တွေ့ဆုံမှုအပြီး ပါကစ္စတန်အား ချေးငွေ ၁ ဒသမ ၁ ဘီလျံ ပေးအပ်ရန် IMF သဘောတူခဲ့

 458

ALynn (NP News) - ဧပြီ ၃ဝ

ပါကစ္စတန်နိုင်ငံအနေဖြင့် ပြည်ပငွေကြေးအကူအညီပေါ် မှီခိုအားထားမှုကို လျှော့ချရန် ထဲထဲဝင်ဝင်ပြုပြင် ပြောင်းလဲမှုများ လိုအပ်နေသည်ဟု စီးပွားရေးပညာရှင်များက သတိပေးထားသော်လည်း တနင်္လာနေ့ (ဧပြီလ ၂၉ ရက်) တွင် ပြုလုပ်သော နိုင်ငံတကာငွေချေးငှားသူများ အမှုဆောင်ဘုတ်အဖွဲ့၏ အစည်းအဝေးအပြီးတွင် ပါကစ္စတန်သည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ထံမှ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ ချေးငွေရယူရန် အဆင်သင့်ဖြစ်နေသည်။

တနင်္လာနေ့ ညနှောင်းပိုင်းတွင် ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် IMF တို့က ငွေချေးပေးသူသည် ယမန်နှစ်က သဘောတူညီထားသည့် စုစုပေါင်းချေးငွေဒေါ်လာ ၃ ဘီလျံကို အပြီးသတ် လက်ခံပြီးသည့်အခါ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကို ချက်ချင်းထုတ်ပေးရန် အတည်ပြုခဲ့ကြောင်း သိရသည်။

IMF ၏ ထုတ်ပြန်ချက်တွင် “ပါကစ္စတန်နိုင်ငံအား တည်ငြိမ်အေးချမ်းပြီး ရေရှည်တည်တံ့သော ပြန်လည်ထူထောင် ရေးဆီသို့ ဦးတည်နိုင်ရန် အာဏာပိုင်များအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာရည်မှန်းချက်များကို တင်းတင်းကျပ်ကျပ် ချမှတ်ရမည့်အပြင် ပြင်ပ၏ စီးပွားရေးရိုက်ခတ်မှုများကို ခံနိုင်ရည်ရှိရန် စျေးကွက်တွင် သတ်မှတ်ငွေလဲနှုန်း ထားရှိရန်၊ ပိုမိုခိုင်မာသော တိုးတက်မှုများကို ရရှိရန်အတွက် ဖွဲ့စည်းပုံဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်ရန် လိုအပ်မည်” ဖော်ပြထားသည်။

ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif နဲ့ IMF မန်နေဂျင်း ဒါရိုက်တာ Kristalina Georgieva တို့ သည် တနင်္ဂနွေ နေ့ (ဧပြီလ ၂၈ ရက်) က Riyadh တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်အစည်းအဝေးတွင် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ အထောက်အပံ့များ ပေးခဲ့ခြင်းဖြစ်သည်။ ဧပြီလ ၁၁ ရက်တွင် IMF ထံမှ ချေးယူထားသော ယခင်ချေးငွေသက်တမ်းကုန်ဆုံးတော့မည့်အချိန်တွင် ပါကစ္စတန်အစိုးရက နောက်ထပ်အရန်သင့်အစီအစဉ် (SBA) အတွက် သဘောတူညီချက်အသစ်ကို ရယူခဲ့ခြင်းဖြစ်သည်။

IMF က ချေးငွေအသစ်အတွက် အတည်ပြုပြီး နာရီပိုင်းအကြာတွင် ဝန်ကြီးချုပ် Sharif က ပါကစ္စတန်၏ စီးပွားရေး တည်ငြိမ်မှု တိုးမြင့်လာစေရမည်ဟု အင်္ဂါနေ့ (ဧပြီလ ၃၀ ရက်) က ပြောကြားခဲ့သည်။ ပါကစ္စတန်သည် ဆိုးရွား သောစီးပွားရေး အကျပ်အတည်းကို နှစ်နှစ်ကျော်ကြာအောင် ရုန်းကန်နေရပြီး ၎င်း၏ငွေကြေးဖောင်းပွမှုသည် ၃၈ ရာခိုင်နှုန်းနီးပါးအထိ ထိုးတက်သွားကာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၎င်း၏ နိုင်ငံခြား အရန်ငွေမှာ ကန်ဒေါ်လာ ၃ ဘီလျံအထိသာ ကျန်ရှိတော့ကြောင်း သိရသည်။

Zawgyi Version;
ေတြ႕ဆုံမႈအၿပီး ပါကစၥတန္အား ေခ်းေငြ ၁ ဒသမ ၁ ဘီလ်ံ ေပးအပ္ရန္ IMF သေဘာတူခဲ့
ALynn (NP News) - ဧၿပီ ၃ဝ

ပါကစၥတန္ႏိုင္ငံအေနျဖင့္ ျပည္ပေငြေၾကးအကူအညီေပၚ မွီခိုအားထားမႈကို ေလွ်ာ့ခ်ရန္ ထဲထဲဝင္ဝင္ျပဳျပင္ ေျပာင္းလဲမႈမ်ား လိုအပ္ေနသည္ဟု စီးပြားေရးပညာရွင္မ်ားက သတိေပးထားေသာ္လည္း တနလၤာေန႔ (ဧၿပီလ ၂၉ ရက္) တြင္ ျပဳလုပ္ေသာ ႏိုင္ငံတကာေငြေခ်းငွားသူမ်ား အမႈေဆာင္ဘုတ္အဖြဲ႕၏ အစည္းအေဝးအၿပီးတြင္ ပါကစၥတန္သည္ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြ အဖြဲ႕ (IMF) ထံမွ ေဒၚလာ ၁ ဒသမ ၁ ဘီလ်ံ ေခ်းေငြရယူရန္ အဆင္သင့္ျဖစ္ေနသည္။

တနလၤာေန႔ ညေႏွာင္းပိုင္းတြင္ ပါကစၥတန္ဘ႑ာေရးဝန္ႀကီးဌာန ႏွင့္ IMF တို႔က ေငြေခ်းေပးသူသည္ ယမန္ႏွစ္က သေဘာတူညီထားသည့္ စုစုေပါင္းေခ်းေငြေဒၚလာ ၃ ဘီလ်ံကို အၿပီးသတ္ လက္ခံၿပီးသည့္အခါ ေဒၚလာ ၁ ဒသမ ၁ ဘီလ်ံကို ခ်က္ခ်င္းထုတ္ေပးရန္ အတည္ျပဳခဲ့ေၾကာင္း သိရသည္။

IMF ၏ ထုတ္ျပန္ခ်က္တြင္ “ပါကစၥတန္ႏိုင္ငံအား တည္ၿငိမ္ေအးခ်မ္းၿပီး ေရရွည္တည္တံ့ေသာ ျပန္လည္ထူေထာင္ ေရးဆီသို႔ ဦးတည္ႏိုင္ရန္ အာဏာပိုင္မ်ားအေနျဖင့္ ဘ႑ာေရးဆိုင္ရာရည္မွန္းခ်က္မ်ားကို တင္းတင္းက်ပ္က်ပ္ ခ်မွတ္ရမည့္အျပင္ ျပင္ပ၏ စီးပြားေရး႐ိုက္ခတ္မႈမ်ားကို ခံႏိုင္ရည္ရွိရန္ ေစ်းကြက္တြင္ သတ္မွတ္ေငြလဲႏႈန္း ထားရွိရန္၊ ပိုမိုခိုင္မာေသာ တိုးတက္မႈမ်ားကို ရရွိရန္အတြက္ ဖြဲ႕စည္းပုံဆိုင္ရာျပဳျပင္ေျပာင္းလဲမႈမ်ားကို က်ယ္က်ယ္ ျပန႔္ျပန႔္လုပ္ေဆာင္ရန္ လိုအပ္မည္” ေဖာ္ျပထားသည္။

ပါကစၥတန္ဝန္ႀကီးခ်ဳပ္ Shehbaz Sharif နဲ႔ IMF မန္ေနဂ်င္း ဒါ႐ိုက္တာ Kristalina Georgieva တို႔ သည္ တနဂၤေႏြ ေန႔ (ဧၿပီလ ၂၈ ရက္) က Riyadh တြင္ က်င္းပသည့္ ကမာၻ႔စီးပြားေရးဖိုရမ္အစည္းအေဝးတြင္ ေတြ႕ဆုံၿပီးေနာက္ ယခုကဲ့သို႔ အေထာက္အပံ့မ်ား ေပးခဲ့ျခင္းျဖစ္သည္။ ဧၿပီလ ၁၁ ရက္တြင္ IMF ထံမွ ေခ်းယူထားေသာ ယခင္ေခ်းေငြသက္တမ္းကုန္ဆုံးေတာ့မည့္အခ်ိန္တြင္ ပါကစၥတန္အစိုးရက ေနာက္ထပ္အရန္သင့္အစီအစဥ္ (SBA) အတြက္ သေဘာတူညီခ်က္အသစ္ကို ရယူခဲ့ျခင္းျဖစ္သည္။

IMF က ေခ်းေငြအသစ္အတြက္ အတည္ျပဳၿပီး နာရီပိုင္းအၾကာတြင္ ဝန္ႀကီးခ်ဳပ္ Sharif က ပါကစၥတန္၏ စီးပြားေရး တည္ၿငိမ္မႈ တိုးျမင့္လာေစရမည္ဟု အဂၤါေန႔ (ဧၿပီလ ၃၀ ရက္) က ေျပာၾကားခဲ့သည္။ ပါကစၥတန္သည္ ဆိုး႐ြား ေသာစီးပြားေရး အက်ပ္အတည္းကို ႏွစ္ႏွစ္ေက်ာ္ၾကာေအာင္ ႐ုန္းကန္ေနရၿပီး ၎၏ေငြေၾကးေဖာင္းပြမႈသည္ ၃၈ ရာခိုင္ႏႈန္းနီးပါးအထိ ထိုးတက္သြားကာ ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ ၎၏ ႏိုင္ငံျခား အရန္ေငြမွာ ကန္ေဒၚလာ ၃ ဘီလ်ံအထိသာ က်န္ရွိေတာ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.