မက္ကဆီကိုနိုင်ငံမှာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၄)ဦး သေဆုံး

 291

Pika (NP News) – ဧပြီ ၂၉

မက္ကဆီကိုနိုင်ငံမှာ ဧပြီလ(၂၈)ရက်က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံးလူ(၁၄)ဦးသေဆုံးခဲ့ပြီး အခြားလူ(၃၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။

မက္ကဆီကိုပြည်နယ် မက္ကဆီကိုစီးတီးမြို့အပြင်ဘက်က လမ်းမကြီးပေါ်မှာ ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်းလုံခြုံရေးအတွင်းရေးမှူးရုံးက ပြောကြားခဲ့ပါတယ်။

သတင်းရင်းမြစ်တစ်ခုက “အစောပိုင်းသတင်းတွေအရတော့ သေဆုံးသူက(၁၄)ဦး ရှိပါတယ်။ ပြီးတော့ ထိခိုက် ဒဏ်ရာရရှိတဲ့လူက (၃၁)ဦးရှိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံမှာ လမ်းမတော်တဆမှုတွေဟာ ၂၀၂ဝ ပြည့်နှစ်ကတည်းက မြင့်တက်လာတာလို့လည်း သိရပါတယ်။ ၂ဝ၂၂ ခုနှစ်မှာ ယာဉ်မတော်တဆမှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာပေါင်း (၃၇၇၂၃၁) ခုထိ ရှိခဲ့တယ်လို့ အမျိုးသားစာရင်းအင်း အင်စတီကျုက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၄)ရက်က San Luis Potosi ပြည်နယ်မှာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး ကလေးငယ် (၄)ဦး အပါအဝင် လူ(၁၀)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဧပြီလ(၂၇)ရက်ကလည်း Oaxaca ပြည်နယ် မှာ ထရပ်ကားတစ်စီးက ရွှေ့ပြောင်းနေထိုင်သူလူအုပ်ကြီးကို ဝင်တိုက်မိခဲ့ပြီး လူ(၃)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
မကၠဆီကိုႏိုင္ငံမွာ ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၄)ဦး ေသဆုံး
Pika (NP News) – ဧၿပီ ၂၉

မကၠဆီကိုႏိုင္ငံမွာ ဧၿပီလ(၂၈)ရက္က ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့တာေၾကာင့္ အနည္းဆုံးလူ(၁၄)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၃၁)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အာဏာပိုင္ေတြကေျပာၾကားခဲ့ပါတယ္။

မကၠဆီကိုျပည္နယ္ မကၠဆီကိုစီးတီးၿမိဳ႕အျပင္ဘက္က လမ္းမႀကီးေပၚမွာ ဘတ္စ္ကားတစ္စီး တိမ္းေမွာက္ခဲ့တာ ျဖစ္တယ္လို႔ ေဒသတြင္းလုံၿခဳံေရးအတြင္းေရးမႉး႐ုံးက ေျပာၾကားခဲ့ပါတယ္။

သတင္းရင္းျမစ္တစ္ခုက “အေစာပိုင္းသတင္းေတြအရေတာ့ ေသဆုံးသူက(၁၄)ဦး ရွိပါတယ္။ ၿပီးေတာ့ ထိခိုက္ ဒဏ္ရာရရွိတဲ့လူက (၃၁)ဦးရွိပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။ မကၠဆီကိုႏိုင္ငံမွာ လမ္းမေတာ္တဆမႈေတြဟာ ၂၀၂ဝ ျပည့္ႏွစ္ကတည္းက ျမင့္တက္လာတာလို႔လည္း သိရပါတယ္။ ၂ဝ၂၂ ခုႏွစ္မွာ ယာဥ္မေတာ္တဆမႈနဲ႔ပတ္သက္တဲ့ အစီရင္ခံစာေပါင္း (၃၇၇၂၃၁) ခုထိ ရွိခဲ့တယ္လို႔ အမ်ိဳးသားစာရင္းအင္း အင္စတီက်ဳက ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ(၂၄)ရက္က San Luis Potosi ျပည္နယ္မွာ ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ၿပီး ကေလးငယ္ (၄)ဦး အပါအဝင္ လူ(၁၀)ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ဧၿပီလ(၂၇)ရက္ကလည္း Oaxaca ျပည္နယ္ မွာ ထရပ္ကားတစ္စီးက ေ႐ႊ႕ေျပာင္းေနထိုင္သူလူအုပ္ႀကီးကို ဝင္တိုက္မိခဲ့ၿပီး လူ(၃)ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.