အစ္စရေး၏ ဒရုန်းတိုက်ခိုက်မှုအပေါ် ပြန်လည်လက်တုံ့ပြန်သွားဖို့မရှိကြောင်း အီရန်အချက်ပြ

 5819

ALynn (NP News) - ဧပြီ ၂ဝ

ဧပြီလ ၁၉ ရက် (သောကြာနေ့)က အီရန်နိုင်ငံတွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး ယင်းမှာ အစ္စရေး၏ တိုက်ခိုက်မှုဖြစ်ကြောင်း သတင်းရင်းမြစ်များအရသိရသည်။

သို့သော် အီရန်ဘက်မှ ၎င်းဖြစ်ရပ်နှင့်ပတ်သက်၍ တုံ့ပြန်ရန်အစီအစဉ်မရှိကြောင်း ဖော်ပြခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး၏ပြောကြားချက်အရ Isfahan မြို့ကို တိုက်ခိုက်ခဲ့သည့် အစ္စရေး၏ ဒရုန်းများမှာ အသေးစားဖြစ်ပြီး ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။
အစ္စရေး၏ အကန့်အသတ်ဖြင့်သာတိုက်ခိုက်ခြင်းနှင့် အီရန်ဘက်မှ တုံ့ပြန်မှုမရှိခြင်းတို့က ဒေသတွင်းစစ်နယ်ပယ်ကျယ်ပြန့်လာမည့်အရေးကို ဟန့်တားဖို့ကြိုးပမ်းနေသည့် သံတမန်များအတွက် အောင်မြင်မှုရလဒ်ဖြစ်လာသည်။

အစ္စရေးဘက်ကလည်း ၎င်းဖြစ်ရပ်နှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းမရှိသလို ၎င်း၏မဟာ မိတ် အမေရိကန်ဘက်ကလည်း မှတ်ချက်ပြုခြင်းမရှိခဲ့ပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်သည် အစ္စရေး၏လုံခြုံရေးအတွက်သာ ကတိကဝတ်ပြုသွားမည်ဖြစ်ပြီး လက်တုံ့ပြန်ခြင်းလုပ်ရပ်များတွင် ပါဝင်သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်တွင် စစ်ပွဲစတင်ချိန်မှစ၍ အစ္စရေးနှင့် အီရန်အကြား ကြားခံစစ်ပွဲများဆင်နွှဲခြင်း ဖြင့် ဒေသတွင်း တင်းမာမှုကို မြင့်တက်လာစေသည်။ ယခုအခါ ထိုကြားခံစစ်ပွဲများသည် ထိပ်တိုက် စစ်ပွဲအသွင် ကူးပြောင်းသွားနိုင်သည့် စိုးရိမ်ဖွယ်အခြေအနေများရှိနေသည်။ အမေရိကန်အပါအဝင် မဟာမိတ်များက အစ္စရေးအနေဖြင့် လက်တုံ့ပြန်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဆိုပါက တင်းမာမှုများက လျော့ကျသွားမည်မဟုတ်ကြောင်း သတိပေးခဲ့ပြီး အစ္စရေး ကျေနပ်စေရန်လည်း အနောက်နိုင်ငံများက အီရန်အပေါ် တင်းကျပ်သောအရေးယူပိတ်ဆို့မှုများချမှတ်ပေးခဲ့သည်။

ဒရုန်းတိုက်ခိုက်မှုများကြောင့် ပိတ်ဆို့ထားခဲ့ရသော လေဆိပ်များကို အီရန်အစိုးရက ယနေ့နံနက် (ဧပြီလ ၂၀ ရက်) တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ သို့သော် ဒေသတွင်း ခရီးသွားလုပ်ငန်းမှာ အဟန့်အတားများရှိနေဆဲဖြစ်ပြီး အချို့သော နိုင်ငံတကာလေကြောင်းလိုင်းများကို ရပ်နားထားရသည်။

zawgyi version
အစၥေရး၏ ဒ႐ုန္းတိုက္ခိုက္မႈအေပၚ ျပန္လည္လက္တုံ႔ျပန္သြားဖို႔မရွိေၾကာင္း အီရန္အခ်က္ျပ
ALynn (NP News) - ဧၿပီ ၂ဝ

ဧၿပီလ ၁၉ ရက္ (ေသာၾကာေန႔)က အီရန္ႏိုင္ငံတြင္ ေပါက္ကြဲမႈမ်ားျဖစ္ေပၚခဲ့ၿပီး ယင္းမွာ အစၥေရး၏ တိုက္ခိုက္မႈျဖစ္ေၾကာင္း သတင္းရင္းျမစ္မ်ားအရသိရသည္။

သို႔ေသာ္ အီရန္ဘက္မွ ၎ျဖစ္ရပ္ႏွင့္ပတ္သက္၍ တုံ႔ျပန္ရန္အစီအစဥ္မရွိေၾကာင္း ေဖာ္ျပခဲ့သည္။ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး၏ေျပာၾကားခ်က္အရ Isfahan ၿမိဳ႕ကို တိုက္ခိုက္ခဲ့သည့္ အစၥေရး၏ ဒ႐ုန္းမ်ားမွာ အေသးစားျဖစ္ၿပီး ႀကီးႀကီးမားမားထိခိုက္မႈမရွိခဲ့ေၾကာင္းသိရသည္။
အစၥေရး၏ အကန႔္အသတ္ျဖင့္သာတိုက္ခိုက္ျခင္းႏွင့္ အီရန္ဘက္မွ တုံ႔ျပန္မႈမရွိျခင္းတို႔က ေဒသတြင္းစစ္နယ္ပယ္က်ယ္ျပန႔္လာမည့္အေရးကို ဟန႔္တားဖို႔ႀကိဳးပမ္းေနသည့္ သံတမန္မ်ားအတြက္ ေအာင္ျမင္မႈရလဒ္ျဖစ္လာသည္။

အစၥေရးဘက္ကလည္း ၎ျဖစ္ရပ္ႏွင့္ပတ္သက္၍ ေျပာၾကားခဲ့ျခင္းမရွိသလို ၎၏မဟာ မိတ္ အေမရိကန္ဘက္ကလည္း မွတ္ခ်က္ျပဳျခင္းမရွိခဲ့ပါ။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက အေမရိကန္သည္ အစၥေရး၏လုံၿခဳံေရးအတြက္သာ ကတိကဝတ္ျပဳသြားမည္ျဖစ္ၿပီး လက္တုံ႔ျပန္ျခင္းလုပ္ရပ္မ်ားတြင္ ပါဝင္သြားမည္မဟုတ္ေၾကာင္း ေျပာၾကားခဲ့သည္။
ဂါဇာကမ္းေျမာင္တြင္ စစ္ပြဲစတင္ခ်ိန္မွစ၍ အစၥေရးႏွင့္ အီရန္အၾကား ၾကားခံစစ္ပြဲမ်ားဆင္ႏႊဲျခင္း ျဖင့္ ေဒသတြင္း တင္းမာမႈကို ျမင့္တက္လာေစသည္။ ယခုအခါ ထိုၾကားခံစစ္ပြဲမ်ားသည္ ထိပ္တိုက္ စစ္ပြဲအသြင္ ကူးေျပာင္းသြားႏိုင္သည့္ စိုးရိမ္ဖြယ္အေျခအေနမ်ားရွိေနသည္။ အေမရိကန္အပါအဝင္ မဟာမိတ္မ်ားက အစၥေရးအေနျဖင့္ လက္တုံ႔ျပန္ျခင္းမ်ားကို ဆက္လက္ေဆာင္႐ြက္သြားမည္ဆိုပါက တင္းမာမႈမ်ားက ေလ်ာ့က်သြားမည္မဟုတ္ေၾကာင္း သတိေပးခဲ့ၿပီး အစၥေရး ေက်နပ္ေစရန္လည္း အေနာက္ႏိုင္ငံမ်ားက အီရန္အေပၚ တင္းက်ပ္ေသာအေရးယူပိတ္ဆို႔မႈမ်ားခ်မွတ္ေပးခဲ့သည္။

ဒ႐ုန္းတိုက္ခိုက္မႈမ်ားေၾကာင့္ ပိတ္ဆို႔ထားခဲ့ရေသာ ေလဆိပ္မ်ားကို အီရန္အစိုးရက ယေန႔နံနက္ (ဧၿပီလ ၂၀ ရက္) တြင္ ျပန္လည္ဖြင့္လွစ္ခဲ့သည္။ သို႔ေသာ္ ေဒသတြင္း ခရီးသြားလုပ္ငန္းမွာ အဟန႔္အတားမ်ားရွိေနဆဲျဖစ္ၿပီး အခ်ိဳ႕ေသာ ႏိုင္ငံတကာေလေၾကာင္းလိုင္းမ်ားကို ရပ္နားထားရသည္။

Related news

© 2021. All rights reserved.