မလေးရှားနိုင်ငံတွင် စစ်တပ်မှ ရဟတ်ယာဉ်နှစ်စင်း တိုက်မိကာပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံးသေဆုံး

2903

Pika (NP News) - ဧပြီ ၂၃
မလေးရှားနိုင်ငံမှာ ဧပြီလ(၂၃)ရက်နေ့က စစ်တပ်မှ ရဟတ်ယာဉ်နှစ်စင်း လေ့ကျင့်မှုတွေလုပ်ဆောင်နေချိန်အတွင်း တိုက်မိပြီး ပျက်ကျခဲ့လို့ လိုက်ပါသွားတဲ့တပ်ဖွဲ့ဝင်(၁၀)ဦးလုံး သေဆုံးခဲ့တယ်လို့ နိုင်ငံကယ်ဆယ်ရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။
မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက အကြီးတန်း စစ်ဆင်ရေးမှူး Suhaimy Mohamad Suhail က 'စစ်ရဟတ်ယာဉ်နှစ်စင်းဟာ လေ့ကျင့်ပျံသန်းမှုအတွင်းတိုက်မိပြီး ပျက်ကျခဲ့ပါတယ်။ ပျက်ကျမှုအတွင်း လိုက်ပါသွားတဲ့ တပ်ဖွဲ့ဝင်(၁၀)ဦးသေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာအရာရှိတွေက အတည်ပြုခဲ့ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။ အွန်လိုင်းမှာ မျှဝေထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ လာမယ့်မေလမှာပြုလုပ်မယ့် ရေတပ်ရဲ့ဖွင့်ပွဲအခမ်း အနားမတိုင်မီ Lumut ရေတပ်အားကစားကွင်းပေါ်မှာ နိမ့်နိမ့်လေး ပျံသန်းနေတဲ့ ရဟတ်ယာဉ်တွေကို တွေ့မြင်ခဲ့ရပါတယ်။ ပြီးတော့ ရဟတ်ယာဉ်တစ်စင်းဟာ အခြားရဟတ်ယာဉ်တစ်စင်းရဲ့ နောက်ဘက်ကိုဝင်တိုက်မိပြီး ပျက်ကျသွားတာကိုလည်း အဲဒီဗီဒီယိုဖိုင်မှာ တွေ့မြင်ခဲ့ရပါတယ်။ ပျက်ကျမှုဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်နှစ်စင်းဟာ Eurocopter AS555SN Fennec နဲ့ AgustaWestland AW139 တို့ဖြစ်တယ်လို့ ကယ်ဆယ်ရေးအေဂျင်စီကပြောကြားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ ဓါတ်ပုံတွေမှာ ရေတပ်အခြေစိုက် အားကစားကွင်းအတွင်းမှာ ပျက်ကျနေတဲ့ ရဟတ်ယာဉ်အပျက်အစီးတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို တွေ့မြင်ခဲ့ရပါတယ်။ AgustaWestland AW139 ရဟတ်ယာဉ်ဟာ အားကစားကွင်းရဲ့ ရေကူးကန်ဧရိယာမှာ ပျက်ကျခဲ့တာလို့လည်း သိရပါတယ်။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က 'ဒီအဖြစ်ဆိုးဟာ နိုင်ငံအတွက် တကယ်ကို ဝမ်းနည်းကြေကွဲစရာပါပဲ။ ပျက်ကျရတဲ့ အကြောင်းအရင်းတွေကို သိရှိရဖို့အတွက် TLDM နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ'လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
မေလးရွားႏိုင္ငံတြင္ စစ္တပ္မွ ရဟတ္ယာဥ္ႏွစ္စင္း တိုက္မိကာပ်က္က်ခဲ့ၿပီး လိုက္ပါသြားသူအားလုံးေသဆုံး
Pika (NP News) - ဧၿပီ ၂၃
မေလးရွားႏိုင္ငံမွာ ဧၿပီလ(၂၃)ရက္ေန႔က စစ္တပ္မွ ရဟတ္ယာဥ္ႏွစ္စင္း ေလ့က်င့္မႈေတြလုပ္ေဆာင္ေနခ်ိန္အတြင္း တိုက္မိၿပီး ပ်က္က်ခဲ့လို႔ လိုက္ပါသြားတဲ့တပ္ဖြဲ႕ဝင္(၁၀)ဦးလုံး ေသဆုံးခဲ့တယ္လို႔ ႏိုင္ငံကယ္ဆယ္ေရးေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။
မီးသတ္နဲ႔ ကယ္ဆယ္ေရးဌာနက အႀကီးတန္း စစ္ဆင္ေရးမႉး Suhaimy Mohamad Suhail က 'စစ္ရဟတ္ယာဥ္ႏွစ္စင္းဟာ ေလ့က်င့္ပ်ံသန္းမႈအတြင္းတိုက္မိၿပီး ပ်က္က်ခဲ့ပါတယ္။ ပ်က္က်မႈအတြင္း လိုက္ပါသြားတဲ့ တပ္ဖြဲ႕ဝင္(၁၀)ဦးေသဆုံးခဲ့တယ္လို႔ ေဆးဘက္ဆိုင္ရာအရာရွိေတြက အတည္ျပဳခဲ့ပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။ အြန္လိုင္းမွာ မွ်ေဝထားတဲ့ ဗီဒီယိုဖိုင္တစ္ခုမွာ လာမယ့္ေမလမွာျပဳလုပ္မယ့္ ေရတပ္ရဲ႕ဖြင့္ပြဲအခမ္း အနားမတိုင္မီ Lumut ေရတပ္အားကစားကြင္းေပၚမွာ နိမ့္နိမ့္ေလး ပ်ံသန္းေနတဲ့ ရဟတ္ယာဥ္ေတြကို ေတြ႕ျမင္ခဲ့ရပါတယ္။ ၿပီးေတာ့ ရဟတ္ယာဥ္တစ္စင္းဟာ အျခားရဟတ္ယာဥ္တစ္စင္းရဲ႕ ေနာက္ဘက္ကိုဝင္တိုက္မိၿပီး ပ်က္က်သြားတာကိုလည္း အဲဒီဗီဒီယိုဖိုင္မွာ ေတြ႕ျမင္ခဲ့ရပါတယ္။ ပ်က္က်မႈျဖစ္ပြားခဲ့တဲ့ ရဟတ္ယာဥ္ႏွစ္စင္းဟာ Eurocopter AS555SN Fennec နဲ႔ AgustaWestland AW139 တို႔ျဖစ္တယ္လို႔ ကယ္ဆယ္ေရးေအဂ်င္စီကေျပာၾကားခဲ့ပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာတင္ထားတဲ့ ဓါတ္ပုံေတြမွာ ေရတပ္အေျခစိုက္ အားကစားကြင္းအတြင္းမွာ ပ်က္က်ေနတဲ့ ရဟတ္ယာဥ္အပ်က္အစီးေတြနဲ႔ ကယ္ဆယ္ေရးဝန္ထမ္းေတြကို ေတြ႕ျမင္ခဲ့ရပါတယ္။ AgustaWestland AW139 ရဟတ္ယာဥ္ဟာ အားကစားကြင္းရဲ႕ ေရကူးကန္ဧရိယာမွာ ပ်က္က်ခဲ့တာလို႔လည္း သိရပါတယ္။ မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္က 'ဒီအျဖစ္ဆိုးဟာ ႏိုင္ငံအတြက္ တကယ္ကို ဝမ္းနည္းေၾကကြဲစရာပါပဲ။ ပ်က္က်ရတဲ့ အေၾကာင္းအရင္းေတြကို သိရွိရဖို႔အတြက္ TLDM နဲ႔ ကာကြယ္ေရးဝန္ႀကီးဌာနတို႔က စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာပါ'လို႔ ေျပာဆိုခဲ့ပါတယ္။