မျိုးတုံးမည့်အန္တရာယ် ရင်ဆိုင်‌နေရသော ပန်ဒါနီများကို ထိန်းသိမ်းရာတွင် ယာယီမွေးမြူထိန်းသိမ်းသည့်စနစ်ကိုလည်း အသုံးပြုသင့်ကြောင်း တိရစ္ဆာန်အရေးကျွမ်းကျင်သူအကြံပြု

 587

စော (NP News) - မေ ၃

မျိုးတုံးမည့်အန္တရာယ် ရင်ဆိုင်‌နေရသော ပန်ဒါနီများကို ထိန်းသိမ်းရာတွင် ယာယီမွေးမြူထိန်းသိမ်းသည့်စနစ်ကိုလည်း အသုံးပြုသင့်ကြောင်း တိရစ္ဆာန်အရေးကျွမ်းကျင်သူတစ်ဦးက NP News မှတစ်ဆင့် အကြံပြုပြောကြားသည်။

မြန်မာနိုင်ငံရှိ ပန်ဒါနီ(ခေါ်) ကြောင်နီမျိုးစိတ် အကောင်အရေအတွက်မှာ ကျဆင်းနေပြီး မျိုးတုံး လုနီးပါးအန္တရာယ် ကျ‌ရောက်နေကာ အကောင်အရေ အတွက်တိုးပွားစေရန် ကာလတစ်ခုအထိ စနစ်တကျ‌ မွေးမြူထိန်းသိမ်းသင့်ကြောင်း ၎င်းက ပြောသည်။

" အခုက မြန်မာနိုင်ငံမှာ ပန်ဒါနီအရေအတွက်က အရမ်းကိုကျတယ်။ အရေအတွက်ကျတယ်ဆိုတာက ဖမ်းဆီးခံရတာတွေရော၊ အသတ်ခံရတာတွေရော၊ အစားခံရတာတွေရောကြောင့် သူ့ရဲ့အကောင်အရေ အတွက်က အရမ်းကျဆင်းနေတယ်။ ကျွန်တော့် အမြင်အရတော့ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း တွေဖွင့်ပြီးတော့ ပန်ဒါနီတွေကို ထိန်းသိမ်းရေးသမား တွေနဲ့ ပန်ဒါနီတွေကိုဖမ်း၊ ဖမ်းပြီးတော့ မွေးတာတွေ ကိုပေါ့။ အကောင်အရေအတွက် တိုးပွားအောင် လို့လေ ဖမ်းမယ်၊ စနစ်တကျမွေးမြူမယ်။ ပြီးရင် အကောင်တွေ တိုးပွားလာပြီဆိုရင် ပြန်ပြီးတော့ သဘာဝထဲကို ပြန်လွှတ်။ ပြီးရင် သူတို့ကို လွှတ်မယ့် နေရာမှာလည်း မုဆိုးတွေဖမ်းလို့မရအောင် စနစ် တကျလေး လုံခြုံရေးတွေ၊ ခြံတွေ၊ ဘာတွေ သေချာခတ်ပြီးတော့ အဲဒီလိုမျိုးတွေလုပ်ပြီး လွှတ်ရင်တော့ရတယ်"ဟု အထက်ပါကျွမ်းကျင်သူ တစ်ဦးက အကြံပြုသည်။

အဆိုပါ ပန်ဒါနီများ အပါအဝင် ကချင်ပြည်နယ် မြောက်ပိုင်း၌ အခြားသားရဲတိရစ္ဆာန်များကို ထိန်း သိမ်းရာတွင် လိုအပ်ချက်များရှိနေပြီး အားနည်းမှုများ ကို မြင်တွေ့နေရကြောင်း ၎င်းက ထောက်ပြပြောကြား သည်။ " ကျွန်တော့်အမြင်အရ ဒေသခံတွေကို အသိပညာဗဟုသုတပေးဖို့ရယ်၊ နောက်တစ်ခုက ဒီဒေသခံတွေကို စီးပွားရေးပေါ့။ အကောင်တွေ မသတ်အောင် တခြားစီးပွားရေးစနစ်တွေဖော် ဆောင်ပေးဖို့ပေါ့"ဟု ၎င်းကဆက်လက်ပြောသည်။

ပန်ဒါနီ (ခေါ်) ကြောင်နီများသည် ကချင်ပြည် နယ် မြောက်ဖျားပိုင်း၊ တရုတ်နိုင်ငံနယ်စပ်နှင့် အိန္ဒိယနိုင်ငံနယ်စပ်တို့တွင် အဓိကနေထိုင်ပြီး ဝါးရုံ တောများအတွင်း‌ နေထိုင်ရာတွင် သိုဝှက်စွာ နေထိုင် သည့် ဗီဇရှိခြင်း၊ ကင်မရာထောင်ချောက်များလည်း ပြည့်စုံစွာ မတပ်ဆင်နိုင်သေးခြင်းတို့ကြောင့် အကောင်အရေအတွက်ကို တိတိကျကျ မသိရှိရသေးကြောင်း သိရသည်။

zawgyi version
မ်ိဳးတုံးမည့္အႏၲရာယ္ ရင္ဆိုင္‌ေနရေသာ ပန္ဒါနီမ်ားကို ထိန္းသိမ္းရာတြင္ ယာယီေမြးျမဴထိန္း သိမ္းသည့္စနစ္ကိုလည္း အသုံးျပဳသင့္ေၾကာင္း တိရစာၦန္အေရးကြၽမ္းက်င္သူအႀကံျပဳ
ေစာ (NP News) - ေမ ၃

မ်ိဳးတုံးမည့္အႏၲရာယ္ ရင္ဆိုင္‌ေနရေသာ ပန္ဒါနီမ်ားကို ထိန္းသိမ္းရာတြင္ ယာယီေမြးျမဴထိန္းသိမ္းသည့္စနစ္ကိုလည္း အသုံးျပဳသင့္ေၾကာင္း တိရစာၦန္အေရးကြၽမ္းက်င္သူတစ္ဦးက NP News မွတစ္ဆင့္ အႀကံျပဳေျပာၾကားသည္။

ျမန္မာႏိုင္ငံရွိ ပန္ဒါနီ(ေခၚ) ေၾကာင္နီမ်ိဳးစိတ္ အေကာင္အေရအတြက္မွာ က်ဆင္းေနၿပီး မ်ိဳးတုံး လုနီးပါးအႏၲရာယ္ က်‌ေရာက္ေနကာ အေကာင္အေရ အတြက္တိုးပြားေစရန္ ကာလတစ္ခုအထိ စနစ္တက်‌ ေမြးျမဴထိန္းသိမ္းသင့္ေၾကာင္း ၎က ေျပာသည္။

" အခုက ျမန္မာႏိုင္ငံမွာ ပန္ဒါနီအေရအတြက္က အရမ္းကိုက်တယ္။ အေရအတြက္က်တယ္ဆိုတာက ဖမ္းဆီးခံရတာေတြေရာ၊ အသတ္ခံရတာေတြေရာ၊ အစားခံရတာေတြေရာေၾကာင့္ သူ႔ရဲ႕အေကာင္အေရ အတြက္က အရမ္းက်ဆင္းေနတယ္။ ကြၽန္ေတာ့္ အျမင္အရေတာ့ ထိန္းသိမ္းေစာင့္ေရွာက္ေရးစခန္း ေတြဖြင့္ၿပီးေတာ့ ပန္ဒါနီေတြကို ထိန္းသိမ္းေရးသမား ေတြနဲ႔ ပန္ဒါနီေတြကိုဖမ္း၊ ဖမ္းၿပီးေတာ့ ေမြးတာေတြ ကိုေပါ့။ အေကာင္အေရအတြက္ တိုးပြားေအာင္ လို႔ေလ ဖမ္းမယ္၊ စနစ္တက်ေမြးျမဴမယ္။ ၿပီးရင္ အေကာင္ေတြ တိုးပြားလာၿပီဆိုရင္ ျပန္ၿပီးေတာ့ သဘာဝထဲကို ျပန္လႊတ္။ ၿပီးရင္ သူတို႔ကို လႊတ္မယ့္ ေနရာမွာလည္း မုဆိုးေတြဖမ္းလို႔မရေအာင္ စနစ္ တက်ေလး လုံၿခဳံေရးေတြ၊ ၿခံေတြ၊ ဘာေတြ ေသခ်ာခတ္ၿပီးေတာ့ အဲဒီလိုမ်ိဳးေတြလုပ္ၿပီး လႊတ္ရင္ေတာ့ရတယ္"ဟု အထက္ပါကြၽမ္းက်င္သူ တစ္ဦးက အႀကံျပဳသည္။

အဆိုပါ ပန္ဒါနီမ်ား အပါအဝင္ ကခ်င္ျပည္နယ္ ေျမာက္ပိုင္း၌ အျခားသားရဲတိရစာၦန္မ်ားကို ထိန္း သိမ္းရာတြင္ လိုအပ္ခ်က္မ်ားရွိေနၿပီး အားနည္းမႈမ်ား ကို ျမင္ေတြ႕ေနရေၾကာင္း ၎က ေထာက္ျပေျပာၾကား သည္။ " ကြၽန္ေတာ့္အျမင္အရ ေဒသခံေတြကို အသိပညာဗဟုသုတေပးဖို႔ရယ္၊ ေနာက္တစ္ခုက ဒီေဒသခံေတြကို စီးပြားေရးေပါ့။ အေကာင္ေတြ မသတ္ေအာင္ တျခားစီးပြားေရးစနစ္ေတြေဖာ္ ေဆာင္ေပးဖို႔ေပါ့"ဟု ၎ကဆက္လက္ေျပာသည္။

ပန္ဒါနီ (ေခၚ) ေၾကာင္နီမ်ားသည္ ကခ်င္ျပည္ နယ္ ေျမာက္ဖ်ားပိုင္း၊ တ႐ုတ္ႏိုင္ငံနယ္စပ္ႏွင့္ အိႏၵိယႏိုင္ငံနယ္စပ္တို႔တြင္ အဓိကေနထိုင္ၿပီး ဝါး႐ုံ ေတာမ်ားအတြင္း‌ ေနထိုင္ရာတြင္ သိုဝွက္စြာ ေနထိုင္ သည့္ ဗီဇရွိျခင္း၊ ကင္မရာေထာင္ေခ်ာက္မ်ားလည္း ျပည့္စုံစြာ မတပ္ဆင္ႏိုင္ေသးျခင္းတို႔ေၾကာင့္ အေကာင္အေရအတြက္ကို တိတိက်က် မသိရွိရေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.