လူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးရုံဆေးခန်းများကို တိုက်ခိုက်ခြင်းအပေါ် ဆေးကောင်စီနှင့် ပုဂ္ဂလိကဆေးရုံများအသင်းတို့ ကန့်ကွက်ရှုတ်ချ

 5336

NP News - ဧပြီ ၂၀

လူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးရုံဆေးခန်းများကို တိုက်ခိုက်ခြင်းအပေါ် ဆေးကောင်စီနှင့် ပုဂ္ဂလိကဆေးရုံများအသင်းတို့ ကန့်ကွက်ရှုတ်ချကြောင်း သဘော ထားထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆေးကောင်စီနှင့် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းက ယမန်နေ့(ဧပြီ ၁၉ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဧပြီ(၁၄)ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်များ ပစ်ခတ်တိုက်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများသည် ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်ကြောင့် ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသည့် ကလေးငယ်များ အပါအဝင် လူနာနှင့် ဆေးရုံဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံအဆောက်အဦများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း နစကမှဆိုထားသည်။

အလားတူ ဧပြီ(၁၆)ရက်နေ့ ညနေပိုင်းတွင်လည်း အကြမ်းဖက်များ၏ Drop Bomb များဖြင့် တိုက်ခိုက်ခံရမှုကြောင့် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ပြည်သူ့ဆေးရုံ၊ ကလေးကုသဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဆေးကုသမှုခံယူနေသည့် ကလေးငယ်နှင့် လူနာစောင့်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ဆေးပညာရှင်များ ပါဝင်သည့် မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့် ဆန့်ကျင်ရှုတ်ချကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ထားသည်။ ထို့ပြင် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းအနေဖြင့်လည်း အထက်ပါဖြစ်စဥ်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ထားကြောင်း သိရသည်။

အလားတူ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို) အပါအဝင် အဖွဲ့အစည်းပေါင်း(၂၀)ကလည်း ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားများကို ပြီးခဲ့သည့် ရက်ပိုင်းက အသီးသီးထုတ်ပြန်ခဲ့ကြောင်း သိရသည်။

zawgyi version
လူထုအား က်န္းမာေရးေစာင့္ေရွာက္မႈေပးေနသည့္ ေဆး႐ုံေဆးခန္းမ်ားကို တိုက္ခိုက္ျခင္းအေပၚ ေဆးေကာင္စီႏွင့္ ပုဂၢလိကေဆး႐ုံမ်ားအသင္းတို႔ ကန႔္ကြက္ရႈတ္ခ်
NP News - ဧၿပီ ၂၀

လူထုအား က်န္းမာေရးေစာင့္ေရွာက္မႈေပးေနသည့္ ေဆး႐ုံေဆးခန္းမ်ားကို တိုက္ခိုက္ျခင္းအေပၚ ေဆးေကာင္စီႏွင့္ ပုဂၢလိကေဆး႐ုံမ်ားအသင္းတို႔ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း သေဘာ ထားထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံေဆးေကာင္စီႏွင့္ ျမန္မာႏိုင္ငံပုဂၢလိကေဆး႐ုံမ်ားအသင္းက ယမန္ေန႔(ဧၿပီ ၁၉ ရက္) ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။ ၿပီးခဲ့သည့္ ဧၿပီ(၁၄)ရက္ေန႔ ညပိုင္းတြင္ အၾကမ္းဖက္မ်ား ပစ္ခတ္တိုက္ခတ္ခဲ့သည့္ ေရွာ့တိုက္ဒုံးမ်ားသည္ ျပင္ဦးလြင္ၿမိဳ႕၊ ျပည္သူ႔ေဆး႐ုံႀကီး အ႐ိုးကုသေဆာင္ေပၚသို႔ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ေဆး႐ုံတက္ေရာက္၍ ေဆးကုသမႈခံယူေနသည့္ ကေလးငယ္မ်ား အပါအဝင္ လူနာႏွင့္ ေဆး႐ုံဝန္ထမ္းမ်ား ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေဆး႐ုံအေဆာက္အဦမ်ားလည္း ထိခိုက္ပ်က္စီးခဲ့ေၾကာင္း နစကမွဆိုထားသည္။

အလားတူ ဧၿပီ(၁၆)ရက္ေန႔ ညေနပိုင္းတြင္လည္း အၾကမ္းဖက္မ်ား၏ Drop Bomb မ်ားျဖင့္ တိုက္ခိုက္ခံရမႈေၾကာင့္ တနသၤာရီတိုင္း၊ ပုေလာၿမိဳ႕နယ္၊ ပေလာက္ၿမိဳ႕ျပည္သူ႔ေဆး႐ုံ၊ ကေလးကုသေဆာင္ေပၚသို႔ က်ေရာက္ေပါက္ကြဲခဲ့ၿပီး ေဆးကုသမႈခံယူေနသည့္ ကေလးငယ္ႏွင့္ လူနာေစာင့္မ်ား ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေဆးပညာရွင္မ်ား ပါဝင္သည့္ ျမန္မာႏိုင္ငံေဆးေကာင္စီအေနျဖင့္ ဆန႔္က်င္ရႈတ္ခ်ကန႔္ကြက္ေၾကာင္း သေဘာထားထုတ္ျပန္ထားသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံပုဂၢလိကေဆး႐ုံမ်ားအသင္းအေနျဖင့္လည္း အထက္ပါျဖစ္စဥ္ကို ျပင္းထန္စြာကန႔္ကြက္ေၾကာင္း သေဘာထားထုတ္ျပန္ထားေၾကာင္း သိရသည္။

အလားတူ ဗုဒၶဘာသာကလ်ာဏယုဝအသင္း YMBA(ဗဟို) အပါအဝင္ အဖြဲ႕အစည္းေပါင္း(၂၀)ကလည္း ျပင္းထန္စြာကန႔္ကြက္ရႈတ္ခ်ေၾကာင္း သေဘာထားမ်ားကို ၿပီးခဲ့သည့္ ရက္ပိုင္းက အသီးသီးထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

Picture

Aung Aung

21/04/2024 18:50

- - က - - ဟစ်နေ 😅

Related news

© 2021. All rights reserved.