အဆောက်အအုံများကို သိမ်းပိုက်၍ အစ္စရေးစစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြသူတို့ကို ကျောင်းထုတ်ပစ်မည် ဟု ကိုလံဘီယာတက္ကသိုလ် ခြိမ်းခြောက်

 935

Htay Oung (NP News) - မေ ၁

အုပ်ချုပ်ရေးမှူးများနဲ့ ကိုလံဘီယာတက္ကသိုလ်ကျောင်းသားဆန္ဒပြသူများကြား တင်းမာမှုများ ပြင်းထန်လာပြီး တက်ကြွလှုပ်ရှားသူများက ပညာရေးဆိုင်ရာ အဆောက်အအုံများကို သိမ်းပိုက်ကြပါတယ်။ အဲ့ဒီလူတွေကို ကျောင်းထုတ်ပစ်မယ်လို့ တက္ကသိုလ်တာဝန်ရှိသူများက အင်္ဂါနေ့(ဧပြီလ ၃၀ ရက်)မှာ ခြိမ်းခြောက်လိုက်ကြောင်း ရိုက်တာ သတင်းအေဂျင်စီက ယနေ့ (မေလ ၁ ရက်)မှာ ရေးသားပါတယ်။

အင်္ဂါနေ့ သန်းခေါင်ကျော်ပြီး များမကြာမီ ဆန္ဒပြသူတွေဟာ ဟမ်မီလ်တန်ခန်းမ ပြတင်းပေါက်များကို ချိုးဖျက်ပြီး အတွင်းကို ဝင်ရောက်သွားကြပါတယ်။ အဆောက်အအုံမှာလည်း ဂါဇာကမ်းမြောင်ဒေသ အစ္စရေးစစ်တပ်ရဲ့ လက်ချက်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူ ခြောက်နှစ်အရွယ် ပါလက်စတိုင်းကလေးငယ် “ဟိုင်းရာဂျစ်“ ရဲ့ အမည်သင်္ကေတ အဖြစ် “ဟိုင်း_ခန်းမ” ဆိုတဲ့ ဆိုင်းဘုတ်ကို လွှင့်တင်လိုက်ကြပါတယ်။

အမေရိကန်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသားများက ကန့်ကွက်ဆန္ဒပြကြတဲ့ အစဉ်အလာ ရှိခဲ့ဖူးပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်များနောက်ပိုင်း ဗီယက်နမ်စစ်ပွဲဆန့်ကျင်ရေး၊ အမျိုးသမီးလွတ်လပ်ရေးနဲ့ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှု အပါအဝင် ဆန္ဒပြကန့်ကွက်မှုတွေဟာ နိုင်ငံရေးနဲ့အတွေးအခေါ်ပိုင်းဆိုင်ရာ အရေးပါတဲ့ သမိုင်း မှတ်တိုင်များပမာ တည်တန့်လျှက်ရှိပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်များတုန်းက ကျောင်းသားများလုပ်နေကျအတိုင်း ကိုလံဘီယာတက္ကသိုလ် ဆန္ဒပြသူတွေဟာ စာသင်ဆောင်များရဲ့ အပြင်ဘက်မှာ ဝင်ထွက်ပေါက်များကို စားပွဲများဖြင့် ပိတ်ဆို့လိုက်ကြပြီး လက်ချင်းချိတ် တံတိုင်းပုံစံပြုလုပ်ကာ ပါလက်စတိုင်းလိုလားတဲ့ ကြွေးကြော်သံများကို ဟစ်ကြွေခဲ့ကြပါတယ်။

တက္ကသိုလ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဆန္ဒပြသူတွေဟာ မဖြစ်သင့်တဲ့ အခြေအနေတစ်ရပ်ကို အရှိန် မြှင့်တင်ရန် ရွေးချယ်ခဲ့ကြကြောင်း၊ ကျောင်းအနေနဲ့ ထိပ်တန်းဦးစားပေးရမယ့်ကိစ္စက ကျောင်းဝင်းအတွင်း လုံ ခြုံရေးနှင့် ကျောင်းစည်းမျဉ်းစည်းကမ်းများဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

ကျောင်းစည်းကမ်းဖောက်ဖျက်တဲ့ ဆန္ဒပြသူတွေဟာ တက္ကသိုလ်ရဲ့လုပ်ငန်းလည်ပတ်မှုကို အဆုံးစွန်ထိ နှောက် ယှက်လို့ မရကြောင်း၊ ဒီအတိုင်း တရားမဝင်တဲ့ ကိစ္စတွေကို ဆက်လုပ်နေကြရင် အကျိုးဆက်တွေ ဖြစ်ပေါ်လာ လိမ့်မယ်လို့ ပြောရေးဆိုခွင့် ရှိသူရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဆောက်အဦကို သိမ်းပိုက် ထားတဲ့ ကျောင်းသားတွေဟာ ကျောင်းထုတ်ခံရနိုင်တယ်လို့လည်း ပြောပါတယ်။

ဟမ်မီလ်တန်ခန်းမကို သိမ်းပိုက်ထားတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ တောင်းဆိုချက်တွေကို သိရှိရဖို့ ကိုလံဘီ ယာတက္ကသိုလ် အရာရှိတွေက ဖျန်ဖြေသူများမှတဆင့် ဆက်သွယ်ခဲ့တယ်လို့ ကျောင်းသားဆန္ဒပြအုပ်စုများ ညွန့်ပေါင်းအဖွဲ့ရဲ့ ဦးဆောင်ညှိနှိုင်းသူတဦးက ပြောပါတယ်။ သူတို့တွေ စားပွဲဝိုင်းကို ရောက်လာတာနဲ့ တ ပြိုင် နက် တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးနိုင်ကြောင်း၊ ကျောင်းသားတွေရဲ့ တောင်းဆိုမှုကို နားမ ထောင်အတွက် အုပ်ချုပ်မှုနဲ့ ကွဲပြားစွာ လုပ်ဆောင်ခဲ့ရခြင်းဖြစ်တယ်လို့ တက္ကသိုလ်ပရဝုဏ်ရဲ့ ပြင်ပမှာ မာမွတ် ခါလစ်အမည်ရှိ ကျောင်းသားတစ်ဦးက ဆိုပါတယ်။

ကိုလံဘီယာတက္ကသိုလ်ဝင်းအတွင်း ယာယီတဲတွေကို ဖျက်သိမ်းဖို့ ညွှန်ကြားချက်ကို ခါလစ်အပါအဝင် ပါ လက်စတိုင်းလိုလားတဲ့ ကျောင်းသားတက်ကြွလှုပ်ရှားသူတွေက ငြင်းဆန်ခဲ့ပြီးနောက် ဆွေးနွေးပွဲတွေမှာ ရှေ့ မတိုးနောက်မဆုတ်ဖြစ်နေတယ်လို့ ဆန္ဒပြပွဲအဆုံးသတ်ဖို့ ကြိုးပမ်းနေတဲ့ ဘရောင်းယူနီဗာစီတီရဲ့ အဖွဲ့ဝင် ၈-ဦးပါ အိုင်ဗီအဖွဲ့ချုပ်က ကြေညာပါတယ်။ အဲ့ဒီနောက် ကိုလံဘီယာတက္ကသိုလ်ရဲ့ လုပ်ငန်းလည်ပတ်မှုများ တနင်္လာနေ့မှာ စတင်ရပ်ဆိုင်းသွားပါတယ်။

ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးနိုင်ငံက ခင်းကျင်းလျှက်ရှိတဲ့ စစ်ပွဲကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆို ဖို့အတွက် ဆန္ဒပြသူများဖွင့်လှစ်ထားတဲ့ သပိတ်စခန်းပေါင်းများစွာတို့ကို ဖယ်ရှားပေးရန် ကျောင်းသားများနဲ့ ညှိနှိုင်းမှုဟာ အောင်မြင်ခြင်း မရှိကြောင်း ကိုလံဘီယာတက္ကသိုလ်ဥက္ကဋ္ဌဖြစ်သူရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

မန်ဟက်တန်ကျောင်းဝင်း ဆန္ဒပြသူနေသူများက “ကိုလံဘီယာတောင်းဆိုချက်” သုံးခုဖြစ်တဲ့ အစ္စရေးအစိုးရကို ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီများကို ဖျက်သိမ်းပေးရေး၊ တက္ကသိုလ်ရဲ့ လုပ်ငန်းလည်ပတ်မှုမှာ ငွေကြေးဆိုင်ရာ ပွင့်လင်းမြင်သာရေး၊၊ ဆန္ဒပြပွဲများမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားများနဲ့ ဆရာ/ဆရာမများကို အရေး မယူရေးတို့ကို တောင်းဆိုနေကြပါတယ်။

ကမ္ဘာ့တက္ကသိုလ်ကြီးများနဲ့ ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေဟာ အစ္စရေးအပါအဝင် နိုင်ငံအတော်များများမှာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လေ့ရှိပါတယ်။ သူတို့ရဲ့ ဆန်းသစ်နည်းပညာကဏ္ဍကို ဆွဲဆောင်ဖို့၊ ငွေကြေးဆိုင်ရာ ခိုင်မာဖို့နဲ့ လုပ်အားသစ်များကို ကမ်းလှမ်းတဲ့အနေနဲ့ ပြည်ပတိုင်းပြည်များမှာ ရင်းနှီးမြှုပ်နှံလေ့ရှိကြပါတယ်။

ကိုလံဘီယာတက္ကသိုလ်အနေနဲ့ အစ္စရေးနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများမှ နုတ်ထွက်ရန် မဖြစ်နိုင်ကြောင်း၊ အ လားတူ ဂါဇာမှာလည်း ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတို့မှာ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းထားကြောင်း ယခု သီ တင်းပတ်မှာ တက္ကသိုလ်ပြောရေးဆိုခွင့်ရှိသူက ကြေညာခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ ရင်းနှီးမြုပ်နှံမှုများမှာ ပိုမို ပွင့်လင်းမြင်သာစေဖို့အတွက်လည်း ကတိပြုခဲ့ပါတယ်။

ဆန္ဒပြကျောင်းသားများသည် ကိုလံဘီယာတက္ကသိုလ် အဆောက်အအုံ ပရဝုဏ်အတွင်း ဝင်ရောက်ပြီးနောက်၊ အဆောင်နေ ကျောင်းသားများနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ထမ်းများကိုသာ ကျောင်းဝင်းအတွင်း ဝင်ရောက်ခွင့် ပြုခဲ့ပါတယ်။ တက္ကသိုလ်ပရဝုဏ်အတွင်း ဆန္ဒပြသူများ ဝင်ရောက်လာတဲ့အခါ အမှတ်အသား မပါရှိတဲ့ ကား များနဲ့ ရောက်ရှိလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကျောင်းဂိတ်ပေါက်၀ မလှမ်းမကမ်း ကားပေါ်မှာပဲ စောင့်ကြည့် နေ ခဲ့ကြပြီး တစ်စုံတစ်ယောက် ဒဏ်ရာရရှိမှသာ ကျောင်းဝင်းအတွင်း ဝင်ရောက်ကြတယ်လို့ ပြောပါတယ်။

ဂါဇာကမ်းမြောင်နဲ့ ပတ်သက်ပြီ ဆန္ဒပြမှုတွေဟာ အမေရိကန်နိုင်ငံတစ်ဝှမ်းလုံးရှိ တက္ကသိုလ်များမှာ ဖြစ်ပွားနေ ပါတယ်။ သူတို့ရဲ့ အမျက်ဒေါသကို ပြသရန်အတွက် ကျောင်းသားများဟာ ယာယီတဲများထိုးပြီး စခန်းချနေ ကြ ပါတယ်။ ကျောင်းဝင်းများအတွင်း လွတ်လပ်စွာ ပြောဆိုခွင့်အပြင် အမုန်းစကားနဲ့ ပတ်သက်ပြီး ဆွေးနွေး ငြင်း ခုံမှုများ ရှိနေခဲ့ပါတယ်။

တက္ကသိုလ်အသီးသီးမှာ အဆောက်အအုံများကို သိမ်းပိုက်ထားတဲ့ ဆန္ဒပြသူများကို ရဲများက ဖမ်းဆီးခဲ့ပါတယ် လူစုခွဲရာမှာ ငရုတ်ကောင်း စပရေးနဲ့ ဓါတုဗေဒပစ္စည်းများ အသုံးပြုတဲ့အတွက် ရုန်းရင်းဆန်ခတ်မှုများလည်း ဖြစ်ပွားခဲ့ပြီး ကျောင်းအသီးသီးမှာ ဖမ်းဆီးမှုများ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။

ကိုလံဘီယာတက္ကသိုလ်တော့ ပညာရေးဆိုင်ရာ အဆောက်အအုံတစ်ခုကို တက်ကြွလှုပ်ရှားသူများသည် သိမ်း ပိုက်ခဲ့ပြီးနောက် ကျောင်းထုတ်ပစ်မယ်လို့ ကျောင်းတာဝန်ရှိသူများက ခြိမ်းခြောက်လာခြင်း ဖြစ်ပါတယ်။

ယခုသတင်းရေးသားနေစဉ် ကိုလံဘီယာတက္ကသိုလ်အတွင်း ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ပါလက်စတိုင်း လိုလားတဲ့ ဆန္ဒပြသူ အတော်များများကို ဖမ်းဆီးလျက်ကြောင်း သိရှိရပါတယ်။

(Reuters., 1 May 2024, “Columbia University threatens to expel protesters occupying building” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
အေဆာက္အအုံမ်ားကို သိမ္းပိုက္၍ အစၥေရးစစ္တပ္ဆန႔္က်င္ေရး ဆႏၵျပသူတို႔ကို ေက်ာင္းထုတ္ပစ္မည္ ဟု ကိုလံဘီယာတကၠသိုလ္ ၿခိမ္းေျခာက္
Htay Oung (NP News) - ေမ ၁
အုပ္ခ်ဳပ္ေရးမႉးမ်ားနဲ႔ ကိုလံဘီယာတကၠသိုလ္ေက်ာင္းသားဆႏၵျပသူမ်ားၾကား တင္းမာမႈမ်ား ျပင္းထန္လာၿပီး တက္ႂကြလႈပ္ရွားသူမ်ားက ပညာေရးဆိုင္ရာ အေဆာက္အအုံမ်ားကို သိမ္းပိုက္ၾကပါတယ္။ အဲ့ဒီလူေတြကို ေက်ာင္းထုတ္ပစ္မယ္လို႔ တကၠသိုလ္တာဝန္ရွိသူမ်ားက အဂၤါေန႔(ဧၿပီလ ၃၀ ရက္)မွာ ၿခိမ္းေျခာက္လိုက္ေၾကာင္း ႐ိုက္တာ သတင္းေအဂ်င္စီက ယေန႔ (ေမလ ၁ ရက္)မွာ ေရးသားပါတယ္။

အဂၤါေန႔ သန္းေခါင္ေက်ာ္ၿပီး မ်ားမၾကာမီ ဆႏၵျပသူေတြဟာ ဟမ္မီလ္တန္ခန္းမ ျပတင္းေပါက္မ်ားကို ခ်ိဳးဖ်က္ၿပီး အတြင္းကို ဝင္ေရာက္သြားၾကပါတယ္။ အေဆာက္အအုံမွာလည္း ဂါဇာကမ္းေျမာင္ေဒသ အစၥေရးစစ္တပ္ရဲ႕ လက္ခ်က္ေၾကာင့္ အသက္ဆုံးရႈံးခဲ့ရသူ ေျခာက္ႏွစ္အ႐ြယ္ ပါလက္စတိုင္းကေလးငယ္ “ဟိုင္းရာဂ်စ္“ ရဲ႕ အမည္သေကၤတ အျဖစ္ “ဟိုင္း_ခန္းမ” ဆိုတဲ့ ဆိုင္းဘုတ္ကို လႊင့္တင္လိုက္ၾကပါတယ္။

အေမရိကန္ႏိုင္ငံမွာ တကၠသိုလ္ေက်ာင္းသားမ်ားက ကန႔္ကြက္ဆႏၵျပၾကတဲ့ အစဥ္အလာ ရွိခဲ့ဖူးပါတယ္။ ၁၉၆၀ ျပည့္လြန္ႏွစ္မ်ားေနာက္ပိုင္း ဗီယက္နမ္စစ္ပြဲဆန႔္က်င္ေရး၊ အမ်ိဳးသမီးလြတ္လပ္ေရးနဲ႔ ႏိုင္ငံသားအခြင့္အေရး လႈပ္ရွားမႈ အပါအဝင္ ဆႏၵျပကန႔္ကြက္မႈေတြဟာ ႏိုင္ငံေရးနဲ႔အေတြးအေခၚပိုင္းဆိုင္ရာ အေရးပါတဲ့ သမိုင္း မွတ္တိုင္မ်ားပမာ တည္တန႔္လွ်က္ရွိပါတယ္။

၁၉၆၀ ျပည့္လြန္ႏွစ္မ်ားတုန္းက ေက်ာင္းသားမ်ားလုပ္ေနက်အတိုင္း ကိုလံဘီယာတကၠသိုလ္ ဆႏၵျပသူေတြဟာ စာသင္ေဆာင္မ်ားရဲ႕ အျပင္ဘက္မွာ ဝင္ထြက္ေပါက္မ်ားကို စားပြဲမ်ားျဖင့္ ပိတ္ဆို႔လိုက္ၾကၿပီး လက္ခ်င္းခ်ိတ္ တံတိုင္းပုံစံျပဳလုပ္ကာ ပါလက္စတိုင္းလိုလားတဲ့ ေႂကြးေၾကာ္သံမ်ားကို ဟစ္ေႂကြခဲ့ၾကပါတယ္။

တကၠသိုလ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေတာ့ ဆႏၵျပသူေတြဟာ မျဖစ္သင့္တဲ့ အေျခအေနတစ္ရပ္ကို အရွိန္ ျမႇင့္တင္ရန္ ေ႐ြးခ်ယ္ခဲ့ၾကေၾကာင္း၊ ေက်ာင္းအေနနဲ႔ ထိပ္တန္းဦးစားေပးရမယ့္ကိစၥက ေက်ာင္းဝင္းအတြင္း လုံ ၿခဳံေရးႏွင့္ ေက်ာင္းစည္းမ်ဥ္းစည္းကမ္းမ်ားျဖစ္တယ္လို႔ မွတ္ခ်က္ေပးပါတယ္။

ေက်ာင္းစည္းကမ္းေဖာက္ဖ်က္တဲ့ ဆႏၵျပသူေတြဟာ တကၠသိုလ္ရဲ႕လုပ္ငန္းလည္ပတ္မႈကို အဆုံးစြန္ထိ ေႏွာက္ ယွက္လို႔ မရေၾကာင္း၊ ဒီအတိုင္း တရားမဝင္တဲ့ ကိစၥေတြကို ဆက္လုပ္ေနၾကရင္ အက်ိဳးဆက္ေတြ ျဖစ္ေပၚလာ လိမ့္မယ္လို႔ ေျပာေရးဆိုခြင့္ ရွိသူရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အေဆာက္အဦကို သိမ္းပိုက္ ထားတဲ့ ေက်ာင္းသားေတြဟာ ေက်ာင္းထုတ္ခံရႏိုင္တယ္လို႔လည္း ေျပာပါတယ္။

ဟမ္မီလ္တန္ခန္းမကို သိမ္းပိုက္ထားတဲ့ တက္ႂကြလႈပ္ရွားသူေတြရဲ႕ ေတာင္းဆိုခ်က္ေတြကို သိရွိရဖို႔ ကိုလံဘီ ယာတကၠသိုလ္ အရာရွိေတြက ဖ်န္ေျဖသူမ်ားမွတဆင့္ ဆက္သြယ္ခဲ့တယ္လို႔ ေက်ာင္းသားဆႏၵျပအုပ္စုမ်ား ၫြန႔္ေပါင္းအဖြဲ႕ရဲ႕ ဦးေဆာင္ညႇိႏႈိင္းသူတဦးက ေျပာပါတယ္။ သူတို႔ေတြ စားပြဲဝိုင္းကို ေရာက္လာတာနဲ႔ တ ၿပိဳင္ နက္ ေတာင္းဆိုမႈေတြနဲ႔ ပတ္သက္လို႔ ေဆြးေႏြးႏိုင္ေၾကာင္း၊ ေက်ာင္းသားေတြရဲ႕ ေတာင္းဆိုမႈကို နားမ ေထာင္အတြက္ အုပ္ခ်ဳပ္မႈနဲ႔ ကြဲျပားစြာ လုပ္ေဆာင္ခဲ့ရျခင္းျဖစ္တယ္လို႔ တကၠသိုလ္ပရဝုဏ္ရဲ႕ ျပင္ပမွာ မာမြတ္ ခါလစ္အမည္ရွိ ေက်ာင္းသားတစ္ဦးက ဆိုပါတယ္။

ကိုလံဘီယာတကၠသိုလ္ဝင္းအတြင္း ယာယီတဲေတြကို ဖ်က္သိမ္းဖို႔ ၫႊန္ၾကားခ်က္ကို ခါလစ္အပါအဝင္ ပါ လက္စတိုင္းလိုလားတဲ့ ေက်ာင္းသားတက္ႂကြလႈပ္ရွားသူေတြက ျငင္းဆန္ခဲ့ၿပီးေနာက္ ေဆြးေႏြးပြဲေတြမွာ ေရွ႕ မတိုးေနာက္မဆုတ္ျဖစ္ေနတယ္လို႔ ဆႏၵျပပြဲအဆုံးသတ္ဖို႔ ႀကိဳးပမ္းေနတဲ့ ဘေရာင္းယူနီဗာစီတီရဲ႕ အဖြဲ႕ဝင္ ၈-ဦးပါ အိုင္ဗီအဖြဲ႕ခ်ဳပ္က ေၾကညာပါတယ္။ အဲ့ဒီေနာက္ ကိုလံဘီယာတကၠသိုလ္ရဲ႕ လုပ္ငန္းလည္ပတ္မႈမ်ား တနလၤာေန႔မွာ စတင္ရပ္ဆိုင္းသြားပါတယ္။

ဂါဇာကမ္းေျမႇာင္ေဒသမွာ အစၥေရးႏိုင္ငံက ခင္းက်င္းလွ်က္ရွိတဲ့ စစ္ပြဲကို ဆန႔္က်င္ေၾကာင္း ထုတ္ေဖာ္ေျပာဆို ဖို႔အတြက္ ဆႏၵျပသူမ်ားဖြင့္လွစ္ထားတဲ့ သပိတ္စခန္းေပါင္းမ်ားစြာတို႔ကို ဖယ္ရွားေပးရန္ ေက်ာင္းသားမ်ားနဲ႔ ညႇိႏႈိင္းမႈဟာ ေအာင္ျမင္ျခင္း မရွိေၾကာင္း ကိုလံဘီယာတကၠသိုလ္ဥကၠ႒ျဖစ္သူရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပ ထားပါတယ္။

မန္ဟက္တန္ေက်ာင္းဝင္း ဆႏၵျပသူေနသူမ်ားက “ကိုလံဘီယာေတာင္းဆိုခ်က္” သုံးခုျဖစ္တဲ့ အစၥေရးအစိုးရကို ပံ့ပိုးေပးေနတဲ့ ကုမၸဏီမ်ားကို ဖ်က္သိမ္းေပးေရး၊ တကၠသိုလ္ရဲ႕ လုပ္ငန္းလည္ပတ္မႈမွာ ေငြေၾကးဆိုင္ရာ ပြင့္လင္းျမင္သာေရး၊၊ ဆႏၵျပပြဲမ်ားမွာ ပါဝင္ခဲ့ၾကတဲ့ ေက်ာင္းသားမ်ားနဲ႔ ဆရာ/ဆရာမမ်ားကို အေရး မယူေရးတို႔ကို ေတာင္းဆိုေနၾကပါတယ္။

ကမာၻ႔တကၠသိုလ္ႀကီးမ်ားနဲ႔ ပညာေရးဆိုင္ရာအဖြဲ႕အစည္းေတြဟာ အစၥေရးအပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားမွာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျပဳလုပ္ေလ့ရွိပါတယ္။ သူတို႔ရဲ႕ ဆန္းသစ္နည္းပညာက႑ကို ဆြဲေဆာင္ဖို႔၊ ေငြေၾကးဆိုင္ရာ ခိုင္မာဖို႔နဲ႔ လုပ္အားသစ္မ်ားကို ကမ္းလွမ္းတဲ့အေနနဲ႔ ျပည္ပတိုင္းျပည္မ်ားမွာ ရင္းႏွီးျမႇဳပ္ႏွံေလ့ရွိၾကပါတယ္။

ကိုလံဘီယာတကၠသိုလ္အေနနဲ႔ အစၥေရးႏိုင္ငံအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားမွ ႏုတ္ထြက္ရန္ မျဖစ္ႏိုင္ေၾကာင္း၊ အ လားတူ ဂါဇာမွာလည္း က်န္းမာေရးနဲ႔ ပညာေရးက႑တို႔မွာ ရင္းႏွီးျမႇဳပ္ႏွံရန္ ကမ္းလွမ္းထားေၾကာင္း ယခု သီ တင္းပတ္မွာ တကၠသိုလ္ေျပာေရးဆိုခြင့္ရွိသူက ေၾကညာခဲ့ပါတယ္။ တကၠသိုလ္ရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈမ်ားမွာ ပိုမို ပြင့္လင္းျမင္သာေစဖို႔အတြက္လည္း ကတိျပဳခဲ့ပါတယ္။

ဆႏၵျပေက်ာင္းသားမ်ားသည္ ကိုလံဘီယာတကၠသိုလ္ အေဆာက္အအုံ ပရဝုဏ္အတြင္း ဝင္ေရာက္ၿပီးေနာက္၊ အေဆာင္ေန ေက်ာင္းသားမ်ားနဲ႔ မရွိမျဖစ္လိုအပ္တဲ့ ဝန္ထမ္းမ်ားကိုသာ ေက်ာင္းဝင္းအတြင္း ဝင္ေရာက္ခြင့္ ျပဳခဲ့ပါတယ္။ တကၠသိုလ္ပရဝုဏ္အတြင္း ဆႏၵျပသူမ်ား ဝင္ေရာက္လာတဲ့အခါ အမွတ္အသား မပါရွိတဲ့ ကား မ်ားနဲ႔ ေရာက္ရွိလာတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြဟာ ေက်ာင္းဂိတ္ေပါက္၀ မလွမ္းမကမ္း ကားေပၚမွာပဲ ေစာင့္ၾကည့္ ေန ခဲ့ၾကၿပီး တစ္စုံတစ္ေယာက္ ဒဏ္ရာရရွိမွသာ ေက်ာင္းဝင္းအတြင္း ဝင္ေရာက္ၾကတယ္လို႔ ေျပာပါတယ္။

ဂါဇာကမ္းေျမာင္နဲ႔ ပတ္သက္ၿပီ ဆႏၵျပမႈေတြဟာ အေမရိကန္ႏိုင္ငံတစ္ဝွမ္းလုံးရွိ တကၠသိုလ္မ်ားမွာ ျဖစ္ပြားေန ပါတယ္။ သူတို႔ရဲ႕ အမ်က္ေဒါသကို ျပသရန္အတြက္ ေက်ာင္းသားမ်ားဟာ ယာယီတဲမ်ားထိုးၿပီး စခန္းခ်ေန ၾက ပါတယ္။ ေက်ာင္းဝင္းမ်ားအတြင္း လြတ္လပ္စြာ ေျပာဆိုခြင့္အျပင္ အမုန္းစကားနဲ႔ ပတ္သက္ၿပီး ေဆြးေႏြး ျငင္း ခုံမႈမ်ား ရွိေနခဲ့ပါတယ္။

တကၠသိုလ္အသီးသီးမွာ အေဆာက္အအုံမ်ားကို သိမ္းပိုက္ထားတဲ့ ဆႏၵျပသူမ်ားကို ရဲမ်ားက ဖမ္းဆီးခဲ့ပါတယ္ လူစုခြဲရာမွာ င႐ုတ္ေကာင္း စပေရးနဲ႔ ဓါတုေဗဒပစၥည္းမ်ား အသုံးျပဳတဲ့အတြက္ ႐ုန္းရင္းဆန္ခတ္မႈမ်ားလည္း ျဖစ္ပြားခဲ့ၿပီး ေက်ာင္းအသီးသီးမွာ ဖမ္းဆီးမႈမ်ား ဆက္လက္ ျဖစ္ပြားေနေၾကာင္း သတင္းရရွိပါတယ္။

ကိုလံဘီယာတကၠသိုလ္ေတာ့ ပညာေရးဆိုင္ရာ အေဆာက္အအုံတစ္ခုကို တက္ႂကြလႈပ္ရွားသူမ်ားသည္ သိမ္း ပိုက္ခဲ့ၿပီးေနာက္ ေက်ာင္းထုတ္ပစ္မယ္လို႔ ေက်ာင္းတာဝန္ရွိသူမ်ားက ၿခိမ္းေျခာက္လာျခင္း ျဖစ္ပါတယ္။

ယခုသတင္းေရးသားေနစဥ္ ကိုလံဘီယာတကၠသိုလ္အတြင္း ရဲတပ္ဖြဲ႕ဝင္မ်ား ဝင္ေရာက္လာၿပီး ပါလက္စတိုင္း လိုလားတဲ့ ဆႏၵျပသူ အေတာ္မ်ားမ်ားကို ဖမ္းဆီးလ်က္ေၾကာင္း သိရွိရပါတယ္။

(Reuters., 1 May 2024, “Columbia University threatens to expel protesters occupying building” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.