ညောင်ရွှေမြို့နယ်တွင် ရင်ချင်းဆက်ကလေးငယ်(၂)ဦးမွေးဖွားခဲ့သော်လည်း တစ်ရက်ကျော်သာ အသက်ရှင်ခဲ့

 781

သန့်ဇင်(NP News) - ဧပြီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်တွင် ရင်ချင်းဆက်ကလေးငယ်(၂)ဦးမွေးဖွားခဲ့သော်လည်း တစ်ရက်ကျော် ကာလသာ အသက်ရှင်ခဲ့ပြီးကွယ်လွန်သွားခဲ့ကြောင်း စေလိုရာလူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါကလေးငယ်(၂)ဦးကို ပြီးခဲ့သည့်(ဧပြီလ ၁၉ ရက်)၊ မွန်းလွဲ ၂နာရီခွဲဝန်းကျင်အချိန်ခန့်က ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ MAX ဆေးခန်းတွင် မွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ကလေးငယ်(၂)ဦး၏ကျန်းမာရေးအခြေအနေအရ ဧပြီလ ၂၀ရက်၊ ညပိုင်းအချိန်တွင် နန်းပန်မြို့မှတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးတွေက မွေးပြီးတစ်ရက်အကြာမှာ မန္တလေးပို့ဖို့လုပ်ပါတယ်။ ကလေးငယ်တွေရဲ့အခြေအနေကြောင့် နီးတဲ့တောင်ကြီး ဆေးရုံကိုပို့ဖို့လုပ်တာမှာ တောင်ကြီးအတက်နားမှာဆုံးသွားပါတယ်။ မွေးကတည်းက ရင်ချင်းဆက်ပြီးမွေးလာတာ၊။ ချက်က တစ်ခုတည်း ဖြစ်နေလို့ အသက်ရှင်ဖို့မလွယ်ဘူးလေ။ အောက်ဆီဂျင်နဲ့မန္တလေးပို့ဖို့လုပ်သေးတယ်” ဟု စေလိုလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထို့နောက် ကလေးငယ်(၂)ဦး၏ရုပ်အလောင်းကို စေလိုရာလူမှုကူညီရေးအသင်းက တောင်းကြီးကလေးဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။အလားတူ ပြီးခဲ့သည့် မက်လ ၇ ရက်ကလည်း မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဦးခေါင်း(၂)လုံး ခန္ဓာကိုယ်တစ်ခုဖြင့် ကလေးငယ်တစ်ဦး မွေးဖွားခဲ့သော်
လည်း ရက်ပိုင်းအကြာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

zawgyi version
ေညာင္ေ႐ႊၿမိဳ႕နယ္တြင္ ရင္ခ်င္းဆက္ကေလးငယ္(၂)ဦးေမြးဖြားခဲ့ေသာ္လည္း တစ္ရက္ေက်ာ္သာ အသက္ရွင္ခဲ့
သန႔္ဇင္(NP News) - ဧၿပီ ၂၃

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေညာင္ေ႐ႊၿမိဳ႕နယ္တြင္ ရင္ခ်င္းဆက္ကေလးငယ္(၂)ဦးေမြးဖြားခဲ့ေသာ္လည္း တစ္ရက္ေက်ာ္ ကာလသာ အသက္ရွင္ခဲ့ၿပီးကြယ္လြန္သြားခဲ့ေၾကာင္း ေစလိုရာလူမႈကူညီေရးအသင္းထံမွ သိရသည္။

အဆိုပါကေလးငယ္(၂)ဦးကို ၿပီးခဲ့သည့္(ဧၿပီလ ၁၉ ရက္)၊ မြန္းလြဲ ၂နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ေညာင္ေ႐ႊၿမိဳ႕နယ္၊ နန္းပန္ၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္ရွိ MAX ေဆးခန္းတြင္ ေမြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္ ကေလးငယ္(၂)ဦး၏က်န္းမာေရးအေျခအေနအရ ဧၿပီလ ၂၀ရက္၊ ညပိုင္းအခ်ိန္တြင္ နန္းပန္ၿမိဳ႕မွေတာင္ႀကီးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္စဥ္ လမ္းခုလတ္၌ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကေလးေတြက ေမြးၿပီးတစ္ရက္အၾကာမွာ မႏၲေလးပို႔ဖို႔လုပ္ပါတယ္။ ကေလးငယ္ေတြရဲ႕အေျခအေနေၾကာင့္ နီးတဲ့ေတာင္ႀကီး ေဆး႐ုံကိုပို႔ဖို႔လုပ္တာမွာ ေတာင္ႀကီးအတက္နားမွာဆုံးသြားပါတယ္။ ေမြးကတည္းက ရင္ခ်င္းဆက္ၿပီးေမြးလာတာ၊။ ခ်က္က တစ္ခုတည္း ျဖစ္ေနလို႔ အသက္ရွင္ဖို႔မလြယ္ဘူးေလ။ ေအာက္ဆီဂ်င္နဲ႔မႏၲေလးပို႔ဖို႔လုပ္ေသးတယ္” ဟု ေစလိုလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထို႔ေနာက္ ကေလးငယ္(၂)ဦး၏႐ုပ္အေလာင္းကို ေစလိုရာလူမႈကူညီေရးအသင္းက ေတာင္းႀကီးကေလးေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။အလားတူ ၿပီးခဲ့သည့္ မက္လ ၇ ရက္ကလည္း မႏၲေလးျပည္သူ႔ေဆး႐ုံႀကီး၌ ဦးေခါင္း(၂)လုံး ခႏၶာကိုယ္တစ္ခုျဖင့္ ကေလးငယ္တစ္ဦး ေမြးဖြားခဲ့ေသာ္
လည္း ရက္ပိုင္းအၾကာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.