ထိုင်ဝမ်တွင် နောက်ဆက်တွဲငလျင်များစွာလှုပ်ခတ်ခဲ့သော်လည်း ထိခိုက်မှုကြီးကြီးမားမားမရှိခဲ့

 319

ALynn (NP News) - ဧပြီ ၂၃

ထိုင်ဝမ်၏ ငလျင်ဒဏ်သင့် အရှေ့ပိုင်းခရိုင် Hualien သည် တနင်္လာနေ့ (ဧပြီ ၂၂ ရက်) နှောင်းပိုင်းနှင့် အင်္ဂါနေ့အစောပိုင်းတွင် ဒါဇင်နှင့်ချီသော နောက် ဆက်တွဲငလျင်များ လှုပ်ခတ်သွားသော်လည်း အသေးစားပျက်စီးမှုသာရှိပြီး အသေအပျောက်မရှိကြောင်း အဓိက Chip ထုတ်လုပ်သူ TSMC က ပြောကြားခဲ့သည်။

ဧပြီလ ၃ ရက်က လူဦးရေကျဲပါးသော Hualien တွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၂ ရှိသော ငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပြီး နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ၁,၀၀၀ ကျော် ရှိခဲ့သည်။ မြို့တော်တိုင်ပေ အပါအဝင် ထိုင်ဝမ်မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ဘက် နေရာအများအပြားတွင် ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်ကြီးတစ်ခု ညလုံးပေါက် လှုပ်သွားခဲ့သည်။

တနင်္လာနေ့မွန်းလွဲပိုင်းမှစတင်သော ငလျင်လှုပ်ခတ်မှု ၂၀၀ ကျော်သည် ဧပြီလ ၃ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်၏ နောက်ဆက်တွဲငလျင်များဖြစ်ကြောင်း ထိုင်ဝမ်ဗဟိုမိုးလေဝသဌာနက ပြောကြားခဲ့သည်။ ငလျင် ဗဟိုချက် ဒါရိုက်တာ Wu Chien-fu က နောက်ဆက်တွဲငလျင်များသည် မပြင်းထန်သော်လည်း ယခုထက်ပို၍ များလာနိုင်သည်ကို မျှော်လင့်ထားကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ ယခုသီတင်းပတ်တွင် ထိုင်ဝမ်၌ မိုးသည်းထန်စွာရွာသွန်းမည်ဟု ခန့်မှန်းထားသောကြောင့် Hualien တွင် နောက်ထပ်ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင် ထားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုင်ဝမ်သမ္မတ Tsai Ing-wen ကလည်း ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပြည်သူများအား တောင်များနှင့် ဝေးဝေးနေရန်နှင့် သတိရှိကြရန် တိုက်တွန်းထားသည်။ ကျွန်း၏အနောက်ဘက်ကမ်းရိုးတန်းရှိ ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူး ထုတ်လုပ်ရေးကုမ္ပဏီ (TSMC) က ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသော်လည်း စက်ရုံနှင့် ဘေးကင်းရေးစနစ်များမှာ ပုံမှန်အတိုင်း လုပ်ဆောင်နေပြီး ဝန်ထမ်းများအားလုံး ဘေးကင်းကြောင်း ပြောကြားခဲ့သည်။ ထိုင်ဝမ်သည် ငလျင်လှုပ်ခတ်နိုင်ခြေများသော ကျွန်းစုနှစ်ခု၏ အဆုံတွင် တည်ရှိသည်။ ၂၀၁၆ ခုနှစ်တွင် ထိုင်ဝမ်တောင်ပိုင်း၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း ၂,၀၀၀ ကျော် သေဆုံးခဲ့သည်။

zawgyi version
ထိုင္ဝမ္တြင္ ေနာက္ဆက္တြဲငလ်င္မ်ားစြာလႈပ္ခတ္ခဲ့ေသာ္လည္း ထိခိုက္မႈႀကီးႀကီးမားမားမရွိခဲ့
ALynn (NP News) - ဧၿပီ ၂၃

ထိုင္ဝမ္၏ ငလ်င္ဒဏ္သင့္ အေရွ႕ပိုင္းခ႐ိုင္ Hualien သည္ တနလၤာေန႔ (ဧၿပီ ၂၂ ရက္) ေႏွာင္းပိုင္းႏွင့္ အဂၤါေန႔အေစာပိုင္းတြင္ ဒါဇင္ႏွင့္ခ်ီေသာ ေနာက္ ဆက္တြဲငလ်င္မ်ား လႈပ္ခတ္သြားေသာ္လည္း အေသးစားပ်က္စီးမႈသာရွိၿပီး အေသအေပ်ာက္မရွိေၾကာင္း အဓိက Chip ထုတ္လုပ္သူ TSMC က ေျပာၾကားခဲ့သည္။

ဧၿပီလ ၃ ရက္က လူဦးေရက်ဲပါးေသာ Hualien တြင္ ရစ္ခ္်တာစေကး ၇ ဒသမ ၂ ရွိေသာ ငလ်င္လႈပ္ခတ္ခဲ့ရာ အနည္းဆုံး လူ ၁၇ ဦး ေသဆုံးခဲ့ၿပီး ေနာက္ဆက္တြဲငလ်င္လႈပ္ခတ္မႈ ၁,၀၀၀ ေက်ာ္ ရွိခဲ့သည္။ ၿမိဳ႕ေတာ္တိုင္ေပ အပါအဝင္ ထိုင္ဝမ္ေျမာက္ပိုင္း၊ အေရွ႕ပိုင္းႏွင့္ အေနာက္ဘက္ ေနရာအမ်ားအျပားတြင္ ျပင္းအား ၆ ဒသမ ၃ အဆင့္ရွိ ငလ်င္ႀကီးတစ္ခု ညလုံးေပါက္ လႈပ္သြားခဲ့သည္။

တနလၤာေန႔မြန္းလြဲပိုင္းမွစတင္ေသာ ငလ်င္လႈပ္ခတ္မႈ ၂၀၀ ေက်ာ္သည္ ဧၿပီလ ၃ ရက္က လႈပ္ခတ္ခဲ့သည့္ ငလ်င္၏ ေနာက္ဆက္တြဲငလ်င္မ်ားျဖစ္ေၾကာင္း ထိုင္ဝမ္ဗဟိုမိုးေလဝသဌာနက ေျပာၾကားခဲ့သည္။ ငလ်င္ ဗဟိုခ်က္ ဒါ႐ိုက္တာ Wu Chien-fu က ေနာက္ဆက္တြဲငလ်င္မ်ားသည္ မျပင္းထန္ေသာ္လည္း ယခုထက္ပို၍ မ်ားလာႏိုင္သည္ကို ေမွ်ာ္လင့္ထားေၾကာင္း သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။ ယခုသီတင္းပတ္တြင္ ထိုင္ဝမ္၌ မိုးသည္းထန္စြာ႐ြာသြန္းမည္ဟု ခန႔္မွန္းထားေသာေၾကာင့္ Hualien တြင္ ေနာက္ထပ္ေဘးအႏၲရာယ္မ်ားအတြက္ ႀကိဳတင္ျပင္ဆင္ ထားရန္ လိုအပ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထိုင္ဝမ္သမၼတ Tsai Ing-wen ကလည္း ၎၏ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ျပည္သူမ်ားအား ေတာင္မ်ားႏွင့္ ေဝးေဝးေနရန္ႏွင့္ သတိရွိၾကရန္ တိုက္တြန္းထားသည္။ ကြၽန္း၏အေနာက္ဘက္ကမ္း႐ိုးတန္းရွိ ထိုင္ဝမ္တစ္ပိုင္းလွ်ပ္ကူး ထုတ္လုပ္ေရးကုမၸဏီ (TSMC) က ဝန္ထမ္းမ်ားကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းခဲ့ရေသာ္လည္း စက္႐ုံႏွင့္ ေဘးကင္းေရးစနစ္မ်ားမွာ ပုံမွန္အတိုင္း လုပ္ေဆာင္ေနၿပီး ဝန္ထမ္းမ်ားအားလုံး ေဘးကင္းေၾကာင္း ေျပာၾကားခဲ့သည္။ ထိုင္ဝမ္သည္ ငလ်င္လႈပ္ခတ္ႏိုင္ေျခမ်ားေသာ ကြၽန္းစုႏွစ္ခု၏ အဆုံတြင္ တည္ရွိသည္။ ၂၀၁၆ ခုႏွစ္တြင္ ထိုင္ဝမ္ေတာင္ပိုင္း၌ လႈပ္ခတ္ခဲ့ေသာ ငလ်င္ေၾကာင့္ လူေပါင္း ၁၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ၁၉၉၉ ခုႏွစ္တြင္ ျပင္းအား ၇ ဒသမ ၃ အဆင့္ရွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ရာ လူေပါင္း ၂,၀၀၀ ေက်ာ္ ေသဆုံးခဲ့သည္။

Related news

© 2021. All rights reserved.