မြဝတီအမှတ်(၁)တံတား ယနေ့ပြန်လည်ဖွင့်လှစ်လိုက်ပြီး ဖြတ်သန်းသွားလာလိုသူ အလွန်များပြားနေ

 1793

ယွန်း (NP News) - ဧပြီ ၂၇

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ထိုင်းနှင့် မြန်မာကိုဆက်သွယ်ပေးထားသော အမှတ်(၁)ချစ်ကြည်ရေးတံတားကို ယနေ့(ဧပြီ ၂၇ ရက်) တွင် ပြန်လည်ဖွင့်လိုက်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများ၏ အတည်ပြု ပြောကြား ချက်များအရ သိရသည်။

မြဝတီမြို့တွင် တိုက်ပွဲများပြင်းထန်မှုကြောင့် အဆိုပါ ထိုင်း-မြန်မာနယ်စပ် မြဝတီအမှတ်(၁)တံတားကို ဖြတ်သန်း သွားလာခွင့် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်(၁၀)နာရီတွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့မနက်(၁၀)နာရီလောက်မှာ ပြန်ပြီးဖွင့်လိုက်တာပါ။ တိုက်ပွဲတွေဖြစ်တည်းက ပိတ်ထားတာ။ ဧပြီ(၂၀)ရက်နေ့ လောက်ထဲကပေါ့။ အခုဆိုရင် လူက အဝင်ရော၊ အထွက်ရောတော်တော်များတယ်။ နေကလည်းပူတယ်။ ထီးတွေနဲ့ တန်းစီပြီးတော့ စောင့်နေကြတာ။ (၄၀၀)၊ (၅၀၀)လောက်ကိုရှိတယ်။ ထိုင်းဘက်ကို သွားမယ့်လူရော၊ ထိုင်းဘက် ကနေ မြန်မာဘက်ကို ပြန်ဝင်မယ့်လူရော နှစ်ဘက်လုံးမှာ တော်တော်များတယ်” ဟု မြဝတီအခြေစိုက် အလင်းသစ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

မြဝတီမြို့က တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ဒေသခံပြည်သူအများအပြား ထွက်ပြေးခဲ့ကြကာ အမှတ်(၂) တံတားအနီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဧပြီ(၂၁)ရက်မှစတင်၍ အမှတ်(၁) ချစ်ကြည်ရေးတံတားကို ပိတ်ခဲ့ခြင်း ဖြစ်၍ ယခင်က ထိုင်းဘက်မှ ပုံမှန်အတိုင်းဖွင့်ထားသော်လည်း မြန်မာဘက်က မြဝတီအဝင်ကိုသာ လက်ခံပြီး ထိုင်းဘက်အထွက်ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
ျမဝတီအမွတ္(၁)တံတား ယေန႔ျပန္လည္ဖြင့္လွစ္လိုက္ၿပီး ျဖတ္သန္းသြားလာလိုသူ အလြန္မ်ားျပားေန
ယြန္း (NP News) - ဧၿပီ ၂၇

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ရွိ ထိုင္းႏွင့္ ျမန္မာကိုဆက္သြယ္ေပးထားေသာ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားကို ယေန႔(ဧၿပီ ၂၇ ရက္) တြင္ ျပန္လည္ဖြင့္လိုက္ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ား၏ အတည္ျပဳ ေျပာၾကား ခ်က္မ်ားအရ သိရသည္။

ျမဝတီၿမိဳ႕တြင္ တိုက္ပြဲမ်ားျပင္းထန္မႈေၾကာင့္ အဆိုပါ ထိုင္း-ျမန္မာနယ္စပ္ ျမဝတီအမွတ္(၁)တံတားကို ျဖတ္သန္း သြားလာခြင့္ ပိတ္ထားခဲ့ျခင္းျဖစ္ၿပီး ယေန႔ နံနက္(၁၀)နာရီတြင္ ျပန္လည္ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

“ဒီေန႔မနက္(၁၀)နာရီေလာက္မွာ ျပန္ၿပီးဖြင့္လိုက္တာပါ။ တိုက္ပြဲေတြျဖစ္တည္းက ပိတ္ထားတာ။ ဧၿပီ(၂၀)ရက္ေန႔ ေလာက္ထဲကေပါ့။ အခုဆိုရင္ လူက အဝင္ေရာ၊ အထြက္ေရာေတာ္ေတာ္မ်ားတယ္။ ေနကလည္းပူတယ္။ ထီးေတြနဲ႔ တန္းစီၿပီးေတာ့ ေစာင့္ေနၾကတာ။ (၄၀၀)၊ (၅၀၀)ေလာက္ကိုရွိတယ္။ ထိုင္းဘက္ကို သြားမယ့္လူေရာ၊ ထိုင္းဘက္ ကေန ျမန္မာဘက္ကို ျပန္ဝင္မယ့္လူေရာ ႏွစ္ဘက္လုံးမွာ ေတာ္ေတာ္မ်ားတယ္” ဟု ျမဝတီအေျခစိုက္ အလင္းသစ္ လူမႈကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ျမဝတီၿမိဳ႕က တိုက္ပြဲမ်ားေၾကာင့္ ထိုင္းႏိုင္ငံဘက္သို႔ ေဒသခံျပည္သူအမ်ားအျပား ထြက္ေျပးခဲ့ၾကကာ အမွတ္(၂) တံတားအနီးတြင္ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ဧၿပီ(၂၁)ရက္မွစတင္၍ အမွတ္(၁) ခ်စ္ၾကည္ေရးတံတားကို ပိတ္ခဲ့ျခင္း ျဖစ္၍ ယခင္က ထိုင္းဘက္မွ ပုံမွန္အတိုင္းဖြင့္ထားေသာ္လည္း ျမန္မာဘက္က ျမဝတီအဝင္ကိုသာ လက္ခံၿပီး ထိုင္းဘက္အထြက္ကို ပိတ္ထားခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.