မုံရွာမြို့တွင် လေပြင်းတိုက်ခတ်၍ မိုးရွာသွန်းခြင်းကြောင့် ဆယ်ကျော်သက်အရွယ်လူငယ်တစ်ဦးသေဆုံးကာ နေအိမ်ပျက်စီးမှုများဖြစ်ပေါ်

 4034

သန့်ဇင် (NP News) - မေ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် လေပြင်းတိုက်ခတ်၍ မိုးရွာသွန်းခြင်းကြောင့် ဆယ် ကျော်သက်အရွယ်လူငယ်တစ်ဦးသေဆုံးကာ နေအိမ်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်ခြင်းနှင့် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းသည် ယမန်နေ့(မေလ ၁ ရက်) ညနေ ၄ နာရီခွဲအချိန်ခန့်က မုံရွာမြို့အပါအဝင် အနီးနားရှိ မြို့နှင့်ကျေးရွာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ကလေပြင်းနဲ့အတူမိုးတွေလာတာ။ မုံရွာမြို့နယ်နဲ့ မြို့ပေါ်အတိုင်းအတာနဲ့ဆိုအရေ အတွက်အတိအကျမသိနိုင်သေးပေမယ့် တော်တော်များတဲ့အနေအထားပေါ့။ ဆိုးဆိုးရွားရွားအခြေအနေကတော့ လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတဲ့လူတွေရှိတယ်။ ပျက်စီးဆုံးရှုံးမှုအနေအထားဆိုရင် အိမ်တွေနဲ့အဆောက်အအုံတွေ သစ်ပင်တွေနဲ့ KFC လိုမျိုးဆိုင်းဘုတ်တွေပျက်စီးတာရှိတယ်။ တော်တော်များတယ်”ဟု ပေးဆပ်သူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထိုသို့ လေပြင်းတိုက်ခတ်ခြင်းကြောင့် မုံရွာမြို့ရှိ အသက်(၁၂)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ လူ(၃)ဦးထက်မနည်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းလည်း အထက်ပါလူမှုကူညီရေးအသင်းက ဆိုသည်။

“လေပြင်းတိုက်လို့ ပါလာတဲ့သွပ်ပြားမှန်ပြီးသေတဲ့ကလေးနဲ့ သစ်ပင်ပိလို့ထိခိုက်ဒဏ်ရာရတာက ကျွန်တော်တို့သိထားတာ (၃)ယောက်ရှိတယ်။ အခြားဘေးနားက မြို့ရွာတွေမှာလည်း ပျက်စီးတာတွေရှိတယ်လို့ကြားမိတယ်။ မနေ့ကလေက တော်တော်ပြင်းပြီး မိုးကလည်း ပါတယ်။ အခုတော့ မီးသတ်နဲ့ ပရဟိတလူမှုကူညီရေးအသင်းတွေနဲ့ ရှင်းလင်းတာတို့ လုပ် ဆောင်နေပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် မုံရွာမြို့၌ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးရွာသွန်းခြင်းကြောင့် ဓာတ်တိုင်များလဲခြင်းနှင့် ဆက်သွယ်ရေးတာဝါတိုင်များ ပျက်စီးခြင်းကြောင့် လျှပ်စစ်မီးပြတ်တောက်ခြင်းအပြင် ဆက်သွယ်ရေးလိုင်းအဆင်မပြေမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

လက်ရှိ မိုးကြိုကာလအတွင်း လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

zawgyi version
မုံ႐ြာၿမိဳ႕တြင္ ေလျပင္းတိုက္ခတ္၍ မိုး႐ြာသြန္းျခင္းေၾကာင့္ ဆယ္ေက်ာ္သက္အ႐ြယ္လူငယ္တစ္ဦးေသဆုံးကာ ေနအိမ္ပ်က္စီးမႈမ်ားျဖစ္ေပၚ

သန႔္ဇင္ (NP News) - ေမ ၂

စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕တြင္ ေလျပင္းတိုက္ခတ္၍ မိုး႐ြာသြန္းျခင္းေၾကာင့္ ဆယ္ ေက်ာ္သက္အ႐ြယ္လူငယ္တစ္ဦးေသဆုံးကာ ေနအိမ္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။

အဆိုပါ ေလျပင္းတိုက္ခတ္ျခင္းႏွင့္ အခ်ိန္အခါမဟုတ္မိုး႐ြာသြန္းျခင္းသည္ ယမန္ေန႔(ေမလ ၁ ရက္) ညေန ၄ နာရီခြဲအခ်ိန္ခန႔္က မုံ႐ြာၿမိဳ႕အပါအဝင္ အနီးနားရွိ ၿမိဳ႕ႏွင့္ေက်း႐ြာမ်ားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မေန႔ကေလျပင္းနဲ႔အတူမိုးေတြလာတာ။ မုံ႐ြာၿမိဳ႕နယ္နဲ႔ ၿမိဳ႕ေပၚအတိုင္းအတာနဲ႔ဆိုအေရ အတြက္အတိအက်မသိႏိုင္ေသးေပမယ့္ ေတာ္ေတာ္မ်ားတဲ့အေနအထားေပါ့။ ဆိုးဆိုး႐ြား႐ြားအေျခအေနကေတာ့ လူအေသအေပ်ာက္နဲ႔ ထိခိုက္ဒဏ္ရာရတဲ့လူေတြရွိတယ္။ ပ်က္စီးဆုံးရႈံးမႈအေနအထားဆိုရင္ အိမ္ေတြနဲ႔အေဆာက္အအုံေတြ သစ္ပင္ေတြနဲ႔ KFC လိုမ်ိဳးဆိုင္းဘုတ္ေတြပ်က္စီးတာရွိတယ္။ ေတာ္ေတာ္မ်ားတယ္”ဟု ေပးဆပ္သူလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထိုသို႔ ေလျပင္းတိုက္ခတ္ျခင္းေၾကာင့္ မုံ႐ြာၿမိဳ႕ရွိ အသက္(၁၂)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေသဆုံးကာ လူ(၃)ဦးထက္မနည္းထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္းလည္း အထက္ပါလူမႈကူညီေရးအသင္းက ဆိုသည္။

“ေလျပင္းတိုက္လို႔ ပါလာတဲ့သြပ္ျပားမွန္ၿပီးေသတဲ့ကေလးနဲ႔ သစ္ပင္ပိလို႔ထိခိုက္ဒဏ္ရာရတာက ကြၽန္ေတာ္တို႔သိထားတာ (၃)ေယာက္ရွိတယ္။ အျခားေဘးနားက ၿမိဳ႕႐ြာေတြမွာလည္း ပ်က္စီးတာေတြရွိတယ္လို႔ၾကားမိတယ္။ မေန႔ကေလက ေတာ္ေတာ္ျပင္းၿပီး မိုးကလည္း ပါတယ္။ အခုေတာ့ မီးသတ္နဲ႔ ပရဟိတလူမႈကူညီေရးအသင္းေတြနဲ႔ ရွင္းလင္းတာတို႔ လုပ္ ေဆာင္ေနပါတယ္” ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိတြင္ မုံ႐ြာၿမိဳ႕၌ ေလျပင္းတိုက္ခတ္ျခင္းႏွင့္ မိုး႐ြာသြန္းျခင္းေၾကာင့္ ဓာတ္တိုင္မ်ားလဲျခင္းႏွင့္ ဆက္သြယ္ေရးတာဝါတိုင္မ်ား ပ်က္စီးျခင္းေၾကာင့္ လွ်ပ္စစ္မီးျပတ္ေတာက္ျခင္းအျပင္ ဆက္သြယ္ေရးလိုင္းအဆင္မေျပမႈမ်ားျဖစ္ေပၚေနေၾကာင္း သိရသည္။

လက္ရွိ မိုးႀကိဳကာလအတြင္း ေလျပင္းတိုက္ခတ္ျခင္းႏွင့္ မိုးႀကိဳးပစ္ျခင္းျဖစ္စဥ္မ်ား ျဖစ္ေပၚႏိုင္ေသာေၾကာင့္ ျပည္သူမ်ားအေနျဖင့္ အထူးသတိျပဳေနထိုင္ၾကရန္လိုအပ္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.