(၄)နှစ်တာကာလအတွင်း လူမှုကွန်ယက်စာမျက်နှာများမှတဆင့် ငွေစက္ကူအတုရောင်းဝယ်သည့် အမှုပေါင်း (၁၇၂)ကြိမ် ဖော်ထုတ်အရေးယူထား

 939

Pearl (NP News) - မေ ၄

(၄) နှစ်တာ ကာလအတွင်းလူမှုကွန်ယက်စာမျက်နှာများမှတဆင့် ငွေစက္ကူအတုရောင်းဝယ်သည့် အမှုပေါင်း(၁၇၂)ကြိမ် ဖော်ထုတ်အရေးယူထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် က အသိပေးထုတ်ပြန်ထားသည်။

လတ်တလော၌ လူမှုကွန်ယက်စာမျက်နှာများတွင် ငွေစက္ကူအတုရောင်းဝယ်သူများ၏ အကောင့်များ၊ Group များထွက်ပေါ်ခဲ့၍ ရောင်းဝယ်သူများက အိမ်အရောက်ငွေချေခြင်း၊ လူတွေ့ငွေချေခြင်း၊ ငွေကြိုလွှဲပြီးကားဂိတ်တင်ပေးခြင်း စသည့် ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ပြောဆိုရေးသားခြင်းများတွေ့ရှိရသည့်အတွက် ဥပဒေနှင့်အညီ ဖမ်းဆီး အရေးယူနိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ်က ဆိုသည်။

စာရင်းများအရ ၂၀၁၉ ခုနှစ်တွင် (၉)ကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင် (၁၁)ကြိမ်၊ ၂၀၂၁ ခုနှစ်တွင် (၁၅)ကြိမ်၊ ၂၀၂၂ ခုနှစ်တွင်(၉၆)ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် (၄၁)ကြိမ် စုစုပေါင်း (၁၇၂) ကြိမ် ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၁ တွင် ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း တစ်မျိုးမျိုးကို အတုမှန်းသိလျက် သုံးစွဲခြင်းမပြုရန်ပါရှိပြီး ၎င်းတားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ပုဒ်မ ၁၀၅ အရငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်းလည်းသိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဆုံးရှုံးနစ်နာမှုများမဖြစ်စေရန် အတု၊ အစစ်ကွဲပြားမှုများကို သိရှိ၍ စိစစ်ဆောင်ရွက်ရန် နှင့် ငွေစက္ကူအတုတွေ့ရှိပါက ဘဏ်များ၊ လုံခြုံရေးရဲတပ်ဖွဲ့များကို ချိတ်ဆက်သတင်းပို့ပြီး အရင်းအမြစ်များကို ဖော်ထုတ်အရေးယူနိုင်ရေး ပူးပေါင်းဆောင် ရွက်ပေးရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေတ္တာရပ်ခံထားသည်။

zawgyi version
(၄)ႏွစ္တာကာလအတြင္း လူမႈကြန္ယက္စာမ်က္ႏွာမ်ားမွတဆင့္ ေငြစကၠဴအတုေရာင္းဝယ္သည့္ အမႈေပါင္း (၁၇၂)ႀကိမ္ ေဖာ္ထုတ္အေရးယူထား
Pearl (NP News) - ေမ ၄

(၄) ႏွစ္တာ ကာလအတြင္းလူမႈကြန္ယက္စာမ်က္ႏွာမ်ားမွတဆင့္ ေငြစကၠဴအတုေရာင္းဝယ္သည့္ အမႈေပါင္း(၁၇၂)ႀကိမ္ ေဖာ္ထုတ္အေရးယူထားေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ က အသိေပးထုတ္ျပန္ထားသည္။

လတ္တေလာ၌ လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ေငြစကၠဴအတုေရာင္းဝယ္သူမ်ား၏ အေကာင့္မ်ား၊ Group မ်ားထြက္ေပၚခဲ့၍ ေရာင္းဝယ္သူမ်ားက အိမ္အေရာက္ေငြေခ်ျခင္း၊ လူေတြ႕ေငြေခ်ျခင္း၊ ေငြႀကိဳလႊဲၿပီးကားဂိတ္တင္ေပးျခင္း စသည့္ ပုံစံအမ်ိဳးမ်ိဳးျဖင့္ လုပ္ေဆာင္လ်က္ရွိေၾကာင္း ေျပာဆိုေရးသားျခင္းမ်ားေတြ႕ရွိရသည့္အတြက္ ဥပေဒႏွင့္အညီ ဖမ္းဆီး အေရးယူႏိုင္ရန္ ျပည္ထဲေရးဝန္ႀကီးဌာနႏွင့္ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း ဗဟိုဘဏ္က ဆိုသည္။

စာရင္းမ်ားအရ ၂၀၁၉ ခုႏွစ္တြင္ (၉)ႀကိမ္၊ ၂၀၂၀ ျပည့္ႏွစ္တြင္ (၁၁)ႀကိမ္၊ ၂၀၂၁ ခုႏွစ္တြင္ (၁၅)ႀကိမ္၊ ၂၀၂၂ ခုႏွစ္တြင္(၉၆)ႀကိမ္၊ ၂၀၂၃ ခုႏွစ္တြင္ (၄၁)ႀကိမ္ စုစုေပါင္း (၁၇၂) ႀကိမ္ ေဖာ္ထုတ္ဖမ္းဆီးအေရးယူ ေဆာင္႐ြက္ထားေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဥပေဒပုဒ္မ ၁၀၁ တြင္ ဗဟိုဘဏ္မွ ထုတ္ေဝသည့္ ေငြစကၠဴ၊ ဒဂၤါးႏွင့္ လႊဲေျပာင္းႏိုင္ေသာ စာခ်ဳပ္စာတမ္း တစ္မ်ိဳးမ်ိဳးကို အတုမွန္းသိလ်က္ သုံးစြဲျခင္းမျပဳရန္ပါရွိၿပီး ၎တားျမစ္ခ်က္အား ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားပါက ပုဒ္မ ၁၀၅ အရေငြဒဏ္ျဖစ္ေစ၊ သုံးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ျပစ္ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ခံရမည္ ျဖစ္ေၾကာင္းလည္းသိရသည္။

ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ဆုံးရႈံးနစ္နာမႈမ်ားမျဖစ္ေစရန္ အတု၊ အစစ္ကြဲျပားမႈမ်ားကို သိရွိ၍ စိစစ္ေဆာင္႐ြက္ရန္ ႏွင့္ ေငြစကၠဴအတုေတြ႕ရွိပါက ဘဏ္မ်ား၊ လုံၿခဳံေရးရဲတပ္ဖြဲ႕မ်ားကို ခ်ိတ္ဆက္သတင္းပို႔ၿပီး အရင္းအျမစ္မ်ားကို ေဖာ္ထုတ္အေရးယူႏိုင္ေရး ပူးေပါင္းေဆာင္ ႐ြက္ေပးရန္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ေမတၱာရပ္ခံထားသည္။

Related news

© 2021. All rights reserved.