ကြက်ငှက်တုပ်ကွေး ကူးစက်ခံထားရတဲ့နွားတွေကထွက်လာတဲ့ နို့စိမ်းတွေမှာ H5N1 ဗိုင်းရပ်စ်ပိုးကို ပမာဏများစွာတွေ့ရှိရဟုဆို

 1558

ရောင်နီ (NP News) - ဧပြီ ၂၁

ကြက်ငှက်တုပ်ကွေး ကူးစက်ခံထားရတဲ့ နွားများမှထွက်ရှိတဲ့ နို့စိမ်းများမှာ H5N1 ဗိုင်းရပ်စ် အလွန်မြင့်မားတဲ့ ပမာဏတွေ့ရှိထားကြောင်း WHO က သောကြာနေ့ (ဧပြီ ၁၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အဆိုပါ ဗိုင်းရပ်စ်ပိုးက နွားနို့ထဲမှာ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မယ်ဆိုတာ မသိရသေးဘူးလို့ WHO က သောကြာနေ့ (ဧပြီ ၁၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။ ကြက်ငှက်တုပ်ကွေး A (H5N1) ဟာ ၁၉၉၆ ခုနှစ်ကတည်းက ပေါ်ပေါက်လာခဲ့တဲ့ ရောဂါတစ်ခု ဖြစ်ပေမယ့်လည်း ကမ္ဘာပေါ်မှာ အရှင်းပပျောက်သွားခြင်းမျိုးမရှိဘဲ ၂၀၂၀ ခုနှစ်မှ စ ငှက်မတွေမှာ ကူးစက်ဖြစ်ပွားမှု အရေအတွက် အဆမတန်ကြီးထွားလာခဲ့ပါတယ်။ အဆိုပါ ရောဂါပိုးကြောင့် ကြက်အကောင်ရေ သန်းပေါင်းများစွာ သေဆုံးခဲ့ပြီး တောရိုင်းငှက်များ၊ ကုန်းမြေနဲ့ အဏ္ဏဝါနို့တိုက်သတ္တဝါများလည်း ကူးစက်ခံခဲ့ရပါတယ်။ နွားတွေ၊ ဆိတ်တွေလည်း ကူးစက်ခံရတဲ့ တရိစ္ဆာန်တွေထဲ ပါဝင်လာခဲ့ပါတယ်။ နောက်ပိုင်း ကူးစက်မှု အဆင့်မြင့်လာပြီး တရိစ္ဆာန်တွေမှ လူသားကိုပါ အပျော့စား ကူးစက်မှုတွေ ရှိလာတာ တွေ့ရပါတယ်။

အခုဆိုရင် နို့တိုက်သတ္တဝါတွေဆီ ဗိုင်းရပ်စ်ကူးစက်မှုရဲ့ နောက်ထပ်ခြေလှမ်းကို မြင်တွေ့လာရပြီး အမေရိကန်ပြည်နယ်တွေမှာ နွားအုပ်ပေါင်းများစွာ ထိခိုက်လာခဲ့ပြီး နို့စိမ်းတွေမှာလည်း ဗိုင်းရပ်စ်ပါဝင်မှု အလွန်မြင့်မားစွာ ပါဝင်လာတာတွေ့ရတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ နွားနို့ထဲမှာ ဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ ဆိုတာကိုတော့ အတိအကျ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ဒီကူးစက်မှုဟာ စီးပွားဖြစ် နွားနို့ထောက်ပံ့မှုတွေအတွက်တော့ စိုးရိမ်စရာမရှိဘူးလို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။

zawgyi version
ၾကက္ငွက္တုပ္ေကြး ကူးစက္ခံထားရတဲ့ႏြားေတြကထြက္လာတဲ့ ႏို႔စိမ္းေတြမွာ H5N1 ဗိုင္းရပ္စ္ပိုးကို ပမာဏမ်ားစြာေတြ႕ရွိရဟုဆို
ေရာင္နီ (NP News) - ဧၿပီ ၂၁

ၾကက္ငွက္တုပ္ေကြး ကူးစက္ခံထားရတဲ့ ႏြားမ်ားမွထြက္ရွိတဲ့ ႏို႔စိမ္းမ်ားမွာ H5N1 ဗိုင္းရပ္စ္ အလြန္ျမင့္မားတဲ့ ပမာဏေတြ႕ရွိထားေၾကာင္း WHO က ေသာၾကာေန႔ (ဧၿပီ ၁၉ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ အဆိုပါ ဗိုင္းရပ္စ္ပိုးက ႏြားႏို႔ထဲမွာ ဘယ္ေလာက္ၾကာၾကာ ရွင္သန္ႏိုင္မယ္ဆိုတာ မသိရေသးဘူးလို႔ WHO က ေသာၾကာေန႔ (ဧၿပီ ၁၉ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။ ၾကက္ငွက္တုပ္ေကြး A (H5N1) ဟာ ၁၉၉၆ ခုႏွစ္ကတည္းက ေပၚေပါက္လာခဲ့တဲ့ ေရာဂါတစ္ခု ျဖစ္ေပမယ့္လည္း ကမာၻေပၚမွာ အရွင္းပေပ်ာက္သြားျခင္းမ်ိဳးမရွိဘဲ ၂၀၂၀ ခုႏွစ္မွ စ ငွက္မေတြမွာ ကူးစက္ျဖစ္ပြားမႈ အေရအတြက္ အဆမတန္ႀကီးထြားလာခဲ့ပါတယ္။ အဆိုပါ ေရာဂါပိုးေၾကာင့္ ၾကက္အေကာင္ေရ သန္းေပါင္းမ်ားစြာ ေသဆုံးခဲ့ၿပီး ေတာ႐ိုင္းငွက္မ်ား၊ ကုန္းေျမနဲ႔ အဏၰဝါႏို႔တိုက္သတၱဝါမ်ားလည္း ကူးစက္ခံခဲ့ရပါတယ္။ ႏြားေတြ၊ ဆိတ္ေတြလည္း ကူးစက္ခံရတဲ့ တရိစာၦန္ေတြထဲ ပါဝင္လာခဲ့ပါတယ္။ ေနာက္ပိုင္း ကူးစက္မႈ အဆင့္ျမင့္လာၿပီး တရိစာၦန္ေတြမွ လူသားကိုပါ အေပ်ာ့စား ကူးစက္မႈေတြ ရွိလာတာ ေတြ႕ရပါတယ္။

အခုဆိုရင္ ႏို႔တိုက္သတၱဝါေတြဆီ ဗိုင္းရပ္စ္ကူးစက္မႈရဲ႕ ေနာက္ထပ္ေျခလွမ္းကို ျမင္ေတြ႕လာရၿပီး အေမရိကန္ျပည္နယ္ေတြမွာ ႏြားအုပ္ေပါင္းမ်ားစြာ ထိခိုက္လာခဲ့ၿပီး ႏို႔စိမ္းေတြမွာလည္း ဗိုင္းရပ္စ္ပါဝင္မႈ အလြန္ျမင့္မားစြာ ပါဝင္လာတာေတြ႕ရတယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။ ႏြားႏို႔ထဲမွာ ဗိုင္းရပ္စ္ ဘယ္ေလာက္ၾကာၾကာ အသက္ရွင္ႏိုင္သလဲ ဆိုတာကိုေတာ့ အတိအက် စုံစမ္းစစ္ေဆးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမဲ့လည္း ဒီကူးစက္မႈဟာ စီးပြားျဖစ္ ႏြားႏို႔ေထာက္ပံ့မႈေတြအတြက္ေတာ့ စိုးရိမ္စရာမရွိဘူးလို႔ က်န္းမာေရး ကြၽမ္းက်င္သူေတြက ဆိုပါတယ္။

Related news

© 2021. All rights reserved.