ပဲခူးရွှေမော်ဓောဘုရားပွဲကပြန်လာသည့် ဆိုင်ကယ်ကို Kluger ကားက နောက်မှဝင်တိုက်မိခဲ့ရာ ဆိုင်ကယ်ပေါ်ပါသူ (၂)ဦးသေဆုံး

 1195

သန့်ဇင်(NP News) - ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ရွှေမော်ဓောဘုရားပွဲက ပြန်လာသည့် ဆိုင်ကယ်ကို Kluger ကားက နောက်မှဝင်တိုက်မိခဲ့ရာ ဆိုင်ကယ်ပေါ်ပါသူ (၂)ဦးသေဆုံးသွားခဲ့ကြောင်း သကျနွယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဧပြီလ ၂၃ရက်)၊ ည ၇နာရီ ၄၀မိနစ်အချိန်က ပဲခူးမြို့၊ ဈေးပိုင်းရပ်ကွက်၊ လဝကရုံးအနီး၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပဲခူးရွှေမော်ဓောဘုရားပွဲကနေ ဆိုင်ကယ်သွားပို့ပြီးအပြန်မှာ ရှေ့ကနေဆိုင်ကယ်မောင်းနေတုန်း နောက်က Kluger ကားကဝင်တိုက်တာပါ။ ဆိုင်ကယ်မှာက (၃)ယောက်စီးလာတာ။ မောင်းတဲ့သူက ဆိုင်ကယ်ကယ်ရီသမားပါ။ နောက်က(၂)ယောက်က အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ ကယ်ရီသမားနဲ့ အမျိုးသမီးကြီးက သေဆုံးသွားတယ်” ဟု သကျနွယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် သေဆုံးသူ(၂)ဦးမှာ အသက်(၄၀)နှစ်အရွယ် ဦးအောင်မျိုး နှင့် အသက်(၅၉)နှစ်အရွယ် ဒေါ်သီတာမိုးတို့ဖြစ်ပြီး ကျန်အမျိုးသားတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“တိုက်တဲ့အချိန်မှာ ဆိုင်ကယ်မောင်းတဲ့အမျိုးသားတစ်ယောက်က အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတယ်။ နောက်ပြီးအမျိုးသမီးကလည်း ဆေးရုံမှာဆုံးတယ်။ ကားကလည်း တိုက်ပြီးမောင်းပြေးသွားတာ။ ဒါပေမဲ့ ညတွင်းချင်းပဲဖမ်းမိပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို သကျနွယ်လူမှုကူညီရေးအသင်းက ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ပဲခူးေ႐ႊေမာ္ေဓာဘုရားပြဲကျပန္လာသည့္ ဆိုင္ကယ္ကို Kluger ကားက ေနာက္မွဝင္တိုက္မိခဲ့ရာ ဆိုင္ကယ္ေပၚပါသူ (၂)ဦးေသဆုံး
သန႔္ဇင္(NP News) - ဧၿပီ ၂၄

ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕တြင္ ေ႐ႊေမာ္ေဓာဘုရားပြဲက ျပန္လာသည့္ ဆိုင္ကယ္ကို Kluger ကားက ေနာက္မွဝင္တိုက္မိခဲ့ရာ ဆိုင္ကယ္ေပၚပါသူ (၂)ဦးေသဆုံးသြားခဲ့ေၾကာင္း သက်ႏြယ္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဧၿပီလ ၂၃ရက္)၊ ည ၇နာရီ ၄၀မိနစ္အခ်ိန္က ပဲခူးၿမိဳ႕၊ ေဈးပိုင္းရပ္ကြက္၊ လဝက႐ုံးအနီး၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ပဲခူးေ႐ႊေမာ္ေဓာဘုရားပြဲကေန ဆိုင္ကယ္သြားပို႔ၿပီးအျပန္မွာ ေရွ႕ကေနဆိုင္ကယ္ေမာင္းေနတုန္း ေနာက္က Kluger ကားကဝင္တိုက္တာပါ။ ဆိုင္ကယ္မွာက (၃)ေယာက္စီးလာတာ။ ေမာင္းတဲ့သူက ဆိုင္ကယ္ကယ္ရီသမားပါ။ ေနာက္က(၂)ေယာက္က အမ်ိဳးသမီးတစ္ေယာက္နဲ႔ အမ်ိဳးသားတစ္ေယာက္ျဖစ္ပါတယ္။ ကယ္ရီသမားနဲ႔ အမ်ိဳးသမီးႀကီးက ေသဆုံးသြားတယ္” ဟု သက်ႏြယ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္တြင္ ေသဆုံးသူ(၂)ဦးမွာ အသက္(၄၀)ႏွစ္အ႐ြယ္ ဦးေအာင္မ်ိဳး ႏွင့္ အသက္(၅၉)ႏွစ္အ႐ြယ္ ေဒၚသီတာမိုးတို႔ျဖစ္ၿပီး က်န္အမ်ိဳးသားတစ္ဦးမွာလည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“တိုက္တဲ့အခ်ိန္မွာ ဆိုင္ကယ္ေမာင္းတဲ့အမ်ိဳးသားတစ္ေယာက္က အခင္းျဖစ္တဲ့ေနရာမွာပဲ ဆုံးသြားတယ္။ ေနာက္ၿပီးအမ်ိဳးသမီးကလည္း ေဆး႐ုံမွာဆုံးတယ္။ ကားကလည္း တိုက္ၿပီးေမာင္းေျပးသြားတာ။ ဒါေပမဲ့ ညတြင္းခ်င္းပဲဖမ္းမိပါတယ္” ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို သက်ႏြယ္လူမႈကူညီေရးအသင္းက ပဲခူးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.