အရှေ့ပိုင်းရှိ ရွာသုံးရွာမှ ယူကရိန်းတပ်များဆုတ်ခွာခဲ့ရပြီး သမ္မတဇာလန်စကီးက လက်နက်များ ပေးပို့ရန် အသနားခံ

 2842

ALynn (NP News) - ဧပြီ ၂၉

တနင်္ဂနွေနေ့ (ဧပြီလ ၂၈ ရက်) တွင် ယူကရိန်းထိပ်တန်းတပ်မှူးကြီးက ယူကရိန်းအရှေ့ပိုင်း စစ်မျက်နှာတွင် ရုရှား တို့နယ်မြေအများအပြားကို သိမ်းပိုက်လာခြင်းကြောင့် ၎င်းတို့၏ တပ်ဖွဲ့များကို အနောက်ပိုင်းသို့ ရွှေ့ပြောင်းခဲ့ရ ကြောင်း ဖော်ပြခဲ့သည်။

ဗိုလ်မှူးချုပ်ကြီး General Oleksandr Syrskyi ၏ ကြေညာချက်သည် ယူကရိန်းအရှေ့ပိုင်းတွင် ယိုယွင်းနေသော ယူကရိန်းတပ်များ၏ အနေအထားကို ထင်ဟပ်စေခဲ့သည်။ ယခုသီတင်းပတ်တွင် အမေရိကန်ဒေါ်လာ ၆၁ ဘီလျံ အကူအညီပေးရေးအစီအစဉ်ကို အတည်ပြုခဲ့ပြီး ၎င်းအစီအစဉ်အောက်တွင်ပါရှိသည့် လက်နက်များ ပေးအပ်ပြီး သည်နှင့် ယူကရိန်းအနေဖြင့် တည်ငြိမ်လာမည်ဟု မျှော်လင့်ထားသော်လည်း အခြေအနေက ထင်သလိုဖြစ် မလာခဲ့ပါ။
သမ္မတ Volodymyr Zelenskyy က ယူကရိန်းသည် ၎င်း၏နယ်မြေများကို ဆက်လက်ထိန်းသိမ်း ထားနိုင်ရန်နှင့် ရုရှားအစီအစဉ်များကို အနှောင့်အယှက်ဖြစ်စေရန် နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များထံ လက်နက်ပေးပို့မှု အရှိန်မြှင့်ရန် အသနားခံစာအသစ် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ၎င်းသည် အမေရိကန်အောက်လွှတ်တော် လူနည်းစု ခေါင်းဆောင် Hakeem Jeffries နှင့် တနင်္ဂနွေနေ့က စကားပြောဆိုခဲ့ပြီး “Patriot စနစ်များကို တတ်နိုင်သမျှအမြန်ဆုံး လိုအပ်ကြောင်း” ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် အနောက်ဘက်ရှိ Berdychi နှင့် Semenivka ရွာများ၊ မြောက်ဘက်ရှိ Avdiivka နှင့် Novomykhailivka တို့တွင် ခြေကုပ်အသစ်များကို ရယူနိုင်ခဲ့ကြောင်း Syrskyi မှ ပြောကြားခဲ့သည်။ "ယေဘုယျ အားဖြင့် ရန်သူသည် ဤနေရာများတွင် နည်းဗျူဟာမြောက် အောင်မြင်မှုအချို့ကို ရရှိခဲ့သော်လည်း စစ်ဆင်ရေး ဆိုင်ရာ အသာစီးတော့ မရရှိနိုင်ပါ" ဟု Syrskyi က ပြောကြားခဲ့သည်။

ယူကရိန်းသည် ရုရှား၏ ထိုးစစ်များကို ရပ်တန့်ရန် အမေရိကန်၏ စစ်ဘက်ဆိုင်ရာအကူအညီများက အရေးကြီး ကြောင်းနှင့် ၎င်းအကူအညီများကိုလည်း စောင့်မျှော်နေကြောင်း ဖော်ပြခဲ့သည်။ ယူကရိန်းထောက်လှမ်းရေး သတင်းရင်းမြစ်တစ်ခုက ရုရှားသည် အမေရိကန်လက်နက်များ ပေးပို့မှုကို နှောင့်ယှက်ရန် နှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးကို ရှုပ်ထွေးစေရန်အတွက် ရှေ့တန်းရှိ ယူကရိန်းရထားလမ်းများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

Zawgyi Version;
အေရွ႕ပိုင္းရွိ ႐ြာသုံး႐ြာမွ ယူကရိန္းတပ္မ်ားဆုတ္ခြာခဲ့ရၿပီး သမၼတဇာလန္စကီးက လက္နက္မ်ား ေပးပို႔ရန္ အသနားခံ
ALynn (NP News) - ဧၿပီ ၂၉

တနဂၤေႏြေန႔ (ဧၿပီလ ၂၈ ရက္) တြင္ ယူကရိန္းထိပ္တန္းတပ္မႉးႀကီးက ယူကရိန္းအေရွ႕ပိုင္း စစ္မ်က္ႏွာတြင္ ႐ုရွား တို႔နယ္ေျမအမ်ားအျပားကို သိမ္းပိုက္လာျခင္းေၾကာင့္ ၎တို႔၏ တပ္ဖြဲ႕မ်ားကို အေနာက္ပိုင္းသို႔ ေ႐ႊ႕ေျပာင္းခဲ့ရ ေၾကာင္း ေဖာ္ျပခဲ့သည္။

ဗိုလ္မႉးခ်ဳပ္ႀကီး General Oleksandr Syrskyi ၏ ေၾကညာခ်က္သည္ ယူကရိန္းအေရွ႕ပိုင္းတြင္ ယိုယြင္းေနေသာ ယူကရိန္းတပ္မ်ား၏ အေနအထားကို ထင္ဟပ္ေစခဲ့သည္။ ယခုသီတင္းပတ္တြင္ အေမရိကန္ေဒၚလာ ၆၁ ဘီလ်ံ အကူအညီေပးေရးအစီအစဥ္ကို အတည္ျပဳခဲ့ၿပီး ၎အစီအစဥ္ေအာက္တြင္ပါရွိသည့္ လက္နက္မ်ား ေပးအပ္ၿပီး သည္ႏွင့္ ယူကရိန္းအေနျဖင့္ တည္ၿငိမ္လာမည္ဟု ေမွ်ာ္လင့္ထားေသာ္လည္း အေျခအေနက ထင္သလိုျဖစ္ မလာခဲ့ပါ။
သမၼတ Volodymyr Zelenskyy က ယူကရိန္းသည္ ၎၏နယ္ေျမမ်ားကို ဆက္လက္ထိန္းသိမ္း ထားႏိုင္ရန္ႏွင့္ ႐ုရွားအစီအစဥ္မ်ားကို အေႏွာင့္အယွက္ျဖစ္ေစရန္ ႏိုင္ငံတကာလုပ္ေဖာ္ကိုင္ဖက္မ်ားထံ လက္နက္ေပးပို႔မႈ အရွိန္ျမႇင့္ရန္ အသနားခံစာအသစ္ ထုတ္ျပန္ခဲ့သည္။

ထို႔ျပင္ ၎သည္ အေမရိကန္ေအာက္လႊတ္ေတာ္ လူနည္းစု ေခါင္းေဆာင္ Hakeem Jeffries ႏွင့္ တနဂၤေႏြေန႔က စကားေျပာဆိုခဲ့ၿပီး “Patriot စနစ္မ်ားကို တတ္ႏိုင္သမွ်အျမန္ဆုံး လိုအပ္ေၾကာင္း” ေျပာၾကားခဲ့သည္။

ယူကရိန္းတပ္ဖြဲ႕မ်ားသည္ အေနာက္ဘက္ရွိ Berdychi ႏွင့္ Semenivka ႐ြာမ်ား၊ ေျမာက္ဘက္ရွိ Avdiivka ႏွင့္ Novomykhailivka တို႔တြင္ ေျခကုပ္အသစ္မ်ားကို ရယူႏိုင္ခဲ့ေၾကာင္း Syrskyi မွ ေျပာၾကားခဲ့သည္။ "ေယဘုယ် အားျဖင့္ ရန္သူသည္ ဤေနရာမ်ားတြင္ နည္းဗ်ဴဟာေျမာက္ ေအာင္ျမင္မႈအခ်ိဳ႕ကို ရရွိခဲ့ေသာ္လည္း စစ္ဆင္ေရး ဆိုင္ရာ အသာစီးေတာ့ မရရွိႏိုင္ပါ" ဟု Syrskyi က ေျပာၾကားခဲ့သည္။

ယူကရိန္းသည္ ႐ုရွား၏ ထိုးစစ္မ်ားကို ရပ္တန႔္ရန္ အေမရိကန္၏ စစ္ဘက္ဆိုင္ရာအကူအညီမ်ားက အေရးႀကီး ေၾကာင္းႏွင့္ ၎အကူအညီမ်ားကိုလည္း ေစာင့္ေမွ်ာ္ေနေၾကာင္း ေဖာ္ျပခဲ့သည္။ ယူကရိန္းေထာက္လွမ္းေရး သတင္းရင္းျမစ္တစ္ခုက ႐ုရွားသည္ အေမရိကန္လက္နက္မ်ား ေပးပို႔မႈကို ေႏွာင့္ယွက္ရန္ ႏွင့္ စစ္ဘက္ဆိုင္ရာ ေထာက္ပံ့ပို႔ေဆာင္ေရးကို ရႈပ္ေထြးေစရန္အတြက္ ေရွ႕တန္းရွိ ယူကရိန္းရထားလမ္းမ်ားကို ေလေၾကာင္းမွ တိုက္ခိုက္မႈမ်ား ျပဳလုပ္ေနသည္ဟု ႐ိုက္တာသတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.