တရုတ်နိုင်ငံမှာ ကြောင်တစ်ကောင်ကြောင့် အိမ်မီးလောင်မှုဖြစ်ပွား

 2195

ရောင်နီ (NP News) - ဧပြီ ၂၉

တရုတ်နိုင်ငံ၊ စီချွမ်ရှိ အမျိုးသမီးတစ်ဦးဟာ သူငယ်ချင်းတွေနဲ့ မာဂျောင်းကစားဖို့ အိမ်မှ ထွက်ခွာလာချိန်မှာ သူမအိမ် မီးလောင်ခဲ့ပါတယ်။

အကြောင်းကတော့ သူမအိမ်မှာ ကျန်ရှိခဲ့တဲ့ ကြောင်က မီးဖိုခလုပ်ကို နှိပ်မိခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ သူမကို အိမ်ယာက မီးလောင်မှုအကြောင်း ဖုန်းဆက်တော့ သူမက အိမ်ကို အပြေးပြန်ခဲ့ပါတယ်။ သူမရဲ့ ရွှေရောင်ဗြိတိန်အမွေးတိုကြောင်ကိုတော့ အိမ်မှာ ပြာတွေနဲ့အတူ ဖုံးလွှမ်းနေတာ တွေ့ရှိခဲ့တယ်လို့ သူမက ဆိုပါတယ်။

ဒီမီးလောင်မှုအတွက် သူမဟာ တန်ဖိုး ယွမ် ၁၀၀,၀၀၀ (စင်ကာပူဒေါ်လာ ၁၉,၂၀၀) ထိ ဆုံးရှုံးနစ်နာခဲ့တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ကို သူမက Douyin မှာ ဝေမျှခဲ့ပြီး လူစိတ်ဝင်စားမှုရခဲ့ပါတယ်။ ဒီမီးလောင်မှုကြောင့် အကြွေးတွေဆပ်ဖို့ သူမဟာ သူမရဲ့ကြောင်နဲ့အတူ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွေ လုပ်ဆောင်ခဲ့ပြီး ကြောင်လေးရဲ့ချစ်စရာကောင်းတဲ့အသွင်အပြင်ကြောင့် အင်တာနက် အသုံးပြုသူတွေရဲ့ကြည့်ရှုမှု ရှစ်သန်းလောက်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဧပြီလ ၁၃ ရက်နေ့မှာတော့ သူမဟာ သူမရဲ့လက်ဗွေနဲ့ ကြောင်ရဲ့လက်ရာ ရေးနှိပ်ထားတဲ့ သခင်နဲ့ကြောင် တောင်းပန်ကြေအေးကြောင်း စာတစ်စောင် ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ မကြာသေးခင်က တရုတ်ဆိုရှယ်မီဒီယာမှာ ရေပန်းစားခဲ့ပြီး မီးဖိုတွေကိုလည်း အသုံးမလိုရင် ပါဝါအမြဲပိတ်ထားဖို့ သတိပေးပြီးသားဖြစ်သွားစေခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံမွာ ေၾကာင္တစ္ေကာင္ေၾကာင့္ အိမ္မီးေလာင္မႈျဖစ္ပြား
ေရာင္နီ (NP News) - ဧၿပီ ၂၉

တ႐ုတ္ႏိုင္ငံ၊ စီခြၽမ္ရွိ အမ်ိဳးသမီးတစ္ဦးဟာ သူငယ္ခ်င္းေတြနဲ႔ မာေဂ်ာင္းကစားဖို႔ အိမ္မွ ထြက္ခြာလာခ်ိန္မွာ သူမအိမ္ မီးေလာင္ခဲ့ပါတယ္။

အေၾကာင္းကေတာ့ သူမအိမ္မွာ က်န္ရွိခဲ့တဲ့ ေၾကာင္က မီးဖိုခလုပ္ကို ႏွိပ္မိခဲ့တာေၾကာင့္ပဲျဖစ္ပါတယ္။ သူမကို အိမ္ယာက မီးေလာင္မႈအေၾကာင္း ဖုန္းဆက္ေတာ့ သူမက အိမ္ကို အေျပးျပန္ခဲ့ပါတယ္။ သူမရဲ႕ ေ႐ႊေရာင္ၿဗိတိန္အေမြးတိုေၾကာင္ကိုေတာ့ အိမ္မွာ ျပာေတြနဲ႔အတူ ဖုံးလႊမ္းေနတာ ေတြ႕ရွိခဲ့တယ္လို႔ သူမက ဆိုပါတယ္။

ဒီမီးေလာင္မႈအတြက္ သူမဟာ တန္ဖိုး ယြမ္ ၁၀၀,၀၀၀ (စင္ကာပူေဒၚလာ ၁၉,၂၀၀) ထိ ဆုံးရႈံးနစ္နာခဲ့တယ္လို႔ သိရပါတယ္။ ဒီအျဖစ္အပ်က္ကို သူမက Douyin မွာ ေဝမွ်ခဲ့ၿပီး လူစိတ္ဝင္စားမႈရခဲ့ပါတယ္။ ဒီမီးေလာင္မႈေၾကာင့္ အေႂကြးေတြဆပ္ဖို႔ သူမဟာ သူမရဲ႕ေၾကာင္နဲ႔အတူ တိုက္႐ိုက္ထုတ္လႊင့္မႈ အစီအစဥ္ေတြ လုပ္ေဆာင္ခဲ့ၿပီး ေၾကာင္ေလးရဲ႕ခ်စ္စရာေကာင္းတဲ့အသြင္အျပင္ေၾကာင့္ အင္တာနက္ အသုံးျပဳသူေတြရဲ႕ၾကည့္ရႈမႈ ရွစ္သန္းေလာက္ကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။

ဧၿပီလ ၁၃ ရက္ေန႔မွာေတာ့ သူမဟာ သူမရဲ႕လက္ေဗြနဲ႔ ေၾကာင္ရဲ႕လက္ရာ ေရးႏွိပ္ထားတဲ့ သခင္နဲ႔ေၾကာင္ ေတာင္းပန္ေၾကေအးေၾကာင္း စာတစ္ေစာင္ ဆိုရွယ္မီဒီယာမွာ ေဖာ္ျပခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ မၾကာေသးခင္က တ႐ုတ္ဆိုရွယ္မီဒီယာမွာ ေရပန္းစားခဲ့ၿပီး မီးဖိုေတြကိုလည္း အသုံးမလိုရင္ ပါဝါအၿမဲပိတ္ထားဖို႔ သတိေပးၿပီးသားျဖစ္သြားေစခဲ့ပါတယ္။

Picture

Thapyay Ywet Nu Soe

29/04/2024 09:40

ကြောင်ဆိုးလေး

Related news

© 2021. All rights reserved.