းလမ္းဟာ အခိုင္မာဆုံးေသာ ေအာင္ျမင္မႈကို အခ်ိန္တိုအတြင္း ရရွိႏိုင္ေၾကာင္း သက္ေသျပသလို ရွိေနပါတယ္။

လြန္ခဲ့တဲ့ရက္ ျမဝတီၿမိဳ႕ေလးရဲ႕လုံၿခဳံေရးအေျခအေနဟာ “ဒုတိယ ေလာက္ကိုင္” ျဖစ္ေတာ့မယ္လို႔ ကြၽန္ေတာ္နဲ႔ အတူ မိတ္ေဆြတစ္စုတို႔အတြက္ စိုးရိမ္ပူပန္စရာျဖစ္ခဲ့ပါတယ္။ ၿမိဳ႕တစ္ၿမိဳ႕ မပ်က္မစီးရွိေနခဲ့ျခင္းဟာ အသက္ အိုးအိမ္မ်ားစြာတို႔အတြက္ ဝမ္းသာစရာျဖစ္ရေပမယ့္ နယ္စပ္ကုန္သြယ္ရာမွာ ႏိုင္ငံ့အသက္ေသြးေၾကာ ႀကီးတစ္ခု ပမာျဖစ္တဲ့ၿမိဳ႕ကေလးဟာ မလိမ့္တစ္ပတ္နည္းလမ္းနဲ႔ အေကာင္းပကတိ အေျခအေနအတိုင္း လူတစ္ဦး တစ္ေယာက္လက္တြင္း ထိုးအပ္ေပးသလို ျဖစ္ဖို႔ျမင္ေတြ႕ခဲ့ရပါတယ္။

အဲဒီေနာက္မွာ အသက္ေတြ၊ ေသြးေတြ၊ မ်က္ရည္မ်ား ေလာဘနဲ႔ အမုန္းတရား အာဃာတမ်ားကို ထပ္ခ်ပ္မကြာ အရင္းအႏွီးျဖစ္လာၿပီး ႏိုင္ငံတစ္ႏိူင္ငံရဲ႕ အခ်ဳပ္အျခာနယ္ေျမပိုင္ဆိုင္မႈနဲ႔ အမ်ိဳးသားေရးဂုဏ္သိကၡာလည္း ဆုံးရႈံးရ ပါလိမ့္မယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ႏွစ္ေပါင္း ၇၀ ေက်ာ္ ျပည္တြင္းစစ္ဟာ ဂိုဏ္းဂဏစြဲ၊ လူမ်ိဳးစြဲက အရင္းခံခဲ့ပါတယ္။ အဲဒီေနရာ မွာ ႏိုင္ငံေရး အုပ္ခ်ဳပ္ေရးေခတ္မမီျခင္း၊ အသိအျမင္ အရည္အေသြး မျပည့္ဝျခင္းနဲ႔ အက်င့္ပ်က္ျခစားမႈမ်ား ေရာေမႊလိုက္တဲ့အခါ ႏိုင္ငံအႏွံ႔ စစ္မီးေတာက္မ်ား ကူးစက္က်ယ္ျပန႔္သြားတယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။

တကၠဆက္ျပည္နယ္ဟာ အေမရိကန္ႏိုင္ငံေတာင္ပိုင္း နယ္စပ္ျပည္နယ္ ၄ ခုမွာ ပါဝင္ပါတယ္။ စပိန္နဲ႔ ျပင္သစ္ ကိုလိုနီျဖစ္ခဲ့ဖူးၿပီး ၁၈၃၆ ခုႏွစ္ မတိုင္မီအထိ မကၠဆီကိုႏိုင္ငံရဲ႕အစိတ္အပိုင္းျဖစ္ခဲ့ပါတယ္။ တကၠဆက္မွ နယူး မကၠဆီကို၊ လူစီယာနား၊ ကယ္လီဖိုးနီးယားအထိ၊ ေတာင္ပိုင္းနယ္စပ္ျပည္နယ္မ်ားဟာ ဥေရာပနဲ႔ မကၠဆီကို တို႔အၾကား ေရာေႏွာေပါင္းစပ္ေနတဲ့ လူမ်ိဳး၊ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းမ်ား ထြန္းကားရာျဖစ္ပါတယ္။ လူတိုင္း လြတ္လပ္စြာ ေသနတ္လက္နက္ကိုင္ေဆာင္ခြင့္ရွိၾကၿပီး အေရွ႕ အေနာက္ျဖတ္သန္းထားတဲ့ မီးရထားလမ္းမ်ား ကို ေဖာက္လုပ္ခဲ့ၾကပါတယ္။ အေမရိကန္ႏိုင္ငံရဲ႕အမဲသားဝယ္လိုအား ျမင့္တက္လာျခင္းနဲ႔အတူ “ေကာင္းဘြိဳင္ ႏြားေက်ာင္းသား” တို႔ရဲ႕ ဘူမိနက္သံျဖစ္လာခဲ့ပါတယ္။

ဂုဏ္သိကၡာကို ကာကြယ္ဖို႔အတြက္ ေသနတ္ခ်င္း ယွဥ္ ၿပိဳင္ပစ္ခတ္ၿပီး အဆုံးအျဖတ္ရယူျခင္းဟာ တရားဝင္ပါ တယ္။ ေ႐ႊရွာေဖြသူမ်ား၊ စိုက္ပ်ိဳးေရး ေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္လိုသူမ်ားအၾကား လုယက္မႈ ဓါးျပမႈမ်ား ျဖစ္ပြား ေလ့ရွိခဲ့ပါတယ္။ ရာဇဝတ္မႈက်ဴးလြန္သူကို လူအပုံအ လယ္ ႀကိဳးေပး ကြပ္မ်က္ရာမွာ သာမန္ ထမင္းစား ေရေသာက္ကိစၥတစ္ခုလို မိန္းမနဲ႔ ကေလးငယ္မ်ားပါ ဝိုင္းဝန္း ၾကည့္ရႈ႕ႏိုင္ၾကပါတယ္။

လက္နက္ေတြ ေဖာခ်င္းေသာခ်င္းနဲ႔ သူတလူ ငါတမင္းျဖစ္ေနခဲ့တဲ့ ေဒသႀကီးတေလ်ာက္ ယေန႔ထိတိုင္ေအာင္ ေဆးလိပ္၊ အရက္နဲ႔ မူးယစ္ေဆး ေမွာင္ခိုျခင္းသာမက လူကုန္ကူးတဲ့ ရာဇဝတ္မႈမ်ား ျဖစ္ပြားေနပါတယ္။ အဲ့ဒီလို မကၡရာနယ္ေျမႀကီးဟာ ႏိုင္ငံ့အေရွ႕ေျမာက္ပိုင္း ဝါရွင္တန္ဒီစီ ခ႐ိုင္အတြင္းမွာ ႐ုံးစိုက္ထားတဲ့ အေမရိကန္ႏိုင္ငံ ရဲ႕ ဖက္ဒရယ္အစိုးရရဲ႕ အုပ္ခ်ဳပ္မႈနဲ႔ ယေန႔ေခတ္ဆိုရင္ေတာင္ အေတာ္အလွမ္းေဝးပါတယ္။

အဲဒီနယ္ေျမႀကီးမွာ ၿငိမ္ဝပ္ပိျပားၿပီး ေကာင္းေရာင္း ေကာင္းဝယ္ အသက္ေမြးလုပ္ငန္းမ်ား ထြန္းကားလာေအာင္ အေမရိကန္အစိုးရအဆက္ဆက္ရဲ႕အားထုတ္မႈဟာ တစ္ခုတည္းသာ ရွိတယ္လို႔ ကြၽန္ေတာ္ ျမင္ပါတယ္။

တရားစီရင္ေရးစနစ္ ခိုင္မာအားေကာင္းလာေအာင္တည္ေဆာက္ျခင္း၊ အဂတိလိုက္စားမႈ အက်င့္ပ်က္ျခားမႈကို ေခ်မႈန္းသုတ္သင္ၿပီး တရားဥပေဒရဲ႕အထက္မွာ ဘယ္သူမွမရွိေအာင္ ပါးစပ္ေျပာမဟုတ္ပဲ အမွန္တကယ္လက္ေတြ႕ ေဆာင္႐ြက္ျခင္းပဲျဖစ္ပါတယ္။

အေမရိကန္ ေတာင္ပိုင္းနယ္စပ္ျပည္နယ္မ်ားရဲ႕ အက်ိဳးစီးပြားကို ႐ိုး႐ိုးရွင္းရွင္း ပြင့္လင္းျမင္သာေစၿပီး လူတစ္စု တစ္ဖြဲ႕က လက္သိပ္ထိုး ထိန္းခ်ဳပ္ျခင္းအစား အေမရိကန္ တစ္ႏိုင္ငံလုံး၊ ႏိုင္ငံသားအားလုံးရဲ႕ အက်ိဳးစီးပြားနဲ႔ ခ်ိတ္ဆက္ေပးလိုက္ျခင္းပဲျဖစ္ပါတယ္။ ဒီနည္းအားျဖင့္ အစိုးရက ေစာင့္ၾကည့္ ၾကပ္မတ္ျခင္းထက္ ဥပေဒနဲ႔အညီ ျပည္သူအခ်င္းခ်င္း အကဲျဖတ္ထိန္းခ်ဳပ္ျခင္းစနစ္ကို ထည့္သြင္းေပးလိုက္ျခင္းပဲ ျဖစ္ပါတယ္။

အစဥ္ေလးစားစြာျဖင့္
#HtayOung, #OungMarine

Related news

© 2021. All rights reserved.