မြန်မာလက်နက်ကိုင်များအတွက် အမေရိကန်အကူအညီက ပြောင်းပြန်ရလဒ် ထွက်ပေါ်ဖွယ်ရှိနေပြီး ပါဝင် ပတ်သက်သူများ ပေးဆပ်ရမှု တန်ဖိုးကြီးမားလိမ့်မည်ဟု ဝါရှင်တန်စစ်ရေးအကြံပေးပုဂ္ဂိုလ် ဝေဖန် (ဘာသာပြန် ဆောင်းပါး)

 48124

Htay Oung (NP News) - ဧပြီ ၃ဝ

လတ်တလောကာလ မြန်မာနိုင်ငံအတွင်း စစ်မြေပြင်ရလဒ်များအရ ခုခံတော်လှန်ရေးတပ်တွေဟာ ၂၀၂၁-ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာရယူခဲ့တဲ့ မြန်မာနစက အစိုးရအပေါ် အောင်မြင်မှု ရရှိနေကြောင်း ညွှန်ပြနေပါတယ်။ ယခုလ စောစောပိုင်းတုန်းက ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ မြဝတီမြို့ကို နစကအစိုးရက ထိန်း ချုပ်ခွင့် ဆုံးရှုံးခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့တွေဟာ အစိုးရရုံးစိုက်ရာ နေပြည်တော်နဲ့ မန္တလေးအနီးရှိ စစ် တက္ကသိုလ်ပစ်မှတ်များကို ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်းများပင် ပြုလုပ်လာခဲ့တယ်လို့ အရှေ့တောင်အာရှမဟာ ဗျူဟာမြောက်နိုင်ငံရဲ့လူမှုနိုင်ငံရေးဖြစ်စဉ်များကို သုံးသပ်နေတဲ့ ဝါရှင်တန်အခြေစိုက် “မြန်မာ့မူဝါဒရေးရာ” လွတ်လပ်သော လေ့လာအကြံပြုသူများအဖွဲ့ စည်းရုံးညှိနှိုင်းရေးမှူးဖြစ်သူ “မိုက်ကယ်_ဟက်” က “နစ်ကီအေး ရှား” ဂျပန်သတင်းစာ ၂ဝ၂၄ ခုနှစ် ဧပြီလ ၂၉ ရက်မှာ ရေးသားပါတယ်။

အခုလိုအချိန်မှာ မြန်မာ့ခုခံတော်လှန်ရေးအပေါ် အနောက်နိုင်ငံများရဲ့ထောက်ခံမှုကို အကဲဖြတ်ဖို့ အသင့်လျော်ဆုံး လို့ ဆိုရမှာဖြစ်ပါတယ်။ ပဋိပက္ခများဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အင်အားကောင်း လာစေခဲ့ပါ တယ်။ အဲဒီအဖွဲ့အများစုတို့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်းက (မြန်မာပြည်သူတို့ ရည်မျှော်ခဲ့ကြတဲ့) ဒီမိုကရေစီထက် လူမျိုးရေးဝါဒအပေါ် ပိုမိုဇောင်းပေးသူများဖြစ်ပါတယ်။ ဒီအဖွဲ့တွေကို ဘယ်လိုကိုင်တွယ်မလဲဆို တာဟာ အမေရိကန်အစိုးရအတွက် အဓိကသော့ချက်ဖြစ်ပါတယ်။ ဒီမိုကရေစီကို မြှင့်တင်တာထက် အသက် အိုးအိမ်များ ပျက်စီးဆုံးရှုံစေပြီး သဘောထားကွဲလွဲမှုတွေကို ပိုမိုဆိုးရွားလာစေမယ့် အကူအညီပေးရေးမူဝါဒတွေကို အကောင်အထည်ဖော် သင့်-မသင့် ဆိုတာ စဉ်းစားရပါလိမ့်မယ်။

လူနေထူထပ်ရာ အချက်အချာဧရိယာများကို ဆက်လက်ထိန်းချုပ်နေတဲ့ နစက အစိုးရပြိုကွဲမှုကို အမေရိကန် အနေနဲ့ လောင်းကစားမပြုနိုင်ပါ။ အထူးသဖြင့် အမေရိကန်အစိုးရအဆက်ဆက်ဟာ ဆီးရီးယားပြည်တွင်း စစ်မှာ အချည်းအနှီးအတွေ့အကြုံများကို တစ်ပြုံတစ်ခေါင်းကြီး ရရှိခဲ့ပြီးနောက် (အာဏာရှင်ဖယ်ရှားရေး ခုခံတော် လှန်သူများအပေါ်) စစ်ရေးအကူအညီများ ပေးအပ်ခြင်းမှ ရပ်တန့်ထားခဲ့ပါတယ်။ သို့သော် အဲဒီစည်းကမ်း ချက်ကို ရှောင်လွှဲလိုတဲ့ (ဂျိုးဘိုင်ဒင်အစိုးရရဲ့) မြန်မာနိုင်ငံမှာ “အသက်အန္တရာယ်မရှိတဲ့ အကူအညီများ” လို့ ခေါင်စဉ်တပ် လာခြင်းဟာ ထွက်ပေါ်လာနိုင်တဲ့ ရလဒ်နဲ့ပတ်သက်ပြီး အန္တရာယ်များ လှပါတယ်။

ပြီးခဲ့တဲ့လ အမေရိကန်ကွန်ဂရက်လွှတ်တော်က အတည်ပြုပေးခဲ့တဲ့ ဒေါ်လာ ၁.၂ ထရီလီယံ ရန်ပုံငွေအစီအစဉ်မှာ ယခုဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံအတွက် လျာထားချက် ၂၃ ရာခိုင်နှုန်း ဒေါ်လာ ၁၆၇ သန်းအထိ တိုးမြှင့်ထားပါ တယ်။ ချဲ့ထွင်သတ်မှတ်လိုက်တဲ့ ငွေကြေးများမှာ နယ်စပ်ဖြတ်ကျော်အကူအညီအတွက် အမေရိကန်ဒေါ်လာ ၇၅ သန်း၊ နစကအစိုးရအပေါ် ပုန်ကန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDFs များကို အသက်အန္တရာယ်ထိခိုက်စေခြင်းမရှိသော ဝတ္ထုပစ္စည်းများအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၂၅ သန်း ပါဝင်နေပါတယ်။

ဒါကိစ္စမှာ အမေရိကန်အစိုးရဟာ ယခင် ချီးပေနေတဲ့ ပုဆိုးဟောင်းကြီးကို ပြန်ဝတ်လာခြင်းဖြစ်ပါတယ်။ (အေးချမ်း စွာ ဆန္ဒပြသူများအပေါ် လက်နက်အသုံးပြု ဖြိုခွင်းတယ်လို့ ရှု့မြင်ရာမှ ဖြစ်ပေါ်လာတဲ့) ဆီရီးယားပြည်တွင်းစစ်မှာ တော်လှန်ရေးသမားများကို ငွေကြေးထောက်ပံ့စဉ် “လူသေဆုံးစေခြင်း မရှိသော” ဆိုတဲ့ စကားလုံး လှလှလေးလို ချေးးယူ အသုံးပြုထားပါတယ်။ အဲဒီဝေါဟာရကို ထပ်ဆင့်ရှင်းလင်းရရင် စစ်သုံးချပ် ဝတ်တန်ဆာများ၊ စစ်ရေး အချက်အလက်သတင်းထောက်လှမ်း စုဆောင်းခြင်းများပါဝင်နေပြီး နောက်ဆုံးပိတ် သေစေတတ်တဲ့ လက်နက် ကိရိယာများကို လျှို့ဝှက်ဖြန့်ကျက်ခြင်းအထိ ဦးတည်သွားနေပါတယ်။
အမေရိကန်လုပ်ရပ်ရဲ့လက်ငင်းအကျိုးသက်ရောက်မှုဟာ (မြန်မာပြည်တွင်းစစ်) ပဋိပက္ခမှာ ဝါရှင်တန်ရဲ့ပါဝင် ပတ်သက်မှုကို ပြင်းထန်လာစေပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံများအတွက် ဒေါသအမျက် ချောင်းချောင်းထွက်စရာ ရှိပါတယ်။

တရုတ်နိုင်ငံဟာ နစကအစိုးရကိုရော လက်နက်ကိုင်အဖွဲ့အများအပြားကိုပါ ဆက်ဆံခြင်းဖြင့် ဒေသတွင်းနဲ့ မြန်မာ နယ်စပ်တလျောက် သူ့ရဲ့အကျိုးစီးပွားကို ကာကွယ်ရင်းစခန်းများကို ဝါးမြိုဖို့ ကြိုးစားနေပါတယ်။ အိန္ဒိ ယနဲ့ထိုင်းတို့ကတော့ နစကရဲ့အုပ်ချုပ်ရေးကို လက်ခံထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့နယ်စပ်များကို ဖြတ်ကျော် ပြီး လက်နက်များနဲ့တိုက်ခိုက်ရေးသမားများက ကူးချည်သန်းချည် လုပ်နေပါတယ်။ အဲဒီနိုင်ငံအားလုံးမှာ ဘုံတူညီ တဲ့အချက်ကတော့ အရှုတ်ပုံကြီးထဲ အမေရိကန်ပါဝင်ပတ်သက်ခြင်းဖြင့် အမှုကြီးလာမှာကို ဘယ်နိုင်ငံကမှ မမြင်လို ခြင်းပဲဖြစ်ပါတယ်။

သေစေခြင်း မရှိသော အကူအညီပေးရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ကိစ္စဟာ ဗျူရိုက ရက်ဆန်ဆန် အမေရိကန်အရာရှိများအတွက်လည်း ခေါင်းကိုက်စေမှာဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ပင်လယ်ရပ်ခြား တိုင်းပြည်များရဲ့ဒီမိုကရေစီအရေးကိုထောက်ခံရန် သဘောတရားရေးအရ တွန်းအားပေးနေပေမယ့် (အနောက် အုပ်စုက) ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ ဇာတ်ခုံပေါ်မှ ဖယ်ထုတ်စဉ် ဖြစ်ပေါ် လာတဲ့အခြေအနေများထက် ပိုမိုရှုပ်ထွေးနေတယ်လို့ အမေရိကန်နိုင်ငံရေးသမားများက နားလည်ထားပါတယ်။ အင်အားအတောင့်တင်းဆုံး လက်နက်ကိုင်အဖွဲ့များကို “တိုင်းရင်းသားလူမျိုးစု” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သွတ်သွင်းထားခြင်းဖြင့် မြန်မာနိုင်ငံ (အချုပ်အခြာ) နယ်မြေဖွဲ့စည်းတည်ဆောက်ပုံနဲ့ပတ်သက်ပြီး ကာလရှည်ကြာ သဘောကွဲလွဲမှုများကို ခိုင်မာစေပါတယ်။

အခြားတစ်ဖက်မှာလည်း လမ်းပေါ်ဆန္ဒပြပွဲများနဲ့သပိတ်မှောက်သူများကို နစကက ရက်စက်စွာဖြိုခွင်းခဲ့တယ်လို့ လက်တုံ့ပြန်တဲ့အနေနဲ့ မြို့ပြလူငယ်များပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ဖွဲ့စည်းလာပါတယ်။ သူတို့ဟာ လက်နက် (သို့မဟုတ်) စစ်ရေးလေ့ကျင့်မှုမရှိဘဲ စတင်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်များရဲ့ အကူအညီပါဝင်မှသာ သမားရိုးကျစစ်ပွဲကို ဆင်နွှဲနိုင်စွမ်း ရှိခဲ့ကြပါတယ်။
အစိုးရတပ်များ မကြာသေးမီက မြေပြင်ဆုံးရှုံးခဲ့တဲ့ စစ်ကိုင်းအနောက်မြောက်ပိုင်းဒေသ မြို့ပြတိုက်ခိုက်မှုတိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ချင်းအမျိုးသားကာကွယ်ရေးတပ် CND သို့မဟုတ် ၁၉၈၈ ခုနှစ် အရေးတော် ပုံကြီးအပြီးမှာ ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ADSDF တို့က ဦးဆောင် ပါဝင်ခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ အဲဒါတွေကို တာလီစာရင်းကောက်ခဲ့ပါတယ်။ တော်လှန်ရေးနဲ့ ထိတွေ့ဆက်ဆံမှုကို မကြုံစဖူး လူသိရှင်ကြား အသိအမှတ်ပြုတဲ့အနေနဲ့ နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် “ဒဲရက်_ရှိုလက်” ဟာ လက်နက်ကိုင် ကရင်၊ ကချင်၊ ကရင်နီ၊ ချင်းမဟာမိတ်အဖွဲ့ခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံ ကြောင်း ပြီးခဲ့တဲ့လ X ဆိုရှယ်မီဒီယာပလပ်ဖောင်းမှာ ကြေညာခဲ့ပါတယ်။ အဖွဲ့များနဲ့ သူတို့ရဲ့ "မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ထူးထူးခြားခြား ကြိုးပမ်းအားထုတ်မှုများ" အဖြစ် ဂုဏ်ပြုထောပနာစကားလုံးများ ဝေေ၀ဆာဆာနဲ့ ဖော်ပြထားခြင်းဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို မြန်မာ့သူရဲကောင်းသစ်များအဖြစ် ခန့်အပ်ရန် ဝါရှင်တန်က တက်ကြွတဲ့ ကြက်ဖဖြစ်နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်များရဲ့မျိုးနွယ်နဲ့ နယ်မြေအပေါ် အခြေခံတဲ့ အမျိုးသားရေးဝါဒဟာ အမေရိကန်သမ္မတနိုင်ငံရဲ့ အဓိကမဏ္ဍိုင်ဖြစ်တဲ့ “ဉာဏ်အလင်းရရှိမှု တန်ဖိုးများ” နဲ့ အကြီး အကျယ် ကွဲလွဲနေပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်မှန်းပြီး လုပ်ရတယ်ဆိုရင်တောင် ပေကျင်းက နစက ကို ရော တိုင်းရင်းသားလက်နက်ကိုင်များ နှစ်ဖက်လုံးကိုပါ လက်နက်များ ပေးအပ်ထားပြီးဖြစ်လို့ ယခုလို အမေရိကန် ရဲ့ပံ့ပိုးကူညီမှုတွေဟာ ထူးခြားနိုင်ဖွယ် မရှိတဲ့အလုပ်မျိုး ဖြစ်နေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ဒီမိုကရေစီစံနှုန်းများနဲ့ သူတို့အဆင့်အသီးသီးအတွင်းမှာတောင် နိုင်ငံ အတွင်း အများပြည်သူ လိုလားနေတဲ့ ဒီမိုကရေစီအပေါ် သစ္စာခံပုံက အမျိးမျိုး ကွဲပြားနေပါတယ်။ ဒီနေရာမှာ အားမနာတမ်းပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ လူမျိုးစု တစ်စုချင်းစီ လက်ဝါးကြီးအုပ်တဲ့နယ်မြေ (အကွဲကွဲ အပြားပြား) အဖြစ်ကို ဦးတည်သွားနေခြင်းဖြစ်ပါတယ်။
ပြည်ပရောက်မှ အလုပ်အများစုကို လုပ်ဖြစ်နေရတဲ့ ဒီမိုကရေစီလိုလားသူ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ သံခင်းတမန်ခင်းနဲ့ ညွန့်ပေါင်းတည်ဆောက်ရေး အခန်းကဏ္ဍမှာ ပါဝင်နေရပေမယ့် မြန်မာနိုင်ငံအတွင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်များရဲ့အင်အားကို အဓိက အားကိုးနေရပါတယ်။ ဘယ်လိုငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းမှုမျိုးမဆို အဲဒီအင်အားစုများရဲ့ဟန်ချက်မညီမှုက ထင်ဟပ်စေမှာဖြစ်ပြီး လူမျိုးရေးအခြေခံတဲ့ ဒေသန္တရ အုပ်ချုပ်ရေးများ ဖန်တီးမှုကို ဦးတည်သွားဖွယ်ရှိပါတယ်။

ဒီနေရာမှာ ဘယ်နေရာမှ အမေရိကန်ရဲ့အကျိုးစီးပွားအတွက် ရှိမနေပါဘူး။ တိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့များကို ကျောထောက်နောက်ခံပေးခြင်းအားဖြင့် အကြမ်းဖက်မှုများ တိုးမြင့်လာမှုအပေါ် အမေရိကန်ရော မြန်မာအတွက်ပါ အကျိုးအမြတ်ထွက်လာဖွယ် မရှိပါဘူး။ ဒါ့အပြင် တရုတ်ကို ပဋိပက္ခထဲ ဆက် လက် ပါဝင်နေအောင် တွန်းပို့ခြင်းအားဖြင့် အမေရိကန်အတွက် ဘာအထောက်အကူမှ မဖြစ်ပါဘူး။ အရှေ့ တောင်အာရှနိုင်ငံအများစုတို့ဟာ တရုတ်နဲ့ အမေရိကန်ကို ဟန်ချက်ညီအောင် ထိန်းညှိခြင်းမှ အကျိုးကျေးဇူးများ ရရှိနေပေမယ့် မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်မှုနဲ့ သေဆုံးမှုများ ပိုမိုဖြစ်ပွားလာကာ စစ်မီးများ ဆက် လက်တောက်လောင်နေဦးမည်သာဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေးလမ်းစဉ်အဖြစ် နိုင်ငံကို ခွဲထုက်ရန်အချို့က အကြံပြုထားပေမယ့် ချင်းပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ လူမျိုးစု တစ်စုအတွင်းမှာတောင် ကွဲပြားမှုပြဿနာများ ပိုမိုရှုတ်ထွေးလာနိုင်ကြောင်း ပြသနေပါတယ်။

အမှန်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခကို အမြန်ဆုံး ချုပ်ငြိမ်းအောင် ဖြေရှင်းနိုင်ခြင်း မရှိသေးပဲ၊ ရလဒ်များ ကို ထိန်းချုပ်ဖို့ အမေရိကန်ရဲ့ကြိုးပမ်းမှုများဟာ ကျရှုံးဖွယ်ရှိပါတယ်။ စစ်ပွဲများကို ပိုမိုအရှိန်မြှင့်မည့်အစား၊ ဝါရှင်တန်အနေနဲ့ သူ့ရဲ့အရင်းအမြစ်များကို လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့ မြန်မာနိုင်ငံရှိ အရပ် ဘက်လူ့အဖွဲ့အစည်းများ ခိုင်မာအားကောင်းလာစေရန်အတွက်သာ အသုံးပြုသင့်ပါတယ်။

#မြန်မာနိုင်ငံပြည်တွင်းစစ်အရှိန်မြင့်လာခြင်းနှင့်_အမေရိကန်အကူအညီ #NDAA
(Nikkei Asia., 29 April 2024,” U.S. 'nonlethal' aid for Myanmar's ethnic armies likely to backfire” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ျမန္မာလက္နက္ကိုင္မ်ားအတြက္ အေမရိကန္အကူအညီက ေျပာင္းျပန္ရလဒ္ ထြက္ေပၚဖြယ္ရွိေနၿပီး ပါဝင္ ပတ္သက္သူမ်ား ေပးဆပ္ရမႈ တန္ဖိုးႀကီးမားလိမ့္မည္ဟု ဝါရွင္တန္စစ္ေရးအႀကံေပးပုဂၢိဳလ္ ေဝဖန္ (ဘာသာျပန္ ေဆာင္းပါး)
Htay Oung (NP News) - ဧၿပီ ၃ဝ

လတ္တေလာကာလ ျမန္မာႏိုင္ငံအတြင္း စစ္ေျမျပင္ရလဒ္မ်ားအရ ခုခံေတာ္လွန္ေရးတပ္ေတြဟာ ၂၀၂၁-ခုႏွစ္ ေဖေဖာ္ဝါရီလမွာ အာဏာရယူခဲ့တဲ့ ျမန္မာနစက အစိုးရအေပၚ ေအာင္ျမင္မႈ ရရွိေနေၾကာင္း ၫႊန္ျပေနပါတယ္။ ယခုလ ေစာေစာပိုင္းတုန္းက ထိုင္းနယ္စပ္ ကုန္သြယ္ေရးစခန္းတစ္ခုျဖစ္တဲ့ ျမဝတီၿမိဳ႕ကို နစကအစိုးရက ထိန္း ခ်ဳပ္ခြင့္ ဆုံးရႈံးခဲ့ပါတယ္။ ေတာ္လွန္ေရးအဖြဲ႕ေတြဟာ အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတာ္နဲ႔ မႏၲေလးအနီးရွိ စစ္ တကၠသိုလ္ပစ္မွတ္မ်ားကို ဒ႐ုန္းအသုံးျပဳ တိုက္ခိုက္ျခင္းမ်ားပင္ ျပဳလုပ္လာခဲ့တယ္လို႔ အေရွ႕ေတာင္အာရွမဟာ ဗ်ဴဟာေျမာက္ႏိုင္ငံရဲ႕လူမႈႏိုင္ငံေရးျဖစ္စဥ္မ်ားကို သုံးသပ္ေနတဲ့ ဝါရွင္တန္အေျခစိုက္ “ျမန္မာ့မူဝါဒေရးရာ” လြတ္လပ္ေသာ ေလ့လာအႀကံျပဳသူမ်ားအဖြဲ႕ စည္း႐ုံးညႇိႏႈိင္းေရးမႉးျဖစ္သူ “မိုက္ကယ္_ဟက္” က “နစ္ကီေအး ရွား” ဂ်ပန္သတင္းစာ ၂ဝ၂၄ ခုႏွစ္ ဧၿပီလ ၂၉ ရက္မွာ ေရးသားပါတယ္။

အခုလိုအခ်ိန္မွာ ျမန္မာ့ခုခံေတာ္လွန္ေရးအေပၚ အေနာက္ႏိုင္ငံမ်ားရဲ႕ေထာက္ခံမႈကို အကဲျဖတ္ဖို႔ အသင့္ေလ်ာ္ဆုံး လို႔ ဆိုရမွာျဖစ္ပါတယ္။ ပဋိပကၡမ်ားဟာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားကို အင္အားေကာင္း လာေစခဲ့ပါ တယ္။ အဲဒီအဖြဲ႕အမ်ားစုတို႔ဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္မ်ားအတြင္းက (ျမန္မာျပည္သူတို႔ ရည္ေမွ်ာ္ခဲ့ၾကတဲ့) ဒီမိုကေရစီထက္ လူမ်ိဳးေရးဝါဒအေပၚ ပိုမိုေဇာင္းေပးသူမ်ားျဖစ္ပါတယ္။ ဒီအဖြဲ႕ေတြကို ဘယ္လိုကိုင္တြယ္မလဲဆို တာဟာ အေမရိကန္အစိုးရအတြက္ အဓိကေသာ့ခ်က္ျဖစ္ပါတယ္။ ဒီမိုကေရစီကို ျမႇင့္တင္တာထက္ အသက္ အိုးအိမ္မ်ား ပ်က္စီးဆုံးရႈံေစၿပီး သေဘာထားကြဲလြဲမႈေတြကို ပိုမိုဆိုး႐ြားလာေစမယ့္ အကူအညီေပးေရးမူဝါဒေတြကို အေကာင္အထည္ေဖာ္ သင့္-မသင့္ ဆိုတာ စဥ္းစားရပါလိမ့္မယ္။

လူေနထူထပ္ရာ အခ်က္အခ်ာဧရိယာမ်ားကို ဆက္လက္ထိန္းခ်ဳပ္ေနတဲ့ နစက အစိုးရၿပိဳကြဲမႈကို အေမရိကန္ အေနနဲ႔ ေလာင္းကစားမျပဳႏိုင္ပါ။ အထူးသျဖင့္ အေမရိကန္အစိုးရအဆက္ဆက္ဟာ ဆီးရီးယားျပည္တြင္း စစ္မွာ အခ်ည္းအႏွီးအေတြ႕အႀကဳံမ်ားကို တစ္ၿပဳံတစ္ေခါင္းႀကီး ရရွိခဲ့ၿပီးေနာက္ (အာဏာရွင္ဖယ္ရွားေရး ခုခံေတာ္ လွန္သူမ်ားအေပၚ) စစ္ေရးအကူအညီမ်ား ေပးအပ္ျခင္းမွ ရပ္တန႔္ထားခဲ့ပါတယ္။ သို႔ေသာ္ အဲဒီစည္းကမ္း ခ်က္ကို ေရွာင္လႊဲလိုတဲ့ (ဂ်ိဳးဘိုင္ဒင္အစိုးရရဲ႕) ျမန္မာႏိုင္ငံမွာ “အသက္အႏၲရာယ္မရွိတဲ့ အကူအညီမ်ား” လို႔ ေခါင္စဥ္တပ္ လာျခင္းဟာ ထြက္ေပၚလာႏိုင္တဲ့ ရလဒ္နဲ႔ပတ္သက္ၿပီး အႏၲရာယ္မ်ား လွပါတယ္။

ၿပီးခဲ့တဲ့လ အေမရိကန္ကြန္ဂရက္လႊတ္ေတာ္က အတည္ျပဳေပးခဲ့တဲ့ ေဒၚလာ ၁.၂ ထရီလီယံ ရန္ပုံေငြအစီအစဥ္မွာ ယခုဘ႑ာေရးႏွစ္ ျမန္မာႏိုင္ငံအတြက္ လ်ာထားခ်က္ ၂၃ ရာခိုင္ႏႈန္း ေဒၚလာ ၁၆၇ သန္းအထိ တိုးျမႇင့္ထားပါ တယ္။ ခ်ဲ႕ထြင္သတ္မွတ္လိုက္တဲ့ ေငြေၾကးမ်ားမွာ နယ္စပ္ျဖတ္ေက်ာ္အကူအညီအတြက္ အေမရိကန္ေဒၚလာ ၇၅ သန္း၊ နစကအစိုးရအေပၚ ပုန္ကန္တိုက္ခိုက္ေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ EAOs မ်ား၊ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ PDFs မ်ားကို အသက္အႏၲရာယ္ထိခိုက္ေစျခင္းမရွိေသာ ဝတၳဳပစၥည္းမ်ားအတြက္ ေထာက္ပံ့ေငြ ေဒၚလာ ၂၅ သန္း ပါဝင္ေနပါတယ္။

ဒါကိစၥမွာ အေမရိကန္အစိုးရဟာ ယခင္ ခ်ီးေပေနတဲ့ ပုဆိုးေဟာင္းႀကီးကို ျပန္ဝတ္လာျခင္းျဖစ္ပါတယ္။ (ေအးခ်မ္း စြာ ဆႏၵျပသူမ်ားအေပၚ လက္နက္အသုံးျပဳ ၿဖိဳခြင္းတယ္လို႔ ရႈ႕ျမင္ရာမွ ျဖစ္ေပၚလာတဲ့) ဆီရီးယားျပည္တြင္းစစ္မွာ ေတာ္လွန္ေရးသမားမ်ားကို ေငြေၾကးေထာက္ပံ့စဥ္ “လူေသဆုံးေစျခင္း မရွိေသာ” ဆိုတဲ့ စကားလုံး လွလွေလးလို ေခ်းးယူ အသုံးျပဳထားပါတယ္။ အဲဒီေဝါဟာရကို ထပ္ဆင့္ရွင္းလင္းရရင္ စစ္သုံးခ်ပ္ ဝတ္တန္ဆာမ်ား၊ စစ္ေရး အခ်က္အလက္သတင္းေထာက္လွမ္း စုေဆာင္းျခင္းမ်ားပါဝင္ေနၿပီး ေနာက္ဆုံးပိတ္ ေသေစတတ္တဲ့ လက္နက္ ကိရိယာမ်ားကို လွ်ိဳ႕ဝွက္ျဖန႔္က်က္ျခင္းအထိ ဦးတည္သြားေနပါတယ္။
အေမရိကန္လုပ္ရပ္ရဲ႕လက္ငင္းအက်ိဳးသက္ေရာက္မႈဟာ (ျမန္မာျပည္တြင္းစစ္) ပဋိပကၡမွာ ဝါရွင္တန္ရဲ႕ပါဝင္ ပတ္သက္မႈကို ျပင္းထန္လာေစၿပီး ျမန္မာ့အိမ္နီးခ်င္းႏိုင္ငံမ်ားအတြက္ ေဒါသအမ်က္ ေခ်ာင္းေခ်ာင္းထြက္စရာ ရွိပါတယ္။

တ႐ုတ္ႏိုင္ငံဟာ နစကအစိုးရကိုေရာ လက္နက္ကိုင္အဖြဲ႕အမ်ားအျပားကိုပါ ဆက္ဆံျခင္းျဖင့္ ေဒသတြင္းနဲ႔ ျမန္မာ နယ္စပ္တေလ်ာက္ သူ႔ရဲ႕အက်ိဳးစီးပြားကို ကာကြယ္ရင္းစခန္းမ်ားကို ဝါးၿမိဳဖို႔ ႀကိဳးစားေနပါတယ္။ အိႏၵိ ယနဲ႔ထိုင္းတို႔ကေတာ့ နစကရဲ႕အုပ္ခ်ဳပ္ေရးကို လက္ခံထားပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕နယ္စပ္မ်ားကို ျဖတ္ေက်ာ္ ၿပီး လက္နက္မ်ားနဲ႔တိုက္ခိုက္ေရးသမားမ်ားက ကူးခ်ည္သန္းခ်ည္ လုပ္ေနပါတယ္။ အဲဒီႏိုင္ငံအားလုံးမွာ ဘုံတူညီ တဲ့အခ်က္ကေတာ့ အရႈတ္ပုံႀကီးထဲ အေမရိကန္ပါဝင္ပတ္သက္ျခင္းျဖင့္ အမႈႀကီးလာမွာကို ဘယ္ႏိုင္ငံကမွ မျမင္လို ျခင္းပဲျဖစ္ပါတယ္။

ေသေစျခင္း မရွိေသာ အကူအညီေပးေရးအစီအစဥ္ကို အေကာင္အထည္ေဖာ္ဖို႔ကိစၥဟာ ဗ်ဴ႐ိုက ရက္ဆန္ဆန္ အေမရိကန္အရာရွိမ်ားအတြက္လည္း ေခါင္းကိုက္ေစမွာျဖစ္ပါတယ္။ အေမရိကန္အေနနဲ႔ ပင္လယ္ရပ္ျခား တိုင္းျပည္မ်ားရဲ႕ဒီမိုကေရစီအေရးကိုေထာက္ခံရန္ သေဘာတရားေရးအရ တြန္းအားေပးေနေပမယ့္ (အေနာက္ အုပ္စုက) ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံတကာ ဇာတ္ခုံေပၚမွ ဖယ္ထုတ္စဥ္ ျဖစ္ေပၚ လာတဲ့အေျခအေနမ်ားထက္ ပိုမိုရႈပ္ေထြးေနတယ္လို႔ အေမရိကန္ႏိုင္ငံေရးသမားမ်ားက နားလည္ထားပါတယ္။ အင္အားအေတာင့္တင္းဆုံး လက္နက္ကိုင္အဖြဲ႕မ်ားကို “တိုင္းရင္းသားလူမ်ိဳးစု” ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ သြတ္သြင္းထားျခင္းျဖင့္ ျမန္မာႏိုင္ငံ (အခ်ဳပ္အျခာ) နယ္ေျမဖြဲ႕စည္းတည္ေဆာက္ပုံနဲ႔ပတ္သက္ၿပီး ကာလရွည္ၾကာ သေဘာကြဲလြဲမႈမ်ားကို ခိုင္မာေစပါတယ္။

အျခားတစ္ဖက္မွာလည္း လမ္းေပၚဆႏၵျပပြဲမ်ားနဲ႔သပိတ္ေမွာက္သူမ်ားကို နစကက ရက္စက္စြာၿဖိဳခြင္းခဲ့တယ္လို႔ လက္တုံ႔ျပန္တဲ့အေနနဲ႔ ၿမိဳ႕ျပလူငယ္မ်ားပါဝင္တဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF မ်ား ဖြဲ႕စည္းလာပါတယ္။ သူတို႔ဟာ လက္နက္ (သို႔မဟုတ္) စစ္ေရးေလ့က်င့္မႈမရွိဘဲ စတင္ခဲ့ၿပီး တိုင္းရင္းသားလက္နက္ကိုင္တပ္မ်ားရဲ႕ အကူအညီပါဝင္မွသာ သမား႐ိုးက်စစ္ပြဲကို ဆင္ႏႊဲႏိုင္စြမ္း ရွိခဲ့ၾကပါတယ္။
အစိုးရတပ္မ်ား မၾကာေသးမီက ေျမျပင္ဆုံးရႈံးခဲ့တဲ့ စစ္ကိုင္းအေနာက္ေျမာက္ပိုင္းေဒသ ၿမိဳ႕ျပတိုက္ခိုက္မႈတိုင္းမွာ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA၊ ခ်င္းအမ်ိဳးသားကာကြယ္ေရးတပ္ CND သို႔မဟုတ္ ၁၉၈၈ ခုႏွစ္ အေရးေတာ္ ပုံႀကီးအၿပီးမွာ ဖြဲ႕စည္းခဲ့တဲ့ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး ADSDF တို႔က ဦးေဆာင္ ပါဝင္ခဲ့ပါတယ္။

အေမရိကန္အစိုးရဟာ အဲဒါေတြကို တာလီစာရင္းေကာက္ခဲ့ပါတယ္။ ေတာ္လွန္ေရးနဲ႔ ထိေတြ႕ဆက္ဆံမႈကို မႀကဳံစဖူး လူသိရွင္ၾကား အသိအမွတ္ျပဳတဲ့အေနနဲ႔ ႏိုင္ငံျခားေရးဌာန အတိုင္ပင္ခံပုဂၢိဳလ္ “ဒဲရက္_ရႈိလက္” ဟာ လက္နက္ကိုင္ ကရင္၊ ကခ်င္၊ ကရင္နီ၊ ခ်င္းမဟာမိတ္အဖြဲ႕ေခါင္းေဆာင္မ်ားနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ အဲဒီလိုေတြ႕ဆုံ ေၾကာင္း ၿပီးခဲ့တဲ့လ X ဆိုရွယ္မီဒီယာပလပ္ေဖာင္းမွာ ေၾကညာခဲ့ပါတယ္။ အဖြဲ႕မ်ားနဲ႔ သူတို႔ရဲ႕ "ျမန္မာႏိုင္ငံ ဖက္ဒရယ္ဒီမိုကေရစီရရွိေရး ထူးထူးျခားျခား ႀကိဳးပမ္းအားထုတ္မႈမ်ား" အျဖစ္ ဂုဏ္ျပဳေထာပနာစကားလုံးမ်ား ေဝေ၀ဆာဆာနဲ႔ ေဖာ္ျပထားျခင္းျဖစ္ပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို ျမန္မာ့သူရဲေကာင္းသစ္မ်ားအျဖစ္ ခန႔္အပ္ရန္ ဝါရွင္တန္က တက္ႂကြတဲ့ ၾကက္ဖျဖစ္ေနပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္မ်ားရဲ႕မ်ိဳးႏြယ္နဲ႔ နယ္ေျမအေပၚ အေျခခံတဲ့ အမ်ိဳးသားေရးဝါဒဟာ အေမရိကန္သမၼတႏိုင္ငံရဲ႕ အဓိကမ႑ိဳင္ျဖစ္တဲ့ “ဉာဏ္အလင္းရရွိမႈ တန္ဖိုးမ်ား” နဲ႔ အႀကီး အက်ယ္ ကြဲလြဲေနပါတယ္။

ျမန္မာႏိုင္ငံမွာ တ႐ုတ္ရဲ႕ၾသဇာလႊမ္းမိုးမႈကို တန္ျပန္ဖို႔ ရည္မွန္းၿပီး လုပ္ရတယ္ဆိုရင္ေတာင္ ေပက်င္းက နစက ကို ေရာ တိုင္းရင္းသားလက္နက္ကိုင္မ်ား ႏွစ္ဖက္လုံးကိုပါ လက္နက္မ်ား ေပးအပ္ထားၿပီးျဖစ္လို႔ ယခုလို အေမရိကန္ ရဲ႕ပံ့ပိုးကူညီမႈေတြဟာ ထူးျခားႏိုင္ဖြယ္ မရွိတဲ့အလုပ္မ်ိဳး ျဖစ္ေနပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားရဲ႕ ဒီမိုကေရစီစံႏႈန္းမ်ားနဲ႔ သူတို႔အဆင့္အသီးသီးအတြင္းမွာေတာင္ ႏိုင္ငံ အတြင္း အမ်ားျပည္သူ လိုလားေနတဲ့ ဒီမိုကေရစီအေပၚ သစၥာခံပုံက အမ်ိးမ်ိဳး ကြဲျပားေနပါတယ္။ ဒီေနရာမွာ အားမနာတမ္းေျပာရမယ္ဆိုရင္ ျမန္မာႏိုင္ငံဟာ လူမ်ိဳးစု တစ္စုခ်င္းစီ လက္ဝါးႀကီးအုပ္တဲ့နယ္ေျမ (အကြဲကြဲ အျပားျပား) အျဖစ္ကို ဦးတည္သြားေနျခင္းျဖစ္ပါတယ္။
ျပည္ပေရာက္မွ အလုပ္အမ်ားစုကို လုပ္ျဖစ္ေနရတဲ့ ဒီမိုကေရစီလိုလားသူ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ဟာ သံခင္းတမန္ခင္းနဲ႔ ၫြန႔္ေပါင္းတည္ေဆာက္ေရး အခန္းက႑မွာ ပါဝင္ေနရေပမယ့္ ျမန္မာႏိုင္ငံအတြင္းမွာေတာ့ တိုင္းရင္းသားလက္နက္ကိုင္တပ္မ်ားရဲ႕အင္အားကို အဓိက အားကိုးေနရပါတယ္။ ဘယ္လိုၿငိမ္းခ်မ္းေရး ေစ့စပ္ ညႇိႏႈိင္းမႈမ်ိဳးမဆို အဲဒီအင္အားစုမ်ားရဲ႕ဟန္ခ်က္မညီမႈက ထင္ဟပ္ေစမွာျဖစ္ၿပီး လူမ်ိဳးေရးအေျခခံတဲ့ ေဒသႏၲရ အုပ္ခ်ဳပ္ေရးမ်ား ဖန္တီးမႈကို ဦးတည္သြားဖြယ္ရွိပါတယ္။

ဒီေနရာမွာ ဘယ္ေနရာမွ အေမရိကန္ရဲ႕အက်ိဳးစီးပြားအတြက္ ရွိမေနပါဘူး။ တိုက္ပြဲမွာ ဝင္ေရာက္တိုက္ခိုက္ေနတဲ့ လက္နက္ကိုင္အဖြဲ႕မ်ားကို ေက်ာေထာက္ေနာက္ခံေပးျခင္းအားျဖင့္ အၾကမ္းဖက္မႈမ်ား တိုးျမင့္လာမႈအေပၚ အေမရိကန္ေရာ ျမန္မာအတြက္ပါ အက်ိဳးအျမတ္ထြက္လာဖြယ္ မရွိပါဘူး။ ဒါ့အျပင္ တ႐ုတ္ကို ပဋိပကၡထဲ ဆက္ လက္ ပါဝင္ေနေအာင္ တြန္းပို႔ျခင္းအားျဖင့္ အေမရိကန္အတြက္ ဘာအေထာက္အကူမွ မျဖစ္ပါဘူး။ အေရွ႕ ေတာင္အာရွႏိုင္ငံအမ်ားစုတို႔ဟာ တ႐ုတ္နဲ႔ အေမရိကန္ကို ဟန္ခ်က္ညီေအာင္ ထိန္းညႇိျခင္းမွ အက်ိဳးေက်းဇူးမ်ား ရရွိေနေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ အၾကမ္းဖက္မႈနဲ႔ ေသဆုံးမႈမ်ား ပိုမိုျဖစ္ပြားလာကာ စစ္မီးမ်ား ဆက္ လက္ေတာက္ေလာင္ေနဦးမည္သာျဖစ္ပါတယ္။ ထာဝရၿငိမ္းခ်မ္းေရးလမ္းစဥ္အျဖစ္ ႏိုင္ငံကို ခြဲထုက္ရန္အခ်ိဳ႕က အႀကံျပဳထားေပမယ့္ ခ်င္းျပည္နယ္အတြင္း လတ္တေလာျဖစ္ပြားေနတဲ့ အၾကမ္းဖက္မႈေတြဟာ လူမ်ိဳးစု တစ္စုအတြင္းမွာေတာင္ ကြဲျပားမႈျပႆနာမ်ား ပိုမိုရႈတ္ေထြးလာႏိုင္ေၾကာင္း ျပသေနပါတယ္။

အမွန္ကေတာ့ လက္ရွိျဖစ္ပြားေနတဲ့ ပဋိပကၡကို အျမန္ဆုံး ခ်ဳပ္ၿငိမ္းေအာင္ ေျဖရွင္းႏိုင္ျခင္း မရွိေသးပဲ၊ ရလဒ္မ်ား ကို ထိန္းခ်ဳပ္ဖို႔ အေမရိကန္ရဲ႕ႀကိဳးပမ္းမႈမ်ားဟာ က်ရႈံးဖြယ္ရွိပါတယ္။ စစ္ပြဲမ်ားကို ပိုမိုအရွိန္ျမႇင့္မည့္အစား၊ ဝါရွင္တန္အေနနဲ႔ သူ႔ရဲ႕အရင္းအျမစ္မ်ားကို လူသားခ်င္းစာနာေထာက္ထားမႈအကူအညီနဲ႔ ျမန္မာႏိုင္ငံရွိ အရပ္ ဘက္လူ႔အဖြဲ႕အစည္းမ်ား ခိုင္မာအားေကာင္းလာေစရန္အတြက္သာ အသုံးျပဳသင့္ပါတယ္။

#ျမန္မာႏိုင္ငံျပည္တြင္းစစ္အရွိန္ျမင့္လာျခင္းႏွင့္_အေမရိကန္အကူအညီ #NDAA
(Nikkei Asia., 29 April 2024,” U.S. 'nonlethal' aid for Myanmar's ethnic armies likely to backfire” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.