နောက်ပိုင်းစာပေဟောပြောပွဲများသည် နိုင်ငံရေးစင်မြင့်ဖြစ်လာခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်ဖြင့် လုပ်ဆောင်သင့်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌပြော

 1187

မြူနစ် (NP News) - ဧပြီ ၂၁

နောက်ပိုင်း စာပေဟောပြောပွဲများသည် နိုင်ငံရေးစင်မြင့်ဖြစ်လာခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်ဖြင့် လုပ်ဆောင်သင့်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ပြောသည်။

ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ယနေ့(ဧပြီ ၂၁ ရက်)တွင် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့၌ ကျင်းပသည့် နိုင်ငံတော်၊ နိုင်ငံသားနှင့် နိုင်ငံ့အရေးဟောပြောဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လတ်တလောကောလ၌ ဦးကိုကိုကြီးအနေဖြင့် နိုင်ငံရေးဟောပြောပွဲများကို ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် နှင့် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တို့တွင် ပြုလုပ်ထားသည်။

“ကျွန်တော့် မိသားစု၊ နီးစပ်ရာကဆိုရင် ပြောတယ်၊ စိုးရိမ်တယ်။ ဒီအချိန်ကြီးမှာ ဟောပြောပွဲလုပ်တယ်။ အန္တရာယ်ဖြစ်ရင် ဘယ်လိုလုပ်မလဲလို့။ ဖြစ်ချင်လဲဖြစ်ပေါ့။ ကျွန်တော် မသေလို့ ထွက်လာတာ ထောင်ထဲမှာ သေပေါက်၊ သေကွင်းတွေ အများကြီး။ လမ်းပေါ်ဆန္ဒပြတုန်းက လည်း သေပေါက်၊ သေကွင်းတွေ အများကြီး။ ကိုယ့်ဘေးနားမှာ ကိုယ့်လက်ပေါ်မှာ သေသွားတဲ့သူတွေလည်း အများကြီး။ ဒီအသက်ဒီအရွယ်ရောက်မှတော့ ကိုယ့်ယုံကြည်ရာ ကိုယ်လုပ်မယ်။ အဲဒီအတွက် ရင်ဆိုင်မယ်။ ကျွန်တော် ဒီပိုင်းဖြတ်မှုနဲ့ ဆက်လုပ်နေတာ။ နောက်ပွဲတွေ ဖိတ်ရင်လည်း ကျွန်တော် ဆက်လိုက်မယ်” ဟု ဦးကိုကိုကြီးက ဖွင့်ဟပြောဆိုခဲ့သည်။

ထို့ပြင် ၎င်းက ယခင်တုန်းက ကျင်းပခဲ့သော စာပေဟောပြောပွဲများသည် အနှစ်သာရရှိပြီး ဆရာကြီးဦးအောင်သင်း၊ ဆရာကြီးမြသန်းတင့်တို့၏ စာပေများသည် အနုပညာမြောက်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ပြုလုပ်သည့် စာပေဟောပြောပွဲများမှာ နိုင်ငံရေးစင်မြင့်ဖြစ်လာခဲ့ပြီး နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်ဖြင့် လုပ်ဆောင်ပါက ကောင်းမွန်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌက ဆိုသည်။

“ဒီလိုပွဲတွေကို အရင်တုန်းက ကျွန်တော် စာပေဟောပြောပွဲခေါင်းစဉ်နဲ့ လိုက်ခဲ့ဖူးတယ်။ ပြီးခဲ့တဲ့ကာလ စာပေပြောဟောပွဲတွေမှာ ကျွန်တော်တို့ ငယ်ငယ်တုန်းက လွမ်းမောဖွယ်စာပေဟောပြောပွဲတွေနဲ့ တော်တော်ကွာသွားတယ်။ ဟိုတုန်းက တကယ့်ကို အနှစ်သာရရှိတယ်။ ကျွန်တော်တို့ တစ်မေ့တစ်မောနားထောင်ရတယ်။ ဆရာအောင်သင်းတို့၊ ဆရာမြသန်းတင့်တို့၊ မောင်ကိုယုတို့၊ မောင်သော်ကတို့ စာရေးဆရာကြီးတွေ တကယ်အနုပညာမြောက်တယ်။ နောက်ပိုင်းကျတော့ စာပေဟောပြောပွဲမှာ နိုင်ငံရေးစင်မြင့်ဖြစ်လာတယ်။ နိုင်ငံရေးစင်မြင့်ဖြစ်လည်း ကျွန်တော်တို့က နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး၊ ပြန်လည်တည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်နဲ့လုပ်နေရင်တော့ ကောင်းတယ်။ မဟုတ်ဘဲ နဲ့ အကွဲတွေကို ပိုကွဲသထက်ကွဲအောင်၊ ကြီးသထက်ကြီးအောင် လုပ်လာတဲ့အခါကြရင်တော့ လူထုကြားထဲမှာပါ အတွေး အမြင်သဘောထားတွေပါ ပြောင်းလာတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသော အရာတစ်ခုဖြစ်ကြောင်း လည်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုမှုများရှိနေ သည်။ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရာတွင် လက်ရှိ စစ်တပ်ကို ပစ်ပယ်၍ မရကြောင်းနှင့် အားလုံးပူးပေါင်းကာ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ဆိုသည်။

zawgyi version
ေနာက္ပိုင္းစာေပေဟာေျပာပြဲမ်ားသည္ ႏိုင္ငံေရးစင္ျမင့္ျဖစ္လာခဲ့ၿပီး အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ရႈေထာင့္ျဖင့္ လုပ္ေဆာင္သင့္ဟု ျပည္သူ႔ပါတီဥကၠ႒ေျပာ
ျမဴနစ္ (NP News) - ဧၿပီ ၂၁

ေနာက္ပိုင္း စာေပေဟာေျပာပြဲမ်ားသည္ ႏိုင္ငံေရးစင္ျမင့္ျဖစ္လာခဲ့ၿပီး အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ရႈေထာင့္ျဖင့္ လုပ္ေဆာင္သင့္ဟု ျပည္သူ႔ပါတီဥကၠ႒ဦးကိုကိုႀကီးက ေျပာသည္။

ျပည္သူ႔ပါတီဥကၠ႒ဦးကိုကိုႀကီးက ယေန႔(ဧၿပီ ၂၁ ရက္)တြင္ ဧရာဝတီတိုင္း၊ ပန္းတေနာ္ၿမိဳ႕၌ က်င္းပသည့္ ႏိုင္ငံေတာ္၊ ႏိုင္ငံသားႏွင့္ ႏိုင္ငံ့အေရးေဟာေျပာေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

လတ္တေလာေကာလ၌ ဦးကိုကိုႀကီးအေနျဖင့္ ႏိုင္ငံေရးေဟာေျပာပြဲမ်ားကို ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္ ႏွင့္ ဧရာဝတီတိုင္း၊ ပန္းတေနာ္ၿမိဳ႕နယ္တို႔တြင္ ျပဳလုပ္ထားသည္။

“ကြၽန္ေတာ့္ မိသားစု၊ နီးစပ္ရာကဆိုရင္ ေျပာတယ္၊ စိုးရိမ္တယ္။ ဒီအခ်ိန္ႀကီးမွာ ေဟာေျပာပြဲလုပ္တယ္။ အႏၲရာယ္ျဖစ္ရင္ ဘယ္လိုလုပ္မလဲလို႔။ ျဖစ္ခ်င္လဲျဖစ္ေပါ့။ ကြၽန္ေတာ္ မေသလို႔ ထြက္လာတာ ေထာင္ထဲမွာ ေသေပါက္၊ ေသကြင္းေတြ အမ်ားႀကီး။ လမ္းေပၚဆႏၵျပတုန္းက လည္း ေသေပါက္၊ ေသကြင္းေတြ အမ်ားႀကီး။ ကိုယ့္ေဘးနားမွာ ကိုယ့္လက္ေပၚမွာ ေသသြားတဲ့သူေတြလည္း အမ်ားႀကီး။ ဒီအသက္ဒီအ႐ြယ္ေရာက္မွေတာ့ ကိုယ့္ယုံၾကည္ရာ ကိုယ္လုပ္မယ္။ အဲဒီအတြက္ ရင္ဆိုင္မယ္။ ကြၽန္ေတာ္ ဒီပိုင္းျဖတ္မႈနဲ႔ ဆက္လုပ္ေနတာ။ ေနာက္ပြဲေတြ ဖိတ္ရင္လည္း ကြၽန္ေတာ္ ဆက္လိုက္မယ္” ဟု ဦးကိုကိုႀကီးက ဖြင့္ဟေျပာဆိုခဲ့သည္။

ထို႔ျပင္ ၎က ယခင္တုန္းက က်င္းပခဲ့ေသာ စာေပေဟာေျပာပြဲမ်ားသည္ အႏွစ္သာရရွိၿပီး ဆရာႀကီးဦးေအာင္သင္း၊ ဆရာႀကီးျမသန္းတင့္တို႔၏ စာေပမ်ားသည္ အႏုပညာေျမာက္ေၾကာင္းလည္း ထည့္သြင္းေျပာဆိုခဲ့သည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္ ျပဳလုပ္သည့္ စာေပေဟာေျပာပြဲမ်ားမွာ ႏိုင္ငံေရးစင္ျမင့္ျဖစ္လာခဲ့ၿပီး ႏိုင္ငံေတာ္ျပဳျပင္ေျပာင္းလဲေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ရႈေထာင့္ျဖင့္ လုပ္ေဆာင္ပါက ေကာင္းမြန္ေၾကာင္း ျပည္သူ႔ပါတီဥကၠ႒က ဆိုသည္။

“ဒီလိုပြဲေတြကို အရင္တုန္းက ကြၽန္ေတာ္ စာေပေဟာေျပာပြဲေခါင္းစဥ္နဲ႔ လိုက္ခဲ့ဖူးတယ္။ ၿပီးခဲ့တဲ့ကာလ စာေပေျပာေဟာပြဲေတြမွာ ကြၽန္ေတာ္တို႔ ငယ္ငယ္တုန္းက လြမ္းေမာဖြယ္စာေပေဟာေျပာပြဲေတြနဲ႔ ေတာ္ေတာ္ကြာသြားတယ္။ ဟိုတုန္းက တကယ့္ကို အႏွစ္သာရရွိတယ္။ ကြၽန္ေတာ္တို႔ တစ္ေမ့တစ္ေမာနားေထာင္ရတယ္။ ဆရာေအာင္သင္းတို႔၊ ဆရာျမသန္းတင့္တို႔၊ ေမာင္ကိုယုတို႔၊ ေမာင္ေသာ္ကတို႔ စာေရးဆရာႀကီးေတြ တကယ္အႏုပညာေျမာက္တယ္။ ေနာက္ပိုင္းက်ေတာ့ စာေပေဟာေျပာပြဲမွာ ႏိုင္ငံေရးစင္ျမင့္ျဖစ္လာတယ္။ ႏိုင္ငံေရးစင္ျမင့္ျဖစ္လည္း ကြၽန္ေတာ္တို႔က ႏိုင္ငံေတာ္ျပဳျပင္ေျပာင္းလဲေရး၊ ျပန္လည္တည္ေဆာက္ေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ရႈေထာင့္နဲ႔လုပ္ေနရင္ေတာ့ ေကာင္းတယ္။ မဟုတ္ဘဲ နဲ႔ အကြဲေတြကို ပိုကြဲသထက္ကြဲေအာင္၊ ႀကီးသထက္ႀကီးေအာင္ လုပ္လာတဲ့အခါၾကရင္ေတာ့ လူထုၾကားထဲမွာပါ အေတြး အျမင္သေဘာထားေတြပါ ေျပာင္းလာတယ္” ဟု ၎က ေျပာသည္။

လက္ရွိတြင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးသည္ ႏိုင္ငံအတြက္ အေရးတႀကီးလိုအပ္ေနေသာ အရာတစ္ခုျဖစ္ေၾကာင္း လည္း ႏိုင္ငံေရးအသိုင္းအဝိုင္းက သုံးသပ္ေျပာဆိုမႈမ်ားရွိေန သည္။ ျမန္မာႏိုင္ငံျပဳျပင္ေျပာင္းလဲေရးကို ေဆာင္႐ြက္ရာတြင္ လက္ရွိ စစ္တပ္ကို ပစ္ပယ္၍ မရေၾကာင္းႏွင့္ အားလုံးပူးေပါင္းကာ ညႇိႏႈိင္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းလည္း ျပည္သူ႔ပါတီဥကၠ႒ဦးကိုကိုႀကီးက ဆိုသည္။

Related news

© 2021. All rights reserved.