လေကြောင်းဖြင့် အပြင်းအထန်နှိမ်နင်းမှုကြောင့် KNU ပူးပေါင်းအဖွဲ့ မြဝတီမြို့မှ ဆုတ်ခွာ၊ မြို့အတွင်း၌ တည်ငြိမ်အေးချမ်းပြီဖြစ်၍ စစ်ဘေးရှောင်များကို ပြန်ခေါ်နေ

 3460

မြူနစ် (NP News) - ဧပြီ ၂၁

တပ်မတော်က လေကြောင်းဖြင့် အပြင်းအထန်နှိမ်နင်းမှုကြောင့် KNU ပူးပေါင်းအဖွဲ့သည် မြဝတီမြို့မှ ဆုတ်ခွာခဲ့ရပြီး လက်ရှိ မြို့အတွင်း၌ တည်ငြိမ်အေးချမ်းပြီဖြစ်၍ စစ်ဘေးရှောင်များကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော KNLA၊ KNDO နှင့် PDF ပူးပေါင်းအဖွဲ့များသည် ဧပြီ ၁၉ ရက်၊ ညပိုင်းမှစတင်ကာ ဒရုန်းများဖြင့် မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီအမှတ်(၂)တံတားရှိ ခလရ(၂၇၅)တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် KNU ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့အကြားတွင် ယမန်နေ့(ဧပြီ ၂၀ ရက်)ညပိုင်းအထိ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး တပ်မတော်ဘက်ကလည်း လေကြောင်းပစ်ကူများကို အသုံးအပြုကာ အပြင်းအထန်နှိမ်နင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့(ဧပြီ ၂၁ ရက်)၊ နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်တွင် တပ်မတော်ဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအချို့ ထပ်မံပြုလုပ်ခဲ့ပြီးနောက် KNU ပူးပေါင်းအဖွဲ့များသည် မြဝတီမြို့မှ ဆုတ်ခွာသွားခဲ့ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မနက်ကတော့ လေယာဉ်နဲ့ လာထပ်ကြဲသွားတာရှိတယ်။ ကြဲသွားပြီးတာနဲ့ ပွဲကတော့ ပြီးသွားပြီ။ လက်ရှိအခြေအနေကတော့ အားလုံးအေးချမ်းသွားပြီ။ ဟိုဘက်ကလည်း ပြန်ဆုတ်ကုန်ပြီ။ စစ်ဘေးရှောင်တွေကိုလည်း ကိုယ့်အိမ်ကိုယ်ပြန်နေကြဖို့ နှိုးဆော်နေတာမျိုးရှိတယ်။ လတ်တလောအခြေအနေကတော့ တည်ငြိမ်သွားပြီလို့ ပြောရတယ်” ဟု မြဝတီမြို့ခံတစ် ဦးက NP News ကို ပြောသည်။

မြဝတီမြို့အမှတ်(၂)တံတားတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့သော KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO ခွဲထွက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့တို့သည် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု နစကဘက်က သတင်းထုတ်ပြန်ထားသည်။

မြဝတီမြို့တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများအနေဖြင့် အမှတ်(၁) တံတားမှတစ်ဆင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်ဘေးရှောင်ရန် ပြင်ဆင်မှုများရှိကြောင်း သိရသည်။ မြဝတီမြို့ခံများအနေဖြင့် ၎င်းကဲ့သို့ စစ်ဘေးရှောင်ရန် ပြင်ဆင်မှုများရှိနေမှုနှင့်အတူ လတ်တလောအခြေအနေအရ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် စစ်ဘေးရှောင်များလည်း ရှိနေကြောင်း သိရသည်။

လက်ရှိတွင် မြဝတီမြို့၌ တိုက်ပွဲများ ရပ်တန့်ကာ တည်ငြိမ်အေးချမ်းသည့်သဘောရှိနေသည့်အတွက် ထိုင်းနိုင်ငံဘက်တွင် စစ်ဘေးရှောင်နေသည့်ပြည်သူများအား မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ရန် နှိုးဆော်တိုက်တွန်းမှုများရှိကြောင်းလည်း သိရသည်။

ထို့ပြင် မြဝတီမြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိခဲ့ပြီး ဧပြီ ၂၀ ရက်နံနက်ပိုင်းတွင် စစ်ဘေးရှောင်ကားတစ်စီး ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးငယ်(၂)ဦးသေဆုံးကာ (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း မြဝတီမြို့ခံအရပ်သား (၅)ဦးထက်မနည်း သေဆုံးခဲ့ရကြောင်းလည်း ဒေသခံများ၏ ပြောဆိုမှုများအရ သိရသည်။

zawgyi version
ေလေၾကာင္းျဖင့္ အျပင္းအထန္ႏွိမ္နင္းမႈေၾကာင့္ KNU ပူးေပါင္းအဖြဲ႕ ျမဝတီၿမိဳ႕မွ ဆုတ္ခြာ၊ ၿမိဳ႕အတြင္း၌ တည္ၿငိမ္ေအးခ်မ္းၿပီျဖစ္၍ စစ္ေဘးေရွာင္မ်ားကို ျပန္ေခၚေန
ျမဴနစ္ (NP News) - ဧၿပီ ၂၁

တပ္မေတာ္က ေလေၾကာင္းျဖင့္ အျပင္းအထန္ႏွိမ္နင္းမႈေၾကာင့္ KNU ပူးေပါင္းအဖြဲ႕သည္ ျမဝတီၿမိဳ႕မွ ဆုတ္ခြာခဲ့ရၿပီး လက္ရွိ ၿမိဳ႕အတြင္း၌ တည္ၿငိမ္ေအးခ်မ္းၿပီျဖစ္၍ စစ္ေဘးေရွာင္မ်ားကို ျပန္ေခၚေနေၾကာင္း သတင္းရရွိသည္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၏ လက္နက္ကိုင္အဖြဲ႕ျဖစ္ေသာ KNLA၊ KNDO ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ဧၿပီ ၁၉ ရက္၊ ညပိုင္းမွစတင္ကာ ဒ႐ုန္းမ်ားျဖင့္ ျမန္မာ-ထိုင္းနယ္စပ္၊ ျမဝတီအမွတ္(၂)တံတားရွိ ခလရ(၂၇၅)တပ္ဖြဲ႕ဝင္မ်ားကို တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔တိုက္ခိုက္မႈေၾကာင့္ KNU ပူးေပါင္းအဖြဲ႕ႏွင့္ တပ္မေတာ္တို႔အၾကားတြင္ ယမန္ေန႔(ဧၿပီ ၂၀ ရက္)ညပိုင္းအထိ တိုက္ပြဲမ်ားအျပင္းအထန္ျဖစ္ပြားခဲ့ၾကၿပီး တပ္မေတာ္ဘက္ကလည္း ေလေၾကာင္းပစ္ကူမ်ားကို အသုံးအျပဳကာ အျပင္းအထန္ႏွိမ္နင္းတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ယေန႔(ဧၿပီ ၂၁ ရက္)၊ နံနက္ ၈ နာရီဝန္းက်င္အခ်ိန္ခန႔္တြင္ တပ္မေတာ္ဘက္က ေလေၾကာင္းျဖင့္ ဗုံးႀကဲတိုက္ခိုက္မႈအခ်ိဳ႕ ထပ္မံျပဳလုပ္ခဲ့ၿပီးေနာက္ KNU ပူးေပါင္းအဖြဲ႕မ်ားသည္ ျမဝတီၿမိဳ႕မွ ဆုတ္ခြာသြားခဲ့ၿပီျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

“မနက္ကေတာ့ ေလယာဥ္နဲ႔ လာထပ္ႀကဲသြားတာရွိတယ္။ ႀကဲသြားၿပီးတာနဲ႔ ပြဲကေတာ့ ၿပီးသြားၿပီ။ လက္ရွိအေျခအေနကေတာ့ အားလုံးေအးခ်မ္းသြားၿပီ။ ဟိုဘက္ကလည္း ျပန္ဆုတ္ကုန္ၿပီ။ စစ္ေဘးေရွာင္ေတြကိုလည္း ကိုယ့္အိမ္ကိုယ္ျပန္ေနၾကဖို႔ ႏႈိးေဆာ္ေနတာမ်ိဳးရွိတယ္။ လတ္တေလာအေျခအေနကေတာ့ တည္ၿငိမ္သြားၿပီလို႔ ေျပာရတယ္” ဟု ျမဝတီၿမိဳ႕ခံတစ္ ဦးက NP News ကို ေျပာသည္။

ျမဝတီၿမိဳ႕အမွတ္(၂)တံတားတြင္ လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္ဖြဲ႕ဝင္မ်ားကို သာလြန္အင္အားျဖင့္ တိုက္ခိုက္ခဲ့ေသာ KNU အဖြဲ႕မွ အၾကမ္းဖက္မႈကိုလိုလားသူမ်ား၊ KKO ခြဲထြက္အဖြဲ႕ႏွင့္ PDF ပူးေပါင္းအဖြဲ႕တို႔သည္ ယမန္ေန႔ ညေန ၅ နာရီအခ်ိန္ခန႔္တြင္ ျပန္လည္ဆုတ္ခြာသြားခဲ့သည္ဟု နစကဘက္က သတင္းထုတ္ျပန္ထားသည္။

ျမဝတီၿမိဳ႕တြင္ ျဖစ္ပြားသည့္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူမ်ားအေနျဖင့္ အမွတ္(၁) တံတားမွတစ္ဆင့္ ထိုင္းႏိုင္ငံဘက္ျခမ္းသို႔ စစ္ေဘးေရွာင္ရန္ ျပင္ဆင္မႈမ်ားရွိေၾကာင္း သိရသည္။ ျမဝတီၿမိဳ႕ခံမ်ားအေနျဖင့္ ၎ကဲ့သို႔ စစ္ေဘးေရွာင္ရန္ ျပင္ဆင္မႈမ်ားရွိေနမႈႏွင့္အတူ လတ္တေလာအေျခအေနအရ ၿမိဳ႕တြင္းသို႔ ျပန္လည္ဝင္ေရာက္လာသည့္ စစ္ေဘးေရွာင္မ်ားလည္း ရွိေနေၾကာင္း သိရသည္။

လက္ရွိတြင္ ျမဝတီၿမိဳ႕၌ တိုက္ပြဲမ်ား ရပ္တန႔္ကာ တည္ၿငိမ္ေအးခ်မ္းသည့္သေဘာရွိေနသည့္အတြက္ ထိုင္းႏိုင္ငံဘက္တြင္ စစ္ေဘးေရွာင္ေနသည့္ျပည္သူမ်ားအား ၿမိဳ႕အတြင္းသို႔ ျပန္လည္ဝင္ေရာက္ေနထိုင္ရန္ ႏႈိးေဆာ္တိုက္တြန္းမႈမ်ားရွိေၾကာင္းလည္း သိရသည္။

ထို႔ျပင္ ျမဝတီၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေသာ တိုက္ပြဲမ်ားေၾကာင့္ အရပ္သားထိခိုက္ေသဆုံးမႈမ်ားလည္းရွိခဲ့ၿပီး ဧၿပီ ၂၀ ရက္နံနက္ပိုင္းတြင္ စစ္ေဘးေရွာင္ကားတစ္စီး ပစ္ခတ္ခံရမႈေၾကာင့္ အမ်ိဳးသမီးငယ္(၂)ဦးေသဆုံးကာ (၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါတိုက္ပြဲမ်ားအတြင္း ျမဝတီၿမိဳ႕ခံအရပ္သား (၅)ဦးထက္မနည္း ေသဆုံးခဲ့ရေၾကာင္းလည္း ေဒသခံမ်ား၏ ေျပာဆိုမႈမ်ားအရ သိရသည္။

Picture

095008811

21/04/2024 12:31

fighting တပ်မတော်

Related news

© 2021. All rights reserved.