အယ်လ်နီညိုနွေရာသီတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တိရစ္ဆာန်များ အပူကြောင့် ထိခိုက်မှုမရှိစေရန် စနစ်တကျစောင့်ရှောက်ထား

 354

‌စော (NP News) - မေ ၂

အပူချိန်ပြင်းထန်သည့် အယ်လ်နီညို နွေရာသီတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်များ အပူကြောင့် ထိခိုက်မှုမဖြစ်စေရန် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှ အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်ထွန်းက NP News ကို ပြောသည်။

အဆိုပါတိရစ္ဆာန်ဥယျာဉ်၌ ထိန်သိမ်းပြ သထားသော တိရစ္ဆာန်မျိုးစိတ်ပေါင်း(၁၃၅)ခုမှ တိရစ္ဆာန်အကောင်ရေပေါင်း (၁၀၆၅)ကောင်ရှိရာ နွေရာသီ၌ အပူဒဏ်ကြောင့် ထိခိုက်မှုမရှိစေရန် တိရစ္ဆာန်များကို ဥယျာဉ်ရှိ တာဝန်ရှိသူများက စောင့်ရှောက်နေခြင်းဖြစ်ကြောင်း သိရသည်။

“ရေအပိုင်းပေါ့။ ရေဆိုလည်း သောက်ရေ၊ သုံးရေကအစ ပူတဲ့အချိန်မှာ ပိုပြီးဂရုစိုက်ပြီးတော့မှ တိုက်တယ်။ ရေတွေဖြည့်ပေးတယ်။ ရေတွေဖျန်းပေး တယ်။ ပတ်ဝန်းကျင်၊ သူတို့နေတဲ့အခန်းတွေ အေး အောင် တစ်ပိုင်းဆောင်ရွက်ပေးတယ်။ အစား အသောက်ပိုင်းဆိုရင် ပူတဲ့ရာသီရောက်လာရင် ဓာတ် ဆားထုပ်ပေါ့။ BPI က ထုတ်တဲ့ ဓာတ်ဆားထုပ်တွေကို သောက်ရေခွက်ထဲမှာထည့်ပြီးတော့ ဖျော်တိုက်ပေးတယ်။ နောက်တစ်ခါကျတော့ အသီးအရွက်စားတဲ့ တိရစ္တာန်လေးတွေကို အအေးကိုထိန်းပေးမယ့် ဖရဲသီးလို အရည်ရွှမ်းတဲ့အသီးတွေ ဖြည့်စွက်ပြီးတော့ အပူဒဏ်ကာကွယ်ဖို့အတွက် ကျွေးမွေးပေးတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ တိရစ္ဆာန်များကို စနစ်တကျ ထိန်း သိမ်း ဂရုစိုက်ထားသဖြင့် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်၌ အပူကြောင့် ဖျားနာ၊ထိခိုက်သည့် တိရစ္ဆာန်မရှိကြောင်း သိရသည်။

“လက္ခဏာခံစားတယ်ဆိုတာတော့ လူတွေဖျားသလိုပါပဲ။ တိရစ္ဆာန်လေးတွေ မှိုင်သွား မယ်၊ လောလောဆယ် မအီမသာဖြစ်သွားမယ်။ အဲလိုပုံစံမျိုးကို ပြတယ်။ အဲဒီလိုမဖြစ်အောင်လို့ ထိန်းသိမ်းထားတော့ ကျွန်တော်တို့ဆီမှာ ဖြစ်တာမျိုး မရှိပါဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် အရှေ့ တောင်အာရှနိုင်ငံများတွင် သက်တမ်းအရှည်ကြာဆုံး တိရစ္ဆာန်ဥယျာဉ်တစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်တွင် (၁၁၈)နှစ်ပြည့်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပုံမှန်ရက်များတွင် လာရောက်လည်ပတ် သူဦးရေ (၂)ထောင်ခန့်ရှိပြီး ပိတ်ရက်များတွင် လူဦးရေ (၇)ထောင်ခန့် အထိ လာရောက်လည်ပတ်လျက်ရှိကြောင်း အဆိုပါတိရစ္ဆာန် ဥယျာဉ်၏ အချက်အလက်များအရ သိရသည်။

zawgyi version
အယ္လ္နီညိဳေႏြရာသီတြင္ ရန္ကုန္တိရစာၦန္ဥယ်ာဥ္မွ တိရစာၦန္မ်ား အပူေၾကာင့္ ထိခိုက္မႈမရွိေစရန္ စနစ္တက်ေစာင့္ေရွာက္ထား
‌ေစာ (NP News) - ေမ ၂

အပူခ်ိန္ျပင္းထန္သည့္ အယ္လ္နီညိဳ ေႏြရာသီတြင္ ရန္ကုန္တိရစာၦန္ဥယ်ာဥ္ရွိ တိရစာၦန္မ်ား အပူေၾကာင့္ ထိခိုက္မႈမျဖစ္ေစရန္ စနစ္တက်ထိန္းသိမ္းေစာင့္ေရွာက္ထားေၾကာင္း ရန္ကုန္တိရစာၦန္ ဥယ်ာဥ္မွ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းျမင့္ထြန္းက NP News ကို ေျပာသည္။

အဆိုပါတိရစာၦန္ဥယ်ာဥ္၌ ထိန္သိမ္းျပ သထားေသာ တိရစာၦန္မ်ိဳးစိတ္ေပါင္း(၁၃၅)ခုမွ တိရစာၦန္အေကာင္ေရေပါင္း (၁၀၆၅)ေကာင္ရွိရာ ေႏြရာသီ၌ အပူဒဏ္ေၾကာင့္ ထိခိုက္မႈမရွိေစရန္ တိရစာၦန္မ်ားကို ဥယ်ာဥ္ရွိ တာဝန္ရွိသူမ်ားက ေစာင့္ေရွာက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ေရအပိုင္းေပါ့။ ေရဆိုလည္း ေသာက္ေရ၊ သုံးေရကအစ ပူတဲ့အခ်ိန္မွာ ပိုၿပီးဂ႐ုစိုက္ၿပီးေတာ့မွ တိုက္တယ္။ ေရေတြျဖည့္ေပးတယ္။ ေရေတြဖ်န္းေပး တယ္။ ပတ္ဝန္းက်င္၊ သူတို႔ေနတဲ့အခန္းေတြ ေအး ေအာင္ တစ္ပိုင္းေဆာင္႐ြက္ေပးတယ္။ အစား အေသာက္ပိုင္းဆိုရင္ ပူတဲ့ရာသီေရာက္လာရင္ ဓာတ္ ဆားထုပ္ေပါ့။ BPI က ထုတ္တဲ့ ဓာတ္ဆားထုပ္ေတြကို ေသာက္ေရခြက္ထဲမွာထည့္ၿပီးေတာ့ ေဖ်ာ္တိုက္ေပးတယ္။ ေနာက္တစ္ခါက်ေတာ့ အသီးအ႐ြက္စားတဲ့ တိရစၱာန္ေလးေတြကို အေအးကိုထိန္းေပးမယ့္ ဖရဲသီးလို အရည္႐ႊမ္းတဲ့အသီးေတြ ျဖည့္စြက္ၿပီးေတာ့ အပူဒဏ္ကာကြယ္ဖို႔အတြက္ ေကြၽးေမြးေပးတယ္” ဟု ၎က ေျပာသည္။

ထိုသို႔ တိရစာၦန္မ်ားကို စနစ္တက် ထိန္း သိမ္း ဂ႐ုစိုက္ထားသျဖင့္ ရန္ကုန္တိရစာၦန္ ဥယ်ာဥ္၌ အပူေၾကာင့္ ဖ်ားနာ၊ထိခိုက္သည့္ တိရစာၦန္မရွိေၾကာင္း သိရသည္။

“လကၡဏာခံစားတယ္ဆိုတာေတာ့ လူေတြဖ်ားသလိုပါပဲ။ တိရစာၦန္ေလးေတြ မႈိင္သြား မယ္၊ ေလာေလာဆယ္ မအီမသာျဖစ္သြားမယ္။ အဲလိုပုံစံမ်ိဳးကို ျပတယ္။ အဲဒီလိုမျဖစ္ေအာင္လို႔ ထိန္းသိမ္းထားေတာ့ ကြၽန္ေတာ္တို႔ဆီမွာ ျဖစ္တာမ်ိဳး မရွိပါဘူး”ဟု ၎က ဆက္လက္ေျပာသည္။

ရန္ကုန္တိရစာၦန္ဥယ်ာဥ္သည္ အေရွ႕ ေတာင္အာရွႏိုင္ငံမ်ားတြင္ သက္တမ္းအရွည္ၾကာဆုံး တိရစာၦန္ဥယ်ာဥ္တစ္ခုျဖစ္ၿပီး ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂၅ ရက္တြင္ (၁၁၈)ႏွစ္ျပည့္သြားခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

ပုံမွန္ရက္မ်ားတြင္ လာေရာက္လည္ပတ္ သူဦးေရ (၂)ေထာင္ခန႔္ရွိၿပီး ပိတ္ရက္မ်ားတြင္ လူဦးေရ (၇)ေထာင္ခန႔္ အထိ လာေရာက္လည္ပတ္လ်က္ရွိေၾကာင္း အဆိုပါတိရစာၦန္ ဥယ်ာဥ္၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.