အီတလီမှာ တိရစ္ဆာန် နှိပ်စက်ညှင်းပန်းမှု သံသယနဲ့ ခွေးယောဂသင်တန်းများအား ပိတ်ပင်ထား

 686

ရောင်နီ(NP News) - မေ ၄

အီတလီ ကျန်းမာရေးဝန်ကြီးဌာနက ခွေးယောဂကျင့်စင် စင်တာတွေကို တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှု သံသယနဲ့ ပိတ်ပင်(ban) လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ ယောဂသင်တန်းတွေမှာ သင်တန်းသားတွေကို ဆွဲဆောင်ဖို့ ခွေးပေါက်လေးတွေ ထားရှိလေ့ရှိပြီး တစ်ခါတစ်ရံ ခွေးရဲ့ ကိုယ်ဟန်အနေအထားကိုပါ ယောဂပုံစံ ဖော်ပြထားလေ့ ရှိပါတယ်။ အီတလီ ကျန်းမာရေးဝန်ကြီးဌာန One Health Department အကြီးအကဲ ဂီအိုဗာနီလီယွန်နာဒီက ဒီလိုကိစ္စတွေဟာ အီတလီနိုင်ငံရဲ့ တိရစ္ဆာန် အကူအညီပေးရေးဆိုင်ရာ ဆောင်ရွက်မှုအောက်မှာ ရှိနေတယ်လို့ အင်္ဂါနေ့(ဧပြီလ ၃၀ရက်) က ဆုံးဖြတ်ခဲ့ပါတယ်။

တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးနဲ့သုခချမ်းသာကို ကာကွယ်ဖို့နဲ့ ယောဂလေ့ကျင့်သူတွေ ဘေးကင်းရေးအတွက် ပုံမှန်ဆိုရင် ယောဂသင်တန်းတွေမှာ အရွယ်ရောက်ပြီးတဲ့ ခွေးတွေကိုသာ သုံးရမှာ ဖြစ်ပါတယ်။ အခုလို ခွေးပေါက်လေးတွေကို အသုံးပြုခြင်းကတော့ တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။ တိရစ္ဆာန်အခွင့်အရေး ပရဟိတအဖွဲ့ Lega Nazionale per la Difesa del Cane (National League for the Dogs of the Defence) ကလည်း ၎င်းကိုထောက်ခံခဲ့ပါတယ်။

ခွေးယောဂလေ့ကျင့်ရေးစင်တာတွေမှာ ခွေးတွေကို သေတ္တာ ဒါမှမဟုတ် ပလပ်စတစ်အိတ်တွေနဲ့သယ်ယူပြီး အားကစားခန်းမမှာ ထားရှိကြတာဖြစ်ပြီး Striscia la Notizia ရဲ့ စုံစမ်းစစ်ဆေးမှုအရ ခွေးအများစုဟာ ၄၂ ရက်သာရှိသေးတယ်လို့ သိရပါတယ်။ သူတို့ရဲ့ အသက်အရွယ်အရ ဒီခွေးပေါက်လေးတွေဟာ ကာကွယ်ဆေးလည်း ထိုးပြီးမယ့်ပုံ မပေါ်တာကြောင့် တိရစ္ဆာန်တွေ ညှင်းပန်းနှိပ်စက်မှု ကင်းလွတ်စေဖို့နဲ့ ယောဂလေ့ကျင့်ခန်း လုပ်သူများ ဘေးကင်းရေးအတွက် အခုလို သင်တန်းတွေကို ပိတ်ပင်လိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

zawgyi version
အီတလီမွာ တိရစာၦန္ ႏွိပ္စက္ညႇင္းပန္းမႈ သံသယနဲ႔ ေခြးေယာဂသင္တန္းမ်ားအား ပိတ္ပင္ထား
ေရာင္နီ(NP News) - ေမ ၄

အီတလီ က်န္းမာေရးဝန္ႀကီးဌာနက ေခြးေယာဂက်င့္စင္ စင္တာေတြကို တိရစာၦန္ညႇင္းပန္းႏွိပ္စက္မႈ သံသယနဲ႔ ပိတ္ပင္(ban) လိုက္တယ္လို႔ သိရပါတယ္။

အဆိုပါ ေယာဂသင္တန္းေတြမွာ သင္တန္းသားေတြကို ဆြဲေဆာင္ဖို႔ ေခြးေပါက္ေလးေတြ ထားရွိေလ့ရွိၿပီး တစ္ခါတစ္ရံ ေခြးရဲ႕ ကိုယ္ဟန္အေနအထားကိုပါ ေယာဂပုံစံ ေဖာ္ျပထားေလ့ ရွိပါတယ္။ အီတလီ က်န္းမာေရးဝန္ႀကီးဌာန One Health Department အႀကီးအကဲ ဂီအိုဗာနီလီယြန္နာဒီက ဒီလိုကိစၥေတြဟာ အီတလီႏိုင္ငံရဲ႕ တိရစာၦန္ အကူအညီေပးေရးဆိုင္ရာ ေဆာင္႐ြက္မႈေအာက္မွာ ရွိေနတယ္လို႔ အဂၤါေန႔(ဧၿပီလ ၃၀ရက္) က ဆုံးျဖတ္ခဲ့ပါတယ္။

တိရစာၦန္ေတြရဲ႕ က်န္းမာေရးနဲ႔သုခခ်မ္းသာကို ကာကြယ္ဖို႔နဲ႔ ေယာဂေလ့က်င့္သူေတြ ေဘးကင္းေရးအတြက္ ပုံမွန္ဆိုရင္ ေယာဂသင္တန္းေတြမွာ အ႐ြယ္ေရာက္ၿပီးတဲ့ ေခြးေတြကိုသာ သုံးရမွာ ျဖစ္ပါတယ္။ အခုလို ေခြးေပါက္ေလးေတြကို အသုံးျပဳျခင္းကေတာ့ တိရစာၦန္ ညႇင္းပန္းႏွိပ္စက္မႈ ျဖစ္တယ္လို႔ ဆိုပါတယ္။ တိရစာၦန္အခြင့္အေရး ပရဟိတအဖြဲ႕ Lega Nazionale per la Difesa del Cane (National League for the Dogs of the Defence) ကလည္း ၎ကိုေထာက္ခံခဲ့ပါတယ္။

ေခြးေယာဂေလ့က်င့္ေရးစင္တာေတြမွာ ေခြးေတြကို ေသတၱာ ဒါမွမဟုတ္ ပလပ္စတစ္အိတ္ေတြနဲ႔သယ္ယူၿပီး အားကစားခန္းမမွာ ထားရွိၾကတာျဖစ္ၿပီး Striscia la Notizia ရဲ႕ စုံစမ္းစစ္ေဆးမႈအရ ေခြးအမ်ားစုဟာ ၄၂ ရက္သာရွိေသးတယ္လို႔ သိရပါတယ္။ သူတို႔ရဲ႕ အသက္အ႐ြယ္အရ ဒီေခြးေပါက္ေလးေတြဟာ ကာကြယ္ေဆးလည္း ထိုးၿပီးမယ့္ပုံ မေပၚတာေၾကာင့္ တိရစာၦန္ေတြ ညႇင္းပန္းႏွိပ္စက္မႈ ကင္းလြတ္ေစဖို႔နဲ႔ ေယာဂေလ့က်င့္ခန္း လုပ္သူမ်ား ေဘးကင္းေရးအတြက္ အခုလို သင္တန္းေတြကို ပိတ္ပင္လိုက္ျခင္း ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.